Zawgyi

ကြၽႏု္ပ္တို႔ ခႏၶာကိုယ္ထဲမွာရွိတဲ့ အျခားေသာအဂၤါအစိတ္အပိုင္းမ်ားကဲ့သို႔ပင္ ဦးေႏွာက္သည္လည္းပဲ သင့္ရဲ႕ေနထိုင္စားေသာက္မႈေပၚ

မူတည္ၿပီး ေျပာင္းလဲသြားတတ္ပါတယ္။ သင္က သတိမထားမိဘဲ ျပဳလုပ္မိတဲ့ အေလ့အက်င့္မ်ားေၾကာင့္ သင့္ရဲ႕ဦးေႏွာက္ကို

ထိခိုက္ႏိုင္ၿပီး မွတ္ဉာဏ္စြမ္းအား က်ဆင္းျခင္းႏွင့္ အယ္လ္ဇိုင္းမားေရာဂါကို ခံစားရႏိုင္ေခ် ျမႇင့္မားလာတတ္ပါတယ္။

တကယ္လို႔ သင့္ဦးေႏွာက္ကို စြမ္းေဆာင္ရည္ျမင့္မားေစခ်င္တယ္ မပ်က္စီးေစခ်င္ဘူးဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ အေလ့အက်င့္တစ္ခ်ိဳ႕ကို ေရွာင္ၾကဥ္သင့္ပါတယ္။

မည္သူႏွင့္မွ် ေပါင္းသင္းဆက္ဆံမႈ မရွိျခင္း(comparison between lonely man and sociable men)

မီခ်ီဂန္တကၠသိုလ္က ျပဳလုပ္တဲ့ ေလ့လာေတြ႕ရွိခ်က္အရ လူအမ်ားနဲ႔ ၁၀ မိနစ္ခန႔္ စကားေျပာျခင္းက သင့္ရဲ႕စိတ္က်န္းမာေရးကို

ျမင့္တင္ေပးတယ္လို႔ သိရွိရပါတယ္။ အျပင္ထြက္ၿပီး ေတြ႕သမွ်လူတိုင္းနဲ႔ စကားေျပာရယ္လို႔ မဆိုလိုပါဘူး။ သင့္ရဲ႕သူငယ္ခ်င္း၊

ေဆြမ်ိဳးမိတ္ေဆြမ်ားနဲ႔ ဖုန္းေျပာျခင္းကလည္း သင့္ရဲ႕ဦးေႏွာက္စြမ္းေဆာင္ရည္ကို ျမႇင့္မားေစပါတယ္။

သၾကား အလြန္အကြၽံ စားသုံးျခင္း(cake and drinks)

သုေတသနေလ့လာခ်က္အရ သၾကားဓာတ္အလြန္အကြၽံ စားသုံးျခင္းက သင့္ရဲ႕ဦးေႏွာက္ဆဲလ္မ်ားကို ထိခိုက္ေစပါတယ္။

ေရရွည္မွတ္ဉာဏ္ကို ထိခိုက္ေစတာေၾကာင့္ သင္ယူေလ့လာမႈပိုင္းကို အားနည္းေစပါတယ္။

ဦးေႏွာက္အတြက္ ေလ့က်င့္ခန္း မျပဳလုပ္ျခင္း(healthy brain vs a brain with alzheimer)

လူသားတစ္ေယာက္ရဲ႕ဦးေႏွာက္ဖြံ႕ၿဖိဳးမႈနဲ႔ စြမ္းေဆာင္ႏိုင္စြမ္းအျမင့္ဆုံးအခ်ိန္ကေတာ့ အသက္ ၁၆ ႏွစ္နဲ႔ ၂၅ ႏွစ္ၾကားျဖစ္ၿပီး

၂၅ ႏွစ္ေၾကာသြားပါက ဦးေႏွာက္စြမ္းေဆာင္ရည္က တျဖည္းျဖည္း က်ဆင္းသြားပါတယ္။ သင့္ရဲ႕ဦးေႏွာက္စြမ္းေဆာင္ရည္ကို

မက်ဆင္းေစခ်င္ဘဲ အၿမဲတမ္းက်န္းမာေနေစခ်င္တယ္ဆိုရင္ေတာ့ စာမ်ားမ်ားဖတ္ျခင္း၊ ဦးေႏွာက္အသားေပးရသည့္

Puzzles ဂိမ္းမ်ား ကစားျခင္း၊ ပုစာၦမ်ား ေျဖရွင္းျခင္းစတဲ့ ဦးေႏွာက္ေလ့က်င့္ခန္းမ်ားကို မ်ားမ်ား ျပဳလုပ္သင့္ပါတယ္။

မနက္စာ မစားျခင္း(coffee and pancake)

