Zawgyi

မၾကာခနေလေအာင့္ေနသည့္မိတ္ေဆြတစ္ဦးသည္.. ေရာင္းတန္းအစာအိမ္ေဆးမ်ားကိုဝယ္ယူသုံးစြဲေနရာမွ..

တေလာကစကၤာပူႏိုင္ငံတြင္အလုပ္လုပ္ေနေသာ သမီးထံသြားေရာက္လည္ပတ္ရင္း စစ္ေဆးလိုက္သည့္အခါ

အစာအိမ္ကင္ဆာဟုသိရသည္။ အစာအိမ္နာသည္ေဆးကုမွားလွ်င္အသက္ဆုံးႏိုင္ေသာေရာဂါမ်ိဳးျဖစ္သည္။

အစာအိမ္ေရာဂါသည္ ကုသရခက္ခဲေသာ နာတာရွည္ေရာဂါမ်ိဳးတြင္ ပါဝင္သည္။ အစားအေသာက္ ကို

ဂ႐ုမစိုက္ႏိုင္ဘဲ အေျပးအလႊား အလုပ္သြားရသည့္ သင္တန္းသြားရသည့္ သူမ်ားတြင္ အျဖစ္မ်ားသည္။

စားခ်ိန္ေသာက္ခ်ိန္ မမွန္ျခင္းေၾကာင့္ အစာအိမ္ေရာဂါျဖစ္ရသည္။ ထို႔ေၾကာင့္ ေခတ္ႏွင့္အမီ

လိုက္ေနေသာ ၿမိဳ႕ႀကီးျပႀကီးတြင္ ေနထိုင္ေသာ သူမ်ားတြင္ အစာအိမ္ေရာဂါ အျဖစ္မ်ားသည္။

ေရွးအာယုေဗဒ ေဆးက်မ္းမ်ားအလိုအရ “ေရာဂါမွန္သမွ် အစာမေၾကျခင္းက စသည္” ဟု ဆို သည္။

ပါဠိဘာသာအားျဖင့္လည္း “ေရာဂါမူလံ အာဇိဏၰကံ” ဟုဆိုသည္။ အစာမေၾကေရာဂါ ျဖစ္ၿပီးလွ်င္

ေပါ့ေပါ့ဆဆေနပါက အမႈိက္ကစ ျပႆဒ္မီးေလာင္ ျဖစ္ကာ ေရာဂါႀကီးမ်ား ဝင္လာတတ္သည္။

စားခ်ိန္မမွန္သျဖင့္ အစာမေၾက၊ အစာမေၾကရာမွ ေလပြ၊ ေလပြရာမွ အစာမေၾက၊ ေလခ်ဥ္ တက္ျခင္း၊ ေလေအာင့္ျခင္း၊

ေလထိုးျခင္း၊ ေလပူကန္ျခင္း… ထိုမွတစ္ဆင့္ ေသြးထဲတြင္ ပါသြားေသာ ေလပူ ေဖာင္းမ်ားေၾကာင့္

ႏွလုံးေလ႐ိုက္ျခင္း၊ ႏွလုံးေအာင့္ျခင္း၊ ေသြးတိုးျခင္း၊ ေခါင္းအုံမူးေဝျခင္း၊ အစာမေၾက သျဖင့္ ဝမ္းခ်ဳပ္ျခင္း၊

စျမင္းခံျခင္း၊ လိပ္ေခါင္းေရာဂါျဖစ္ျခင္း… စသည္ျဖင့္ တစ္ႏြယ္ငင္ တစ္စင္ပါ ေရာဂါအမ်ိဳးမ်ိဳးတိုးပြားလာတတ္သည္။

ေလပူထျခင္း

အစာစားခ်ိန္မမွန္လွ်င္ ေလပူထေရာဂါျဖစ္တတ္သည္။ ျဖစ္ပုံမွာ အစာစားခ်ိန္တန္၍ အစာအိမ္ထဲ သို႔

အစာမေရာက္ေသာအခါ ပုံမွန္ထြက္ေနၾက အစာေခ်ရည္ အက္ဆစ္သည္ အေငြ႕ျပန္၍ အစာအိမ္တြင္ ပူၿပီး

လည္ေခ်ာင္းအထိ တက္လာသည္။ အစာေရၿမိဳႁပြန္တြင္ ပူစပ္ပူေလာင္ ျဖစ္လာသည္။ အာခံတြင္းႏွင့္

လွ်ာအထိ ပူေလာင္ေသာအခါ အပူကန္ဖုမ်ား ထြက္လာတတ္သည္။

ေလပူထလွ်င္ မူလ အစာစားျခင္စိတ္မွာ ေပ်ာက္သြားၿပီး ရင္ပူသလိုျဖစ္ေနတတ္သည္။

ပါးစပ္ ခံတြင္းႏွင့္ လွ်ာတြင္ အရသာခါးၿပီး ပါးစပ္ပ်က္သည္ဟု ေျပာေလ့ရွိၾကသည္။ အခ်ိဳ႕မွာ

ပါးစပ္ပ်က္႐ုံသာမက လွ်ာတြင္ အႏွစ္မ်ားတက္ၿပီး အျဖဴဖတ္မ်ားကပ္လွ်က္ လွ်ာထူေနတတ္သည္။

အစာအိမ္မွ အက္ဆစ္ရည္ အေငြ႕၏ အထက္တက္ၿပီး ေလာင္ကြၽမ္းမႈေၾကာင့္ လွ်ာတြင္ အနီစက္ မ်ားထြက္ၿပီး

အခ်ိဳ႕မွာ အနာသဖြယ္ ျဖစ္တတ္သည္။ လွ်ာအနာေပါက္လွ်င္ ေရေသာက္လွ်င္ပင္ စပ္ေန တတ္သည္။

အနာမေပ်ာက္မျခင္း အစားအေသာက္ပ်က္ရသည္။ အေနရခက္ေသာေဝဒနာ ခံစားရတတ္ သည္။

အပူအစပ္မပါဘဲ ထမင္းရည္ေသာက္ျခင္းျဖင့္ သက္သာႏိုင္သည္။

ယခုေခတ္တြင္ ထမင္းကို ရည္ငွဲ႔ မခ်က္ဘဲ ေပါင္းအိုးျဖင့္ ေရခမ္းခ်က္ၾကေသာေၾကာင့္ ထမင္းရည္ေသာက္ျခင္း ဓေလ့ေပ်ာက္သြားသည္။

