မန်ကျည်းပင် အရွက်၊ အခေါက်၊ အမြစ်တို့၏ ဆေးဖက်ဝင် အသုံးပြုပုံများ

Zawgyi

မန္က်ည္းေခါက္/ ျမစ္၏ေဆးအသုံး

၁/မန္က်ည္းအတြင္းေခါက္အား ဆားအနည္းငယ္ထည့္၍ ေရျဖင့္ေသြးၿပီးမ်က္စိကိုကြင္းလိမ္းေပးပါ။မ်က္စိ နာ၊

မ်က္စိ ေရာင္ကိုက္၊မ်က္ရည္ပူက်ျခင္းသက္သာေပ်ာက္ကင္းေစပါတယ္။

၂/မန္က်ည္းပင္ နီေခါက္ကိုေရျဖင့္ေသြး၍ရေသာေဆးရည္တြင္ သၾကားအနည္း ငယ္ထည့္ေဖ်ာ္ ၍ ေသာက္ပါကေသြးတိုးေရာဂါကိုသက္သာေစ၏။

၃/မန္က်ည္းေခါက္ကိုကြၽမ္းေအာင္မိးဖုတ္၍အမႈန္႔ ျပဳ ၿပီး ညအိပ္ရာဝင္ေဆးမႈန္႔မန္က်ည္းေစ့(၂)ေစ့ခန္႔{၄}ပဲသားခန္႔ကို

ေရေႏြးႏွင့္ေသာက္ပါ။အစာမေၾက ျခင္းကိုသက္သာေပ်ာက္ကင္းေစ၏။

၄/မန္က်ည္းေခါက္ကိုျပာခ်၍ ၎ျပာကိုပ်ားရည္ ႏွင့္ ေဖ်ာ္ၿပီး ေရေႏြးႏွင့္ေသာက္ပါ။

ဝမ္းဗိုက္ ထိုးေအာင့္ျခင္း၊ေလေအာင့္ျခင္း၊အစာေၾက ျခင္းကိုသက္သာေပ်ာက္ကင္းေစ၏။

မန္က်ည္းျမစ္

မန္က်ည္းျမစ္ ကိုဆားအနည္းငယ္ထည့္၍ေရျဖင့္ေသြးၿပီး မ်က္စိ၌ကြင္းေပးပါ။

မ်က္ရည္ ပူက်ျခင္း၊မ်က္စိနာျခင္းကိုသက္သာ ေပ်ာက္ကင္းေစ၏။

မန္က်ည္းျမစ္ ကိုပ်စ္ပ်စ္ေသြး၍ အပူအဖုေပၚ သို႔လိမ္းေပးပါ အပူအဖု အက်ိတ္မ်ားေပ်ာက္ကင္းသြားမည္။

မန္က်ည္းပနီျမစ္ကိုဆားအနည္းငယ္ႏွင့္ေသြး၍အနာေပၚသုတ္လိမ္းေပးပါ။ေရယုန္နာကိုသက္သာေပ်ာက္ကင္းေစ၏။

တန္ဖိုးရွိေသာမန္က်ည္းပင္ အစြမ္းမ်ား

မန္က်ည္းပင္ကို လူတိုင္းသိၾကပါတယ္။မန္က်ည္းပင္သည္ လြန္စြာမွခိုင္ခံ့လွသည့္အတြက္

‘မန္က်ည္းတစ္ညိဳ၊ လူတစ္ကိုယ္’ ဟု ဆိုစမွတ္ရွိခဲ့ၾကပါသည္။

မန္က်ည္း႐ြက္ႏုႏုကေလးမ်ားမွာ လူတို႔အတြက္ ထမင္းၿမိန္စရာ အာဟာရ ျဖစ္သကဲ့သို႔

မန္က်ည္းသီးစိမ္း၊ မန္က်ည္းသီးမွည့္တို႔မွာလည္း အိမ္ရွင္မမ်ား လက္စြဲျဖစ္ပါသည္။

မန္က်ည္းဆိုရာ၌ မန္က်ည္းအျဖဴပင္ႏွင့္ မန္က်ည္းပနီပင္ဟူ၍ ရွိၾကေလရာ မန္က်ည္းပနီပင္မွာ လူတို႔အတြက္မ်ားစြာ ေဆးဖက္ဝင္လွပါသည္။

