Zawgyi

မျဖစ္မေနသိထားသင္တဲ့ အူအတက္ေပါက္ခါနီး ေရွ႕ေျပးလကၡဏာမ်ား

အူအတက္ေပါက္ခါနီး ေတြ႕ရွိရတဲ့ ေရာဂါလကၡဏာမ်ားကေတာ့ –

ခါတိုင္းထက္ ပို၍ဆိုး႐ြားစြာ ဗိုက္ေအာင့္ျခင္း –

အူအတက္ေရာင္ျခင္းေၾကာင့္ ခံစားရတဲ့ နာက်င္မႈဟာ လြန္စြာဆိုး႐ြားကာ ခ်က္နားတစ္ဝိုက္မွတဆင့္ ညာဘက္ဝမ္းဗိုက္ ေအာက္ပိုင္းထိ ပ်ံ႕ႏွံ႔ႏိုင္ပါတယ္ ။

ဒီလိုနာက်င္မႈဟာ အူအတက္ ေပါက္ေတာ့မယ္လို႔ ဆိုလိုတာ မဟုတ္ေပမယ့္ ေသခ်ာေစဖို႔အတြက္ ကြန္ပ်ဴတာဓာတ္မွန္ကဲ့သို႔ စစ္ေဆးမႈမ်ိဳးကိုမူ ျပဳလုပ္သင့္ပါတယ္ ။

အူအတက္ေရာင္တဲ့ လူနာေတြမွာ မတူညီတဲ့ မသက္မသာျဖစ္မႈေတြ အမ်ိဳးမ်ိဳးရွိ တတ္ၾကပါတယ္ ။လမ္းေလွ်ာက္ျခင္း၊ ေခ်ာင္းဆိုးျခင္း၊

ကားေပၚတက္ျခင္းစတဲ့ လႈပ္လႈပ္ရွားရွား အျပဳအမူေတြေၾကာင့္ နာက်င္တဲ့ ေဝဒနာကို ခံစားရပါက ဝမ္းဗိုက္တျပင္လုံးဟာ

ေရာင္ရမ္းေနလို႔ပဲ ျဖစ္ပါတယ္ ။ ၎အေျခအေနသည္ အူအတက္ေပါက္ လုဆဲဆဲ (သို႔) ေပါက္ၿပီးတာ ျဖစ္ႏိုင္ပါတယ္ ။

ပ်ိဳ႕အန္ျခင္းႏွင့္ အစားအေသာက္ပ်က္ျခင္း –

အူအတက္ေရာင္တဲ့သူတိုင္း ဒီလိုေရာဂါ လကၡဏာေတြ ခံစားရတာမဟုတ္ပါဘူး ။ ဒါေပမယ့္ ဗိုက္ေအာင့္ျခင္းအျပင္

အထက္ပါ လကၡဏာေတြ ခံစားေနရၿပီဆိုပါက စစ္ေဆးမႈေတြကို ျပဳလုပ္သင့္ပါတယ္ ။

အူအတက္ေရာင္ရမ္းျခင္းဟာ တစ္ခါတစ္ရံမွာ အူလမ္းေၾကာင္းနဲ႔ အာ႐ုံေၾကာစနစ္ေတြကို အက်ိဳးသက္ေရာက္မႈ ရွိေစႏိုင္တာေၾကာင့္ ပ်ိဳ႕အန္ျခင္းေတြ ခံစားရေစတာျဖစ္ပါတယ္ ။

ပုံမွန္ထက္ပို၍ ဆီးခဏခဏသြားျခင္း –

အခ်ိဳ႕သူေတြမွာ အူအတက္သည္ ဆီးခုံ႐ိုးေအာက္နားမွာ တည္ရွိႏိုင္တာေၾကာင့္ ဆီးအိမ္နဲ႔ ကပ္ေနေလ့ရွိပါတယ္ ။

ဆီးအိမ္ဟာ ေရာင္ရမ္းေနတဲ့ အူအတက္နဲ႔ ထိေတြ႕မိတာေၾကာင့္ သြားဆြသလိုျဖစ္ၿပီး ေရာင္ရမ္းလာပါေတာ့တယ္ ။

အက်ိဳးဆက္အေနနဲ႔ မၾကာခဏ ဆီးသြားခ်င္စိတ္ျဖစ္လာၿပီး ဆီးသြားတဲ့အခါမွာလည္း အလြန္နာက်င္ပါတယ္ ။

ဒါဟာ ဆီးလမ္းေၾကာင္း ပိုးဝင္တာရဲ႕ အခ်က္ေပးလကၡဏာ ျဖစ္ႏိုင္ေပမယ့္လည္း အျခားေရာဂါ လကၡဏာေတြနဲ႔ တြဲေနပါက အူအတက္ေရာင္တာ ပိုျဖစ္ႏိုင္ပါတယ္ ။

