Zawgyi

တ႐ုတ္ ႏိုင္ငံသား စီးပြားေရး လုပ္ငန္းရွင္ တစ္ဦးဟာ ဆင္းရဲ ဒုကၡေရာက္ခဲ့စဥ္မွာ ေႏြးေထြးစြာ ကူညီခဲ့တဲ့

အမ်ိဳးသမီး တစ္ဦးကို ျပန္လည္ ေက်းဇူးဆပ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။႐ြန္ဖုန္ အမည္ရ စီးပြားေရး

လုပ္ငန္းရွင္ဟာ အသက္ (၁၇) ႏွစ္ အ႐ြယ္မွာ ဆင္းရဲ ဒုကၡမ်ိဳးစုံနဲ႔ ႀကဳံ ေတြ႕ခဲ့ ရပါတယ္။

အဲဒီအခ်ိန္မွာ သူ႔ကိုေႏြးေထြးစြာ ဆက္ဆံခဲ့တဲ့ အမ်ိဳးသမီးကို ျပန္လည္ ေက်းဇူးဆပ္တဲ့ အေနနဲ႔ ယြမ္ေငြ

တစ္သန္း (ေဒၚလာ ၁၆၀ ၀၀၀) ေပးသြားဖို႔ ႀကိဳးစားခဲ့ပါတယ္။႐ြန္ဖုန္ဟာ ဆင္းရဲတဲ့ မိသားစုကေန ေမြးဖြားလာခဲ့သူ

ျဖစ္ၿပီး တစ္နယ္တေက်းမွာ သြားေရာက္ အလုပ္လုပ္ဖို႔ သူငယ္ခ်င္းျဖစ္သူေတြနဲ႔ အတူ ထြက္လာခဲ့ပါတယ္။

ဒါေပမဲ့ အခက္အခဲမ်ိဳးစုံ ႀကဳံေတြ႕ခဲ့ရၿပီး ေတာင္းစားတဲ့ ဘဝကို ေရာက္ရွိလာခဲ့ ပါတယ္။ လမ္းေဘးမွာ

ျဖစ္သလို စားေသာက္ ၿပီး ျဖတ္သန္း ခဲ့တဲ့ ေန႔ရက္ေတြ အမ်ားအျပားရွိခဲ့ ပါတယ္။

ဒီလို အေျခအေနမ်ိဳးမွာ ေခါက္ဆြဲဆိုင္

ဖြင့္ထားတဲ့ အမ်ိဳးသမီး တစ္ဦးက ႐ြန္ဖန္ကို ကူညီမႈေတြ ေပးခဲ့ပါတယ္။ ႐ြန္ဖုန္ကို ဆိုင္ကို ေခၚယူၿပီး အစားအေသာက္

ေကာင္းေတြ ေကြၽးေမြးခဲ့ ပါတယ္။ အိပ္ယာ ထိုင္ခင္းေတြ စီစဥ္ေပးခဲ့သလို ျပန္တဲ့ အခါ မွာ လည္း လမ္းစရိတ္ေတာင္ ထုတ္ေပးခဲ့ပါတယ္။

ဒုကၡေရာက္စဥ္ ကာလမွာ အကူအညီေပးခဲ့တဲ့ အမ်ိဳးသမီးကို ႐ြန္ဖုန္က အၿမဲတမ္း အမွတ္ရေနခဲ့ ပါတယ္။

လက္ရွိ အခ်ိန္မွာေတာ့ ႐ြန္ဖန္ဟာ ပရိေဘာဂ လုပ္ငန္းေတြနဲ႔ ခ်မ္းသာ ႂကြယ္ဝလာခဲ့ပါတယ္။

ဒါေၾကာင့္ ႐ြန္ဖန္ဟာ သူ႔ကိုကူညီေပးခဲ့တဲ့ အမ်ိဳးသမီ ကို ျပန္လည္ ရွာေဖြၿပီး ေက်းဇူးဆပ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

သူ စားေသာက္ခဲ့ ဖူးတဲ့ ေခါက္ဆြဲဆိုင္ကို သြားေရာက္ ရွာေဖြရာမွာ ေတြ႕ခဲ့ျခင္း မရွိပါဘူး။

ဒါေပမဲ့ အခက္အခဲ မ်ိဳးစုံၾကားကေန ရွာေဖြၿပီးတဲ့ေနာက္ ေက်းဇူးရွင္ အမ်ိဳးသမီးကို ေတြ႕ရွိခဲ့ပါတယ္။

ဒီအမ်ိဳးသမီးရဲ႕ နာမည္က ဒိုင္ယာျဖစ္ၿပီး ႐ြန္ဖန္ရဲ႕ ေငြေၾကး ျဖင့္ ကူညီမႈကို လုံး၀ လက္ခံခဲ့ျခင္း မရွိပါဘူး။

ဒိုင္ယာက ဘာရည္႐ြယ္ခ်က္မွ ရရွိေစလိုတဲ့ သေဘာနဲ႔ ႐ြန္ဖန္ကို ကူညီေပးခဲ့တာ မဟုတ္ေၾကာင္း၊

ဒါေၾကာင့္ မို႔႐ြန္ဖန္ရဲ႕ ကူညီမႈေတြကို လက္မခံျခင္း ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

႐ြန္ဖန္ဟာ ေငြေၾကးနဲ႔ ကူညီမရႏိုင္တဲ့ အဆုံးမွာေတာ့ ဒိုင္ယာ ဟာ ျမင့္မိုရ္ေတာင္ နီးပါးေလာက္ ေက်းဇူးေတြႀကီးမားေၾကာင္း