မန္က်ည္းပင္ကိုမည္ကဲ့သို႔ ေဆးဝါးအျဖစ္အသုံးျပဳႏိုင္သနည္း။နည္းသိလွ်င္မခက္ပါ။

ပမာအားျဖင့္ ဆီးေရာဂါ ေဝဒနာႏွင့္ ပတ္သက္၍ မန္က်ည္းပင္ကို ခ်န္လွပ္၍ မရစေကာင္းပါ။

(၁) ဆီးလြန္ေဝဒနာ ခံစားေနရသူမ်ားအဖို႔ –

မန္က်ည္းေခါက္ ႐ုကၡမူဆားေ႐ြးႀကီးခန္႔ကို အုန္းစိမ္းရည္ႏွင့္တစ္ခြက္စာျပဳ၍ေသာက္သုံးပါ။

တစ္ေန႔လွ်င္ သုံးႀကိမ္ေသာက္သုံးေပးပါက ဆီးလြန္ေဝဒနာမွ သက္သာေပ်ာက္ကင္းေစပါသည္။

(၂) ဆီးပူ၍မၾကာခဏဆီးသြားေနရသူမ်ားအဖို႔ –

မန္က်ည္း႐ြက္သတၱဳရည္ ေဆးတစ္ခြက္စာအျဖစ္ ဟင္းစားစတီးဇြန္းျဖင့္ နံနက္တစ္ႀကိမ္၊ ေန႔လည္တစ္ႀကိမ္၊

ညတစ္ႀကိမ္ ေသာက္သုံးေပးျခင္းျဖင့္ ဆီးပူ၍ မၾကာခဏ ဆီးသြားေနရျခင္းမွ သက္သာေပ်ာက္ကင္းေစပါသည္။

(၃) ဆီးလြန္ေဝဒနာရွိသူမ်ားအဖို႔ –

မန္က်ည္းေစ့အတြင္းမွ အဆန္ ႏွစ္ေစ့ခန္႔ကို အမႈန္႔ျပဳၿပီးေဆးတစ္ခြက္စာအျဖစ္

ႏြားႏို႔ပ်စ္ပ်စ္ႏွင့္ ေဖ်ာ္ေသာက္ေပးပါက ဆီးလြန္ေဝဒနာမွ သက္သာေပ်ာက္ကင္းသြားပါလိမ့္မည္။

(၄) မ်က္စိေဝဒနာ ခံစားေနရသူမ်ားအဖို႔ –

မန္က်ည္းပနီ ေခါက္အား ေက်ာက္ျပင္၌ ဆားအနည္းငယ္ျဖင့္ ေသြး၍

မ်က္ခြံတစ္ဝိုက္လိမ္းေပးပါက သက္သာေပ်ာက္ကင္းမည္ ျဖစ္ပါေၾကာင္း။

သုေတသီဆရာၿငိမ္း(အိမ္တြင္းေဆးၿမီးတိုမ်ားစုစည္းမႈ႕ )

” တန္ဖိုးရွိေသာ မန္က်ည္းပင္အစြမ္း ”

အာနိသင္—

ျမန္မာ ေဆးက်မ္းမ်ား အလိုအရ မန္က်ည္းပင္ သည္ ပူ၏ ၊ခ်ဥ္၏ ၊

သည္းေျခကို ျဖစ္ေစ တတ္၏ ၊ သလိပ္ကို ပြားေစ ၏ ၊ ေလကို ႏိုင္၏

အ႐ြက္သည္ ေရာင္တင္း ျခင္း ၊ ေသြးေဖာက္ ျပန္ျခင္း ၊ နားေရာဂါ ၊ မ်က္စိ ေရာဂါ ၊ ေႁမြဆိပ္ သင့္ျခင္း တို႔ကို ႏိုင္၏ ။