ေလ့လာေတြ႕ရွိခ်က္မ်ားအရ မနက္စာ စားတဲ့ကေလးေတြက သူတို႔ရဲ႕ေက်ာင္းစာမွာ ပိုအာ႐ုံစိုက္ႏိုင္ၿပီး အမွတ္ပိုမ်ားေလ့ရွိတယ္လို႔ သိရွိရပါတယ္။

မနက္စာ မစားတဲ့အခါ ေသြးတြင္းသၾကားဓာတ္ က်ဆင္းသြားၿပီး သင့္ရဲ႕ဦးေႏွာင္စြမ္းေဆာင္ရည္လည္း တစ္ပါတည္း က်ဆင္းသြားပါတယ္။

သြားေရစာမုန႔္မ်ား စားသုံးျခင္း(comparison between brains)

သြားေရစာမုန႔္မ်ားကို အလြန္အကြၽံစားသုံးျခင္းကလည္း သင့္ရဲ႕ဦးေႏွာက္ဆဲလ္မ်ားကို ထိခိုက္ေစၿပီး ေရရွည္မွတ္ဉာဏ္ႏွင့္

ေရတိုမွတ္ဉာဏ္ ႏွစ္ခုစလုံးကိုလည္း ပ်က္စီးေစပါတယ္။ ဒါ့အျပင္ သြားေရစာမုန႔္မ်ား အလြန္အကြၽံ စားသုံးျခင္းေၾကာင့္ စိတ္က်ေရာဂါကို ခံစားရႏိုင္ပါတယ္။

စမတ္ဖုန္းမ်ား(picture showing smart phone affects brain)

ႂကြက္ေတြေပၚမွာ စမ္းသပ္ထားတဲ့ ေလ့လာခ်က္မ်ားအရ ဆဲလ္ဖုန္းအသုံးျပဳျခင္းက ဦးေႏွာက္ကင္ဆာ ျဖစ္ပြားႏိုင္ေခ်နဲ႔

ဆက္ႏြယ္ေနတယ္ဆိုတာကို ေတြ႕ရွိရပါတယ္။ ဒါေပမဲ့လည္း ယေန႔ေခတ္မွာ စမတ္ဖုန္းက မရွိမျဖစ္အေရးပါတဲ့ပစၥည္းျဖစ္ေနေတာ့

လႊင့္ပစ္လို႔လည္း မရဘူးေပါ့။ ဒါ့ေၾကာင့္ ဆရာဝန္ေတြက ဖုန္းေျပာတဲ့အခါ စပီကာ ဖြင့္ေျပာတာမ်ိဳး (သို႔) နားၾကပ္တပ္ေျပာတာမ်ိဳး

ျပဳလုပ္ဖို႔ အႀကံေပးထားပါတယ္။ ဒါ့အျပင္ အိပ္စက္အနားယူတဲ့အခါ ဖုန္းကို ေခါင္းအုံးနားမွာ ထားမအိပ္ဖို႔လည္း ေျပာၾကားထားပါေသးတယ္။

Unicode

ကျွနု်ပ်တို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အခြားသောအင်္ဂါအစိတ်အပိုင်းများကဲ့သို့ပင် ဦးနှောက်သည်လည်းပဲ သင့်ရဲ့နေထိုင်စားသောက်မှုပေါ်

မူတည်ပြီး ပြောင်းလဲသွားတတ်ပါတယ်။ သင်က သတိမထားမိဘဲ ပြုလုပ်မိတဲ့ အလေ့အကျင့်များကြောင့် သင့်ရဲ့ဦးနှောက်ကို

ထိခိုက်နိုင်ပြီး မှတ်ဉာဏ်စွမ်းအား ကျဆင်းခြင်းနှင့် အယ်လ်ဇိုင်းမားရောဂါကို ခံစားရနိုင်ချေ မြှင့်မားလာတတ်ပါတယ်။

တကယ်လို့ သင့်ဦးနှောက်ကို စွမ်းဆောင်ရည်မြင့်မားစေချင်တယ် မပျက်စီးစေချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အလေ့အကျင့်တစ်ချို့ကို ရှောင်ကြဉ်သင့်ပါတယ်။

မည်သူနှင့်မျှ ပေါင်းသင်းဆက်ဆံမှု မရှိခြင်း(comparison between lonely man and sociable men)

မီချီဂန်တက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာတွေ့ရှိချက်အရ လူအများနဲ့ ၁၀ မိနစ်ခန့် စကားပြောခြင်းက သင့်ရဲ့စိတ်ကျန်းမာရေးကို

မြင့်တင်ပေးတယ်လို့ သိရှိရပါတယ်။ အပြင်ထွက်ပြီး တွေ့သမျှလူတိုင်းနဲ့ စကားပြောရယ်လို့ မဆိုလိုပါဘူး။ သင့်ရဲ့သူငယ်ချင်း၊

