Zawgyi

အိုင္အိုဒင္းက ကြၽန္မတို႔ ခႏၶာကိုယ္ အတြက္ မရွိမျဖစ္လိုအပ္တဲ့ ဓာတ္တစ္မ်ိဳးပဲျဖစ္ပါတယ္။ ဒီဓာတ္က သိုင္း႐ြိဳက္ေဟာ္မုန္း(လည္ပင္းနဲ႔ဆိုင္တဲ့)

ထုတ္လုပ္ျခင္းအတြက္ လိုအပ္ပါတယ္။ကြၽန္မတို႔ ခႏၶာကိုယ္က ကိုယ့္နည္းကိုယ္ဟန္နဲ႔ သိုင္း႐ြိက္ေဟာ္မုန္းကို မထုတ္ႏိုင္ပါဘူး။

ပင္လယ္ေရေမွာ္၊ ဥအမ်ိဳးမ်ိဳး ႏို႔ထြက္ပစၥည္းေတြကို စားေပးရပါတယ္။အိုင္အိုဒင္းခ်ိဳ႕တဲ့မႈက သင့္အတြက္ မေကာင္းတဲ့

လကၡဏာေတြကို ျဖစ္ပြားေစပါတယ္။ မကုဘဲထားရင္ ကင္ဆာေရာဂါ ႏွလုံးေရာဂါ အထိ ျဖစ္ပြားႏိုင္ပါတယ္။

ဒါေၾကာင့္အိုင္အိုဒင္းခ်ဳ႕ိတဲ့မႈျဖစ္ရင္ ဘယ္လို လကၡဏာေတြေပၚတတ္လဲ အားလုံး ဗဟုသုတရဖို႔ ေဖာ္ျပေပး လိုက္ပါတယ္။

ေအာက္မွာေျပာထားတဲ့ လကၡဏာေတြ ထဲက တစ္ခုခုနဲ႔ရင္ဆိုင္ေနရရင္ ဆရာဝန္နဲ႔ျပသသင့္ပါတယ္။

၁။ဆံပင္နဲ႔ အေရျပားျပႆနာ

ဆံပင္အလြန္ကြၽတ္တာနဲ႔ ေျခာက္ေသြ႕ၿပီးယားယံတဲ့အေရျပားက အိုင္အိုဒင္းခ်ိဳ႕တဲ့မႈ ကို ဦးတည္သြားႏိုင္ပါတယ္။

အိုင္အိုဒင္းက အေရျပားအစိုဓာတ္ကို ထိန္းညႇိေပးပါတယ္။ဒီဓာတ္က အနာေတြ အမာ႐ြတ္ေတြျဖစ္ရင္ အေပ်ာက္ျမန္ပါတယ္။

အေရးေၾကာင္းျဖစ္ေပၚမႈ ကိုလည္း ေႏွးေကြးေစပါတယ္။ရွည္လ်ားေတာက္ပ တဲ့ဆံေကသာအတြက္ အိုင္အိုဒင္းဓာတ္က

မရွိမျဖစ္အေရးႀကီးပါတယ္။ သူ႔အာနိသင္ က Hair Follicle အသစ္ျပန္ျဖစ္ေစ ပါတယ္။ ကူးစက္ပိုးဝင္ေရာက္တာကေန ကာကြယ္ေပး ပါတယ္။

၂။ အေအးမခံႏိုင္ျခင္း

သိပ္ လည္းမေအးဘဲနဲ႔ ေစာင္အထပ္လိုက္ၿခဳံေနရလား။ တျခားသူေတြ ေပါ့ေပါ့ပါးပါး ဝတ္တဲ့အခ်ိန္မွာ သင္က

အလြန္ေအးတတ္ေနပါတယ္။ဒီလိုဆိုရင္ေတာ့ သင္က အိုင္အိုဒင္းခ်ိဳ႕တဲ့ေနပါၿပီ။ အိုင္အိုဒင္းက ဇီဝျဖစ္စဥ္ကို ေႏွးေကြးေစပါတယ္။