အဖ်ားႀကီးၿပီး ခ်မ္းတုန္ျခင္း –

ကိုယ္အပူခ်ိန္ျမင့္တက္၍ ခ်မ္းတုန္ျခင္းဆိုတာ ခႏၶာကိုယ္ရဲ႕တစ္ေနရာမွာ ေရာင္ရမ္းမႈတစ္ခုခု ရွိေနတာကို ဆိုလိုပါတယ္ ။

အူအတက္ေရာင္တဲ့အခါမွာ တုံ႔ျပန္တဲ့အေနနဲ႔ခႏၶာကိုယ္ဟာ ဓာတုပစၥည္းအမ်ားအျပား ထုတ္လုပ္၍ အခ်က္ေပးကာ

တိုက္ခိုက္ဖို႔ ဆဲလ္ေတြကို ထိုေနရာသို႔ ေရာက္ေအာင္ ေခၚေဆာင္ပါတယ္ ။

ဤနည္းအားျဖင့္ နာက်င္မႈေဝဒနာအျပင္ ဖ်ားနာျခင္း၊ ခ်မ္းတုန္ျခင္းတို႔ကို ခံစားေစရေစတာျဖစ္ပါတယ္ ။

ဒါေၾကာင့္ ဗိုက္ေအာင့္တာ အျပင္ အဖ်ားပါႀကီးပါက ဆရာဝန္နဲ႔ ခ်က္ခ်င္း သြားေရာက္ျပသ သင့္ပါတယ္ ။

စိတ္ပိုင္းဆိုင္ရာ ပုံမွန္မဟုတ္ျခင္း –

သတိလစ္ ေမ့ေျမာတာေတြ၊ စိတ္ဂေယာင္ ေခ်ာက္ျခားေတြ ျဖစ္လာပါက ေရာဂါပိုးေတြဟာ ေသြးထဲေရာက္လာတဲ့ လကၡဏာျဖစ္ၿပီး ေသေစႏိုင္တဲ့အထိ ျပင္းထန္ပါတယ္ ။

အဲလိုျဖစ္ရတာဟာ ဦးေႏွာက္ထဲမွာ တစ္စုံတစ္ရာ မွားယြင္းေနလို႔မဟုတ္ဘဲ ေရာဂါပိုးေတြ ပိုမိုပ်ံ႕ႏွံ႔လာၿပီး ေအာက္ဆီဂ်င္

အပါအဝင္ အျခား ခႏၶာကိုယ္ အရင္းအျမစ္ေတြကို သုံးစြဲလိုက္တာေၾကာင့္ ဦးေႏွာက္ဟာ လုံေလာက္စြာ မရေတာ့ဘဲ ေကာင္းစြာ အလုပ္မလုပ္ႏိုင္ေတာ့တာျဖစ္ပါတယ္ ။

ဒါေၾကာင့္ တစ္စုံတစ္ေယာက္ဟာ စိတ္ခံစားမႈအေျခအေန ေျပာင္းလဲလာၿပီဟု အထင္ရွိပါက ( အူအတက္ေရာင္တာျဖစ္ေစ၊

အျခားအေျခအေနတစ္ခုခုေၾကာင့္ျဖစ္ေစ ) အျမန္ဆုံး အကူအညီ ရယူသင့္ပါတယ္ ။

ယခုေျပာျပတဲ့ အူအတက္ေပါက္ခါနီး ေတြ႕ရွိရတဲ့ ေရာဂါလကၡဏာမ်ားကလည္း စာဖတ္ရင္း ရလာတဲ့ ဗဟုသုတပါ ။ စာမဖတ္၊ ဗဟုသုတ မရွာခဲ့ရင္ ခုလို ကူညီႏိုင္မွာမဟုတ္ ။

ယခုတင္ဆက္ေပးေသာ အေၾကာင္းအရာေလးကို သေဘာက်တယ္ဆိုရင္ ျပန္လည္မွ်ေဝေပးဖို႔အတြက္ ေတာင္းဆိုပါရေစ ။

လူႀကီးမင္းတို႔ရဲ႕ အားေပးမႈေတြက ကြၽန္ေတာ္၊ကြၽန္မတို႔အတြက္ ဆက္လက္တင္ဆက္ေပးဖို႔အတြက္ ခြန္းအားသစ္ေတြရရွိပါတယ္ ။

ထို႔ေၾကာင့္ ကြၽန္ေတာ္၊ကြၽန္မတို႔ကို ကူညီတဲ့အေနနဲ႔ ျပန္လည္မွ်ေဝေပးၾကပါေနာ္ ။ ယခုလို အခ်ိန္ေပး ဖတ္ရႈေပးတဲ့