ဆွေမျိုးမိတ်ဆွေများနဲ့ ဖုန်းပြောခြင်းကလည်း သင့်ရဲ့ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်မားစေပါတယ်။

သကြား အလွန်အကျွံ စားသုံးခြင်း(cake and drinks)

သုတေသနလေ့လာချက်အရ သကြားဓာတ်အလွန်အကျွံ စားသုံးခြင်းက သင့်ရဲ့ဦးနှောက်ဆဲလ်များကို ထိခိုက်စေပါတယ်။

ရေရှည်မှတ်ဉာဏ်ကို ထိခိုက်စေတာကြောင့် သင်ယူလေ့လာမှုပိုင်းကို အားနည်းစေပါတယ်။

ဦးနှောက်အတွက် လေ့ကျင့်ခန်း မပြုလုပ်ခြင်း(healthy brain vs a brain with alzheimer)

လူသားတစ်ယောက်ရဲ့ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ စွမ်းဆောင်နိုင်စွမ်းအမြင့်ဆုံးအချိန်ကတော့ အသက် ၁၆ နှစ်နဲ့ ၂၅ နှစ်ကြားဖြစ်ပြီး

၂၅ နှစ်ကြောသွားပါက ဦးနှောက်စွမ်းဆောင်ရည်က တဖြည်းဖြည်း ကျဆင်းသွားပါတယ်။ သင့်ရဲ့ဦးနှောက်စွမ်းဆောင်ရည်ကို

မကျဆင်းစေချင်ဘဲ အမြဲတမ်းကျန်းမာနေစေချင်တယ်ဆိုရင်တော့ စာများများဖတ်ခြင်း၊ ဦးနှောက်အသားပေးရသည့်

Puzzles ဂိမ်းများ ကစားခြင်း၊ ပုစ္ဆာများ ဖြေရှင်းခြင်းစတဲ့ ဦးနှောက်လေ့ကျင့်ခန်းများကို များများ ပြုလုပ်သင့်ပါတယ်။

မနက်စာ မစားခြင်း(coffee and pancake)

လေ့လာတွေ့ရှိချက်များအရ မနက်စာ စားတဲ့ကလေးတွေက သူတို့ရဲ့ကျောင်းစာမှာ ပိုအာရုံစိုက်နိုင်ပြီး အမှတ်ပိုများလေ့ရှိတယ်လို့ သိရှိရပါတယ်။

မနက်စာ မစားတဲ့အခါ သွေးတွင်းသကြားဓာတ် ကျဆင်းသွားပြီး သင့်ရဲ့ဦးနှောင်စွမ်းဆောင်ရည်လည်း တစ်ပါတည်း ကျဆင်းသွားပါတယ်။

သွားရေစာမုန့်များ စားသုံးခြင်း(comparison between brains)

သွားရေစာမုန့်များကို အလွန်အကျွံစားသုံးခြင်းကလည်း သင့်ရဲ့ဦးနှောက်ဆဲလ်များကို ထိခိုက်စေပြီး ရေရှည်မှတ်ဉာဏ်နှင့်

ရေတိုမှတ်ဉာဏ် နှစ်ခုစလုံးကိုလည်း ပျက်စီးစေပါတယ်။ ဒါ့အပြင် သွားရေစာမုန့်များ အလွန်အကျွံ စားသုံးခြင်းကြောင့် စိတ်ကျရောဂါကို ခံစားရနိုင်ပါတယ်။

စမတ်ဖုန်းများ(picture showing smart phone affects brain)

ကြွက်တွေပေါ်မှာ စမ်းသပ်ထားတဲ့ လေ့လာချက်များအရ ဆဲလ်ဖုန်းအသုံးပြုခြင်းက ဦးနှောက်ကင်ဆာ ဖြစ်ပွားနိုင်ချေနဲ့

ဆက်နွယ်နေတယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့လည်း ယနေ့ခေတ်မှာ စမတ်ဖုန်းက မရှိမဖြစ်အရေးပါတဲ့ပစ္စည်းဖြစ်နေတော့

လွှင့်ပစ်လို့လည်း မရဘူးပေါ့။ ဒါ့ကြောင့် ဆရာဝန်တွေက ဖုန်းပြောတဲ့အခါ စပီကာ ဖွင့်ပြောတာမျိုး (သို့) နားကြပ်တပ်ပြောတာမျိုး

ပြုလုပ်ဖို့ အကြံပေးထားပါတယ်။ ဒါ့အပြင် အိပ်စက်အနားယူတဲ့အခါ ဖုန်းကို ခေါင်းအုံးနားမှာ ထားမအိပ်ဖို့လည်း ပြောကြားထားပါသေးတယ်။