Zawgyi

အသက္ရွည္လိုပါသူမ်ားအတြက္ (ဂ်င္း)

ျမန္မာႏိုင္ငံမွ ဆရာဝန္ တစ္ဦး တိဗက္ႏိုင္ငံကို အလည္အပတ္ သြားေရာက္ခဲ့ပါတယ္။ မိတ္ေဆြတစ္ေယာက္၏

ၫႊန္ၾကားမႈ ျဖင့္ ေတာင္ေပၚ႐ြာေလးတစ္႐ြာရဲ႕ ဘုန္းေတာ္ႀကီးေက်ာင္းတစ္ေက်ာင္းမွာ တည္းခိုခြင့္ ရခဲ့ပါတယ္ …။

ထို ဘုန္းေတာ္ႀကီးေက်ာင္း၏ ေက်ာင္းထိုင္ ဆရာေတာ္ လက္ေထာက္ ဆရာေတာ္တို႔မွာ အဂၤလိပ္စကားကို အေတာ္အသင့္

ေျပာႏိုင္ၾကရကား ယင္းဆရာဝန္ အတြက္လြန္စြာ အဆင္ေျပ ေခ်ာေမြ႕လွေပသည္။ ဧည့္ခံလိုက္သည္မွာလည္း အားနာစရာပင္ ေကာင္းေပေတာ့သည္ …။

(၂)ရက္မွ် တည္းခိုအၿပီး ဆရာဝန္မွ မိမိေတြ႕ခဲ့သည့္ ထူးျခားမႈကို ေက်ာင္းထိုင္ ဆရာေတာ္ႀကီးအား ေမးျမန္း ေလွ်ာက္ထားလိုက္သည္ …။

” အရွင္ ဘုရား..တပည့္ေတာ္ သိလိုသမွ် ေလး ေမးခြင့္ျပဳပါဘုရား”

” ေမးပါ ဒကာ..ေမးပါ..အားနာစရာ မလိုပါ”

ထိုအခါ ဆရာဝန္မွ…” အရွင္ ဘုရားတို႔ေက်ာင္းမွာ ရဟန္းေတာ္မ်ား အားလုံး အသက္လြန္စြာ ရွည္ေနၾကသည္ကို ေတြ႕ရပါသည္ ဘုရား…။

ဟိုမွာထင္းခြဲေနသည့္ ကိုယ္ေတာ္ အသက္ ၈၅ ႏွစ္၊ ေရခပ္ ေရထမ္းေနသည့္ ကိုယ္ေတာ္က ၉၁ႏွစ္၊ ထင္းစည္းအႀကီးႀကီးကို

ထမ္းပိုးေနတဲ့ ကိုယ္ေတာ္က ၈၇ ႏွစ္၊ ဘယ္လို အေၾကာင္းေၾကာင့္မ်ား ဤမွ် အသက္ရွည္ ရသည္ကို တပည့္ေတာ္အား မိန္႔ေစလိုပါသည္ဘုရား…”

” အိမ္း မိန္႔ရတာေပါ့ ဒကာ..။အခု က်ဳပ္အသက္ဆို၁၂၁ ႏွစ္ ေဘးက လက္ေထာက္ ဘုန္းဘုန္းဆို…၁၁၅ ႏွစ္၊ ဒီအသက္အ႐ြယ္ထိ ေဆး႐ုံ ေဆးခန္းဆိုတာ ဘာမွန္းမသိ ….

အဲသည္ဟာ ဘာေၾကာင့္လဲဆိုေတာ့….ေမာင္ ရင္ တို႔အသားဟင္းခ်က္ ရင္ ထု ေထာင္းၿပီးထည့္တဲ့ ဂ်င္းကိုသိလား….အဲသဟာကို ကေလးဘဝထဲက ေန႔စဥ္စားသုံးျခင္းေၾကာင့္ဘဲ ဒကာ…

ေမာင္ရင္တို႔ေဈးႀကီးေပးၿပီးဝယ္စား ေနတဲ့ ဂ်င္စင္းျမစ္ထက္ အမ်ားႀကီးပိုေကာင္းတယ္ဆိုတာ လူေတြမသိၾကတာပါ။ ဂ်င္းလက္တစ္ဆစ္ကို

ဘုန္း ၂ တို႔က ေတာ့ အာ႐ုံဆြမ္းစားၿပီးတာနဲ႔တန္းစားလိုက္တာဘဲ…ေမာင္ရင္လည္း ဒီအေၾကာင္း ကိုယ့္ႏိုင္ငံေရာက္ရင္ မ်ားမ်ား ျဖန္႔ေဝပါ…”

ကဲ…မိမိတြင္ ျဖစ္ပြားေနသည့္ေရာဂါမ်ား လ်ာ့ပါးသက္သာ ေစရန္လည္းေကာင္း…မိမိ၏ ေရာက္ ေနသည့္

