Zawgyi

ေဖာ့စ္ဘုတ္သုံးေန တဲ့ မိန္းကေလး မ်ား ဖတ္ ရန္တကယ့္ျဖစ္ရပ္ မွန္ ဇာတ္လမ္းေလးပါ

fbသုံးေန တဲ့မိန္းကေလးမ်ား ဖတ္ရန္ျဖစ္ရပ္မွန္ကို အနည္းငယ္သာေျပာင္း၍ေရးပါသည္

တစ္ေန႔႐ုပ္ေျဖာင့္ေျဖာင့္ လူလတ္ပိုင္းဓာတ္ပုံတင္ထားတဲ့ အေကာင့္တစ္ခု မက္ဆင္ဂ်ာကေနညီမေလး

အစ္ကိုစကားနည္းနည္း ေျပာခ်င္လို႔ ရလား “ဆိုၿပီးစာဝင္လာတယ္။

အကူအညီတစ္ခုေတာင္းခ်င္လို႔ပါတဲ့ဟုတ္ကဲ့ လို႔ေရးမိလိုက္တာနဲ႔ဗြီဒီယိုေကာ ေခၚတာခံလိုက္ရတယ္။႐ုပ္ေျဖာင့္သေလာက္ အေျပာ ေ

ကာင္းလြန္းလွတဲ့သူ႔ စကားေတြၾကားမွာဖုန္းကို ပိတ္မပစ္ရက္ေအာင္ ျဖစ္ခဲ့ရပါတယ္။

”အပ်ိဳလား” ဆိုတဲ့သူ႔စကားကက်မကို နည္းနည္း တုန္လႈပ္ေစခဲ့တယ္။ခနေလာက္ငိုင္ေနၿပီးမွက်မေယာက်ၤားနဲ႔ က်မ အတူတူတြဲ႐ိုက္

ထားတဲ့ ဓာတ္ပုံေလး တစ္ပုံ ပို႔ေပးလိုက္တယ္

“ညီမတို႔ ခ်စ္သူေတြလား “ဆိုတဲ့ ေမးခြန္းေလးက က်မကို ၾကည္ႏူးသြားေစပါတယ္ေဘးနားမွာ အိပ္ေပ်ာ္ေနရွာတဲ့သားေလးကိုမလုံမလဲ ျ

ကည့္လိုက္မိတယ္က်မေယာက်ား လူ႐ိုးႀကီးကေတာ့ယာေတာကျပန္မလာေသးပါဘူး

က်မ ထင္လိုက္တာကတစ္ခါတည္းနားေအးေအာင္ဆိုၿပီး အမွန္ကိုခ်ျပလိုက္တာမွ ပိုဆိုးသြားပါတယ္ တိုတိုနဲ႔လိုရင္းကိုေျပာရရင္က်မ တို႔

ေန႔တိုင္းဖုန္းေျပာျဖစ္ခဲ့ပါတယ္။

သူ႔ဖုန္းမလာရင္က်မကစေခၚတတ္ေနပါၿပီက်မေယာက္်ား လူ႐ိုးႀကီးကေတာဘာမွမသိရွာပါဘူး။

သူ႔ကေတာ့ က်မကိုသိပ္ၿပီးဂ႐ုမစိုက္ႏိုင္ပါဘူးယာေတာ နဲ႔အိမ္ ကူးေနတာနဲ႔သူ႔ကြၽဲေတြနဲ႔တင္ အခ်ိန္ကုန္ေနရွာတာပါ။

ထင္ထားတဲ့အတိုင္းေမွ်ာ္လင့္ထားတဲ့အတိုင္းသူက က်မကို သိပ္ခ်စ္ေၾကာင္းေတြေျပာလာပါေတာ့တယ္။

က်မအေျဖကိုေတာ့မေျပာေတာ့ပါဘူးသူကတစ္ဆင့္တက္လာပါတယ္ ကန္ေတာ့ပါရွင္လင္မယားေတြၾကားမွ ေျပာရမဲ့စကားေတြကိုတစ္

တစ္ခြခြေျပာလာပါတယ္။ အစကနားမေထာင္ရဲေပမဲ့ေနာက္ေတာ့စြဲလမ္းလာပါေတာ့တယ္။ ေနာက္ဆုံးေတာ့အျပင္မွာေတြ႕ခ်င္တယ္တဲ့။

က်မေယာက္်ားနဲ႔သားေလးမ်က္ႏွာကိုျဖတ္ကနဲ ျမင္ေယာင္မိတယ္။ က်မေယာက်္ားကက်မကို သိပ္ခ်စ္ရွာပါတယ္။

