Zawgyi

မဂၤလာပါ လိပ္ေခါင္းေရာဂါ စြဲကပ္ေနသူေတြအတြက္ ေဘးထြက္ဆိုးက်ိဳးလည္းမရွိ၍ လိပ္ေခါင္းေဝဒနာရွင္မ်ား

ေငြေၾကးကုန္က်မႈမရွိပါဘဲလိုအပ္သူတို႔အသုံးခ်ႏိုင္ပါရန္ တင္ျပအပ္ပါသည္။အခ်ိဳ႕ကလိပ္ေခါင္းျဖစ္မွန္မသိျဖစ္ေနတတ္

ပါသည္။ လက္ေတြ႕ေဝဒနာခံစားရသူ မိတ္ေဆြေျပာျပသည္မွာ လိပ္ေခါင္းျဖစ္ေသာလကၡဏာမ်ားမွာေသြးယိုစီးျခင္း၊

အဆစ္အျမစ္ကိုက္ခဲ၍ ဝမ္းသြားရခက္ခဲျခင္း၊ အေၾကာအခ်ဥ္မ်ားတုံ႔ဆိုင္း တတ္ျခင္းစသည္တို႔ျဖစ္သည္ဆိုပါသည္။

အေတာ္စိတ္ပ်က္စရာေကာင္းတဲ့ေရာဂါ ဟုေျပာပါသည္။အခုေရာ ေပ်ာက္သြားၿပီးလား ေမးမိရာ…ေပ်ာက္ခ်င္ေတာ့လည္း

လိပ္ေခါင္းေဆးစုံေနတဲ့ ကြၽန္ေတာ္ ကံစပ္ခ်င္ေတာ့ ေဆးၿမီးတိုေလးနဲ႔ေပ်ာက္တယ္။အိမ္ၿခံထဲ ကအပင္ေတြပါ

ပဲ..ကြၽန္ေတာ္ေျပာျပပါမယ္…။ထိက႐ုံးပင္ အ႐ြက္၊႐ိုးတံအႏုေလးေတြကို ဆုံသန႔္သန႔္ေလးမွာေထာင္းရတယ္အဲဒီကထြက္တဲ့

သတၱဳရည္နဲ႔ ထိက႐ုံးဖက္အေၾကကို ညအိပ္ခ်ိန္တိုင္း စအိုၾကား ထဲထည့္အိပ္ထားပါပဲဗ်ာ..။

ေနာက္တစ္ခုက ေသာက္ေဆးပါ…။ဘာလဲဆိုေတာ့ ကန္စြန္း႐ိုးနီကို မန္က်ည္းသီးမွည့္နည္းနည္းထည့္ျပဳတ္ၿပီးကန္စြန္း႐ြက္ကို သုပ္စားတာပါပဲ…။

အဲ့ဒါေနတိုင္းလုပ္တာ (၇)ရက္နဲ႔ ေပ်ာက္ပါတယ္။ အခုေနာက္ပိုင္းေတာ့ ေရာဂါထပ္မ

ျဖစ္ေအာင္ ကန္စြန္း႐ြက္ျပဳတ္ကို ႀကဳံရင္သုပ္စားေနဆဲပဲ..။ အဲဒီနည္းနဲ႔ပဲ လိပ္ေခါင္းေပ်ာက္တာပါ။ခင္ဗ်ားကို

ဘယ္သူေဆးနည္းေပးတာလဲဗ်ကြၽန္ေတာ့အဖိုးက တိုင္းရင္းသမားေတာ္ႀကီးဦးႂကြယ္ေလ..သူရဲ႕ေဆးမွတ္စုထဲကရတာပါ…။

လိုသူတို႔အတြက္ ထိက႐ုံးႏွင့္ ကန္စြန္း႐ိုးနီမွာ သဘာဝအတိုင္းအလြန္ေပါမ်ားစြာေပါက္ေရာက္တတ္ပါ၍

ေဘးထြက္ဆိုးႀကိဳးလည္းမရွိ အကုန္အက်လည္းသက္သာေသာ ျမန္မာေဆးၿမီးတိုေလးအားတင္ျပလိုက္ပါသည္။

