Zawgyi

အဆိပ္ေတာက္ နဲ႔ အူလမ္းေၾကာင္း ကို ရွင္းလင္းျခင္း

ကြၽန္ေတာ္ တို႔ရဲ႕အူလမ္းေၾကာင္း ဟာ အညစ္အေက်း ေတြနဲ႔ျပည့္ေနေလ့ရွိပါတယ္။ အညစ္အေက်း ေတြက

အစဥ္အၿမဲရွိေနတတ္ေတာ့ အဲဒီ့ အညစ္အေက်း ေတြကေနျဖစ္လာတဲ့ ခ်ိဳးေတြလည္း အူနံရံ ေတြမွာကပ္ေနေလ့ရွိပါတယ္။

လူေတြရဲ႕အူ ဟာ အၿမဲတန္းသန႔္ေနဖို႔လိုအပ္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ ေသြး ဟာ အူ ေတြကေနစျဖစ္တာမို႔လို႔ပါ။

အစားအေသာက္ ေတြကေနရလာတဲ့ အာဟာရ ရည္ကို အူ ေတြကေနစုပ္ယူၿပီး ေသြးအျဖစ္ေျပာင္းလဲေပးတာပဲျဖစ္ပါတယ္။

ဒါေၾကာင့္အူသန႔္ရင္ေသြးသန႔္မယ္၊ အူ မသန႔္ရင္ ေသြးမသန႔္ဘူးဆိုတာထင္ရွားပါတယ္။

အူ ေတြကိုသန႔္ရွင္းေပးေတာ့မွ အဆိပ္ေတာက္ ကင္းတဲ့ ေသြးသန႔္ ကိုရမွာပဲျဖစ္ပါတယ္။ခႏၶာကိုယ္မွာကေသြးကအဓိကပဲ။

ေသြးသန႔္ရင္ေရာဂါကင္းမယ္၊ ေသြးညစ္ရင္ေရာဂါမ်ားမယ္။

ေသြးသန႔္ ဖို႔အတြက္ အူသန႔္ ေအာင္လုပ္ေပးရမွာပဲျဖစ္ပါတယ္။ အူ ေတြ သန႔္ရွင္း ေအာင္လုပ္ဖို႔ကလည္းမခက္ပါဘူး။

စင္ထိုးၿပီးစိုက္ရတဲ့ အၫြန႔္အ႐ြက္ ေတြစားေပး႐ုံပါပဲ။

ဘူးၫြန႔္၊ေဂၚရခါးၫြန႔္၊ေ႐ႊဖယုံၫြန႔္စတဲ့ အၫြန႔္အ႐ြက္ ေတြမွာ အေမႊးအမွ်င္ ေလးေတြပါပါတယ္။

အဲဒီ့ အ႐ြက္အၫြန႔္ ေတြဟာ မ်က္ႏွာသုတ္ပဝါမွာပါတဲ့ အေမႊးေလးေတြလိုပဲသုတ္လို႔ရွိရင္ စင္ၾကယ္သြားပါတယ္။

အဲဒီ အေမႊးအမွ်င္ ပါတဲ့ အၫြန႔္အ႐ြက္ ေတြကိုေၾကာ္ၿပီးစားပါ။အစာလမ္းေၾကာင္းတစ္ေလွ်ာက္က

အညစ္အေက်းေတြကိုေျပာင္ေအာင္ သုတ္သင္ေပးသြားပါလိမ့္မယ္။

အစာလမ္းေၾကာင္း တစ္ခုလုံး သန႔္ရွင္း ေနေတာ့ အာဟာရ ကေနရတဲ့ ရသရည္က

လည္းသန႔္ရွင္းၿပီး ေသြးကလည္းသန႔္ေတာ့တာေပါ့ အဲဒီ့အျပင္အူေတြထဲမွာ

အညစ္အေက်း ခ်ိဳးကပ္မႈေတြမ်ားလို႔ ဗိုက္ပူေနတဲ့သူေတြလည္း တျဖည္းျဖည့္နဲ႔ဗိုက္ခ်ပ္သြားပါလိမ့္မယ္။