ထမင္းရည္သည္ အစာအိမ္ေလပူ ေရာဂါကို ကုသႏိုင္ေသာ ေဆးစြမ္းေကာင္း တစ္လက္ျဖစ္သည္။

ထမင္း ရည္ပူပူတြင္ ဆားခပ္ေသာက္ေပးျခင္းျဖင့္ အစာအိမ္မွ အက္ဆစ္ဓာတ္လြန္ကဲျခင္းကို ထိန္းႏိုင္သည္။

ထ မင္းရည္တြင္ ပ်ားရည္ ထည့္ေသာက္ျခင္းျဖင့္ လွ်ာႏွင့္ခံတြင္း အပူကန္နာမ်ားကို သက္သာေပ်ာက္ကင္းေစ ႏိုင္သည္။ ဦးေခါင္းတြင္ အပူကန္နာအဖုမ်ား

ထြက္လွ်င္ပင္ ထမင္းရည္ကို လိမ္းေပးၿပီးေနာက္ ေခါင္းေလွ်ာ္ လွ်င္ သက္သာေစႏိုင္သည္။

ေလခ်ဥ္တက္ျခင္း

ေလခ်ဥ္တက္ျခင္းသည္ ေလတက္ျခင္းပင္ျဖစ္ၿပီး ေလလည္ျခင္း၏ ဆန႔္က်င္ဘက္လည္းျဖစ္သည္ ဟု ဆိုသည္။

ေလေအာက္သို႔သက္ေနျခင္းသည္ ေနေကာင္းသည့္ လကၡဏာဟုယူဆၿပီး ေလအထက္ဆန္ ျခင္း၊

ေလခ်ဥ္တက္ျခင္းသည္ ေနမေကာင္းသည့္ လကၡဏာဟု ျမန္မာေဆးပညာက ယူဆသည္။

ေလခ်ဥ္တက္ျခင္းသည္ ဝမ္းထဲမွေအာင္းေနေသာ အစာမေၾကသည့္ စုပုံေနသည့္အစာႏွင့္ ပုံမွန္ မဟုတ္ေသာ

အစာေျခရည္ (သည္းေျခရည္) တို႔မွ ဆန္တက္လာသည့္ ေလခ်ဥ္ေလပြက္ျဖစ္သည္။ တစ္ နည္းအားျဖင့္

အစာအိမ္အခ်ဥ္ေပါက္ျခင္း၏ အစ ေရွးဦးစြာ ျပေသာလကၡဏာျဖစ္သည္။

မေၾကေသာအစာတို႔သည္ အူသိမ္အူေသးတို႔မွ တစ္ဆင့္ အူမႀကီးအဆုံး အစာေဟာင္းအိမ္ (မစင္ အိမ္)သို႔

ေရာက္ရွိၾကသည္။ အစာေဟာင္းအိမ္တြင္ စုပုံေနေသာ ဝမ္းပုပ္ႏွင့္စျမင္းတို႔မွ ထြက္ေသာ အေငြ႕ သည္ေလပူေလပုပ္ ျဖစ္သည္။

ထိုေလပူေလပုပ္သည္ စအိုဝမွ ေလလည္ၿပီးထြက္မသြားခဲ့လွ်င္ အထက္သို႔ ျပန္ဆန္ၿပီး အူမႀကီးမွတစ္ဆင့္ အူေသး၊

အူသိမ္မွ အစာသစ္အိမ္သို႔ ျပန္လည္ေရာက္ရွိကာ ေလခ်ဥ္တက္ ျခင္း၊ ခံတြင္းအပုပ္နံ႔နံျခင္း တို႔ျဖစ္ႏိုင္သည္။

အခ်ဥ္ဓာတ္ လြန္ကဲျပင္းထန္လွ်င္ အာေခါင္ေျခာက္ျခင္း၊ အာသီးေရာင္ျခင္းကို ျဖစ္ေစႏိုင္သည္။ေလပူႏွင့္တြဲ၍ ျဖစ္ေသာ

ေလခ်ဥ္သည္ ႏွလုံးေသြးေၾကာမ်ားမွတစ္ဆင့္ ဦးေခါင္းပိုင္းရွိ နားႏွင့္ မ်က္ စိ၊ ဦးေႏွာက္အတြင္းထိ

ဒုကၡေပးႏိုင္သည္။ ထို႔ေၾကာင့္ အစာမေၾကေလခ်ဥ္တက္သာမ်ားမွာ ေခါင္းမၾကည္ ျခင္းျဖစ္သည္။

အထက္သို႔ တက္ေသာေလမွန္သမွ် မေကာင္းသည္ေတာ့ မဟုတ္ပါ။ ေလေကာင္းျဖစ္ေသာ “ေထာက္ကန္ဝါေယာ” ျဖစ္လွ်င္ ကိစၥမရွိပါ။

ဦးေခါင္းမတ္ျခင္း၊ ေခါင္းေမာ့ျခင္းတို႔ကို ျပဳႏိုင္သည္။ အက်ိဳးျပဳ ေသာေလမ်ိဳးျဖစ္သည္။

ေလေကာင္းမဟုတ္ ေလပုပ္၊ ေလခ်ဥ္ျဖစ္လွ်င္ ဦးေခါင္းပိုင္းကို ဒုကၡေပးႏိုင္သည္။

ေခါင္းကိုက္ျခင္း၊ ေခါင္းမူးျခင္း၊ မ်က္စိၾကည့္မေကာင္းျခင္း၊ အာ႐ုံၾကာၾကာမစိုက္ႏိုင္ျခင္း၊ မ်က္စိမႈန္ဝါးျခင္း၊

