သံပုရာသီး က အခွံ့ လေးတွေက သံပုရာရည် ထက် ပို တန်ဖိုး ရှိတယ်ဆိုတာ !သင်သိပါသလား

Zawgyi






ကင်ဆာ ရောဂါ













ပိုးအမျိုးမျိုး







သံပုရာ အခွံ စားနည်း
















ကျေးဇူးတင်ပါတယ်

Unicode

သင်သိပါသလား သံပုရာသီး က အခွံ့ လေးတွေက သံပုရာရည် ထက် ပို တန်ဖိုး ရှိတယ်ဆိုတာ !

သံပုရာ အခွံ ဟာ သံပုရာရည် ထက် ပို အာနိသင် ထက် တယ်ဆိုတာကို သင်သိရင် လွှင့်ပစ်မှာမဟုတ်တော့ပါဘူး။

သံပုရာ အခွံ မှာ ပါဝင်တဲ့ ဗီတာမင် နဲ့ အာဟာရ ဓာတ် တန်ဖိုး တွေက သံပုရာရည် ထက် ၅ဆ မှ ၁၀ ဆ အထိ ပိုများပါတယ်။

အဓိက က သံပုရာအခွံကို သုံးမယ်ဆိုရင်တော့ ခြံထွက် ပိုးသတ်ဆေး သုံးမထားမှ ပိုကောင်းပါလိမ့်မယ်။

သံပုရာအခွံ ရဲ့ လူသိနည်းနေတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

ကင်ဆာ ရောဂါ

Salvestrol Q40 နဲ့ Limonene ပါဝင်တဲ့အတွက် ကင်ဆာ ဆဲလ် တွေ ကာကွယ်ကုသနိုင်စွမ်းရှိပါတယ်။

သွေးတိုး နှင့် ဆီးချို

ပိုတက်ဆီယမ်ဓာတ် မြင့်မားစွာပါဝင်လို့ သွေးတိုး ဆီးချို ရောဂါ တွေ သာမက နှလုံး ရောဂါ ၊ နှလုံး ရုတ်တရက် သွေးငတ် သေဆုံးခြင်း တွေမဖြစ်စေပါဘူး။

Weight နှင့် Cholestrol သွေးတွင်း မကောင်းသော အဆီ များကျစေခြင်း

Pectin Fibre အမျှင်ဓာတ်ကြောင့် Weight ကျစေသလို Polyphenol flavonoids တွေကြောင့် မကောင်းတဲ့ အဆီတွေ ကျစေပါတယ်။

သွား နှင့် ခံတွင်း သန့်စင် ကျန်းမာ စေခြင်း

ဗီတာမင်စီ ပါဝင်လို့ သွား နဲ့ သွားဖုံး ကို ကျန်းမာ စေပါတယ်။

သွားဖုံးရောင်၊ ရေစီးကမ်းပြို နဲ့ ဗီတာမင်စီ ချို့တဲ့ ရောဂါ တွေ အပြင် ခံတွင်းနံ့ မကောင်းခြင်းကိုပါ ပျောက်စေပါတယ်။

အရေပြား နှင့် အဖုအကြိတ်နာ များ

Antioxidant တွေက အရေပြား တွန့်ခြင်း၊ဝက်ခြံ နဲ့ အမဲအစက်အပြောက် တွေကို တွန်းလှန်နိုင်ပီး အရည်အိတ် ရောင်ရမ်းခြင်း ကိုပါ လျော့ကျစေပါတယ်။

အရိုးအား ကောင်းစေခြင်း နှင့် အဆစ်ရောင် ရောဂါ များ

အရိုးပွ၊ အဆစ်ရောင်ခြင်း တို့အတွက် ထုံးဓာတ် နဲ့ ဗီတာမင်စီ အလုံအလောက်ပါဝင်ပါတယ်။

ပိုးအမျိုးမျိုး

အစာလမ်းကြောင်း မှာ ရှိတဲ့ ကပ်ပါးပိုး နဲ့ သံပြားကောင်တွေ မကြီးထွားလာအောင် ပြုလုပ်ပေးသလို မှို နဲ့ ဘတ်တီးရီးယား ပိုးတွေ မကူးစက်အောင်လည်း ကာကွယ်ပေးပါတယ်။

စိတ်ဓာတ် မြှင့်တင်ပေးခြင်း

စိတ်ဓာတ် ကျခြင်း အတွက် အလွယ်ကူဆုံးကုသနိုင်တဲ့ သစ်သီး ပါ။ဒါ့အပြင် အခြား အသည်း သန့်စင်စေခြင်း၊

ဆံချည်မျှင် သွေးကြော များကို သန်မာစေခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း၊ ကြွက်တက်ခြင်း နှင့် လေဖြတ်ခြင်းကို