အသီးစိမ္း သည္ ခ်ဥ္၏ ခ်ိဳ၏ ၊ ပူ၏ ၊သည္းေျခႏွင့္ သလိပ္ကို ျဖစ္ေစ၏ ။

အသီးမွည့္သည္ ပူ၏ ၊ ဝမ္းမီး ကို ေတာက္ေစ ၏ ၊ အနည္းငယ္ ဝမ္းသက္ေစ ၍ သလိပ္ႏွင့္ ေလကို ႏိုင္၏။

အသုံးျပဳပုံ( ပၪၥငါးပါး )

၁ ။ မန္က်ည္း ပၪၥငါးပါးကို ျပာ ခ်ဆား ခ်က္ၿပီး ညနံနက္ အနည္းငယ္ မွ်စီ ေသာက္ေပးပါက ေသြးလုံး ေလလုံး ေပ်ာက္၏။

အေခါက္ —–

၁ ။ အေခါက္ကို ေညာင္းက် ေရာဂါ ၊ ဆီးႏွင့္ စပ္လ်ဥ္းေသာ ေရာဂါ ၊ ေသြးျမင္း သ႐ိုက္ ေရာဂါ ၊

ကိုယ္ေရ ဝါ ေရာဂါ ႏွင့္ ဝမ္းဗိုက္ေအာင့္ နာက်င္ျခင္း ေရာဂါမ်ား တြင္ သုံး၏။

၂ ။ အေခါက္ကို အေပြးႏွင့္ တကြ ျပာခ်ၿပီး အစာစား ၿပီး ေနာက္ ေရႏွင့္ ေရာေသာက္ေသာ္ ေလခ်ဥ္ တက္ျခင္း အန္ျခင္း ေပ်ာက္၏ ။

၃ ။ အေခါက္ျပာ ကို ပ်ားရည္ႏွင့္ ေဖ်ာ္လ်က္ေသာ္ ဝမ္းဗိုက္ ထိုးေအာင့္ နာက်င္ျခင္း ေပ်ာက္၏ ။

၄ ။ အေပြးကို ကြၽမ္းေအာင္ ဖုတ္၍ အမႈန္႔ ျပဳၿပီး ေရေႏြးႏွင့္ ေသာက္က အစာမေၾက ေရာဂါ ေပ်ာက္၏ ။

၅ ။ အေခါက္ကို ေရႏွင့္ ေသြး၍ မ်က္စိနာ ၊ အနာဖု မ်ား၊ အဆိပ္ရွိ သတၱဝါမ်ား ကိုက္ေသာ ဒဏ္ရာမ်ား ကို လိမ္းေပးက ေပ်ာက္၏ ။

အ႐ြက္ —-

၁ ။ အ႐ြက္ရည္ ကို ႏွမ္းဆီႏွင့္ ေရာခ်က္၍ နားတြင္ အနည္းငယ္ ခတ္ေပးေသာ္ နားကိုက္ နားနာ ေပ်ာက္၏ ။

၂ ။အ႐ြက္ႀကိတ္ ညႇစ္ရည္ကို နံနက္ ည ေႂကြဇြန္း ႀကီး တစ္ဇြန္း က် ေသာက္ေသာ္ ဆီးပူျခင္း ေပ်ာက္၏။

၃ ။ အပူလြ္န္ ၍ ယားယံျခင္းအတြက္ မန္က်ည္း ႐ြက္ ႀကိတ္ညႇစ္ရည္ ကို လိမ္းေပးက ေပ်ာက္၏ ။

၄ ။ မန္က်ည္း႐ြက္ ညႇစ္ရည္သည္ တစ္ဆ၊ သိေႏၶာဆား ႏွစ္ဆ ေရာ၍ ေသာက္ပါက ေႁမြဆိပ္ ေျပေစ ၏ ။

၅ ။ မန္က်ည္း႐ြက္ ႏွင့္ ကလိန္ေစ့ ေရာစားပါ က ေခြၽးထြက္ လြန္ျခင္း ၊ ေခြၽးနံ႔ မေကာင္းျခင္း ေပ်ာက္၏။

အသီး —

၁ ။ မန္က်ည္းသီး အႏွစ္အား ဝမ္းႏုတ္ေဆး ၊ အားေဆး ႏွင့္ ခံတြင္းေကာင္း ေဆး ေဖာ္စပ္ရာ တြင္ သုံး၏။