သူရွာေဖြထားသမွ်က်မကိုအကုန္အပ္တယ္။ က်မပ်င္းေနမွာစိုးလို႔ဆိုၿပီးဖုန္းကိုေတာင္သူမကိုင္ဘဲက်မကိုပဲေပးကိုင္ရွာတာပါ။

ေငြဆိုလည္းမစားရက္ မေသာက္ရက္နဲ႔သိန္းႏွစ္ဆယ္ေလာက္စုမိေနပါၿပီ။ ဒါနဲ႔ပဲမျဖစ္ႏိုင္ဘူး ထင္ပါတယ္ရွင္ ဆိုၿပီးျငင္းဆန္လိုက္မိပါတယ္။

သူကစိတ္မဆိုးတဲ့အျပင္မိန္းကေလးပီသလို႔ ပိုေတာင္တန္ဖိုးထားမိပါတယ္ဆိုၿပီးေျပာလာပါတယ္။

တစ္ေန႔မွေတာ့က်မေယာက်္ားဝါးေတာသြားတဲ့ေန႔သူ႔ ဖုန္းဝင္လာပါတယ္။ သူ က်မတို႔

႐ြာထိပ္မွာေရာက္ေနတယ္တဲ့ေတြ႕ခ်င္လြန္းလို႔ အေဝးႀကီးက လာခဲ့ရတာပါတဲ့ခနေလးေတြ႕ပါရေစတဲ့

မဆြတ္ခင္ကၫြတ္မေႁခြခင္က ေႂကြခ်င္ေနတဲ့က်မသားေလးအိပ္ေမာက် ခ်ိန္မွာသြားေတြ႕ျဖစ္ခဲ့ပါတယ္။

ဘယ္လိုမွျပင္မရေတာ့တဲ့အမွားပါပဲမ က်မ္းေက်လြန္းလွတဲ့ သူ႔လက္တြင္းမွာသူျပသမွ် ႏုခဲ့မိပါေတာ့တယ္။

လင္ေမ့ သားေမ့နဲ႔မိုးလင္းခါနီးမွ အိမ္ျပန္ဖို႔သတိရပါေတာ့တယ္။သူမ ကိုသူက “ကေလး”

က်မကသူကို “ေမာင္”ဆိုၿပီးအေခၚအေဝၚေတြ ေျပာင္းကုန္တဲ့အထိပါပဲ။

က်မ ေနာင္တမရပါဘူးအိမ္ကဟာႀကီးလည္းအားမနာေတာ့ပါဘူး က်မဘဝမွာ ေမာင္မွေမာင္ပါပဲ

ေနာက္တစ္ေန႔ေမာင္က မက္ဆင္ဂ်ာကေနက်မကေမာင့္ပါးေလးကို နမ္းေနတဲ့ ပုံ ေလးတစ္ပုံပို႔တယ္။

ေနာက္တစ္ပုံ ေမာင္က က်မ ႏႈတ္ခမ္းေလးကို နမ္းေနတဲ့ ပုံ ထပ္ပို႔အၿပီးမွာ က်မအံ့ၾသသြားတယ္ေမာင္

ဘယ္အခ်ိန္႐ိုက္ထားပါ လိမ့္ေနာက္တစ္ခုက ဗြီဒီယိုေမာင္နဲ႔က်မနဲ႔ဘုရား,…. ဘုရားရွက္လိုက္တာရွင္ …

ေနာက္တစ္ခါထပ္ေတြ႕အၿပီးမွာေတာ့က်မေလက်မေမာင့္လက္ခုပ္တြင္းက ေရျဖစ္သြားပါၿပီဆားငံရည္ေသာက္မိတဲ့

က်မလူ႐ိုးႀကီးနဲ႔သားေလးကိုရွိတယ္ေတာင္မထင္ေတာ့ပါဘူး က်မဘဝကေမာင္မွေမာင္ပါပဲ ..

က်မေမွ်ာ္လင့္ခဲ့ရတဲ့တစ္ေန႔ဆိုက္ဆိုက္ေရာက္လာခဲ့ရပါၿပီေမာင္ကဘဝသစ္ထူ ေထာင္ၾကမယ္တဲ့ဒီေန႔ည

လာခိုးမယ္တဲ့အရင္းအႏွီးနဲ႔လုပ္ကိုင္စားေသာက္ဖို႔ရွိသမွ်ေငြ ယူခဲ့ပါတဲ့ … ။

ေကာင္းလိုက္တဲ့အႀကံလက္စြပ္၊လက္ေကာက္၊ဆြဲႀကိဳးရွိရွိသမွ်မခ်န္သားေလးလည္ပင္းကခမည္းေပးထားတဲ့