အားလုံး ထင္သာျမင္သာ ေတြ႕ေစႏိုင္မယ့္ ႀကီးမားတဲ့ ဆိုင္းဘုတ္တစ္ခုကို လက္ေဆာင္ အျဖစ္ ေပးအပ္ခဲ့ပါတယ္။

Unicode

တရုတ် နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဟာ ဆင်းရဲ ဒုက္ခရောက်ခဲ့စဉ်မှာ နွေးထွေးစွာ ကူညီခဲ့တဲ့

အမျိုးသမီး တစ်ဦးကို ပြန်လည် ကျေးဇူးဆပ်ဖို့ ကြိုးစားခဲ့ပါတယ်။ရွန်ဖုန် အမည်ရ စီးပွားရေး

လုပ်ငန်းရှင်ဟာ အသက် (၁၇) နှစ် အရွယ်မှာ ဆင်းရဲ ဒုက္ခမျိုးစုံနဲ့ ကြုံ တွေ့ခဲ့ ရပါတယ်။

အဲဒီအချိန်မှာ သူ့ကိုနွေးထွေးစွာ ဆက်ဆံခဲ့တဲ့ အမျိုးသမီးကို ပြန်လည် ကျေးဇူးဆပ်တဲ့ အနေနဲ့ ယွမ်ငွေ

တစ်သန်း (ဒေါ်လာ ၁၆၀ ၀၀၀) ပေးသွားဖို့ ကြိုးစားခဲ့ပါတယ်။ရွန်ဖုန်ဟာ ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာခဲ့သူ

ဖြစ်ပြီး တစ်နယ်တကျေးမှာ သွားရောက် အလုပ်လုပ်ဖို့ သူငယ်ချင်းဖြစ်သူတွေနဲ့ အတူ ထွက်လာခဲ့ပါတယ်။

ဒါပေမဲ့ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရပြီး တောင်းစားတဲ့ ဘဝကို ရောက်ရှိလာခဲ့ ပါတယ်။ လမ်းဘေးမှာ

ဖြစ်သလို စားသောက် ပြီး ဖြတ်သန်း ခဲ့တဲ့ နေ့ရက်တွေ အများအပြားရှိခဲ့ ပါတယ်။

ဒီလို အခြေအနေမျိုးမှာ ခေါက်ဆွဲဆိုင်

ဖွင့်ထားတဲ့ အမျိုးသမီး တစ်ဦးက ရွန်ဖန်ကို ကူညီမှုတွေ ပေးခဲ့ပါတယ်။ ရွန်ဖုန်ကို ဆိုင်ကို ခေါ်ယူပြီး အစားအသောက်

ကောင်းတွေ ကျွေးမွေးခဲ့ ပါတယ်။ အိပ်ယာ ထိုင်ခင်းတွေ စီစဉ်ပေးခဲ့သလို ပြန်တဲ့ အခါ မှာ လည်း လမ်းစရိတ်တောင် ထုတ်ပေးခဲ့ပါတယ်။

ဒုက္ခရောက်စဉ် ကာလမှာ အကူအညီပေးခဲ့တဲ့ အမျိုးသမီးကို ရွန်ဖုန်က အမြဲတမ်း အမှတ်ရနေခဲ့ ပါတယ်။

လက်ရှိ အချိန်မှာတော့ ရွန်ဖန်ဟာ ပရိဘောဂ လုပ်ငန်းတွေနဲ့ ချမ်းသာ ကြွယ်ဝလာခဲ့ပါတယ်။

ဒါကြောင့် ရွန်ဖန်ဟာ သူ့ကိုကူညီပေးခဲ့တဲ့ အမျိုးသမီ ကို ပြန်လည် ရှာဖွေပြီး ကျေးဇူးဆပ်ဖို့ ကြိုးစားခဲ့ပါတယ်။

သူ စားသောက်ခဲ့ ဖူးတဲ့ ခေါက်ဆွဲဆိုင်ကို သွားရောက် ရှာဖွေရာမှာ တွေ့ခဲ့ခြင်း မရှိပါဘူး။

ဒါပေမဲ့ အခက်အခဲ မျိုးစုံကြားကနေ ရှာဖွေပြီးတဲ့နောက် ကျေးဇူးရှင် အမျိုးသမီးကို တွေ့ရှိခဲ့ပါတယ်။

ဒီအမျိုးသမီးရဲ့ နာမည်က ဒိုင်ယာဖြစ်ပြီး ရွန်ဖန်ရဲ့ ငွေကြေး ဖြင့် ကူညီမှုကို လုံး၀ လက်ခံခဲ့ခြင်း မရှိပါဘူး။

ဒိုင်ယာက ဘာရည်ရွယ်ချက်မှ ရရှိစေလိုတဲ့ သဘောနဲ့ ရွန်ဖန်ကို ကူညီပေးခဲ့တာ မဟုတ်ကြောင်း၊

ဒါကြောင့် မို့ရွန်ဖန်ရဲ့ ကူညီမှုတွေကို လက်မခံခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရွန်ဖန်ဟာ ငွေကြေးနဲ့ ကူညီမရနိုင်တဲ့ အဆုံးမှာတော့ ဒိုင်ယာ ဟာ မြင့်မိုရ်တောင် နီးပါးလောက် ကျေးဇူးတွေကြီးမားကြောင်း

အားလုံး ထင်သာမြင်သာ တွေ့စေနိုင်မယ့် ကြီးမားတဲ့ ဆိုင်းဘုတ်တစ်ခုကို လက်ဆောင် အဖြစ် ပေးအပ်ခဲ့ပါတယ်။