သူငယ္အိမ္ ေစာင္းျခင္း၊ မ်က္မွန္တပ္ရသူမ်ားတြင္ မ်က္မွန္ဒီဂရီတိုးျခင္းတို႔ ျဖစ္ႏိုင္သည္။ေလခ်ဥ္တက္သူမ်ား

ပထမဦးစြာ ဂ႐ုျပဳရမည့္အခ်က္မွာ အစာကို အခ်ိန္မွန္စားရန္ႏွင့္ မ်ားမ်ားမစား ရန္ျဖစ္သည္။

အစာေျခအားနည္းေနခ်ိန္တြင္ အစာအိမ္ကို ငဲ့ညႇာေသာအားျဖင့္ မ်ားမ်ားမစားဘဲ နည္းနည္း ႏွင့္ ႏွစ္ႀကိမ္၊

သုံးႀကိမ္ခြဲစားျခင္းက ပို၍ ေကာင္းသည္။ အစာအိမ္ကို အစာႏွင့္ ကုနည္းပင္ျဖစ္သည္။ဝမ္းမွန္ရန္လည္း ဂ႐ုျပဳသင့္သည္။

ဝမ္းခ်ဳပ္ၿပီး စျမင္းခံလွ်င္ အထက္သို႔ ေလခ်ဥ္ျပန္တက္သျဖင့္ ဝမ္းမွန္ေအာင္ လမ္းေလွ်ာက္ျခင္း၊

အသီးအႏွံစားျခင္း၊ ေရမ်ားမ်ားေသာက္ျခင္း ျပဳသင့္သည္။

အထူးသျဖင့္ အိပ္ယာဝင္ခ်ိန္ႏွင့္ အိပ္ယာထခ်ိန္တြင္ ေရေသာက္သည့္အက်င့္ကို က်င့္သင့္သည္။

အသက္အ႐ြယ္ႀကီးရင့္၍ လမ္းေကာင္းစြာမေလွ်ာက္ႏိုင္သူမ်ားမွာ ေလေဆးကူသင့္သည္။ အထက္ သို႔တက္ေသာေလ

ေအာက္သို႔စုန္ဆင္းေစရန္ ေလလည္ေစေသာ နည္းကိုသုံးရမည္ျဖစ္သည္။ အစာေၾက ေဆး၊ ေလေဆး၊

ေလႏွိမ္ေဆး၊ ေလပူက်ေဆး၊ အေဓာဂမ ေလသက္ေဆး၊ ေလပုပ္ထုတ္ေဆး၊ ေလကြဲ ေဆးမ်ားသုံးစြဲသင့္ေၾကာင္း ေရးသားလိုက္ရေပသည္။

ေလထိုးေလေအာင့္ျခင္း

ေလထိုးေလေအာင့္ေရာဂါသည္ အစာမေၾကျခင္းေၾကာင့္ျဖစ္ရသည္။ အစာအိမ္တြင္ အစာေျခရည္ မထြက္ေသာအခါ

အစာစားမိျခင္း၊ ပူေႏြးေသာ အစာကို စားလွ်င္ အစာေျခရည္ ထြက္လာႏိုင္ေသာ္လည္း ေအးစက္မာေၾကာေသာ

ထမင္းေအး၊ ဟင္းေအးကို စားသုံးၿပီးေနာက္ ေလထိုးေလေအာင့္ ျဖစ္လာသည္ကို မ်ားစြာေတြ႕ရသည္။

ေလထိုးေလေအာင့္ျဖစ္သည့္ ေနရာအမ်ိဳးမ်ိဳးရွိရာ အစာအိမ္ရင္ၫႊန႔္ တည့္တည့္တြင္ ေအာင့္သည့္ ေလနာေရာဂါသည္

အစာေခ်ရည္ မထြက္မီအစာကို မ်ားစြာစားျခင္း၊ အစားတစ္လုတ္လွ်င္ (၅) ႀကိမ္မွ (၁၀) ႀကိမ္အထိ

မဝါးဘဲ လွ်င္ျမန္စြာ ၿမိဳခ်ျခင္း၊ အေလာသုံးဆယ္ စားျခင္းတို႔ေၾကာင့္ ျဖစ္ႏိုင္သည္။

အစာစားၿပီး ခဏၾကာမွ နံေဘးႏွင့္ ဝမ္းဗိုက္မွ ေနာက္ေၾကာလက္ျပင္အထိ ထိုးေအာင့္လာလွ်င္ အူသိမ္နာေၾကာင့္ျဖစ္ႏိုင္သည္။

အစာအိမ္မွ အထြက္တြင္ လက္ညႇိဳးကို ေကြးထားသကဲ့သို႔ အေကာက္ ကေလးရွိသည္။ ထိုေနရာကို အူသိမ္ဦးဟု လည္းေခၚသည္။

အစာအိမ္မွ နယ္ဖက္ ေခ်ၿပီးေသာ အစာမ်ား ကို အာဟာရစုတ္ယူမည့္ (၁၁)ေပခန႔္ရွည္ေသာ အူေသးမ်ားတစ္ေလွ်ာက္

တြန္းပို႔ေပးမည့္ အစာအိမ္၏ ထြက္ေပါက္လည္းျဖစ္သည္။

အူသိမ္ဦးနာ (Duodenum Ulcer) သည္ ရင္ၫႊန႔္တြင္ မီးခဲထည့္ထားသကဲ့သို႔ အပူေလာင္ရာမွ နံအိမ္ကို ပတ္ၿပီး

ေနာက္ေက်ာ လက္ျပင္ထိေအာင္ နာေသာ ခံစားရခက္ေသာ ေလနာမ်ိဳး ျဖစ္သည္။ အူသိမ္ဦးေရာင္ေသာ

အနာႏွင့္ အူသိမ္ဦးတြင္ အနာေပါက္ေသာ အနာဟူ၍ (၂) မ်ိဳးျဖစ္ေလ့ရွိ သည္။ အစာကို မ်ားမ်ားမစားဘဲ