အသက္မွ ေနာက္ထပ္ ႏွစ္ ၂၀ ခန္႔ဆြဲဆန္႔ႏိုင္ ရန္လည္းေကာင္း၊ ဂ်င္းလက္တစ္ဆစ္ ေန႔စဥ္ ဝါးစားပါ …။

သင္ ေနာက္မက်ေသးပါ။ အသက္ရွည္ၿပီး က်န္းမာေပ်ာ္႐ႊင္ႏိုင္ပါေစ …။ ။

Unicode

အသက်ရှည်လိုပါသူများအတွက် (ဂျင်း)

မြန်မာနိုင်ငံမှ ဆရာဝန် တစ်ဦး တိဗက်နိုင်ငံကို အလည်အပတ် သွားရောက်ခဲ့ပါတယ်။ မိတ်ဆွေတစ်ယောက်၏

ညွှန်ကြားမှု ဖြင့် တောင်ပေါ်ရွာလေးတစ်ရွာရဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ တည်းခိုခွင့် ရခဲ့ပါတယ် …။

ထို ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော် လက်ထောက် ဆရာတော်တို့မှာ အင်္ဂလိပ်စကားကို အတော်အသင့်

ပြောနိုင်ကြရကား ယင်းဆရာဝန် အတွက်လွန်စွာ အဆင်ပြေ ချောမွေ့လှပေသည်။ ဧည့်ခံလိုက်သည်မှာလည်း အားနာစရာပင် ကောင်းပေတော့သည် …။

(၂)ရက်မျှ တည်းခိုအပြီး ဆရာဝန်မှ မိမိတွေ့ခဲ့သည့် ထူးခြားမှုကို ကျောင်းထိုင် ဆရာတော်ကြီးအား မေးမြန်း လျှောက်ထားလိုက်သည် …။

” အရှင် ဘုရား..တပည့်တော် သိလိုသမျှ လေး မေးခွင့်ပြုပါဘုရား”

” မေးပါ ဒကာ..မေးပါ..အားနာစရာ မလိုပါ”

ထိုအခါ ဆရာဝန်မှ…” အရှင် ဘုရားတို့ကျောင်းမှာ ရဟန်းတော်များ အားလုံး အသက်လွန်စွာ ရှည်နေကြသည်ကို တွေ့ရပါသည် ဘုရား…။

ဟိုမှာထင်းခွဲနေသည့် ကိုယ်တော် အသက် ၈၅ နှစ်၊ ရေခပ် ရေထမ်းနေသည့် ကိုယ်တော်က ၉၁နှစ်၊ ထင်းစည်းအကြီးကြီးကို

ထမ်းပိုးနေတဲ့ ကိုယ်တော်က ၈၇ နှစ်၊ ဘယ်လို အကြောင်းကြောင့်များ ဤမျှ အသက်ရှည် ရသည်ကို တပည့်တော်အား မိန့်စေလိုပါသည်ဘုရား…”

” အိမ်း မိန့်ရတာပေါ့ ဒကာ..။အခု ကျုပ်အသက်ဆို၁၂၁ နှစ် ဘေးက လက်ထောက် ဘုန်းဘုန်းဆို…၁၁၅ နှစ်၊ ဒီအသက်အရွယ်ထိ ဆေးရုံ ဆေးခန်းဆိုတာ ဘာမှန်းမသိ ….

အဲသည်ဟာ ဘာကြောင့်လဲဆိုတော့….မောင် ရင် တို့အသားဟင်းချက် ရင် ထု ထောင်းပြီးထည့်တဲ့ ဂျင်းကိုသိလား….အဲသဟာကို ကလေးဘဝထဲက နေ့စဉ်စားသုံးခြင်းကြောင့်ဘဲ ဒကာ…

မောင်ရင်တို့ဈေးကြီးပေးပြီးဝယ်စား နေတဲ့ ဂျင်စင်းမြစ်ထက် အများကြီးပိုကောင်းတယ်ဆိုတာ လူတွေမသိကြတာပါ။ ဂျင်းလက်တစ်ဆစ်ကို

ဘုန်း ၂ တို့က တော့ အာရုံဆွမ်းစားပြီးတာနဲ့တန်းစားလိုက်တာဘဲ…မောင်ရင်လည်း ဒီအကြောင်း ကိုယ့်နိုင်ငံရောက်ရင် များများ ဖြန့်ဝေပါ…”

ကဲ…မိမိတွင် ဖြစ်ပွားနေသည့်ရောဂါများ လျာ့ပါးသက်သာ စေရန်လည်းကောင်း…မိမိ၏ ရောက် နေသည့်

အသက်မှ နောက်ထပ် နှစ် ၂၀ ခန့်ဆွဲဆန့်နိုင် ရန်လည်းကောင်း၊ ဂျင်းလက်တစ်ဆစ် နေ့စဉ် ဝါးစားပါ …။

သင် နောက်မကျသေးပါ။ အသက်ရှည်ပြီး ကျန်းမာပျော်ရွှင်နိုင်ပါစေ …။ ။