ဆြဲႀကိဳးေလးေတာင္အသာေလးဆြဲျဖဳတ္ေမာင္နဲ႔ ဘဝသစ္တစ္ခုဖန္တီးဖို႔ဘယ္သူ႔မွမညႇာႏိုင္ေပါင္အေပ်ာ္ဆုံးညေမာင္က

ကိုယ္ပိုင္ကားေလးနဲ႔က်မေနတဲ့႐ြာအထိ လာခိုးမွာတဲ့ေမွ်ာ္တုန္းေမွ်ာ္စဲမွာပဲကိုယ္ပိုင္ကားေလးနဲ႔ေမာင္ေရာက္လာခဲ့ပါတယ္။

ေပ်ာ္႐ႊင္ျခင္းမ်ားစြာနဲ႔ေမာင္ေခၚရာ လိုက္ခဲ့မိပါၿပီ။ ကားေလးေပၚမွာပဲက်မ ဆႏၵေတြျပည့္ဝခဲ့ရပါၿပီ

မနက္လင္းေတာ့ၿမိဳ႕တစ္ၿမိဳ႕တည္းေမာင္းဝင္ခဲ့ၾကတယ္။

ေမာင္ကေမာင္တို႔ႏွစ္ေယာက္ဒီကားေလးနဲ႔ဆက္သြားရင္ေနာက္ကလိုက္လာ တဲ့သူေတြရိပ္မိသြားႏိုင္တယ္

အဲဒီေတာ့ေမာင္တို႔ကားေျပာင္းစီးၾကမယ္တဲ့ရန္ကုန္ကလူလိမ္လူရႈပ္ေတြမ်ားတယ္တဲ့ ကေလးစီကေ႐ႊေငြပစၥည္းေတြ

ဖုန္းနဲ႔ေငြေတြေမာင့္စီေပးထားတဲ့ .. ေမာင့္ပစၥည္းေတြနဲ႔ေပါင္းထားမယ္တဲ့အရာရာေမာင့္သေဘာပါေမာင္

တစ္ေနရာေရာက္ေတာ့လူတစ္ေယာက္ကက်မနဲ႔ေမာင္စီးလာတဲ့ကားေလးကို လာယူသြားတယ္။ကားဂိတ္ကို ေျခလ်င္ေလ်ာက္ၾကတယ္။

ကားဂိတ္ေရာက္ေတာ့ကားတစ္စီးေပၚမွာေနရာယူလိုက္ၾကတယ္။

ေမာင္ကလူေတြရိပ္မိမွာစိုးလိုတဲ့သူ႔ကိုယ္သူ ဦးထုပ္ကို မ်က္ႏွာမေပၚ

ေအာင္ခပ္ငိုက္ငိုက္ေဆာင္းထားၿပီးက်မေခါင္းကို ပုဝါၿခဳံခိုင္း ထားတယ္ေမာင္ကက်မကို

ခပ္တိုးတိုးေလးေျပာတယ္ကေလးတဲ့ …. ေမာင္တို႔တစ္ညလုံးဘာမွမစားရေသးဘူးတဲ့ေမာင္အစားအစာေတြသြားဝယ္အုန္းမယ္တဲ့….

လိုက့္ခဲ့မယ္ဆိုေတာ့လူေတြရိပ္မိမယ္တဲ့ကားေနရာေပ်ာက္မယ္တဲ့… ဆိုၿပီး တစ္ေယာက္တည္းထြက္သြားတယ္။

ေတာ္ေတာ္နဲ႔ျပန္မလာဘူးစိုးရိမ္လို႔ဖုန္းဆက္မယ္လုပ္ေတာ့ဖုန္းကေမာင့္စီပါသြားၿပီကားကထြက္ေတာ့မယ္ေမာင္ကေပၚမလာ။

ကားဆရာႀကီးကိုေတာင္းပန္ၿပီးဆက္ေစာင့္ၾကတယ္ .. ။ ၁၅မိနစ္ထိေမာင္က ေပၚမလာေတာ့ခရီးသည္ေတြကတင္းၿပီကားဆရာႀကီးလည္း

မတတ္သာေတာ့က်မကိုခ်ထားခဲ့ၿပီးကားထြက္သြားခဲ့ၿပီ … က်မစိုးထိတ္စြာရပ္တည္မရစြာနဲ႔ေမာင့္ကိုဆက္ေစာင့္ခဲ့ပါတယ္။

ေနာက္ဆုံးေတာ့မရွက္ႏိုင္ေတာ့ပါဘူးဟိုလူ႔အကူညီေတာင္းသည္လူ႔ အကူညီေတာင္းနဲ႔ရဲစခန္းေရာက္ခဲ့ပါေတာ့တယ္။