၂ ။ မန္က်ည္းသီး အေဟာင္း ၊ ဒိန္ခ်ဥ္ရည္ စိမ္ထားေသာ ၾကက္သြန္ျဖဴ ႏွင့္ ေခ်းသီး တို႔ကို

အမွ်စု ႀကိတ္ၿပီး ေ႐ြးလုံး မွ်လုံး၍ အရိပ္တြင္ အေျခာက္ လွန္းကာ ၁၅ မိနစ္ တစ္ႀကိမ္

တစ္လုံးက် ၾကက္သြန္ျဖဴ ရည္ လက္ဖက္ရည္ ဇြန္းငယ္ တစ္ဇြန္းႏွင့္

ေဖ်ာ္ေသာက္က ကာလဝမ္း ေရာဂါ ေပ်ာက္၏ ။

၃ ။မန္က်ည္းသီး မွည့္ကို ထန္းလ်က္ ၊ ဆားတို႔ႏွင့္ ေဖ်ာ္ရည္စိမ္ ၍ ေသာက္ေသာ္

ကိုယ္တြင္း ေအး၏၊ အားကို ျဖစ္ေစသည္။

၄ ။ မ်က္နာအလွ အိမ္တြင္းေပါင္းတင္ျခင္းႏွင့္ မွည့္ေျခာက္ တင္းတိတ္တိုအတြက္

မန္က်ည္းမွည့္အႏွစ္ကို အသုံးျပဳေပ်ာက္ကင္းေစသည္။

အေစ့ —

၁ ။ မန္က်ည္းေစ့ ကို ေရ၌ တစ္ည စိမ္၍ နံနက္၌ အေစ့ဆံ ထုတ္ၿပီး

ႏြားႏို႔ ႏွင့္ ႀကိတ္ေသာက္က မီးယပ္ျဖဴ ဆင္း ျခင္း ၊ ဆီးလြန္ျခင္း ေပ်ာက္၏ ။

၂ ။ မန္က်ည္းေစ့ ဆံကို ေသြးေသာက္ ေသာ္ ဝမ္းသြားျခင္း ၊ ဝမ္းကိုက္ ျခင္း ေပ်ာက္၏ ။

၃ ။ အေစ့ဆံ ကို ေသြး၍ ကင္းကိုက္ေသာ ဒဏ္ရာ သို႔ လိမ္းေပးေသာ္ ကင္းဆိပ္ ေျပ၏။

၄ ။မန္က်ည္း ေစ့ ရင့္ရင့္ အခြံ ၊ဇီယာ ၊ သၾကားခဲ တို႔ကို အမႈန္႔ ျပဳ၍ ေသာက္က

အရိအ႐ြဲ သလိပ္စ ၊ ေသြးစမ်ား ပါ၍ နာက်င္စြာ သြားေသာ ဝမ္းေရာဂါ ေပ်ာက္၏။

[ ျမန္မာ့ေဆးက်မ္းမွ စုစည္းထားပါသည္။ ]

Unicode

မန်ကျည်းခေါက်/ မြစ်၏ဆေးအသုံး

၁/မန်ကျည်းအတွင်းခေါက်အား ဆားအနည်းငယ်ထည့်၍ ရေဖြင့်သွေးပြီးမျက်စိကိုကွင်းလိမ်းပေးပါ။မျက်စိ နာ၊

မျက်စိ ရောင်ကိုက်၊မျက်ရည်ပူကျခြင်းသက်သာပျောက်ကင်းစေပါတယ်။

၂/မန်ကျည်းပင် နီခေါက်ကိုရေဖြင့်သွေး၍ရသောဆေးရည်တွင် သကြားအနည်း ငယ်ထည့်ဖျော် ၍ သောက်ပါကသွေးတိုးရောဂါကိုသက်သာစေ၏။

၃/မန်ကျည်းခေါက်ကိုကျွမ်းအောင်မိးဖုတ်၍အမှုန့် ပြု ပြီး ညအိပ်ရာဝင်ဆေးမှုန့်မန်ကျည်းစေ့(၂)စေ့ခန့်{၄}ပဲသားခန့်ကို