စာဖတ္ပရိသတ္ႀကီးကို ေလးစားစြာျဖင့္ အထူးပင္ ေက်းဇူးတင္ရွိပါတယ္ ။ ဆက္လက္တင္ျပေပးဖို႔အတြက္ ႀကိဳးစားပါအုန္းမည္ ။

Credit – မူရင္းတင္သူ

Unicode

မဖြစ်မနေသိထားသင်တဲ့ အူအတက်ပေါက်ခါနီး ရှေ့ပြေးလက္ခဏာများ

အူအတက်ပေါက်ခါနီး တွေ့ရှိရတဲ့ ရောဂါလက္ခဏာများကတော့ –

ခါတိုင်းထက် ပို၍ဆိုးရွားစွာ ဗိုက်အောင့်ခြင်း –

အူအတက်ရောင်ခြင်းကြောင့် ခံစားရတဲ့ နာကျင်မှုဟာ လွန်စွာဆိုးရွားကာ ချက်နားတစ်ဝိုက်မှတဆင့် ညာဘက်ဝမ်းဗိုက် အောက်ပိုင်းထိ ပျံ့နှံ့နိုင်ပါတယ် ။

ဒီလိုနာကျင်မှုဟာ အူအတက် ပေါက်တော့မယ်လို့ ဆိုလိုတာ မဟုတ်ပေမယ့် သေချာစေဖို့အတွက် ကွန်ပျူတာဓာတ်မှန်ကဲ့သို့ စစ်ဆေးမှုမျိုးကိုမူ ပြုလုပ်သင့်ပါတယ် ။

အူအတက်ရောင်တဲ့ လူနာတွေမှာ မတူညီတဲ့ မသက်မသာဖြစ်မှုတွေ အမျိုးမျိုးရှိ တတ်ကြပါတယ် ။လမ်းလျှောက်ခြင်း၊ ချောင်းဆိုးခြင်း၊

ကားပေါ်တက်ခြင်းစတဲ့ လှုပ်လှုပ်ရှားရှား အပြုအမူတွေကြောင့် နာကျင်တဲ့ ဝေဒနာကို ခံစားရပါက ဝမ်းဗိုက်တပြင်လုံးဟာ

ရောင်ရမ်းနေလို့ပဲ ဖြစ်ပါတယ် ။ ၎င်းအခြေအနေသည် အူအတက်ပေါက် လုဆဲဆဲ (သို့) ပေါက်ပြီးတာ ဖြစ်နိုင်ပါတယ် ။

ပျို့အန်ခြင်းနှင့် အစားအသောက်ပျက်ခြင်း –

အူအတက်ရောင်တဲ့သူတိုင်း ဒီလိုရောဂါ လက္ခဏာတွေ ခံစားရတာမဟုတ်ပါဘူး ။ ဒါပေမယ့် ဗိုက်အောင့်ခြင်းအပြင်

အထက်ပါ လက္ခဏာတွေ ခံစားနေရပြီဆိုပါက စစ်ဆေးမှုတွေကို ပြုလုပ်သင့်ပါတယ် ။

အူအတက်ရောင်ရမ်းခြင်းဟာ တစ်ခါတစ်ရံမှာ အူလမ်းကြောင်းနဲ့ အာရုံကြောစနစ်တွေကို အကျိုးသက်ရောက်မှု ရှိစေနိုင်တာကြောင့် ပျို့အန်ခြင်းတွေ ခံစားရစေတာဖြစ်ပါတယ် ။

ပုံမှန်ထက်ပို၍ ဆီးခဏခဏသွားခြင်း –

အချို့သူတွေမှာ အူအတက်သည် ဆီးခုံရိုးအောက်နားမှာ တည်ရှိနိုင်တာကြောင့် ဆီးအိမ်နဲ့ ကပ်နေလေ့ရှိပါတယ် ။

ဆီးအိမ်ဟာ ရောင်ရမ်းနေတဲ့ အူအတက်နဲ့ ထိတွေ့မိတာကြောင့် သွားဆွသလိုဖြစ်ပြီး ရောင်ရမ်းလာပါတော့တယ် ။

အကျိုးဆက်အနေနဲ့ မကြာခဏ ဆီးသွားချင်စိတ်ဖြစ်လာပြီး ဆီးသွားတဲ့အခါမှာလည်း အလွန်နာကျင်ပါတယ် ။