ဒီအေၾကာင္းေၾကာင့္ လိုအပ္တဲ့ အေႏြးဓာတ္ ကို မရဘဲ အားအင္နည္းေနတာပါ။

၃။ ႐ုတ္တရက္ဝိတ္တတ္လာတာ

ဇီဝျဖစ္စဥ္ေႏွးေကြးတာက ကိုယ္အေလးခ်ိန္ အေျမာက္အျမား တက္လာေစပါတယ္။ ဒီလိုေႏွးေကြးတာက

ကယ္လိုရီေလာင္ကြၽမ္းေစ မႈနည္းပါးၿပီး အဆီအျဖစ္ သိုေလွာင္လိုက္ပါတယ္။

၄ ။ေမာပန္းၿပီး အားနည္းျခင္း

သြိဳင္း႐ြိက္ေဟာ္မုန္းနည္းတဲ့ လူ ၈၈ ရာခိုင္ႏႈန္းေလာက္မွာ ဒီျပႆနာရွိပါတယ္တဲ့။ သင္လုပ္ေနက်အရာေတြ

ေဆာင္႐ြက္တဲ့အခ်ိန္မွာ ေမာပန္းေနတာမ်ိဳး၊အိပ္ေရးဝပါရက္နဲ႔ ပင္ပန္းေနတာမ်ိဳးဟာ အိုင္အိုဒင္း ခ်ိဳ႕တဲ့ေနတာပါ။

အားအင္မလုံေလာက္ဘဲ တက္တက္ႂကြႂကြမရွိျဖစ္ေနတတ္ပါတယ္။

၅။ သင္ယူျခင္းနဲ႔ မွတ္ဉာဏ္ျပႆနာ

၂၀၁၄ မွာျပဳလုပ္ခဲ့တဲ့ ေလ့လာမႈအရ သြိဳင္း႐ြိက္ေဟာ္မုန္းနည္းတာက Hippocampus ဆိုတဲ့အဓိတ္အပိုင္းကို ပိုေသးေစပါတယ္။

သူ႔တာဝန္က အခ်ိန္ၾကာမွတ္ဉာဏ္ကို ထိန္းခ်ဳပ္တာပါ။ဒါေၾကာင့္ အိုင္အိုဒင္းခ်ိဳ႕တဲ့ရင္ သင္ယူတာေတြ မွတ္သားတာေတြက ျပႆနာျဖစ္ လာပါတယ္။

ဇီဝျဖစ္စဥ္ေႏွးေကြးတာက ဦးေႏွာက္ရဲ႕ အခ်က္အလက္ မွတ္သားႏိုင္စြမ္းနဲ႔ တုံ႔ျပန္ႏိုင္စြမ္းေတြကို သက္ေရာက္မႈရွိပါတယ္။

၆။ စိတ္ဓာတ္က်ျခင္း၊ စိုးရိမ္ပူပန္ျခင္း

စိတ္ဓာတ္က် တာ စိုးရိမ္တာေတြက စိတ္အေျခအေနေၾကာင့္ ျဖစ္တတ္တာလို႔ ထင္ၾကပါတယ္။ ဒီလိုထင္တာက မွားပါတယ္။

စိတ္ဓာတ္က် တာနဲ႔ သိုင္း႐ြိဳက္မူမမွန္မႈက ဆက္စပ္ေနပါတယ္။ပုံမွန္ထက္ စိတ္ဓာတ္ပိုက်တာမ်ိဳး ျဖစ္ေနရင္ေတာ့ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။

၇။လည္ေခ်ာင္းနာျခင္း

ဒါကေတာ့ အျဖစ္ အမ်ားဆုံး လကၡဏာ တစ္ခုျဖစ္ပါတယ္။ လည္ပင္းမွာ နာတဲ့ေရာဂါကို လည္ပင္းႀကီးေရာဂါလို႔ ေခၚၾကပါတယ္။

ဒီေရာဂါက သင့္သိုင္း႐ြိဳက္ဂလင္း မူမမွန္စြာ ႀကီးလာတဲ့အခ်ိန္မွာျဖစ္တာပါ။ခႏၶာကိုယ္မွာ လုံေလာက္တဲ့အိုင္အိုဒင္းမရွိရင္

လည္ပင္းက လုံေလာက္ တဲ့ေဟာ္မုန္းဓာတ္ကို မထုတ္ႏိုင္ေတာ့ပါဘူး။ ေသြးထဲက ဓာတ္တစ္မ်ိဳးကို