နည္းနည္းႏွင့္ တစ္ေန႔ (၅) ႀကိမ္၊ (၆) ႀကိမ္ ခြဲစားရမည္ဟု ကုထုံးကဆို သည္။

အစာစားၿပီးတိုင္းအန္သျဖင့္ ေဆးပညာႏွင့္ေဝးေသာ ေက်းလက္ေတာနယ္မ်ားတြင္ စုန္း၊ ပေယာဂ ထင္ၿပီး တစ္လြဲကုၾကသည္မ်ားရွိသည္။

အူသိမ္အူႏုမ်ားတြင္ ေလနာျဖစ္ရျခင္းမွာ အစာအိမ္မွ ေကာင္းစြာ ေၾကက်က္ျခင္းမရွိေသာ အစာ မ်ား ေရာက္လာေသာေၾကာင့္ျဖစ္သည္။

အူႏုမ်ား၏ တာဝန္မွာ ခႏၶာကိုယ္အတြက္ လိုအပ္ေသာ အာဟာရ မ်ားကို စုတ္ယူေပးရျခင္းျဖစ္သည္။

ဗီတာမင္ႏွင့္ သတၳဳဓာတ္ မ်ားကို ကစီဓာတ္မ်ားႏွင့္ ခြဲျခားၿပီး စုတ္ယူႏိုင္ သည္။

အဆိပ္အေတာက္မ်ားကို ေခ်ဖ်က္ရန္ အသည္းသို႔ ပို႔ေပးသည္။ ခႏၶာကိုယ္၏ အာဟာရအတြက္ အလြန္ႀကီးမားေသာ

တာဝန္ကို အခ်ိန္ (၂) နာရီေက်ာ္ ၾကာေအာင္ ထမ္းေဆာင္ေပးသည္။ မေၾကက်က္ ေသာ အစာမ်ား ေရာက္ရွိလာလွ်င္

အူတြင္း ေလနာ ျဖစ္တတ္သည္။ ခ်က္တိုင္ကို ပတ္ၿပီး ဝမ္းဗိုက္တစ္ခု လုံး တစ္ျပင္လုံး တစ္မွ်င္းမွ်င္းနာေနတတ္သည္။

အူအတက္ေရာင္ေရာဂါ

အလြန္သတိထားရေသာ ေဝဒနာမ်ိဳးျဖစ္သည္။ ေလနာဟု အထင္မွားၿပီး ဗိုက္ကိုႏွိပ္သျဖင့္ အူအ တက္ေပါက္သြားသူ ရွိဖူးသည္။

ျပင္းထန္ေသာ ေလေဆးသည္ ဝမ္းႏုတ္ေဆးကဲ့သို႔ ေလကိုေအာက္သို႔ တြန္းခ်ရာမွ ေရာင္ေနေသာအူအတက္ ေပါက္သြားႏိုင္သည္။

(၁၁)ေပခန႔္ ရွည္လွ်ားေသာ အူေသးတို႔၏ အဆုံးတြင္ အူမႀကီးႏွင့္ ဆက္သည္။ ထိုဆက္ေသာ ေနရာတြင္ လက္သန္းဆစ္ခန႔္ အူအတက္ရွိသည္။

ထိုအတက္တြင္ အေခါင္းရွိသည္။ စား၍ မေၾကက်က္ ေသာ၊ ညက္ေအာင္မဝါးခဲ့ေသာ အစာအခ်ိဳ႕သည္ ကံဆိုးလွ်င္

အူအတက္အတြင္းသို႔ ဝင္သြားၿပီး ရက္ၾကာ ေသာအခါ ျပန္မထြက္ဘဲ ပုပ္ၿပီး အခ်ဥ္ရည္အက္ဆစ္ထြက္လာသည္။

ထိုအရည္ေလာင္ကြၽမ္းသျဖင့္ အူအ တက္ ေရာင္လာသည္။

ထိုထက္ဆိုးလွ်င္ ေပါက္သြားၿပီး အခ်ဥ္ရည္ ႏွင့္ အစာေဟာင္းမ်ား ဝမ္းဗိုက္အတြင္း သို႔ ထြက္က်သျဖင့္ နာက်င္လြန္းၿပီး သတိေမ့ေျမာသြားတတ္သည္။

အူအတက္အတြင္းသို႔ ဝင္တက္ေသာ အစာေဟာင္းမ်ားမွာ ညက္ေအာင္မဝါးခဲ့သည့္ မာလကာေစ့၊ င႐ုတ္သီးေစ့၊

အျခားမာေၾကာေသာ အေစ့ အဆန္မ်ား ျဖစ္ေလ့ရွိသည္ကို ေတြ႕ရသည္။

အူအတက္သည္ ညာဘက္ ေပါင္ေရွ႕ထိပ္ ခ်က္တိုင္၏ ေအာက္နားတြင္ တည္ရွိသည္။ ထိုေနရာမွ ဝမ္းဗိုက္တစ္ျပင္လုံးသို႔ ျပန႔္ႏွံ႔ၿပီးနာတက္သည္။

အူအတက္ေပါက္သြားလွ်င္ ဝမ္းဗိုက္သည္ ေက်ာက္ျပင္ ကဲ့သို႔ မာေက်ာၿပီး ႏွိပ္မရျဖစ္ကာ အဖ်ားတက္ၿပီး

လူလည္း သတိလစ္သြားတတ္သည္။ ညာဘက္ ေပါင္ေရွ႕ ထိပ္မွ ခ်က္တစ္ဝိုက္နာလွ်င္ သတိျပဳပါ။ ဝမ္းဗိုက္ကို မႏွိပ္ရပါ။

အစားမမွားေစရန္သတိျပဳ

အစားမွားျခင္းေၾကာင့္လည္း ႐ုတ္တရက္ အစာအိမ္ေဖာက္ျပန္ၿပီး ေလနာေရာဂါ အစာအိမ္ေရာဂါ ျဖစ္ႏိုင္သည္။

မိမိမစားဖူးေသာအရာကို ေတြ႕လွ်င္ အရန္းမဲ့မစားသင့္ပါ။ အထူးသျဖင့္ ခရီးသြားရင္း အျခား အရပ္တြင္ ေတြ႕ေသာအစာကို မစားသင့္ေပ။

