Zawgyi

ေဖာေရာင္တာအကုန္ေပ်ာက္တဲ့ ေတာသပြတ္ခါးသီး အစြမ္းအံ့မခန္းပါပဲ

အေဖာေရာဂါမွာ အသားအေရ ပြေယာင္းေယာင္းရွိၿပီး ၊အေရာင္မွာ အသားအေရ လိုသည္ထက္ ပိုတင္းေနျခင္းျဖစ္ပါသည္။

အေဖာတြင္ အရက္ေဖာ၊ ေသြးေဖာ၊ ေလေဖာ စသည္ျဖင့္အမ်ိဳးမ်ိဳးရွိေလသည္။

အေရာင္မွာ ထိခိုက္ဒဏ္ရာေၾကာင့္ ေရာင္ျခင္း၊ ဓာတ္ပ်က္၍ ေရာင္ျခင္း၊ ဥတုအဟာရဓာတ္ေၾကာင့္ ေရာင္ျခင္းဟူ၍ အမ်ိဳးမ်ိဳး ရွိျပန္သည္။

တင္ျပလိုသည္မွာ အခ်ိဳ႕အေဖါအေရာင္သမားမ်ားသည္ေရာဂါျဖစ္သည္ကိုသိလွ်က္ မိသားစုအခက္အခဲ၊

ေငြေၾကးအခက္အခဲ၊ အမ်ိဳးမ်ိဳးေသာ အခက္အခဲအရ အိပ္ရာထက္ပက္လက္လဲရင္း ေသဆုံးရျခင္းမ်ိဳး

မၾကာခဏေတြ႕ဖူးပါ၍ ေငြေၾကးလည္းမကုန္လမ္းေဘးၿခံစည္း႐ိုးမ်ားေပၚတြင္

အေလ့က်ေပါက္ေနတတ္ေသာ ေတာသပြတ္ခါးသီးအား သတိရေစရန္ ရည္႐ြယ္ေရးသားပါသည္။

သပြတ္ခါးသီးကို သုံးပိုင္းပိုင္း၍ ေရျဖင့္(၃)ခြက္(၁)ခြက္တင္ က်ိဳပါ။ ၁ခြက္စာ တင္က်န္ခဲ့ေသာ သပြတ္ခါးသီးျပဳတ္ရည္ကို

(၁)ရက္ခန္႔အေအးခံရပါမည္။ထိုအေအးခံထားေသာ ေဆးရည္ႏွင့္ ပ်ားရည္ကို

ထမင္းစားဇြန္း (၁)ဇြန္းစာပမာဏျဖစ္ေအာင္ ဆတူစပ္ၿပီး နံနက္တစ္ဇြန္း၊ ညေနတစ္ဇြန္း ေသာက္ေပးရန္ျဖစ္သည္။

ဝမ္းသြားပါလိမ့္မည္။ဝမ္းသုံးႀကိမ္ေလာက္ သြားၿပီးပါလွ်င္ ေရကိုဝေအာင္ခ်ိဳးၿပီး

ထမင္းျဖဴကို ဆီ႐ႊဲ႐ြဲဆမ္း၍ စားေပးျခင္းျဖင့္ ဝမ္းလည္းရပ္သြားၿပီး အေဖာအေရာင္လည္း သက္သာေပ်ာက္ကင္းသြားမည္ျဖစ္ပါသည္။

ဝမ္းတြင္းသားဟူသမွ် ေရွာင္ၾကဥ္ရမည္ ျဖစ္ပါသည္။ ဤေဆးၿမီးတိုကို

နကၡတၱေရာင္ျခည္မဂၢဇင္း၌ ေဆာင္းပါးရွင္ ေမာင္ခင္သက္လႈိင္ ကေရးသားထားပါသည္။ေဖာေရာင္ေသာ

ေဝဒနာျဖင့္အေၾကာင္းေၾကာင္းေၾကာင့္ ေဆးဝါးမကုသႏိုင္ဘဲ ရွိေနသူမ်ား အလြယ္တကူ ရရွိႏိုင္ေသာ