စုပ္ယူဖို႔ ပိုအားစိုက္ ရပါေတာ့တယ္။ဒီျဖစ္စဥ္က ဆဲလ္ပြားေစၿပီး ပုံမွန္ထက္ ပိုႀကီးကာ လည္ပင္းနာတာျဖစ္လာပါတယ္။

၈။ကိုယ္ဝန္ေဆာင္နဲ႔ပတ္သက္တဲ့လကၡဏာမ်ား

ဒီျပႆနာကို ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြ ပိုသတိထားရပါမယ္။ ဘာလို႔လဲဆိုေတာ့ ကိုယ္ဝန္ေဆာင္ေတြက

ဒီဓာတ္ကို လိုအပ္သလို ဗိုက္ထဲက ကေလးကလည္း လိုအပ္ပါတယ္။ သိုင္း႐ြိဳက္ေဟာ္မုန္းက

ကေလးမေမြးခင္ အေရးပါတဲ့ ေဟာ္မုန္းျဖစ္ပါတယ္။ အိုင္အိုဒင္းခ်ိဳ႕ တဲ့ရင္ ေမြးလာ တဲ့ကေလးက

ဦးေႏွာက္မဖြံ႕ၿဖိဳးတာ အသိဉာဏ္ခ်ိဳ႕တဲ့ တာေတြျဖစ္ႏိုင္ပါတယ္။အိုင္အိုဒင္းခ်ိဳ႕တဲ့တာက ကေလးအေသေမြးတာ အထိျဖစ္ႏိုင္ပါတယ္။

၉။ႏွလုံးခုန္ႏႈန္းေႏွးျခင္း

အိုင္အိုဒင္းခ်ိဳ႕တဲ့တာက ႏွလုံး နဲ႔ပတ္သက္တဲ့ ျပႆနာေတြနဲ႔ ဆက္စပ္ေနပါတယ္။ ဒီဓာတ္ခ်ိဳ႕တဲ့တာက

ႏွလုံးခုန္ႏႈန္းေႏွးေကြးျခင္း ကို ျဖစ္ေစပါတယ္။ေဖာ္ျပပါလကၡဏာမ်ိဳး ခံစားတဲ့သူ ဟာ ဖ်ားတာ မူးေဝ တာေတြျဖစ္ၿပီး မူးေမ့တာေတြျဖစ္ေစပါတယ္။

၁၀။ဝမ္းခ်ဳပ္ျခင္း

သိုင္း႐ြိဳက္ေဟာ္မုန္းနည္းပါးတာက အေစာေခ်စနစ္ကိုေတာင္ သက္ေရာက္မႈ ရွိပါတယ္။

ဒီလိုျဖစ္တာက အစာအိမ္နဲ႔ အူမႀကီးလုပ္ေဆာင္မႈကို အားနည္းေစပါတယ္။ ဒါေၾကာင့္လည္း ဝမ္းခ်ဳပ္ၾကတာပါ။

အားေပးတဲ့ ပရိတ္သတ္အားလုံး အိုင္အိုဓင္းဓာတ္မွ်တၿပီး က်န္းမာၾကပါေစရွင္။

Unicode

အိုင်အိုဒင်းက ကျွန်မတို့ ခန္ဓာကိုယ် အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ ဒီဓာတ်က သိုင်းရွိုက်ဟော်မုန်း(လည်ပင်းနဲ့ဆိုင်တဲ့)

ထုတ်လုပ်ခြင်းအတွက် လိုအပ်ပါတယ်။ကျွန်မတို့ ခန္ဓာကိုယ်က ကိုယ့်နည်းကိုယ်ဟန်နဲ့ သိုင်းရွိက်ဟော်မုန်းကို မထုတ်နိုင်ပါဘူး။

ပင်လယ်ရေမှော်၊ ဥအမျိုးမျိုး နို့ထွက်ပစ္စည်းတွေကို စားပေးရပါတယ်။အိုင်အိုဒင်းချို့တဲ့မှုက သင့်အတွက် မကောင်းတဲ့

လက္ခဏာတွေကို ဖြစ်ပွားစေပါတယ်။ မကုဘဲထားရင် ကင်ဆာရောဂါ နှလုံးရောဂါ အထိ ဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့်အိုင်အိုဒင်းချု့ိတဲ့မှုဖြစ်ရင် ဘယ်လို လက္ခဏာတွေပေါ်တတ်လဲ အားလုံး ဗဟုသုတရဖို့ ဖော်ပြပေး လိုက်ပါတယ်။

