Zawgyi

က်န္းမာေရးနဲ႔ညီပါတယ္ဆိုတဲ့ အစားအစာတိုင္းက စားလို႔ေကာင္းတာ ဟုတ္ခ်င္မွ ဟုတ္ပါမယ္။ ဒါေပမဲ့ ဒီထဲမွာ ငွက္ေပ်ာသီးေတြေတာ့ မပါပါဘူး။

ငွက္ေပ်ာသီးဟာ အရသာအားျဖင့္လည္း ခ်ိဳျမန္ၿပီး က်န္းမာေရးလည္း အက်ိဳးမ်ားတဲ့ အသီးအႏွံတစ္ခုျဖစ္ပါတယ္။

တစ္ရက္ကို ငွက္ေပ်ာသီးႏွစ္လုံး ပုံမွန္စား႐ုံနဲ႔ သင့္ခႏၶာကိုယ္အတြက္ အခုေျပာမယ့္ က်န္းမာေရးအက်ိဳးေတြ ရလာႏိုင္ပါတယ္။

ငွက္ေပ်ာသီးဟာ ပိုတက္ဆီယမ္ႂကြယ္ဝတဲ့ အစားအစာျဖစ္လို႔ ေသြးဖိအားျမင့္တက္မႈကို ေလွ်ာ့ခ်ရာမွာ အစြမ္းထက္ပါတယ္။

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ခ်င္သူေတြအေနနဲ႔လည္း ငွက္ေပ်ာသီးစားေပးဖို႔ အႀကံေပးခ်င္ပါတယ္။ ငွက္ေပ်ာသီးမွာ

အမွ်င္ဓါတ္ႂကြယ္ဝလို႔ အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ေနာက္ၿပီး ေသြးတြင္း သၾကားဓါတ္ တက္မလာေအာင္လည္း ေလွ်ာ့ခ်ေပးႏိုင္စြမ္းရွိပါတယ္။

ေသြးထဲမွာ သၾကားဓါတ္ တက္တာကို ထိန္းႏိုင္လို႔ အင္ဆူလင္ကို ကိုယ္ခႏၶာက တုံ႔ျပန္ရာမွာလည္း ပိုအားေကာင္းပါတယ္။

အင္ဆူလင္ကို ကိုယ္တြင္းက မတိုက္ထုတ္ႏိုင္ရင္ ဂလူးကို႔စ္မစုပ္ႏိုင္တာေၾကာင့္ ေရရွည္မွာ ပန္ခရိယမွာ အင္ဆူလင္ျမင့္လာၿပီး

ေသြးခ်ိဳဆီးခ်ိဳဝင္လာႏိုင္ပါတယ္။ ဆီးခ်ိဳေသြးခ်ိဳလို ေသေလာက္ေအာင္ ေၾကာက္ဖို႔ေကာင္းတဲ့ ေရာဂါဆိုးႀကီးေတြ

ဝင္မလာဖို႔ တစ္ရက္ ငွက္ေပ်ာသီးႏွစ္လုံးစားသုံးျခင္းကလည္း ထိေရာက္တဲ့ ဓါတ္စာျဖစ္ႏိုင္ပါတယ္။

ေနာက္တစ္ခုက ကိုယ္တြင္းအဂၤါေတြဆီ ေအာက္ဆီဂ်င္ပို႔ေဆာင္ဖို႔ လုပ္တဲ့ က်န္းမာတဲ့ေသြးနီဆဲလ္အေရအတြက္ က်ျခင္းကိုလည္း

ငွက္ေပ်ာသီးစားျခင္းက သက္သာေစႏိုင္ပါတယ္။ Anemia လို႔ ေခၚတဲ့ ေသြးနီဆဲခ်ိဳ႕တဲ့မႈဟာ အသားအေရာင္ ျပာႏွမ္းတာ ၊

ေမာပန္းႏြမ္းနယ္တာ နဲ႔ အသက္ရႈမရတာမ်ိဳးေတြအထိ ျဖစ္ႏိုင္ပါတယ္။ ေသြးတြင္း ေဟမိုဂလိုဘင္ Level က်ျခင္းရဲ႕ ရလဒ္ျဖစ္ပါတယ္။

ငွက္ေပ်ာသီးမွာ သံဓါတ္ႂကြယ္ဝတဲ့ အစားအစာျဖစ္လို႔ ေသြးနီဆဲလ္ထုတ္လုပ္မႈကို လႈံ႕ေဆာ္ပါတယ္။ အစာေၾကလြယ္တဲ့ အသီးအႏွံျဖစ္လို႔

အစာအိမ္ေဝဒနာအခံရွိသူေတြ စားေပးသင့္တဲ့ အထဲမွာ ပါပါတယ္။ ဝမ္းေလွ်ာဝမ္းပ်က္ျဖစ္လို႔ သတၳဳဓါတ္ကုန္ခမ္းသူေတြအတြက္လည္း