ဒါဟာ ဆီးလမ်းကြောင်း ပိုးဝင်တာရဲ့ အချက်ပေးလက္ခဏာ ဖြစ်နိုင်ပေမယ့်လည်း အခြားရောဂါ လက္ခဏာတွေနဲ့ တွဲနေပါက အူအတက်ရောင်တာ ပိုဖြစ်နိုင်ပါတယ် ။

အဖျားကြီးပြီး ချမ်းတုန်ခြင်း –

ကိုယ်အပူချိန်မြင့်တက်၍ ချမ်းတုန်ခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့တစ်နေရာမှာ ရောင်ရမ်းမှုတစ်ခုခု ရှိနေတာကို ဆိုလိုပါတယ် ။

အူအတက်ရောင်တဲ့အခါမှာ တုံ့ပြန်တဲ့အနေနဲ့ခန္ဓာကိုယ်ဟာ ဓာတုပစ္စည်းအများအပြား ထုတ်လုပ်၍ အချက်ပေးကာ

တိုက်ခိုက်ဖို့ ဆဲလ်တွေကို ထိုနေရာသို့ ရောက်အောင် ခေါ်ဆောင်ပါတယ် ။

ဤနည်းအားဖြင့် နာကျင်မှုဝေဒနာအပြင် ဖျားနာခြင်း၊ ချမ်းတုန်ခြင်းတို့ကို ခံစားစေရစေတာဖြစ်ပါတယ် ။

ဒါကြောင့် ဗိုက်အောင့်တာ အပြင် အဖျားပါကြီးပါက ဆရာဝန်နဲ့ ချက်ချင်း သွားရောက်ပြသ သင့်ပါတယ် ။

စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ခြင်း –

သတိလစ် မေ့မြောတာတွေ၊ စိတ်ဂယောင် ချောက်ခြားတွေ ဖြစ်လာပါက ရောဂါပိုးတွေဟာ သွေးထဲရောက်လာတဲ့ လက္ခဏာဖြစ်ပြီး သေစေနိုင်တဲ့အထိ ပြင်းထန်ပါတယ် ။

အဲလိုဖြစ်ရတာဟာ ဦးနှောက်ထဲမှာ တစ်စုံတစ်ရာ မှားယွင်းနေလို့မဟုတ်ဘဲ ရောဂါပိုးတွေ ပိုမိုပျံ့နှံ့လာပြီး အောက်ဆီဂျင်

အပါအဝင် အခြား ခန္ဓာကိုယ် အရင်းအမြစ်တွေကို သုံးစွဲလိုက်တာကြောင့် ဦးနှောက်ဟာ လုံလောက်စွာ မရတော့ဘဲ ကောင်းစွာ အလုပ်မလုပ်နိုင်တော့တာဖြစ်ပါတယ် ။

ဒါကြောင့် တစ်စုံတစ်ယောက်ဟာ စိတ်ခံစားမှုအခြေအနေ ပြောင်းလဲလာပြီဟု အထင်ရှိပါက ( အူအတက်ရောင်တာဖြစ်စေ၊

အခြားအခြေအနေတစ်ခုခုကြောင့်ဖြစ်စေ ) အမြန်ဆုံး အကူအညီ ရယူသင့်ပါတယ် ။

ယခုပြောပြတဲ့ အူအတက်ပေါက်ခါနီး တွေ့ရှိရတဲ့ ရောဂါလက္ခဏာများကလည်း စာဖတ်ရင်း ရလာတဲ့ ဗဟုသုတပါ ။ စာမဖတ်၊ ဗဟုသုတ မရှာခဲ့ရင် ခုလို ကူညီနိုင်မှာမဟုတ် ။

ယခုတင်ဆက်ပေးသော အကြောင်းအရာလေးကို သဘောကျတယ်ဆိုရင် ပြန်လည်မျှဝေပေးဖို့အတွက် တောင်းဆိုပါရစေ ။

လူကြီးမင်းတို့ရဲ့ အားပေးမှုတွေက ကျွန်တော်၊ကျွန်မတို့အတွက် ဆက်လက်တင်ဆက်ပေးဖို့အတွက် ခွန်းအားသစ်တွေရရှိပါတယ် ။

ထို့ကြောင့် ကျွန်တော်၊ကျွန်မတို့ကို ကူညီတဲ့အနေနဲ့ ပြန်လည်မျှဝေပေးကြပါနော် ။ ယခုလို အချိန်ပေး ဖတ်ရှုပေးတဲ့

စာဖတ်ပရိသတ်ကြီးကို လေးစားစွာဖြင့် အထူးပင် ကျေးဇူးတင်ရှိပါတယ် ။ ဆက်လက်တင်ပြပေးဖို့အတွက် ကြိုးစားပါအုန်းမည် ။

Credit – မူရင်းတင်သူ