အောက်မှာပြောထားတဲ့ လက္ခဏာတွေ ထဲက တစ်ခုခုနဲ့ရင်ဆိုင်နေရရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

၁။ဆံပင်နဲ့ အရေပြားပြဿနာ

ဆံပင်အလွန်ကျွတ်တာနဲ့ ခြောက်သွေ့ပြီးယားယံတဲ့အရေပြားက အိုင်အိုဒင်းချို့တဲ့မှု ကို ဦးတည်သွားနိုင်ပါတယ်။

အိုင်အိုဒင်းက အရေပြားအစိုဓာတ်ကို ထိန်းညှိပေးပါတယ်။ဒီဓာတ်က အနာတွေ အမာရွတ်တွေဖြစ်ရင် အပျောက်မြန်ပါတယ်။

အရေးကြောင်းဖြစ်ပေါ်မှု ကိုလည်း နှေးကွေးစေပါတယ်။ရှည်လျားတောက်ပ တဲ့ဆံကေသာအတွက် အိုင်အိုဒင်းဓာတ်က

မရှိမဖြစ်အရေးကြီးပါတယ်။ သူ့အာနိသင် က Hair Follicle အသစ်ပြန်ဖြစ်စေ ပါတယ်။ ကူးစက်ပိုးဝင်ရောက်တာကနေ ကာကွယ်ပေး ပါတယ်။

၂။ အအေးမခံနိုင်ခြင်း

သိပ် လည်းမအေးဘဲနဲ့ စောင်အထပ်လိုက်ခြုံနေရလား။ တခြားသူတွေ ပေါ့ပေါ့ပါးပါး ဝတ်တဲ့အချိန်မှာ သင်က

အလွန်အေးတတ်နေပါတယ်။ဒီလိုဆိုရင်တော့ သင်က အိုင်အိုဒင်းချို့တဲ့နေပါပြီ။ အိုင်အိုဒင်းက ဇီဝဖြစ်စဉ်ကို နှေးကွေးစေပါတယ်။

ဒီအကြောင်းကြောင့် လိုအပ်တဲ့ အနွေးဓာတ် ကို မရဘဲ အားအင်နည်းနေတာပါ။

၃။ ရုတ်တရက်ဝိတ်တတ်လာတာ

ဇီဝဖြစ်စဉ်နှေးကွေးတာက ကိုယ်အလေးချိန် အမြောက်အမြား တက်လာစေပါတယ်။ ဒီလိုနှေးကွေးတာက

ကယ်လိုရီလောင်ကျွမ်းစေ မှုနည်းပါးပြီး အဆီအဖြစ် သိုလှောင်လိုက်ပါတယ်။

၄ ။မောပန်းပြီး အားနည်းခြင်း

သွိုင်းရွိက်ဟော်မုန်းနည်းတဲ့ လူ ၈၈ ရာခိုင်နှုန်းလောက်မှာ ဒီပြဿနာရှိပါတယ်တဲ့။ သင်လုပ်နေကျအရာတွေ

ဆောင်ရွက်တဲ့အချိန်မှာ မောပန်းနေတာမျိုး၊အိပ်ရေးဝပါရက်နဲ့ ပင်ပန်းနေတာမျိုးဟာ အိုင်အိုဒင်း ချို့တဲ့နေတာပါ။

အားအင်မလုံလောက်ဘဲ တက်တက်ကြွကြွမရှိဖြစ်နေတတ်ပါတယ်။

၅။ သင်ယူခြင်းနဲ့ မှတ်ဉာဏ်ပြဿနာ

၂၀၁၄ မှာပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ သွိုင်းရွိက်ဟော်မုန်းနည်းတာက Hippocampus ဆိုတဲ့အဓိတ်အပိုင်းကို ပိုသေးစေပါတယ်။

သူ့တာဝန်က အချိန်ကြာမှတ်ဉာဏ်ကို ထိန်းချုပ်တာပါ။ဒါကြောင့် အိုင်အိုဒင်းချို့တဲ့ရင် သင်ယူတာတွေ မှတ်သားတာတွေက ပြဿနာဖြစ် လာပါတယ်။