လမ္းခရီးတြင္ ဗိုက္ေအာင့္ျခင္း၊ ဝမ္းေလွ်ာျခင္း၊ ဝမ္းပ်က္ျခင္း ျဖစ္လွ်င္ အလြန္ဒုကၡမ်ားသည္။

ေရွးလူႀကီးမ်ား၏ အဆိုအရ အစာကို မဆာက မစားရ…ဆာမွ စား၊ သင့္႐ုံစား.. ေတာ္႐ုံစား ဟုဆို သည္။ အစာအိမ္မွ သတိေပးခ်က္မ်ားရွိသည္။

ဗိုက္ထဲမွ တဂြီဂြီျမည္ျခင္းသည္ အစာေတာင္းျခင္းျဖစ္သည္။ အာေခါင္မ်ားေျခာက္ျခင္းသည္ ေရေတာင္းျခင္းျဖစ္သည္။

စားၿပီးရင္ေတာင့္လွ်င္ အစာမေၾကျခင္း လကၡ ဏာျဖစ္သည္။ အစာေၾကေဆး ေသာက္သင့္က ေသာက္ရမည္။

ေလခ်ဥ္တက္လွ်င္ အစာအိမ္ ေနမ ေကာင္းသည္ကို သတိျပဳရမည္။

အစာစားခ်င္စိတ္ မရွိလွ်င္လည္း အစာအိမ္ အားနည္းေနသည္ဟု သိႏိုင္ ေပသည္။ ဝမ္းတစ္လုံးေကာင္းလွ်င္

ေခါင္းတစ္လုံးမခဲ… ေရာဂါမွန္သမွ် အစာမေၾကျခင္းက စသည္ကို သတိျပဳ ၾကေစလိုသည္။

Credit:ၾကည္လြင္ျမင့္ (မုျဒာ)

Unicode

မကြာခနလေအောင့်နေသည့်မိတ်ဆွေတစ်ဦးသည်.. ရောင်းတန်းအစာအိမ်ဆေးများကိုဝယ်ယူသုံးစွဲနေရာမှ..

တလောကစင်္ကာပူနိုင်ငံတွင်အလုပ်လုပ်နေသော သမီးထံသွားရောက်လည်ပတ်ရင်း စစ်ဆေးလိုက်သည့်အခါ

အစာအိမ်ကင်ဆာဟုသိရသည်။ အစာအိမ်နာသည်ဆေးကုမှားလျှင်အသက်ဆုံးနိုင်သောရောဂါမျိုးဖြစ်သည်။

အစာအိမ်ရောဂါသည် ကုသရခက်ခဲသော နာတာရှည်ရောဂါမျိုးတွင် ပါဝင်သည်။ အစားအသောက် ကို

ဂရုမစိုက်နိုင်ဘဲ အပြေးအလွှား အလုပ်သွားရသည့် သင်တန်းသွားရသည့် သူများတွင် အဖြစ်များသည်။

စားချိန်သောက်ချိန် မမှန်ခြင်းကြောင့် အစာအိမ်ရောဂါဖြစ်ရသည်။ ထို့ကြောင့် ခေတ်နှင့်အမီ

လိုက်နေသော မြို့ကြီးပြကြီးတွင် နေထိုင်သော သူများတွင် အစာအိမ်ရောဂါ အဖြစ်များသည်။

ရှေးအာယုဗေဒ ဆေးကျမ်းများအလိုအရ “ရောဂါမှန်သမျှ အစာမကြေခြင်းက စသည်” ဟု ဆို သည်။

ပါဠိဘာသာအားဖြင့်လည်း “ရောဂါမူလံ အာဇိဏ္ဏကံ” ဟုဆိုသည်။ အစာမကြေရောဂါ ဖြစ်ပြီးလျှင်

ပေါ့ပေါ့ဆဆနေပါက အမှိုက်ကစ ပြဿဒ်မီးလောင် ဖြစ်ကာ ရောဂါကြီးများ ဝင်လာတတ်သည်။

စားချိန်မမှန်သဖြင့် အစာမကြေ၊ အစာမကြေရာမှ လေပွ၊ လေပွရာမှ အစာမကြေ၊ လေချဉ် တက်ခြင်း၊ လေအောင့်ခြင်း၊

လေထိုးခြင်း၊ လေပူကန်ခြင်း… ထိုမှတစ်ဆင့် သွေးထဲတွင် ပါသွားသော လေပူ ဖောင်းများကြောင့်

နှလုံးလေရိုက်ခြင်း၊ နှလုံးအောင့်ခြင်း၊ သွေးတိုးခြင်း၊ ခေါင်းအုံမူးဝေခြင်း၊ အစာမကြေ သဖြင့် ဝမ်းချုပ်ခြင်း၊

စမြင်းခံခြင်း၊ လိပ်ခေါင်းရောဂါဖြစ်ခြင်း… စသည်ဖြင့် တစ်နွယ်ငင် တစ်စင်ပါ ရောဂါအမျိုးမျိုးတိုးပွားလာတတ်သည်။

လေပူထခြင်း

အစာစားချိန်မမှန်လျှင် လေပူထရောဂါဖြစ်တတ်သည်။ ဖြစ်ပုံမှာ အစာစားချိန်တန်၍ အစာအိမ်ထဲ သို့

အစာမရောက်သောအခါ ပုံမှန်ထွက်နေကြ အစာချေရည် အက်ဆစ်သည် အငွေ့ပြန်၍ အစာအိမ်တွင် ပူပြီး

လည်ချောင်းအထိ တက်လာသည်။ အစာရေမြိုပြွန်တွင် ပူစပ်ပူလောင် ဖြစ်လာသည်။ အာခံတွင်းနှင့်

လျှာအထိ ပူလောင်သောအခါ အပူကန်ဖုများ ထွက်လာတတ်သည်။

လေပူထလျှင် မူလ အစာစားခြင်စိတ်မှာ ပျောက်သွားပြီး ရင်ပူသလိုဖြစ်နေတတ်သည်။

ပါးစပ် ခံတွင်းနှင့် လျှာတွင် အရသာခါးပြီး ပါးစပ်ပျက်သည်ဟု ပြောလေ့ရှိကြသည်။ အချို့မှာ

