Sat. Jan 22nd, 2022

Zawgyi

အမ်ိဳးသမီးတိုင္းသိထားသင့္တဲ့ ေခါင္းအစေျခအဆုံး လွပလာေစမယ့္နည္းလမ္း…

လူတိုင္း လွခ်င္ၾကပါတယ္။ တေန႔တာလုံးမွာ လူကိုလန္းလန္းဆန္းဆန္းနဲ႔ ဆြဲေဆာင္မႈရွိရွိ ျဖတ္သန္းႏိုင္ဖို႔

အတြက္ဆိုရင္ မ်က္ႏွာ၊ ဆံပင္၊ သြား၊ ေျခေထာက္၊ လက္ စတဲ့ တစ္ကိုယ္လုံး လွပေနဖို႔ လိုအပ္ပါတယ္ …။

အလွအပအတြက္ ႐ိုးရွင္းလြယ္ကူတဲ့ နည္းလမ္းေလးေတြကို ေျပာျပေပးခ်င္ပါတယ္ေနာ္ …။

(၁) ပီေကဝါးပါ။

ေမးႏွစ္ထပ္ျဖစ္တာကို သက္သာေပ်ာက္ကင္းေစဖို႔အတြက္ သၾကားမပါတဲ့ ပီေကဝါးေပးပါ။ တစ္ေန႔ကို ၃ ႀကိမ္ ၄ ႀကိမ္ေလာက္ ဝါးေပးပါ။

မ်က္ႏွာျပင္ရဲ႕ ႂကြက္သားကို တင္းေစၿပီး သြားနဲ႔ သြားဖုံးကိုလည္း က်န္းမာေစသလို ေမးႏွစ္ဖက္ျဖစ္တာကို သက္သာေစႏိုင္ပါတယ္ …။

(၂) သက္သက္လြတ္စားၿပီး ဝိတ္ခ်ပါ။

ကိုယ္အေလးခ်ိန္က်ေစဖို႔အတြက္ အသားခ်ည္းဇြတ္မစားဘဲ အသီးအ႐ြက္နဲ႔ သစ္သီးဝလံေတြ ကို စားၿပီး ဝိတ္ခ်ပါ …။

(၃) ေျခေထာက္နာကို ကုသမယ္။

ေျခေထာက္ေရာင္တာ ေျခေထာက္နာမ်ိဳးျဖစ္ၿပီဆိုရင္ေတာ့ ႏွမ္းဆီ စားပြဲတင္ဇြန္း ၃ ဇြန္းနဲ႔ ေလးညႇင္းပြင့္ဆီ ၃

စက္ေရာၿပီး ေျခဖေနာင္နဲ႔ ေျခေခ်ာင္းေတြ နာတဲ့ေနရာေတြမွာ လိမ္းေပးပါ။ နာရီဝက္ေလာက္ဆိုရင္ သက္သာသြားပါ လိမ့္မယ္ …။

(၄) ေျခသည္းလက္သည္းေတြက မႈိေတြကို ဒီလိုကုမယ္။

ေရေႏြးနဲ႔ ေရနဲ႔ ေရာလိုက္ပါ။ ၿပီးရင္ A n t i-F u n g a l မႈိဆန႔္က်င္ခရင္မ္ (သို႔) A n t i b i o t i c တစ္မ်ိဳးမ်ိဳး လိမ္းၿပီး ေရေႏြးစိမ္ေပးပါ …။

ေျခသည္းလက္သည္းမွာ ျဖစ္တတ္တဲ့ မႈိေတြကို သက္သာလာေစ ပါလိမ့္မယ္ …။

(၅) ပ်ားရည္လိမ္းပါ။

ပ်ားရည္ကို မ်က္ႏွာ၊လည္ပင္းနဲ႔ လက္ေတြမွာလိမ္းေပးၿပီး ၁၀ မိနစ္ေလာက္ထားပါ။ ၿပီးရင္ ေရေဆးခ်လိုက္ပါ …။