အေထာက္အထားဘာမွမရွိမွတ္မိတဲ့ေမာင့္ဖုန္းနံပါတ္က်မဖုန္းနံပါတ္ေတြဆက္ၾကည့္ၾကေတာ့တပ္ဆင္ထားျခင္းမရွိပါတဲ့…

ၿမိဳအႏွံ႔ရွာၾက၊စုံစမ္းစစ္ေဆးၾကေပမဲ့ေျခရာလည္းေပ်ာက္ေရလည္း ေနာက္ခဲ့ပါၿပီေနာက္ဆုံးေတာ့

သေဘာေကာင္းလြန္းတဲ့ရဲႀကီးေတြကေငြေၾကးကအစ

ကူညီေပးၾကလို႔သာက်မ႐ြာျပန္ေရာက္ခဲ့ပါတယ္။က်မ ထင္ခဲ့တာ ဒီလိုမဟုတ္ဘူး ။ က်မ ေမွ်ာ္မွန္းခဲ့တာ တာ ဒီလိုေတြ မဟုတ္ခဲ့ဘူး။

က်မ မွားသြားၿပီ ေမာင္အထင္ႀကီးခဲ့သမွ်အားလုံး အလကားပဲ ဆိုတဲ့အေတြးေတြ ႏွမခ်င္းမစာနာလုပ္ရက္လိုက္တာ

ဆိုတဲ့ေဒါသေတြထက္က်မ ဘယ္လို အင္အားနဲ႔႐ြာကိုဝင္ရမလဲလူ႐ိုးႀကီးနဲ႔သားေလးထံဘယ္မ်က္ႏွာနဲ႔ျပန္ရမလဲ

က်မ ဝမ္းနည္းစိတ္ေၾကာင့္ ငိုမိတယ္ . . .က်မ မိဘေတြရဲ႕ မ်က္ႏွာက်မ ေဆြမ်ိဳးေတြ ရဲ႕

မ်က္ႏွာက်မ ပတ္ဝန္းက်င္မွာ က်မ ဘယ္လိုမ်က္ႏွာျပရမလဲ။က်မသာ

အရင္ကတည္းကလင္နဲ႔သားအေပၚကိုယ့္ခ်င္းစာစိတ္ရွိရင္က်မတို႔ မိသားစုဘဝေလးအခုလို ပ်က္စီးမွာ မဟုတ္ဘူး . . . . . .

ခုေတာ့ က်မ ခေလးတစ္ဖက္နဲ႔က်မ ဘဝ ပ်က္ပါၿပီ .ကိုယ့္ေၾကာင့္ မိသားစုဘဝ ပ်က္ခဲ့တာကိုယ့္ ယုံစားခဲ့တာ ။

FB က ပ႐ိုဖိုင္ေလးမွာေကာ္လံကတုံးအျဖဴေလးနဲ႔ ဆံပင္အတိုေယာပုဆိုးေလးနဲ႔ ေမာင္ကိုက်မ လူႀကီး လူေကာင္း ဆန္တယ္ဆိုၿပီး

ယုံစားမိခဲ့တာအေဖ အေမ မ်က္ႏွာရယ္လင္နဲ႔သားမ်က္ႏွာရယ္ တစ္သက္လုံးေစာင့္ထိန္းခဲ့တဲ့ကိုယ့္က်င့္တရားရယ္ . . . . . .

ကိုယ့္ေပးဆပ္ရေတာ့မယ့္အရွက္သိကၡာ အႀကီးႀကီးရယ္ ။ေနာက္ထပ္ သတိရတာက ႏိုင္လြန္ႀကိဳးေခြ တစ္ခုအခု က်မ ဘာလုပ္သင့္လည္း . .

အစ္မ တို႔ ညီမတို႔ေကာ အဲလို ႀကဳံႀကိဳက္ခဲ့ရင္ဘယ္လိုေျဖရွင္း မလဲအေရးႀကီးတယ္ ။လိမ္နည္းအသစ္ေတြ နဲ႔ခ်ည္းကပ္တက္တယ္ ။

အမ်ိဳးေကာင္းသား ပုံစံနဲ႔ခ်ဥ္းကပ္ပါလိမ့္မယ္။ ႐ိုးသားေယာင္ေဆာင္ ခ်ိဳခ်ိဳသာသာမိန္းမႀကိဳက္ စကားေတြေျပာၿပီးဆြဲေဆာင္ ပါလိမ့္မယ္။