ပါးစပ်ပျက်ရုံသာမက လျှာတွင် အနှစ်များတက်ပြီး အဖြူဖတ်များကပ်လျှက် လျှာထူနေတတ်သည်။

အစာအိမ်မှ အက်ဆစ်ရည် အငွေ့၏ အထက်တက်ပြီး လောင်ကျွမ်းမှုကြောင့် လျှာတွင် အနီစက် များထွက်ပြီး

အချို့မှာ အနာသဖွယ် ဖြစ်တတ်သည်။ လျှာအနာပေါက်လျှင် ရေသောက်လျှင်ပင် စပ်နေ တတ်သည်။

အနာမပျောက်မခြင်း အစားအသောက်ပျက်ရသည်။ အနေရခက်သောဝေဒနာ ခံစားရတတ် သည်။

အပူအစပ်မပါဘဲ ထမင်းရည်သောက်ခြင်းဖြင့် သက်သာနိုင်သည်။

ယခုခေတ်တွင် ထမင်းကို ရည်ငှဲ့ မချက်ဘဲ ပေါင်းအိုးဖြင့် ရေခမ်းချက်ကြသောကြောင့် ထမင်းရည်သောက်ခြင်း ဓလေ့ပျောက်သွားသည်။

ထမင်းရည်သည် အစာအိမ်လေပူ ရောဂါကို ကုသနိုင်သော ဆေးစွမ်းကောင်း တစ်လက်ဖြစ်သည်။

ထမင်း ရည်ပူပူတွင် ဆားခပ်သောက်ပေးခြင်းဖြင့် အစာအိမ်မှ အက်ဆစ်ဓာတ်လွန်ကဲခြင်းကို ထိန်းနိုင်သည်။

ထ မင်းရည်တွင် ပျားရည် ထည့်သောက်ခြင်းဖြင့် လျှာနှင့်ခံတွင်း အပူကန်နာများကို သက်သာပျောက်ကင်းစေ နိုင်သည်။ ဦးခေါင်းတွင် အပူကန်နာအဖုများ

ထွက်လျှင်ပင် ထမင်းရည်ကို လိမ်းပေးပြီးနောက် ခေါင်းလျှော် လျှင် သက်သာစေနိုင်သည်။

လေချဉ်တက်ခြင်း

လေချဉ်တက်ခြင်းသည် လေတက်ခြင်းပင်ဖြစ်ပြီး လေလည်ခြင်း၏ ဆန့်ကျင်ဘက်လည်းဖြစ်သည် ဟု ဆိုသည်။

လေအောက်သို့သက်နေခြင်းသည် နေကောင်းသည့် လက္ခဏာဟုယူဆပြီး လေအထက်ဆန် ခြင်း၊

လေချဉ်တက်ခြင်းသည် နေမကောင်းသည့် လက္ခဏာဟု မြန်မာဆေးပညာက ယူဆသည်။

လေချဉ်တက်ခြင်းသည် ဝမ်းထဲမှအောင်းနေသော အစာမကြေသည့် စုပုံနေသည့်အစာနှင့် ပုံမှန် မဟုတ်သော

အစာခြေရည် (သည်းခြေရည်) တို့မှ ဆန်တက်လာသည့် လေချဉ်လေပွက်ဖြစ်သည်။ တစ် နည်းအားဖြင့်

အစာအိမ်အချဉ်ပေါက်ခြင်း၏ အစ ရှေးဦးစွာ ပြသောလက္ခဏာဖြစ်သည်။

မကြေသောအစာတို့သည် အူသိမ်အူသေးတို့မှ တစ်ဆင့် အူမကြီးအဆုံး အစာဟောင်းအိမ် (မစင် အိမ်)သို့

ရောက်ရှိကြသည်။ အစာဟောင်းအိမ်တွင် စုပုံနေသော ဝမ်းပုပ်နှင့်စမြင်းတို့မှ ထွက်သော အငွေ့ သည်လေပူလေပုပ် ဖြစ်သည်။

ထိုလေပူလေပုပ်သည် စအိုဝမှ လေလည်ပြီးထွက်မသွားခဲ့လျှင် အထက်သို့ ပြန်ဆန်ပြီး အူမကြီးမှတစ်ဆင့် အူသေး၊

အူသိမ်မှ အစာသစ်အိမ်သို့ ပြန်လည်ရောက်ရှိကာ လေချဉ်တက် ခြင်း၊ ခံတွင်းအပုပ်နံ့နံခြင်း တို့ဖြစ်နိုင်သည်။

အချဉ်ဓာတ် လွန်ကဲပြင်းထန်လျှင် အာခေါင်ခြောက်ခြင်း၊ အာသီးရောင်ခြင်းကို ဖြစ်စေနိုင်သည်။လေပူနှင့်တွဲ၍ ဖြစ်သော

လေချဉ်သည် နှလုံးသွေးကြောများမှတစ်ဆင့် ဦးခေါင်းပိုင်းရှိ နားနှင့် မျက် စိ၊ ဦးနှောက်အတွင်းထိ

ဒုက္ခပေးနိုင်သည်။ ထို့ကြောင့် အစာမကြေလေချဉ်တက်သာများမှာ ခေါင်းမကြည် ခြင်းဖြစ်သည်။

အထက်သို့ တက်သောလေမှန်သမျှ မကောင်းသည်တော့ မဟုတ်ပါ။ လေကောင်းဖြစ်သော “ထောက်ကန်ဝါယော” ဖြစ်လျှင် ကိစ္စမရှိပါ။

ဦးခေါင်းမတ်ခြင်း၊ ခေါင်းမော့ခြင်းတို့ကို ပြုနိုင်သည်။ အကျိုးပြု သောလေမျိုးဖြစ်သည်။

လေကောင်းမဟုတ် လေပုပ်၊ လေချဉ်ဖြစ်လျှင် ဦးခေါင်းပိုင်းကို ဒုက္ခပေးနိုင်သည်။

ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်စိကြည့်မကောင်းခြင်း၊ အာရုံကြာကြာမစိုက်နိုင်ခြင်း၊ မျက်စိမှုန်ဝါးခြင်း၊