(၆) ငွက္ေပ်ာသီးခြံနဲ႔ သြားျဖဴေအာင္ လုပ္မယ္။

ငွက္ေပ်ာသီးခြံ တစ္ခုကို ယူပါ။ အထဲကေပ်ာ့ဖတ္နဲ႔ သြားကို ၁ မိနစ္ေလာက္ တိုက္ေပးပါ။ ၿပီးရင္ ၁၀ မိနစ္ေလာက္ ထားထားေပးပါ။

အဲဒီေနာက္ သြားတိုက္တံ အေျခာက္နဲ႔ သြားတိုက္ပါ။ တစ္ပတ္ကို ၃ ႀကိမ္လုပ္ပါ။ သြားေတြ ျဖဴေဖြးလာမွာပဲ ျဖစ္ပါတယ္ …။

(၇) အိပ္ယာမဝင္ခင္မွာ ေရခ်ိဳးပါ။

အိပ္ယာမဝင္ခင္မွာ ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးတာဟာ ပင္ပန္းႏြမ္းနယ္မႈေတြကို ေပ်ာက္ကင္းေစႏိုင္ပါတယ္ …။

(၈) သြားတိုက္ေဆးနဲ႔ လက္သည္းေတြျဖဴေအာင္လုပ္မယ္။

သြားတိုက္ေဆးအနည္းငယ္ သံပုယိုရည္ (သို႔) သံပုရာရည္ ၂ စက္ေလာက္ထည့္ၿပီး လက္သည္းမွာ လိမ္းေပးပါ။

ေျခာက္ေအာင္ထားၿပီး သြားပြတ္တံနဲ႔ တိုက္ခ်ပါ။ လက္သည္းေလးေတြ ျဖဴေဖြးလာမွာပဲ ျဖစ္ပါတယ္ …။

(၉) ဝက္ၿခံေပ်ာက္ၿပီး အသားအေရစိုေျပေစဖို႔အတြက္။

အရက္ကိုေရွာင္ပါ။ ကိတ္မႈန႔္၊ ေရခဲမႈန႔္၊ ဘီစကစ္ေတြ တျခား အသင့္လုပ္ျပဳျပင္ထားတဲ့ အစားအစာေတြမစားပါနဲ႔။

အစပ္နဲ႔ အဆီပါတဲ့အစားအစာ ေလွ်ာ့စားပါ။ က်န္းမာေအာင္စားပါ။ ေရမ်ားမ်ား ေသာက္သုံးေပးပါေနာ္ …။ ။

ေလးစားစြာျဖင့္ ခရက္ဒစ္ – မိုင္စတိုင္ျမန္မာ

Unicode

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ခေါင်းအစခြေအဆုံး လှပလာစေမယ့်နည်းလမ်း…

လူတိုင်း လှချင်ကြပါတယ်။ တနေ့တာလုံးမှာ လူကိုလန်းလန်းဆန်းဆန်းနဲ့ ဆွဲဆောင်မှုရှိရှိ ဖြတ်သန်းနိုင်ဖို့

အတွက်ဆိုရင် မျက်နှာ၊ ဆံပင်၊ သွား၊ ခြေထောက်၊ လက် စတဲ့ တစ်ကိုယ်လုံး လှပနေဖို့ လိုအပ်ပါတယ် …။

အလှအပအတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်နော် …။

(၁) ပီကေဝါးပါ။

မေးနှစ်ထပ်ဖြစ်တာကို သက်သာပျောက်ကင်းစေဖို့အတွက် သကြားမပါတဲ့ ပီကေဝါးပေးပါ။ တစ်နေ့ကို ၃ ကြိမ် ၄ ကြိမ်လောက် ဝါးပေးပါ။

မျက်နှာပြင်ရဲ့ ကြွက်သားကို တင်းစေပြီး သွားနဲ့ သွားဖုံးကိုလည်း ကျန်းမာစေသလို မေးနှစ်ဖက်ဖြစ်တာကို သက်သာစေနိုင်ပါတယ် …။