သပြတ္ခါးသီးေဆးနည္းေလးျဖင့္ စမ္းသပ္ကုသၾကည့္ပါက အရႈံးမရွိႏိုင္ပါ၍ ျပန္လည္ေဝငွလိုက္ရပါသည္။

Credit-Original Uploader

Unicode

ဖောရောင်တာအကုန်ပျောက်တဲ့ တောသပွတ်ခါးသီး အစွမ်းအံ့မခန်းပါပဲ

အဖောရောဂါမှာ အသားအရေ ပွယောင်းယောင်းရှိပြီး ၊အရောင်မှာ အသားအရေ လိုသည်ထက် ပိုတင်းနေခြင်းဖြစ်ပါသည်။

အဖောတွင် အရက်ဖော၊ သွေးဖော၊ လေဖော စသည်ဖြင့်အမျိုးမျိုးရှိလေသည်။

အရောင်မှာ ထိခိုက်ဒဏ်ရာကြောင့် ရောင်ခြင်း၊ ဓာတ်ပျက်၍ ရောင်ခြင်း၊ ဥတုအဟာရဓာတ်ကြောင့် ရောင်ခြင်းဟူ၍ အမျိုးမျိုး ရှိပြန်သည်။

တင်ပြလိုသည်မှာ အချို့အဖေါအရောင်သမားများသည်ရောဂါဖြစ်သည်ကိုသိလျှက် မိသားစုအခက်အခဲ၊

ငွေကြေးအခက်အခဲ၊ အမျိုးမျိုးသော အခက်အခဲအရ အိပ်ရာထက်ပက်လက်လဲရင်း သေဆုံးရခြင်းမျိုး

မကြာခဏတွေ့ဖူးပါ၍ ငွေကြေးလည်းမကုန်လမ်းဘေးခြံစည်းရိုးများပေါ်တွင်

အလေ့ကျပေါက်နေတတ်သော တောသပွတ်ခါးသီးအား သတိရစေရန် ရည်ရွယ်ရေးသားပါသည်။

သပွတ်ခါးသီးကို သုံးပိုင်းပိုင်း၍ ရေဖြင့်(၃)ခွက်(၁)ခွက်တင် ကျိုပါ။ ၁ခွက်စာ တင်ကျန်ခဲ့သော သပွတ်ခါးသီးပြုတ်ရည်ကို

(၁)ရက်ခန့်အအေးခံရပါမည်။ထိုအအေးခံထားသော ဆေးရည်နှင့် ပျားရည်ကို

ထမင်းစားဇွန်း (၁)ဇွန်းစာပမာဏဖြစ်အောင် ဆတူစပ်ပြီး နံနက်တစ်ဇွန်း၊ ညနေတစ်ဇွန်း သောက်ပေးရန်ဖြစ်သည်။

ဝမ်းသွားပါလိမ့်မည်။ဝမ်းသုံးကြိမ်လောက် သွားပြီးပါလျှင် ရေကိုဝအောင်ချိုးပြီး

ထမင်းဖြူကို ဆီရွှဲရွဲဆမ်း၍ စားပေးခြင်းဖြင့် ဝမ်းလည်းရပ်သွားပြီး အဖောအရောင်လည်း သက်သာပျောက်ကင်းသွားမည်ဖြစ်ပါသည်။

ဝမ်းတွင်းသားဟူသမျှ ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။ ဤဆေးမြီးတိုကို

နက္ခတ္တရောင်ခြည်မဂ္ဂဇင်း၌ ဆောင်းပါးရှင် မောင်ခင်သက်လှိုင် ကရေးသားထားပါသည်။ဖောရောင်သော

ဝေဒနာဖြင့်အကြောင်းကြောင်းကြောင့် ဆေးဝါးမကုသနိုင်ဘဲ ရှိနေသူများ အလွယ်တကူ ရရှိနိုင်သော

သပွတ်ခါးသီးဆေးနည်းလေးဖြင့် စမ်းသပ်ကုသကြည့်ပါက အရှုံးမရှိနိုင်ပါ၍ ပြန်လည်ဝေငှလိုက်ရပါသည်။

Credit-Original Uploader