သူငယ်အိမ် စောင်းခြင်း၊ မျက်မှန်တပ်ရသူများတွင် မျက်မှန်ဒီဂရီတိုးခြင်းတို့ ဖြစ်နိုင်သည်။လေချဉ်တက်သူများ

ပထမဦးစွာ ဂရုပြုရမည့်အချက်မှာ အစာကို အချိန်မှန်စားရန်နှင့် များများမစား ရန်ဖြစ်သည်။

အစာခြေအားနည်းနေချိန်တွင် အစာအိမ်ကို ငဲ့ညှာသောအားဖြင့် များများမစားဘဲ နည်းနည်း နှင့် နှစ်ကြိမ်၊

သုံးကြိမ်ခွဲစားခြင်းက ပို၍ ကောင်းသည်။ အစာအိမ်ကို အစာနှင့် ကုနည်းပင်ဖြစ်သည်။ဝမ်းမှန်ရန်လည်း ဂရုပြုသင့်သည်။

ဝမ်းချုပ်ပြီး စမြင်းခံလျှင် အထက်သို့ လေချဉ်ပြန်တက်သဖြင့် ဝမ်းမှန်အောင် လမ်းလျှောက်ခြင်း၊

အသီးအနှံစားခြင်း၊ ရေများများသောက်ခြင်း ပြုသင့်သည်။

အထူးသဖြင့် အိပ်ယာဝင်ချိန်နှင့် အိပ်ယာထချိန်တွင် ရေသောက်သည့်အကျင့်ကို ကျင့်သင့်သည်။

အသက်အရွယ်ကြီးရင့်၍ လမ်းကောင်းစွာမလျှောက်နိုင်သူများမှာ လေဆေးကူသင့်သည်။ အထက် သို့တက်သောလေ

အောက်သို့စုန်ဆင်းစေရန် လေလည်စေသော နည်းကိုသုံးရမည်ဖြစ်သည်။ အစာကြေ ဆေး၊ လေဆေး၊

လေနှိမ်ဆေး၊ လေပူကျဆေး၊ အဓောဂမ လေသက်ဆေး၊ လေပုပ်ထုတ်ဆေး၊ လေကွဲ ဆေးများသုံးစွဲသင့်ကြောင်း ရေးသားလိုက်ရပေသည်။

လေထိုးလေအောင့်ခြင်း

လေထိုးလေအောင့်ရောဂါသည် အစာမကြေခြင်းကြောင့်ဖြစ်ရသည်။ အစာအိမ်တွင် အစာခြေရည် မထွက်သောအခါ

အစာစားမိခြင်း၊ ပူနွေးသော အစာကို စားလျှင် အစာခြေရည် ထွက်လာနိုင်သော်လည်း အေးစက်မာကြောသော

ထမင်းအေး၊ ဟင်းအေးကို စားသုံးပြီးနောက် လေထိုးလေအောင့် ဖြစ်လာသည်ကို များစွာတွေ့ရသည်။

လေထိုးလေအောင့်ဖြစ်သည့် နေရာအမျိုးမျိုးရှိရာ အစာအိမ်ရင်ညွှန့် တည့်တည့်တွင် အောင့်သည့် လေနာရောဂါသည်

အစာချေရည် မထွက်မီအစာကို များစွာစားခြင်း၊ အစားတစ်လုတ်လျှင် (၅) ကြိမ်မှ (၁၀) ကြိမ်အထိ

မဝါးဘဲ လျှင်မြန်စွာ မြိုချခြင်း၊ အလောသုံးဆယ် စားခြင်းတို့ကြောင့် ဖြစ်နိုင်သည်။

အစာစားပြီး ခဏကြာမှ နံဘေးနှင့် ဝမ်းဗိုက်မှ နောက်ကြောလက်ပြင်အထိ ထိုးအောင့်လာလျှင် အူသိမ်နာကြောင့်ဖြစ်နိုင်သည်။

အစာအိမ်မှ အထွက်တွင် လက်ညှိုးကို ကွေးထားသကဲ့သို့ အကောက် ကလေးရှိသည်။ ထိုနေရာကို အူသိမ်ဦးဟု လည်းခေါ်သည်။

အစာအိမ်မှ နယ်ဖက် ချေပြီးသော အစာများ ကို အာဟာရစုတ်ယူမည့် (၁၁)ပေခန့်ရှည်သော အူသေးများတစ်လျှောက်

တွန်းပို့ပေးမည့် အစာအိမ်၏ ထွက်ပေါက်လည်းဖြစ်သည်။

အူသိမ်ဦးနာ (Duodenum Ulcer) သည် ရင်ညွှန့်တွင် မီးခဲထည့်ထားသကဲ့သို့ အပူလောင်ရာမှ နံအိမ်ကို ပတ်ပြီး

နောက်ကျော လက်ပြင်ထိအောင် နာသော ခံစားရခက်သော လေနာမျိုး ဖြစ်သည်။ အူသိမ်ဦးရောင်သော

အနာနှင့် အူသိမ်ဦးတွင် အနာပေါက်သော အနာဟူ၍ (၂) မျိုးဖြစ်လေ့ရှိ သည်။ အစာကို များများမစားဘဲ

နည်းနည်းနှင့် တစ်နေ့ (၅) ကြိမ်၊ (၆) ကြိမ် ခွဲစားရမည်ဟု ကုထုံးကဆို သည်။

အစာစားပြီးတိုင်းအန်သဖြင့် ဆေးပညာနှင့်ဝေးသော ကျေးလက်တောနယ်များတွင် စုန်း၊ ပယောဂ ထင်ပြီး တစ်လွဲကုကြသည်များရှိသည်။

အူသိမ်အူနုများတွင် လေနာဖြစ်ရခြင်းမှာ အစာအိမ်မှ ကောင်းစွာ ကြေကျက်ခြင်းမရှိသော အစာ များ ရောက်လာသောကြောင့်ဖြစ်သည်။

အူနုများ၏ တာဝန်မှာ ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရ များကို စုတ်ယူပေးရခြင်းဖြစ်သည်။