(၂) သက်သက်လွတ်စားပြီး ဝိတ်ချပါ။

ကိုယ်အလေးချိန်ကျစေဖို့အတွက် အသားချည်းဇွတ်မစားဘဲ အသီးအရွက်နဲ့ သစ်သီးဝလံတွေ ကို စားပြီး ဝိတ်ချပါ …။

(၃) ခြေထောက်နာကို ကုသမယ်။

ခြေထောက်ရောင်တာ ခြေထောက်နာမျိုးဖြစ်ပြီဆိုရင်တော့ နှမ်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ လေးညှင်းပွင့်ဆီ ၃

စက်ရောပြီး ခြေဖနောင်နဲ့ ခြေချောင်းတွေ နာတဲ့နေရာတွေမှာ လိမ်းပေးပါ။ နာရီဝက်လောက်ဆိုရင် သက်သာသွားပါ လိမ့်မယ် …။

(၄) ခြေသည်းလက်သည်းတွေက မှိုတွေကို ဒီလိုကုမယ်။

ရေနွေးနဲ့ ရေနဲ့ ရောလိုက်ပါ။ ပြီးရင် A n t i-F u n g a l မှိုဆန့်ကျင်ခရင်မ် (သို့) A n t i b i o t i c တစ်မျိုးမျိုး လိမ်းပြီး ရေနွေးစိမ်ပေးပါ …။

ခြေသည်းလက်သည်းမှာ ဖြစ်တတ်တဲ့ မှိုတွေကို သက်သာလာစေ ပါလိမ့်မယ် …။

(၅) ပျားရည်လိမ်းပါ။

ပျားရည်ကို မျက်နှာ၊လည်ပင်းနဲ့ လက်တွေမှာလိမ်းပေးပြီး ၁၀ မိနစ်လောက်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ …။

(၆) ငှက်ပျောသီးခွံနဲ့ သွားဖြူအောင် လုပ်မယ်။

ငှက်ပျောသီးခွံ တစ်ခုကို ယူပါ။ အထဲကပျော့ဖတ်နဲ့ သွားကို ၁ မိနစ်လောက် တိုက်ပေးပါ။ ပြီးရင် ၁၀ မိနစ်လောက် ထားထားပေးပါ။

အဲဒီနောက် သွားတိုက်တံ အခြောက်နဲ့ သွားတိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပါ။ သွားတွေ ဖြူဖွေးလာမှာပဲ ဖြစ်ပါတယ် …။

(၇) အိပ်ယာမဝင်ခင်မှာ ရေချိုးပါ။

အိပ်ယာမဝင်ခင်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးတာဟာ ပင်ပန်းနွမ်းနယ်မှုတွေကို ပျောက်ကင်းစေနိုင်ပါတယ် …။

(၈) သွားတိုက်ဆေးနဲ့ လက်သည်းတွေဖြူအောင်လုပ်မယ်။

သွားတိုက်ဆေးအနည်းငယ် သံပုယိုရည် (သို့) သံပုရာရည် ၂ စက်လောက်ထည့်ပြီး လက်သည်းမှာ လိမ်းပေးပါ။

ခြောက်အောင်ထားပြီး သွားပွတ်တံနဲ့ တိုက်ချပါ။ လက်သည်းလေးတွေ ဖြူဖွေးလာမှာပဲ ဖြစ်ပါတယ် …။

(၉) ဝက်ခြံပျောက်ပြီး အသားအရေစိုပြေစေဖို့အတွက်။

အရက်ကိုရှောင်ပါ။ ကိတ်မှုန့်၊ ရေခဲမှုန့်၊ ဘီစကစ်တွေ တခြား အသင့်လုပ်ပြုပြင်ထားတဲ့ အစားအစာတွေမစားပါနဲ့။

အစပ်နဲ့ အဆီပါတဲ့အစားအစာ လျှော့စားပါ။ ကျန်းမာအောင်စားပါ။ ရေများများ သောက်သုံးပေးပါနော် …။ ။

လေးစားစွာဖြင့် ခရက်ဒစ် – မိုင်စတိုင်မြန်မာ