ျပန္အားျဖည့္ဖို႔ ငွက္ေပ်ာသီးစားေပးႏိုင္ပါတယ္။ ငွက္ေပ်ာသီးဟာ စိတ္ခံစားခ်က္ Mood ပိုင္းလည္း ပိုေကာင္းေအာင္ ကူညီႏိုင္ပါတယ္။

စိတ္ဖိစီးေနသူေတြဟာ စိတ္သက္သာရာရဖို႔ ငွက္ေပ်ာသီး စားသင့္တယ္လို႔ ဆိုပါတယ္။ ငွက္ေပ်ာသီးမွာ ေပ်ာ္႐ႊင္မႈေဟာ္မုန္းလို႔

နာမည္ႀကီးတဲ့ Serotonin ကို ရယူႏိုင္တဲ့ Tryptophan ပါဝင္ပါတယ္။ ေနာက္ၿပီး စိတ္ခံစားမႈနဲ႔ ႏွစ္ၿခိဳက္စြာအိပ္စက္မႈကို

အေထာက္အကူျပဳတဲ့ မဂၢနီဆီယမ္ ၂၇ မီလီဂရမ္ခန႔္လည္း ပါဝင္ပါတယ္။ ဗိုက္တာမင္ဓါတ္ ခ်ိဳ႕တဲ့သူေတြငွက္ေပ်ာသီး စားေပးသင့္ပါတယ္။

ငွက္ေပ်ာသီးမွာ ဗိုက္တာမင္ B6 ႂကြယ္ဝပါတယ္။ တစ္ေန႔တာ ဗိုက္တာမင္ B6 လိုအပ္ခ်က္ရဲံ ၂၀% ဝန္းက်င္ကို ငွက္ေပ်ာသီးတစ္လုံးက

ေထာက္ပံ့ေပးႏိုင္ပါတယ္။ ဗိုက္တာမင္ B6 ဟာ ဆဲလ္ေတြ က်န္းမာဖို႔ လိုအပ္တဲ့ အင္ဆူလင္ ၊ ေဟမိုဂလိုဘင္နဲ႔ အမိုင္ႏိုအက္ဆစ္ေတြ

ကိုယ္ခႏၶာကေန ထုတ္ေပးေအာင္ ကူညီပါတယ္။ ေနာက္တစ္ခုက ေသြးေၾကာက်န္းမာေရးနဲ႔ Collagen ေတြ ထုတ္ေပးဖို႔ လိုအပ္တဲ့ ဗိုက္တာမင္စီလည္း ပါဝင္ပါတယ္။

ေနာက္ဆုံးေျပာခ်င္တာက ငွက္ေပ်ာသီးမွာ ပါတဲ့ ပိုတက္ဆီယမ္က Energy Level ကို ျမင့္တက္ေစပါတယ္။ ႂကြက္တက္တာကို

ကာကြယ္ေပးပါတယ္။ကာဗြန္ဟိုက္ဒရိတ္ဓါတ္လည္း ပါလို႔ ျပင္းထန္တဲ့ Workout ေတြလုပ္တဲ့ ဒဏ္ကို ခံႏိုင္ရည္ရွိေစပါတယ္။

Unicode

ကျန်းမာရေးနဲ့ညီပါတယ်ဆိုတဲ့ အစားအစာတိုင်းက စားလို့ကောင်းတာ ဟုတ်ချင်မှ ဟုတ်ပါမယ်။ ဒါပေမဲ့ ဒီထဲမှာ ငှက်ပျောသီးတွေတော့ မပါပါဘူး။

ငှက်ပျောသီးဟာ အရသာအားဖြင့်လည်း ချိုမြန်ပြီး ကျန်းမာရေးလည်း အကျိုးများတဲ့ အသီးအနှံတစ်ခုဖြစ်ပါတယ်။

တစ်ရက်ကို ငှက်ပျောသီးနှစ်လုံး ပုံမှန်စားရုံနဲ့ သင့်ခန္ဓာကိုယ်အတွက် အခုပြောမယ့် ကျန်းမာရေးအကျိုးတွေ ရလာနိုင်ပါတယ်။

ငှက်ပျောသီးဟာ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာဖြစ်လို့ သွေးဖိအားမြင့်တက်မှုကို လျှော့ချရာမှာ အစွမ်းထက်ပါတယ်။

ကိုယ်အလေးချိန်လျှော့ချချင်သူတွေအနေနဲ့လည်း ငှက်ပျောသီးစားပေးဖို့ အကြံပေးချင်ပါတယ်။ ငှက်ပျောသီးမှာ

အမျှင်ဓါတ်ကြွယ်ဝလို့ အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ပြီး သွေးတွင်း သကြားဓါတ် တက်မလာအောင်လည်း လျှော့ချပေးနိုင်စွမ်းရှိပါတယ်။

သွေးထဲမှာ သကြားဓါတ် တက်တာကို ထိန်းနိုင်လို့ အင်ဆူလင်ကို ကိုယ်ခန္ဓာက တုံ့ပြန်ရာမှာလည်း ပိုအားကောင်းပါတယ်။