ကာကွယ်ပေးခြင်း၊ နားတွင်း ရောဂါပိုးဝင်ခြင်း နှင့် အဆိပ်အတောက် တွေ ကို ပြေစေတာကြောင့် ပင်လယ်စာ လို

အဆိပ်ရှိမယ်ထင်တဲ့ အစားအစာတွေ ချက်တဲ့အခါ ထည့်ချက်သင့်ပါတယ်။

သံပုရာ အခွံ စားနည်း

သံပုရာသီး ကိုယ်နှစ်သက်သလောက်ကို ရေခဲသေတ္တာ ထဲ ၃-၄ နာရီ ထည့်ထားလိုက်ပါ။ပြန်ထုတ်ပီးရင် ခြစ်ခုံ ၌ ခြစ်ချပါ။

ရရှိလာတဲ့ အမျှင်လေးများကို လေလုံတဲ့ ဖန်ပုလင်း ထဲထည့်ထားပါ။ဖျော်ရည် နှင့် ဟင်းပွဲတွေ၊ အသုပ် တွေ မှာထည့်စားနိုင်ပါတယ်။

အမှုန့်ကြိတ် မယ်ဆိုရင်တော့ ရေခဲသေတ္တာ ထဲမထည့်ထားတဲ့ သံပုရာသီး တွေကိုပဲ သုံးနိုင်ပါတယ်။ကြိတ်ထားတဲ့ သံပုရာအခွံ

အမှုန့်တွေကို ဖန်ဗူး ထဲလေလုံအောင်ပိတ်ပီး ရေခဲသေတ္တာ ထဲထည့်ထားနိုင်ပါတယ်။၎င်း ကိုလည်း အသုပ်၊ ကော်ဖီ၊

အအေး နဲ့ ဟင်းလျာ တွေမှာ ထည့်စားရင် အနံ့လေးလည်းမွှေးပီး အထက်မှာ ဖော်ပြခဲ့တဲ့ အကျိုးကျေးဇူးတွေ ရမှာပါ။

ယိုထိုးစားနည်း (ဆီးချိုဝေဒနာရှင်များ မစားသင့်ပါ)

အခွံလေးတွေကို အရှည်အချောင်းလေးတွေ ဖြစ်အောင် လုပ်ပါ။ဒယ်ပြား (Pan) ထဲမှာ ရေ နဲ့ ၎င်း သံပုရာ အခွံ အချောင်းလေးတွေကို

ပွက်ပွက်ဆူတဲ့အထိ ပြုတ်ပါ။ ဆူပွက်လာရင် ရေတွေ သွန်ပစ်ပီး ရေအသစ်ထည့် ပြုတ်ပါ။၎င်း အတိုင်း ၃ ကြိမ်ပြုလုပ်ပီး သံပုရာ အခွံချောင်းလေးတွေ ကို ဆယ်ထားပါ။

ရေ ၂ ခွက် နဲ့ သကြား ၂ ခွက် ကျိုပါ။

သကြားတွေ အားလုံး ပျော်ဝင်သွားတဲ့အထိ မွှေပေးပါ။၎င်းနောက် စောနက ဆယ်ထားတဲ့ သံပုရာ အခွံ အချောင်းလေးတွေကို ထည့်ပီး မီးအသင့်အတင့် အပူချိန်နဲ့ ဆူပွက်တဲ့အထိ ပြုတ်ပါ။

တဖြည်းဖြည်း အပူချိန်လေး လျှော့ပီး မီးအေးအေးလေးနဲ့ အခွံ လေးတွေ နူးလာပီး အကြည်ရောင်လေး သန်းလာတဲ့အထိ ထားလိုက်ပါ။ (၁၀ မိနစ်- ၁၅ မိနစ်လောက် ကြာပါလိမ့်မယ်)

အခွံ လေးတွေ နူးသွားရင် ဆယ်ယူပီး အအေးခံ ပါ။အစိုအတိုင်းလေး သကြားရည်လေးနဲ့ ဖန်ပုလင်းထဲ လေလုံအောင်ပိတ်ပီး

ရေခဲသေတ္တာ ထဲ ထည့်စားနိုင်သလို ဆယ်ထားတဲ့ အခွံ ချောင်းနူးနပ်နေတာလေးတွေကို သကြားထပ်ဖြူးပီး

#ခပ်ခြောက်ခြောက် လေး သာမန်အခန်း အပူချိန်မှာပဲ လေလုံတဲ့ ပုလင်း ထဲထည့်စားနိုင်ပါတယ်။ဒီလောက်ဆိုရင် စာဖတ်သူ

အနေနဲ့ သံပုရာသီး သုံးတော့မယ်ဆိုရင် အခွံတွေကို လွှင့်မပစ်ဘဲ အသုံးချဖို့ အကြံပီ လို့ ယူဆမိပါတယ် ။

ကျေးဇူးတင်ပါတယ်