ရေနွေးနှင့်သောက်ပါ။အစာမကြေ ခြင်းကိုသက်သာပျောက်ကင်းစေ၏။

၄/မန်ကျည်းခေါက်ကိုပြာချ၍ ၎င်းပြာကိုပျားရည် နှင့် ဖျော်ပြီး ရေနွေးနှင့်သောက်ပါ။

ဝမ်းဗိုက် ထိုးအောင့်ခြင်း၊လေအောင့်ခြင်း၊အစာကြေ ခြင်းကိုသက်သာပျောက်ကင်းစေ၏။

မန်ကျည်းမြစ်

မန်ကျည်းမြစ် ကိုဆားအနည်းငယ်ထည့်၍ရေဖြင့်သွေးပြီး မျက်စိ၌ကွင်းပေးပါ။

မျက်ရည် ပူကျခြင်း၊မျက်စိနာခြင်းကိုသက်သာ ပျောက်ကင်းစေ၏။

မန်ကျည်းမြစ် ကိုပျစ်ပျစ်သွေး၍ အပူအဖုပေါ် သို့လိမ်းပေးပါ အပူအဖု အကျိတ်များပျောက်ကင်းသွားမည်။

မန်ကျည်းပနီမြစ်ကိုဆားအနည်းငယ်နှင့်သွေး၍အနာပေါ်သုတ်လိမ်းပေးပါ။ရေယုန်နာကိုသက်သာပျောက်ကင်းစေ၏။

တန်ဖိုးရှိသောမန်ကျည်းပင် အစွမ်းများ

မန်ကျည်းပင်ကို လူတိုင်းသိကြပါတယ်။မန်ကျည်းပင်သည် လွန်စွာမှခိုင်ခံ့လှသည့်အတွက်

‘မန်ကျည်းတစ်ညို၊ လူတစ်ကိုယ်’ ဟု ဆိုစမှတ်ရှိခဲ့ကြပါသည်။

မန်ကျည်းရွက်နုနုကလေးများမှာ လူတို့အတွက် ထမင်းမြိန်စရာ အာဟာရ ဖြစ်သကဲ့သို့

မန်ကျည်းသီးစိမ်း၊ မန်ကျည်းသီးမှည့်တို့မှာလည်း အိမ်ရှင်မများ လက်စွဲဖြစ်ပါသည်။

မန်ကျည်းဆိုရာ၌ မန်ကျည်းအဖြူပင်နှင့် မန်ကျည်းပနီပင်ဟူ၍ ရှိကြလေရာ မန်ကျည်းပနီပင်မှာ လူတို့အတွက်များစွာ ဆေးဖက်ဝင်လှပါသည်။

မန်ကျည်းပင်ကိုမည်ကဲ့သို့ ဆေးဝါးအဖြစ်အသုံးပြုနိုင်သနည်း။နည်းသိလျှင်မခက်ပါ။

ပမာအားဖြင့် ဆီးရောဂါ ဝေဒနာနှင့် ပတ်သက်၍ မန်ကျည်းပင်ကို ချန်လှပ်၍ မရစကောင်းပါ။

(၁) ဆီးလွန်ဝေဒနာ ခံစားနေရသူများအဖို့ –

မန်ကျည်းခေါက် ရုက္ခမူဆားရွေးကြီးခန့်ကို အုန်းစိမ်းရည်နှင့်တစ်ခွက်စာပြု၍သောက်သုံးပါ။

တစ်နေ့လျှင် သုံးကြိမ်သောက်သုံးပေးပါက ဆီးလွန်ဝေဒနာမှ သက်သာပျောက်ကင်းစေပါသည်။

(၂) ဆီးပူ၍မကြာခဏဆီးသွားနေရသူများအဖို့ –

မန်ကျည်းရွက်သတ္တုရည် ဆေးတစ်ခွက်စာအဖြစ် ဟင်းစားစတီးဇွန်းဖြင့် နံနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊

ညတစ်ကြိမ် သောက်သုံးပေးခြင်းဖြင့် ဆီးပူ၍ မကြာခဏ ဆီးသွားနေရခြင်းမှ သက်သာပျောက်ကင်းစေပါသည်။

(၃) ဆီးလွန်ဝေဒနာရှိသူများအဖို့ –

မန်ကျည်းစေ့အတွင်းမှ အဆန် နှစ်စေ့ခန့်ကို အမှုန့်ပြုပြီးဆေးတစ်ခွက်စာအဖြစ်

နွားနို့ပျစ်ပျစ်နှင့် ဖျော်သောက်ပေးပါက ဆီးလွန်ဝေဒနာမှ သက်သာပျောက်ကင်းသွားပါလိမ့်မည်။

(၄) မျက်စိဝေဒနာ ခံစားနေရသူများအဖို့ –

မန်ကျည်းပနီ ခေါက်အား ကျောက်ပြင်၌ ဆားအနည်းငယ်ဖြင့် သွေး၍

မျက်ခွံတစ်ဝိုက်လိမ်းပေးပါက သက်သာပျောက်ကင်းမည် ဖြစ်ပါကြောင်း။

သုတေသီဆရာငြိမ်း(အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့ )

” တန်ဖိုးရှိသော မန်ကျည်းပင်အစွမ်း ”

အာနိသင်—

မြန်မာ ဆေးကျမ်းများ အလိုအရ မန်ကျည်းပင် သည် ပူ၏ ၊ချဉ်၏ ၊

သည်းခြေကို ဖြစ်စေ တတ်၏ ၊ သလိပ်ကို ပွားစေ ၏ ၊ လေကို နိုင်၏

အရွက်သည် ရောင်တင်း ခြင်း ၊ သွေးဖောက် ပြန်ခြင်း ၊ နားရောဂါ ၊ မျက်စိ ရောဂါ ၊ မြွေဆိပ် သင့်ခြင်း တို့ကို နိုင်၏ ။

အသီးစိမ်း သည် ချဉ်၏ ချို၏ ၊ ပူ၏ ၊သည်းခြေနှင့် သလိပ်ကို ဖြစ်စေ၏ ။

အသီးမှည့်သည် ပူ၏ ၊ ဝမ်းမီး ကို တောက်စေ ၏ ၊ အနည်းငယ် ဝမ်းသက်စေ ၍ သလိပ်နှင့် လေကို နိုင်၏။

အသုံးပြုပုံ( ပဉ္စငါးပါး )

၁ ။ မန်ကျည်း ပဉ္စငါးပါးကို ပြာ ချဆား ချက်ပြီး ညနံနက် အနည်းငယ် မျှစီ သောက်ပေးပါက သွေးလုံး လေလုံး ပျောက်၏။

အခေါက် —–

၁ ။ အခေါက်ကို ညောင်းကျ ရောဂါ ၊ ဆီးနှင့် စပ်လျဉ်းသော ရောဂါ ၊ သွေးမြင်း သရိုက် ရောဂါ ၊

ကိုယ်ရေ ဝါ ရောဂါ နှင့် ဝမ်းဗိုက်အောင့် နာကျင်ခြင်း ရောဂါများ တွင် သုံး၏။

၂ ။ အခေါက်ကို အပွေးနှင့် တကွ ပြာချပြီး အစာစား ပြီး နောက် ရေနှင့် ရောသောက်သော် လေချဉ် တက်ခြင်း အန်ခြင်း ပျောက်၏ ။

၃ ။ အခေါက်ပြာ ကို ပျားရည်နှင့် ဖျော်လျက်သော် ဝမ်းဗိုက် ထိုးအောင့် နာကျင်ခြင်း ပျောက်၏ ။

၄ ။ အပွေးကို ကျွမ်းအောင် ဖုတ်၍ အမှုန့် ပြုပြီး ရေနွေးနှင့် သောက်က အစာမကြေ ရောဂါ ပျောက်၏ ။

၅ ။ အခေါက်ကို ရေနှင့် သွေး၍ မျက်စိနာ ၊ အနာဖု များ၊ အဆိပ်ရှိ သတ္တဝါများ ကိုက်သော ဒဏ်ရာများ ကို လိမ်းပေးက ပျောက်၏ ။