အင်ဆူလင်ကို ကိုယ်တွင်းက မတိုက်ထုတ်နိုင်ရင် ဂလူးကို့စ်မစုပ်နိုင်တာကြောင့် ရေရှည်မှာ ပန်ခရိယမှာ အင်ဆူလင်မြင့်လာပြီး

သွေးချိုဆီးချိုဝင်လာနိုင်ပါတယ်။ ဆီးချိုသွေးချိုလို သေလောက်အောင် ကြောက်ဖို့ကောင်းတဲ့ ရောဂါဆိုးကြီးတွေ

ဝင်မလာဖို့ တစ်ရက် ငှက်ပျောသီးနှစ်လုံးစားသုံးခြင်းကလည်း ထိရောက်တဲ့ ဓါတ်စာဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက ကိုယ်တွင်းအင်္ဂါတွေဆီ အောက်ဆီဂျင်ပို့ဆောင်ဖို့ လုပ်တဲ့ ကျန်းမာတဲ့သွေးနီဆဲလ်အရေအတွက် ကျခြင်းကိုလည်း

ငှက်ပျောသီးစားခြင်းက သက်သာစေနိုင်ပါတယ်။ Anemia လို့ ခေါ်တဲ့ သွေးနီဆဲချို့တဲ့မှုဟာ အသားအရောင် ပြာနှမ်းတာ ၊

မောပန်းနွမ်းနယ်တာ နဲ့ အသက်ရှုမရတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ သွေးတွင်း ဟေမိုဂလိုဘင် Level ကျခြင်းရဲ့ ရလဒ်ဖြစ်ပါတယ်။

ငှက်ပျောသီးမှာ သံဓါတ်ကြွယ်ဝတဲ့ အစားအစာဖြစ်လို့ သွေးနီဆဲလ်ထုတ်လုပ်မှုကို လှုံ့ဆော်ပါတယ်။ အစာကြေလွယ်တဲ့ အသီးအနှံဖြစ်လို့

အစာအိမ်ဝေဒနာအခံရှိသူတွေ စားပေးသင့်တဲ့ အထဲမှာ ပါပါတယ်။ ဝမ်းလျှောဝမ်းပျက်ဖြစ်လို့ သတ္ထုဓါတ်ကုန်ခမ်းသူတွေအတွက်လည်း

ပြန်အားဖြည့်ဖို့ ငှက်ပျောသီးစားပေးနိုင်ပါတယ်။ ငှက်ပျောသီးဟာ စိတ်ခံစားချက် Mood ပိုင်းလည်း ပိုကောင်းအောင် ကူညီနိုင်ပါတယ်။

စိတ်ဖိစီးနေသူတွေဟာ စိတ်သက်သာရာရဖို့ ငှက်ပျောသီး စားသင့်တယ်လို့ ဆိုပါတယ်။ ငှက်ပျောသီးမှာ ပျော်ရွှင်မှုဟော်မုန်းလို့

နာမည်ကြီးတဲ့ Serotonin ကို ရယူနိုင်တဲ့ Tryptophan ပါဝင်ပါတယ်။ နောက်ပြီး စိတ်ခံစားမှုနဲ့ နှစ်ခြိုက်စွာအိပ်စက်မှုကို

အထောက်အကူပြုတဲ့ မဂ္ဂနီဆီယမ် ၂၇ မီလီဂရမ်ခန့်လည်း ပါဝင်ပါတယ်။ ဗိုက်တာမင်ဓါတ် ချို့တဲ့သူတွေငှက်ပျောသီး စားပေးသင့်ပါတယ်။

ငှက်ပျောသီးမှာ ဗိုက်တာမင် B6 ကြွယ်ဝပါတယ်။ တစ်နေ့တာ ဗိုက်တာမင် B6 လိုအပ်ချက်ရဲံ ၂၀% ဝန်းကျင်ကို ငှက်ပျောသီးတစ်လုံးက

ထောက်ပံ့ပေးနိုင်ပါတယ်။ ဗိုက်တာမင် B6 ဟာ ဆဲလ်တွေ ကျန်းမာဖို့ လိုအပ်တဲ့ အင်ဆူလင် ၊ ဟေမိုဂလိုဘင်နဲ့ အမိုင်နိုအက်ဆစ်တွေ

ကိုယ်ခန္ဓာကနေ ထုတ်ပေးအောင် ကူညီပါတယ်။ နောက်တစ်ခုက သွေးကြောကျန်းမာရေးနဲ့ Collagen တွေ ထုတ်ပေးဖို့ လိုအပ်တဲ့ ဗိုက်တာမင်စီလည်း ပါဝင်ပါတယ်။

နောက်ဆုံးပြောချင်တာက ငှက်ပျောသီးမှာ ပါတဲ့ ပိုတက်ဆီယမ်က Energy Level ကို မြင့်တက်စေပါတယ်။ ကြွက်တက်တာကို

ကာကွယ်ပေးပါတယ်။ကာဗွန်ဟိုက်ဒရိတ်ဓါတ်လည်း ပါလို့ ပြင်းထန်တဲ့ Workout တွေလုပ်တဲ့ ဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။