အနာ ေရာဂါ ကင္းကင္းနဲ႔ အသက္ရွည္ရွည္ေနႏိုင္တဲ့နည္းေကာင္းတစ္ခုပါပဲ။

Unicode

အဆိပ်တောက် နဲ့ အူလမ်းကြောင်း ကို ရှင်းလင်းခြင်း

ကျွန်တော် တို့ရဲ့အူလမ်းကြောင်း ဟာ အညစ်အကျေး တွေနဲ့ပြည့်နေလေ့ရှိပါတယ်။ အညစ်အကျေး တွေက

အစဉ်အမြဲရှိနေတတ်တော့ အဲဒီ့ အညစ်အကျေး တွေကနေဖြစ်လာတဲ့ ချိုးတွေလည်း အူနံရံ တွေမှာကပ်နေလေ့ရှိပါတယ်။

လူတွေရဲ့အူ ဟာ အမြဲတန်းသန့်နေဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ သွေး ဟာ အူ တွေကနေစဖြစ်တာမို့လို့ပါ။

အစားအသောက် တွေကနေရလာတဲ့ အာဟာရ ရည်ကို အူ တွေကနေစုပ်ယူပြီး သွေးအဖြစ်ပြောင်းလဲပေးတာပဲဖြစ်ပါတယ်။

ဒါကြောင့်အူသန့်ရင်သွေးသန့်မယ်၊ အူ မသန့်ရင် သွေးမသန့်ဘူးဆိုတာထင်ရှားပါတယ်။

အူ တွေကိုသန့်ရှင်းပေးတော့မှ အဆိပ်တောက် ကင်းတဲ့ သွေးသန့် ကိုရမှာပဲဖြစ်ပါတယ်။ခန္ဓာကိုယ်မှာကသွေးကအဓိကပဲ။

သွေးသန့်ရင်ရောဂါကင်းမယ်၊ သွေးညစ်ရင်ရောဂါများမယ်။

သွေးသန့် ဖို့အတွက် အူသန့် အောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်။ အူ တွေ သန့်ရှင်း အောင်လုပ်ဖို့ကလည်းမခက်ပါဘူး။

စင်ထိုးပြီးစိုက်ရတဲ့ အညွန့်အရွက် တွေစားပေးရုံပါပဲ။

ဘူးညွန့်၊ဂေါ်ရခါးညွန့်၊ရွှေဖယုံညွန့်စတဲ့ အညွန့်အရွက် တွေမှာ အမွှေးအမျှင် လေးတွေပါပါတယ်။

အဲဒီ့ အရွက်အညွန့် တွေဟာ မျက်နှာသုတ်ပဝါမှာပါတဲ့ အမွှေးလေးတွေလိုပဲသုတ်လို့ရှိရင် စင်ကြယ်သွားပါတယ်။

အဲဒီ အမွှေးအမျှင် ပါတဲ့ အညွန့်အရွက် တွေကိုကြော်ပြီးစားပါ။အစာလမ်းကြောင်းတစ်လျှောက်က

အညစ်အကျေးတွေကိုပြောင်အောင် သုတ်သင်ပေးသွားပါလိမ့်မယ်။

အစာလမ်းကြောင်း တစ်ခုလုံး သန့်ရှင်း နေတော့ အာဟာရ ကနေရတဲ့ ရသရည်က

လည်းသန့်ရှင်းပြီး သွေးကလည်းသန့်တော့တာပေါ့ အဲဒီ့အပြင်အူတွေထဲမှာ

အညစ်အကျေး ချိုးကပ်မှုတွေများလို့ ဗိုက်ပူနေတဲ့သူတွေလည်း တဖြည်းဖြည့်နဲ့ဗိုက်ချပ်သွားပါလိမ့်မယ်။

အနာ ရောဂါ ကင်းကင်းနဲ့ အသက်ရှည်ရှည်နေနိုင်တဲ့နည်းကောင်းတစ်ခုပါပဲ။