အရွက် —-

၁ ။ အရွက်ရည် ကို နှမ်းဆီနှင့် ရောချက်၍ နားတွင် အနည်းငယ် ခတ်ပေးသော် နားကိုက် နားနာ ပျောက်၏ ။

၂ ။အရွက်ကြိတ် ညှစ်ရည်ကို နံနက် ည ကြွေဇွန်း ကြီး တစ်ဇွန်း ကျ သောက်သော် ဆီးပူခြင်း ပျောက်၏။

၃ ။ အပူလွ်န် ၍ ယားယံခြင်းအတွက် မန်ကျည်း ရွက် ကြိတ်ညှစ်ရည် ကို လိမ်းပေးက ပျောက်၏ ။

၄ ။ မန်ကျည်းရွက် ညှစ်ရည်သည် တစ်ဆ၊ သိန္ဓောဆား နှစ်ဆ ရော၍ သောက်ပါက မြွေဆိပ် ပြေစေ ၏ ။

၅ ။ မန်ကျည်းရွက် နှင့် ကလိန်စေ့ ရောစားပါ က ချွေးထွက် လွန်ခြင်း ၊ ချွေးနံ့ မကောင်းခြင်း ပျောက်၏။

အသီး —

၁ ။ မန်ကျည်းသီး အနှစ်အား ဝမ်းနုတ်ဆေး ၊ အားဆေး နှင့် ခံတွင်းကောင်း ဆေး ဖော်စပ်ရာ တွင် သုံး၏။

၂ ။ မန်ကျည်းသီး အဟောင်း ၊ ဒိန်ချဉ်ရည် စိမ်ထားသော ကြက်သွန်ဖြူ နှင့် ချေးသီး တို့ကို

အမျှစု ကြိတ်ပြီး ရွေးလုံး မျှလုံး၍ အရိပ်တွင် အခြောက် လှန်းကာ ၁၅ မိနစ် တစ်ကြိမ်

တစ်လုံးကျ ကြက်သွန်ဖြူ ရည် လက်ဖက်ရည် ဇွန်းငယ် တစ်ဇွန်းနှင့်

ဖျော်သောက်က ကာလဝမ်း ရောဂါ ပျောက်၏ ။

၃ ။မန်ကျည်းသီး မှည့်ကို ထန်းလျက် ၊ ဆားတို့နှင့် ဖျော်ရည်စိမ် ၍ သောက်သော်

ကိုယ်တွင်း အေး၏၊ အားကို ဖြစ်စေသည်။

၄ ။ မျက်နာအလှ အိမ်တွင်းပေါင်းတင်ခြင်းနှင့် မှည့်ခြောက် တင်းတိတ်တိုအတွက်

မန်ကျည်းမှည့်အနှစ်ကို အသုံးပြုပျောက်ကင်းစေသည်။

အစေ့ —

၁ ။ မန်ကျည်းစေ့ ကို ရေ၌ တစ်ည စိမ်၍ နံနက်၌ အစေ့ဆံ ထုတ်ပြီး

နွားနို့ နှင့် ကြိတ်သောက်က မီးယပ်ဖြူ ဆင်း ခြင်း ၊ ဆီးလွန်ခြင်း ပျောက်၏ ။

၂ ။ မန်ကျည်းစေ့ ဆံကို သွေးသောက် သော် ဝမ်းသွားခြင်း ၊ ဝမ်းကိုက် ခြင်း ပျောက်၏ ။

၃ ။ အစေ့ဆံ ကို သွေး၍ ကင်းကိုက်သော ဒဏ်ရာ သို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏။

၄ ။မန်ကျည်း စေ့ ရင့်ရင့် အခွံ ၊ဇီယာ ၊ သကြားခဲ တို့ကို အမှုန့် ပြု၍ သောက်က

အရိအရွဲ သလိပ်စ ၊ သွေးစများ ပါ၍ နာကျင်စွာ သွားသော ဝမ်းရောဂါ ပျောက်၏။

[ မြန်မာ့ဆေးကျမ်းမှ စုစည်းထားပါသည်။ ]