ဗီတာမင်နှင့် သတ္ထုဓာတ် များကို ကစီဓာတ်များနှင့် ခွဲခြားပြီး စုတ်ယူနိုင် သည်။

အဆိပ်အတောက်များကို ချေဖျက်ရန် အသည်းသို့ ပို့ပေးသည်။ ခန္ဓာကိုယ်၏ အာဟာရအတွက် အလွန်ကြီးမားသော

တာဝန်ကို အချိန် (၂) နာရီကျော် ကြာအောင် ထမ်းဆောင်ပေးသည်။ မကြေကျက် သော အစာများ ရောက်ရှိလာလျှင်

အူတွင်း လေနာ ဖြစ်တတ်သည်။ ချက်တိုင်ကို ပတ်ပြီး ဝမ်းဗိုက်တစ်ခု လုံး တစ်ပြင်လုံး တစ်မျှင်းမျှင်းနာနေတတ်သည်။

အူအတက်ရောင်ရောဂါ

အလွန်သတိထားရသော ဝေဒနာမျိုးဖြစ်သည်။ လေနာဟု အထင်မှားပြီး ဗိုက်ကိုနှိပ်သဖြင့် အူအ တက်ပေါက်သွားသူ ရှိဖူးသည်။

ပြင်းထန်သော လေဆေးသည် ဝမ်းနုတ်ဆေးကဲ့သို့ လေကိုအောက်သို့ တွန်းချရာမှ ရောင်နေသောအူအတက် ပေါက်သွားနိုင်သည်။

(၁၁)ပေခန့် ရှည်လျှားသော အူသေးတို့၏ အဆုံးတွင် အူမကြီးနှင့် ဆက်သည်။ ထိုဆက်သော နေရာတွင် လက်သန်းဆစ်ခန့် အူအတက်ရှိသည်။

ထိုအတက်တွင် အခေါင်းရှိသည်။ စား၍ မကြေကျက် သော၊ ညက်အောင်မဝါးခဲ့သော အစာအချို့သည် ကံဆိုးလျှင်

အူအတက်အတွင်းသို့ ဝင်သွားပြီး ရက်ကြာ သောအခါ ပြန်မထွက်ဘဲ ပုပ်ပြီး အချဉ်ရည်အက်ဆစ်ထွက်လာသည်။

ထိုအရည်လောင်ကျွမ်းသဖြင့် အူအ တက် ရောင်လာသည်။

ထိုထက်ဆိုးလျှင် ပေါက်သွားပြီး အချဉ်ရည် နှင့် အစာဟောင်းများ ဝမ်းဗိုက်အတွင်း သို့ ထွက်ကျသဖြင့် နာကျင်လွန်းပြီး သတိမေ့မြောသွားတတ်သည်။

အူအတက်အတွင်းသို့ ဝင်တက်သော အစာဟောင်းများမှာ ညက်အောင်မဝါးခဲ့သည့် မာလကာစေ့၊ ငရုတ်သီးစေ့၊

အခြားမာကြောသော အစေ့ အဆန်များ ဖြစ်လေ့ရှိသည်ကို တွေ့ရသည်။

အူအတက်သည် ညာဘက် ပေါင်ရှေ့ထိပ် ချက်တိုင်၏ အောက်နားတွင် တည်ရှိသည်။ ထိုနေရာမှ ဝမ်းဗိုက်တစ်ပြင်လုံးသို့ ပြန့်နှံ့ပြီးနာတက်သည်။

အူအတက်ပေါက်သွားလျှင် ဝမ်းဗိုက်သည် ကျောက်ပြင် ကဲ့သို့ မာကျောပြီး နှိပ်မရဖြစ်ကာ အဖျားတက်ပြီး

လူလည်း သတိလစ်သွားတတ်သည်။ ညာဘက် ပေါင်ရှေ့ ထိပ်မှ ချက်တစ်ဝိုက်နာလျှင် သတိပြုပါ။ ဝမ်းဗိုက်ကို မနှိပ်ရပါ။

အစားမမှားစေရန်သတိပြု

အစားမှားခြင်းကြောင့်လည်း ရုတ်တရက် အစာအိမ်ဖောက်ပြန်ပြီး လေနာရောဂါ အစာအိမ်ရောဂါ ဖြစ်နိုင်သည်။

မိမိမစားဖူးသောအရာကို တွေ့လျှင် အရန်းမဲ့မစားသင့်ပါ။ အထူးသဖြင့် ခရီးသွားရင်း အခြား အရပ်တွင် တွေ့သောအစာကို မစားသင့်ပေ။

လမ်းခရီးတွင် ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းပျက်ခြင်း ဖြစ်လျှင် အလွန်ဒုက္ခများသည်။

ရှေးလူကြီးများ၏ အဆိုအရ အစာကို မဆာက မစားရ…ဆာမှ စား၊ သင့်ရုံစား.. တော်ရုံစား ဟုဆို သည်။ အစာအိမ်မှ သတိပေးချက်များရှိသည်။

ဗိုက်ထဲမှ တဂွီဂွီမြည်ခြင်းသည် အစာတောင်းခြင်းဖြစ်သည်။ အာခေါင်များခြောက်ခြင်းသည် ရေတောင်းခြင်းဖြစ်သည်။

စားပြီးရင်တောင့်လျှင် အစာမကြေခြင်း လက္ခ ဏာဖြစ်သည်။ အစာကြေဆေး သောက်သင့်က သောက်ရမည်။

လေချဉ်တက်လျှင် အစာအိမ် နေမ ကောင်းသည်ကို သတိပြုရမည်။

အစာစားချင်စိတ် မရှိလျှင်လည်း အစာအိမ် အားနည်းနေသည်ဟု သိနိုင် ပေသည်။ ဝမ်းတစ်လုံးကောင်းလျှင်

ခေါင်းတစ်လုံးမခဲ… ရောဂါမှန်သမျှ အစာမကြေခြင်းက စသည်ကို သတိပြု ကြစေလိုသည်။

Credit:ကြည်လွင်မြင့် (မုဒြာ)