သမီးရည္းစား အဆင့္ထိ ဆြဲယူၿပီးအျပင္မွာ ခ်ိန္းေတြ ဓါတ္ပုံေတြ တြဲ႐ိုက္ပါလိမ့္မယ္။

အဲ့ဒီအခ်ိန္ေရာက္ၿပီဆိုရင္႐ုန္းထြက္ဖို႔ခက္ပါလိမ့္မယ္ သတိထားၾကပါ။ ေလလႈိင္းထဲကအခ်စ္ေတြ စိတ္သာယာမႈေတြ ေနာက္မလိုက္ၾကပါနဲ႔။

မျမင္ဖူးတဲ့ လူေတြကို မယုံၾကပါနဲ႔။မသင့္ေသာအေရးအသားမ်ားပါဝင္ပါက ေတာင္းပန္အပ္ပါသည္။

ခ်မ္းေျမ့ၾကပါေစ ခင္ေမာင္ျမင့္(သာယာေျမ)

Unicode

ဖော့စ်ဘုတ်သုံးနေ တဲ့ မိန်းကလေး များ ဖတ် ရန်တကယ့်ဖြစ်ရပ် မှန် ဇာတ်လမ်းလေးပါ

fbသုံးနေ တဲ့မိန်းကလေးများ ဖတ်ရန်ဖြစ်ရပ်မှန်ကို အနည်းငယ်သာပြောင်း၍ရေးပါသည်

တစ်နေ့ရုပ်ဖြောင့်ဖြောင့် လူလတ်ပိုင်းဓာတ်ပုံတင်ထားတဲ့ အကောင့်တစ်ခု မက်ဆင်ဂျာကနေညီမလေး

အစ်ကိုစကားနည်းနည်း ပြောချင်လို့ ရလား “ဆိုပြီးစာဝင်လာတယ်။

အကူအညီတစ်ခုတောင်းချင်လို့ပါတဲ့ဟုတ်ကဲ့ လို့ရေးမိလိုက်တာနဲ့ဗွီဒီယိုကော ခေါ်တာခံလိုက်ရတယ်။ရုပ်ဖြောင့်သလောက် အပြော ေ

ကာင်းလွန်းလှတဲ့သူ့ စကားတွေကြားမှာဖုန်းကို ပိတ်မပစ်ရက်အောင် ဖြစ်ခဲ့ရပါတယ်။

”အပျိုလား” ဆိုတဲ့သူ့စကားကကျမကို နည်းနည်း တုန်လှုပ်စေခဲ့တယ်။ခနလောက်ငိုင်နေပြီးမှကျမယောင်္ကျားနဲ့ ကျမ အတူတူတွဲရိုက်

ထားတဲ့ ဓာတ်ပုံလေး တစ်ပုံ ပို့ပေးလိုက်တယ်

“ညီမတို့ ချစ်သူတွေလား “ဆိုတဲ့ မေးခွန်းလေးက ကျမကို ကြည်နူးသွားစေပါတယ်ဘေးနားမှာ အိပ်ပျော်နေရှာတဲ့သားလေးကိုမလုံမလဲ ြ

ကည့်လိုက်မိတယ်ကျမယောကျား လူရိုးကြီးကတော့ယာတောကပြန်မလာသေးပါဘူး

ကျမ ထင်လိုက်တာကတစ်ခါတည်းနားအေးအောင်ဆိုပြီး အမှန်ကိုချပြလိုက်တာမှ ပိုဆိုးသွားပါတယ် တိုတိုနဲ့လိုရင်းကိုပြောရရင်ကျမ တို့

နေ့တိုင်းဖုန်းပြောဖြစ်ခဲ့ပါတယ်။

သူ့ဖုန်းမလာရင်ကျမကစခေါ်တတ်နေပါပြီကျမယောက်ျား လူရိုးကြီးကတောဘာမှမသိရှာပါဘူး။

သူ့ကတော့ ကျမကိုသိပ်ပြီးဂရုမစိုက်နိုင်ပါဘူးယာတော နဲ့အိမ် ကူးနေတာနဲ့သူ့ကျွဲတွေနဲ့တင် အချိန်ကုန်နေရှာတာပါ။

ထင်ထားတဲ့အတိုင်းမျှော်လင့်ထားတဲ့အတိုင်းသူက ကျမကို သိပ်ချစ်ကြောင်းတွေပြောလာပါတော့တယ်။

ကျမအဖြေကိုတော့မပြောတော့ပါဘူးသူကတစ်ဆင့်တက်လာပါတယ် ကန်တော့ပါရှင်လင်မယားတွေကြားမှ ပြောရမဲ့စကားတွေကိုတစ်