လိုသူတို႔သုံး စိတ္ႏွလုံး႐ႊင္ၿပဳံးႏိုင္ပါေစ

ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Unicode

မင်္ဂလာပါ လိပ်ခေါင်းရောဂါ စွဲကပ်နေသူတွေအတွက် ဘေးထွက်ဆိုးကျိုးလည်းမရှိ၍ လိပ်ခေါင်းဝေဒနာရှင်များ

ငွေကြေးကုန်ကျမှုမရှိပါဘဲလိုအပ်သူတို့အသုံးချနိုင်ပါရန် တင်ပြအပ်ပါသည်။အချို့ကလိပ်ခေါင်းဖြစ်မှန်မသိဖြစ်နေတတ်

ပါသည်။ လက်တွေ့ဝေဒနာခံစားရသူ မိတ်ဆွေပြောပြသည်မှာ လိပ်ခေါင်းဖြစ်သောလက္ခဏာများမှာသွေးယိုစီးခြင်း၊

အဆစ်အမြစ်ကိုက်ခဲ၍ ဝမ်းသွားရခက်ခဲခြင်း၊ အကြောအချဉ်များတုံ့ဆိုင်း တတ်ခြင်းစသည်တို့ဖြစ်သည်ဆိုပါသည်။

အတော်စိတ်ပျက်စရာကောင်းတဲ့ရောဂါ ဟုပြောပါသည်။အခုရော ပျောက်သွားပြီးလား မေးမိရာ…ပျောက်ချင်တော့လည်း

လိပ်ခေါင်းဆေးစုံနေတဲ့ ကျွန်တော် ကံစပ်ချင်တော့ ဆေးမြီးတိုလေးနဲ့ပျောက်တယ်။အိမ်ခြံထဲ ကအပင်တွေပါ

ပဲ..ကျွန်တော်ပြောပြပါမယ်…။ထိကရုံးပင် အရွက်၊ရိုးတံအနုလေးတွေကို ဆုံသန့်သန့်လေးမှာထောင်းရတယ်အဲဒီကထွက်တဲ့

သတ္တုရည်နဲ့ ထိကရုံးဖက်အကြေကို ညအိပ်ချိန်တိုင်း စအိုကြား ထဲထည့်အိပ်ထားပါပဲဗျာ..။

နောက်တစ်ခုက သောက်ဆေးပါ…။ဘာလဲဆိုတော့ ကန်စွန်းရိုးနီကို မန်ကျည်းသီးမှည့်နည်းနည်းထည့်ပြုတ်ပြီးကန်စွန်းရွက်ကို သုပ်စားတာပါပဲ…။

အဲ့ဒါနေတိုင်းလုပ်တာ (၇)ရက်နဲ့ ပျောက်ပါတယ်။ အခုနောက်ပိုင်းတော့ ရောဂါထပ်မ

ဖြစ်အောင် ကန်စွန်းရွက်ပြုတ်ကို ကြုံရင်သုပ်စားနေဆဲပဲ..။ အဲဒီနည်းနဲ့ပဲ လိပ်ခေါင်းပျောက်တာပါ။ခင်ဗျားကို

ဘယ်သူဆေးနည်းပေးတာလဲဗျကျွန်တော့အဖိုးက တိုင်းရင်းသမားတော်ကြီးဦးကြွယ်လေ..သူရဲ့ဆေးမှတ်စုထဲကရတာပါ…။

လိုသူတို့အတွက် ထိကရုံးနှင့် ကန်စွန်းရိုးနီမှာ သဘာဝအတိုင်းအလွန်ပေါများစွာပေါက်ရောက်တတ်ပါ၍

ဘေးထွက်ဆိုးကြိုးလည်းမရှိ အကုန်အကျလည်းသက်သာသော မြန်မာဆေးမြီးတိုလေးအားတင်ပြလိုက်ပါသည်။

လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ

ရဲမျိုးသူ(ဗောဓိမြိုင်)