ဇီဝဖြစ်စဉ်နှေးကွေးတာက ဦးနှောက်ရဲ့ အချက်အလက် မှတ်သားနိုင်စွမ်းနဲ့ တုံ့ပြန်နိုင်စွမ်းတွေကို သက်ရောက်မှုရှိပါတယ်။

၆။ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း

စိတ်ဓာတ်ကျ တာ စိုးရိမ်တာတွေက စိတ်အခြေအနေကြောင့် ဖြစ်တတ်တာလို့ ထင်ကြပါတယ်။ ဒီလိုထင်တာက မှားပါတယ်။

စိတ်ဓာတ်ကျ တာနဲ့ သိုင်းရွိုက်မူမမှန်မှုက ဆက်စပ်နေပါတယ်။ပုံမှန်ထက် စိတ်ဓာတ်ပိုကျတာမျိုး ဖြစ်နေရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

၇။လည်ချောင်းနာခြင်း

ဒါကတော့ အဖြစ် အများဆုံး လက္ခဏာ တစ်ခုဖြစ်ပါတယ်။ လည်ပင်းမှာ နာတဲ့ရောဂါကို လည်ပင်းကြီးရောဂါလို့ ခေါ်ကြပါတယ်။

ဒီရောဂါက သင့်သိုင်းရွိုက်ဂလင်း မူမမှန်စွာ ကြီးလာတဲ့အချိန်မှာဖြစ်တာပါ။ခန္ဓာကိုယ်မှာ လုံလောက်တဲ့အိုင်အိုဒင်းမရှိရင်

လည်ပင်းက လုံလောက် တဲ့ဟော်မုန်းဓာတ်ကို မထုတ်နိုင်တော့ပါဘူး။ သွေးထဲက ဓာတ်တစ်မျိုးကို

စုပ်ယူဖို့ ပိုအားစိုက် ရပါတော့တယ်။ဒီဖြစ်စဉ်က ဆဲလ်ပွားစေပြီး ပုံမှန်ထက် ပိုကြီးကာ လည်ပင်းနာတာဖြစ်လာပါတယ်။

၈။ကိုယ်ဝန်ဆောင်နဲ့ပတ်သက်တဲ့လက္ခဏာများ

ဒီပြဿနာကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ပိုသတိထားရပါမယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်ဆောင်တွေက

ဒီဓာတ်ကို လိုအပ်သလို ဗိုက်ထဲက ကလေးကလည်း လိုအပ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းက

ကလေးမမွေးခင် အရေးပါတဲ့ ဟော်မုန်းဖြစ်ပါတယ်။ အိုင်အိုဒင်းချို့ တဲ့ရင် မွေးလာ တဲ့ကလေးက

ဦးနှောက်မဖွံ့ဖြိုးတာ အသိဉာဏ်ချို့တဲ့ တာတွေဖြစ်နိုင်ပါတယ်။အိုင်အိုဒင်းချို့တဲ့တာက ကလေးအသေမွေးတာ အထိဖြစ်နိုင်ပါတယ်။

၉။နှလုံးခုန်နှုန်းနှေးခြင်း

အိုင်အိုဒင်းချို့တဲ့တာက နှလုံး နဲ့ပတ်သက်တဲ့ ပြဿနာတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီဓာတ်ချို့တဲ့တာက

နှလုံးခုန်နှုန်းနှေးကွေးခြင်း ကို ဖြစ်စေပါတယ်။ဖော်ပြပါလက္ခဏာမျိုး ခံစားတဲ့သူ ဟာ ဖျားတာ မူးဝေ တာတွေဖြစ်ပြီး မူးမေ့တာတွေဖြစ်စေပါတယ်။

၁၀။ဝမ်းချုပ်ခြင်း

သိုင်းရွိုက်ဟော်မုန်းနည်းပါးတာက အစောချေစနစ်ကိုတောင် သက်ရောက်မှု ရှိပါတယ်။

ဒီလိုဖြစ်တာက အစာအိမ်နဲ့ အူမကြီးလုပ်ဆောင်မှုကို အားနည်းစေပါတယ်။ ဒါကြောင့်လည်း ဝမ်းချုပ်ကြတာပါ။

အားပေးတဲ့ ပရိတ်သတ်အားလုံး အိုင်အိုဓင်းဓာတ်မျှတပြီး ကျန်းမာကြပါစေရှင်။