တစ်ခွခွပြောလာပါတယ်။ အစကနားမထောင်ရဲပေမဲ့နောက်တော့စွဲလမ်းလာပါတော့တယ်။ နောက်ဆုံးတော့အပြင်မှာတွေ့ချင်တယ်တဲ့။

ကျမယောက်ျားနဲ့သားလေးမျက်နှာကိုဖြတ်ကနဲ မြင်ယောင်မိတယ်။ ကျမယောကျ်ားကကျမကို သိပ်ချစ်ရှာပါတယ်။

သူရှာဖွေထားသမျှကျမကိုအကုန်အပ်တယ်။ ကျမပျင်းနေမှာစိုးလို့ဆိုပြီးဖုန်းကိုတောင်သူမကိုင်ဘဲကျမကိုပဲပေးကိုင်ရှာတာပါ။

ငွေဆိုလည်းမစားရက် မသောက်ရက်နဲ့သိန်းနှစ်ဆယ်လောက်စုမိနေပါပြီ။ ဒါနဲ့ပဲမဖြစ်နိုင်ဘူး ထင်ပါတယ်ရှင် ဆိုပြီးငြင်းဆန်လိုက်မိပါတယ်။

သူကစိတ်မဆိုးတဲ့အပြင်မိန်းကလေးပီသလို့ ပိုတောင်တန်ဖိုးထားမိပါတယ်ဆိုပြီးပြောလာပါတယ်။

တစ်နေ့မှတော့ကျမယောကျ်ားဝါးတောသွားတဲ့နေ့သူ့ ဖုန်းဝင်လာပါတယ်။ သူ ကျမတို့

ရွာထိပ်မှာရောက်နေတယ်တဲ့တွေ့ချင်လွန်းလို့ အဝေးကြီးက လာခဲ့ရတာပါတဲ့ခနလေးတွေ့ပါရစေတဲ့

မဆွတ်ခင်ကညွတ်မခြွေခင်က ကြွေချင်နေတဲ့ကျမသားလေးအိပ်မောကျ ချိန်မှာသွားတွေ့ဖြစ်ခဲ့ပါတယ်။

ဘယ်လိုမှပြင်မရတော့တဲ့အမှားပါပဲမ ကျမ်းကျေလွန်းလှတဲ့ သူ့လက်တွင်းမှာသူပြသမျှ နုခဲ့မိပါတော့တယ်။

လင်မေ့ သားမေ့နဲ့မိုးလင်းခါနီးမှ အိမ်ပြန်ဖို့သတိရပါတော့တယ်။သူမ ကိုသူက “ကလေး”

ကျမကသူကို “မောင်”ဆိုပြီးအခေါ်အဝေါ်တွေ ပြောင်းကုန်တဲ့အထိပါပဲ။

ကျမ နောင်တမရပါဘူးအိမ်ကဟာကြီးလည်းအားမနာတော့ပါဘူး ကျမဘဝမှာ မောင်မှမောင်ပါပဲ

နောက်တစ်နေ့မောင်က မက်ဆင်ဂျာကနေကျမကမောင့်ပါးလေးကို နမ်းနေတဲ့ ပုံ လေးတစ်ပုံပို့တယ်။

နောက်တစ်ပုံ မောင်က ကျမ နှုတ်ခမ်းလေးကို နမ်းနေတဲ့ ပုံ ထပ်ပို့အပြီးမှာ ကျမအံ့သြသွားတယ်မောင်

ဘယ်အချိန်ရိုက်ထားပါ လိမ့်နောက်တစ်ခုက ဗွီဒီယိုမောင်နဲ့ကျမနဲ့ဘုရား,…. ဘုရားရှက်လိုက်တာရှင် …

နောက်တစ်ခါထပ်တွေ့အပြီးမှာတော့ကျမလေကျမမောင့်လက်ခုပ်တွင်းက ရေဖြစ်သွားပါပြီဆားငံရည်သောက်မိတဲ့

ကျမလူရိုးကြီးနဲ့သားလေးကိုရှိတယ်တောင်မထင်တော့ပါဘူး ကျမဘဝကမောင်မှမောင်ပါပဲ ..

ကျမမျှော်လင့်ခဲ့ရတဲ့တစ်နေ့ဆိုက်ဆိုက်ရောက်လာခဲ့ရပါပြီမောင်ကဘဝသစ်ထူ ထောင်ကြမယ်တဲ့ဒီနေ့ည

လာခိုးမယ်တဲ့အရင်းအနှီးနဲ့လုပ်ကိုင်စားသောက်ဖို့ရှိသမျှငွေ ယူခဲ့ပါတဲ့ … ။

ကောင်းလိုက်တဲ့အကြံလက်စွပ်၊လက်ကောက်၊ဆွဲကြိုးရှိရှိသမျှမချန်သားလေးလည်ပင်းကခမည်းပေးထားတဲ့

ဆွဲကြိုးလေးတောင်အသာလေးဆွဲဖြုတ်မောင်နဲ့ ဘဝသစ်တစ်ခုဖန်တီးဖို့ဘယ်သူ့မှမညှာနိုင်ပေါင်အပျော်ဆုံးညမောင်က

ကိုယ်ပိုင်ကားလေးနဲ့ကျမနေတဲ့ရွာအထိ လာခိုးမှာတဲ့မျှော်တုန်းမျှော်စဲမှာပဲကိုယ်ပိုင်ကားလေးနဲ့မောင်ရောက်လာခဲ့ပါတယ်။

ပျော်ရွှင်ခြင်းများစွာနဲ့မောင်ခေါ်ရာ လိုက်ခဲ့မိပါပြီ။ ကားလေးပေါ်မှာပဲကျမ ဆန္ဒတွေပြည့်ဝခဲ့ရပါပြီ

မနက်လင်းတော့မြို့တစ်မြို့တည်းမောင်းဝင်ခဲ့ကြတယ်။

မောင်ကမောင်တို့နှစ်ယောက်ဒီကားလေးနဲ့ဆက်သွားရင်နောက်ကလိုက်လာ တဲ့သူတွေရိပ်မိသွားနိုင်တယ်

အဲဒီတော့မောင်တို့ကားပြောင်းစီးကြမယ်တဲ့ရန်ကုန်ကလူလိမ်လူရှုပ်တွေများတယ်တဲ့ ကလေးစီကရွှေငွေပစ္စည်းတွေ

ဖုန်းနဲ့ငွေတွေမောင့်စီပေးထားတဲ့ .. မောင့်ပစ္စည်းတွေနဲ့ပေါင်းထားမယ်တဲ့အရာရာမောင့်သဘောပါမောင်

တစ်နေရာရောက်တော့လူတစ်ယောက်ကကျမနဲ့မောင်စီးလာတဲ့ကားလေးကို လာယူသွားတယ်။ကားဂိတ်ကို ခြေလျင်လျောက်ကြတယ်။

ကားဂိတ်ရောက်တော့ကားတစ်စီးပေါ်မှာနေရာယူလိုက်ကြတယ်။

မောင်ကလူတွေရိပ်မိမှာစိုးလိုတဲ့သူ့ကိုယ်သူ ဦးထုပ်ကို မျက်နှာမပေါ်

အောင်ခပ်ငိုက်ငိုက်ဆောင်းထားပြီးကျမခေါင်းကို ပုဝါခြုံခိုင်း ထားတယ်မောင်ကကျမကို

ခပ်တိုးတိုးလေးပြောတယ်ကလေးတဲ့ …. မောင်တို့တစ်ညလုံးဘာမှမစားရသေးဘူးတဲ့မောင်အစားအစာတွေသွားဝယ်အုန်းမယ်တဲ့….

လိုက့်ခဲ့မယ်ဆိုတော့လူတွေရိပ်မိမယ်တဲ့ကားနေရာပျောက်မယ်တဲ့… ဆိုပြီး တစ်ယောက်တည်းထွက်သွားတယ်။

တော်တော်နဲ့ပြန်မလာဘူးစိုးရိမ်လို့ဖုန်းဆက်မယ်လုပ်တော့ဖုန်းကမောင့်စီပါသွားပြီကားကထွက်တော့မယ်မောင်ကပေါ်မလာ။

ကားဆရာကြီးကိုတောင်းပန်ပြီးဆက်စောင့်ကြတယ် .. ။ ၁၅မိနစ်ထိမောင်က ပေါ်မလာတော့ခရီးသည်တွေကတင်းပြီကားဆရာကြီးလည်း

မတတ်သာတော့ကျမကိုချထားခဲ့ပြီးကားထွက်သွားခဲ့ပြီ … ကျမစိုးထိတ်စွာရပ်တည်မရစွာနဲ့မောင့်ကိုဆက်စောင့်ခဲ့ပါတယ်။

နောက်ဆုံးတော့မရှက်နိုင်တော့ပါဘူးဟိုလူ့အကူညီတောင်းသည်လူ့ အကူညီတောင်းနဲ့ရဲစခန်းရောက်ခဲ့ပါတော့တယ်။

အထောက်အထားဘာမှမရှိမှတ်မိတဲ့မောင့်ဖုန်းနံပါတ်ကျမဖုန်းနံပါတ်တွေဆက်ကြည့်ကြတော့တပ်ဆင်ထားခြင်းမရှိပါတဲ့…

မြိုအနှံ့ရှာကြ၊စုံစမ်းစစ်ဆေးကြပေမဲ့ခြေရာလည်းပျောက်ရေလည်း နောက်ခဲ့ပါပြီနောက်ဆုံးတော့

သဘောကောင်းလွန်းတဲ့ရဲကြီးတွေကငွေကြေးကအစ

ကူညီပေးကြလို့သာကျမရွာပြန်ရောက်ခဲ့ပါတယ်။ကျမ ထင်ခဲ့တာ ဒီလိုမဟုတ်ဘူး ။ ကျမ မျှော်မှန်းခဲ့တာ တာ ဒီလိုတွေ မဟုတ်ခဲ့ဘူး။

ကျမ မှားသွားပြီ မောင်အထင်ကြီးခဲ့သမျှအားလုံး အလကားပဲ ဆိုတဲ့အတွေးတွေ နှမချင်းမစာနာလုပ်ရက်လိုက်တာ

ဆိုတဲ့ဒေါသတွေထက်ကျမ ဘယ်လို အင်အားနဲ့ရွာကိုဝင်ရမလဲလူရိုးကြီးနဲ့သားလေးထံဘယ်မျက်နှာနဲ့ပြန်ရမလဲ

ကျမ ဝမ်းနည်းစိတ်ကြောင့် ငိုမိတယ် . . .ကျမ မိဘတွေရဲ့ မျက်နှာကျမ ဆွေမျိုးတွေ ရဲ့

မျက်နှာကျမ ပတ်ဝန်းကျင်မှာ ကျမ ဘယ်လိုမျက်နှာပြရမလဲ။ကျမသာ

အရင်ကတည်းကလင်နဲ့သားအပေါ်ကိုယ့်ချင်းစာစိတ်ရှိရင်ကျမတို့ မိသားစုဘဝလေးအခုလို ပျက်စီးမှာ မဟုတ်ဘူး . . . . . .

ခုတော့ ကျမ ခလေးတစ်ဖက်နဲ့ကျမ ဘဝ ပျက်ပါပြီ .ကိုယ့်ကြောင့် မိသားစုဘဝ ပျက်ခဲ့တာကိုယ့် ယုံစားခဲ့တာ ။

FB က ပရိုဖိုင်လေးမှာကော်လံကတုံးအဖြူလေးနဲ့ ဆံပင်အတိုယောပုဆိုးလေးနဲ့ မောင်ကိုကျမ လူကြီး လူကောင်း ဆန်တယ်ဆိုပြီး

ယုံစားမိခဲ့တာအဖေ အမေ မျက်နှာရယ်လင်နဲ့သားမျက်နှာရယ် တစ်သက်လုံးစောင့်ထိန်းခဲ့တဲ့ကိုယ့်ကျင့်တရားရယ် . . . . . .

ကိုယ့်ပေးဆပ်ရတော့မယ့်အရှက်သိက္ခာ အကြီးကြီးရယ် ။နောက်ထပ် သတိရတာက နိုင်လွန်ကြိုးခွေ တစ်ခုအခု ကျမ ဘာလုပ်သင့်လည်း . .

အစ်မ တို့ ညီမတို့ကော အဲလို ကြုံကြိုက်ခဲ့ရင်ဘယ်လိုဖြေရှင်း မလဲအရေးကြီးတယ် ။လိမ်နည်းအသစ်တွေ နဲ့ချည်းကပ်တက်တယ် ။

အမျိုးကောင်းသား ပုံစံနဲ့ချဉ်းကပ်ပါလိမ့်မယ်။ ရိုးသားယောင်ဆောင် ချိုချိုသာသာမိန်းမကြိုက် စကားတွေပြောပြီးဆွဲဆောင် ပါလိမ့်မယ်။

သမီးရည်းစား အဆင့်ထိ ဆွဲယူပြီးအပြင်မှာ ချိန်းတွေ ဓါတ်ပုံတွေ တွဲရိုက်ပါလိမ့်မယ်။

အဲ့ဒီအချိန်ရောက်ပြီဆိုရင်ရုန်းထွက်ဖို့ခက်ပါလိမ့်မယ် သတိထားကြပါ။ လေလှိုင်းထဲကအချစ်တွေ စိတ်သာယာမှုတွေ နောက်မလိုက်ကြပါနဲ့။

မမြင်ဖူးတဲ့ လူတွေကို မယုံကြပါနဲ့။မသင့်သောအရေးအသားများပါဝင်ပါက တောင်းပန်အပ်ပါသည်။

ချမ်းမြေ့ကြပါစေ ခင်မောင်မြင့်(သာယာမြေ)