Zawgyi

ကိုယ္ဝန္ေဆာင္မိခင္မ်ား စိမ္းစားဥ စားေပးျခင္းရဲ့အက်ိဳးေက်းဇူးမ်ား

စိမ္းစားဥမွာ ေရဓါတ္ႂကြယ္ဝစြာပါဝင္ပါတယ္။ ဒါေၾကာင့္ ဗိုက္ဗိုက္ေလးေတြနဲ႔ အလြန္သင့္ေတာ္ပါတယ္။

လတ္လတ္ဆတ္ဆတ္ စိမ္းစားဥကိုေရြးခ်ယ္စားသုံးပါ။

စိမ္းစားဥႀကိဳက္တဲ့ ဗိုက္ဗိုက္ေလးေတြရွိလား။ စိမ္းစားဥဟာဆိုရင္ ကိုယ္ဝန္ ေဆာင္ေမေမေတြအတြက္ေကာ

သေႏၶသားေလးအတြက္ပါ အက်ိဳးေက်းဇူးအမ်ားႀကီးရွိပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္းမွာ ဆုံးရႈံးသြားတဲ့ေရဓါတ္ေတြကို ျပန္ၿပီးျဖည့္္ေပးပါတယ္။

အသားအေရအတြက္ အက်ိဳးရွိေစတဲ့အျပင္ က်န္းမာေရးကို အေထာက္အကူျပဳပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္းမွာ ဆုံးရႈံးသြားတဲ့ေရဓါတ္ေတြကို ျပန္ၿပီးျဖည့္္ေပးပါတယ္

ကယ္ဆီယမ္နဲ႔ ေဖာ့စေဖာရပ္

စိမ္းစားဥမွာ ကယ္ဆီယမ္နဲ႔ ေဖာ့စေဖာရပ္ ႂကြယ္ဝစြာပါဝင္ပါတယ္။ သေႏၶသားေလးရဲ့

အရိုးနဲ႔သြား ႀကီးထြားဖြံ့ၿဖိဳးမႈအတြက္ အေထာက္အကူျပဳပါတယ္။

ေမေမေလာင္းတို႔ရဲ့ အရိုးနဲ႔သြား ျပႆနာေတြကိုလည္း နည္းသြားေစပါတယ္။

ေရ

စိမ္းစားဥမွာ ေရဓါတ္ႂကြယ္ဝစြာပါဝင္ပါတယ္။ ဒါေၾကာင့္ ဗိုက္ဗိုက္ေလးေတြနဲ႔ အလြန္ သင့္ေတာ္ပါတယ္။

လတ္လတ္ဆတ္ဆတ္ စိမ္းစားဥကိုေရြးခ်ယ္စားသုံးပါ။

ေရဓါတ္ ခမ္းေျခာက္တာကို ကာကြယ္ေပးပါတယ္။ အသားအေရကိုေကာင္းမြန္ေစၿပီး က်န္းမာေရးနဲ႔ အလွအပကို

အေထာက္အကူျပဳပါတယ္။ အသားအေရကို ၾကည္ၾကည္လင္လင္ျဖစ္ေစပါ တယ္။

စိမ္းစားဥမွာ အမၽွင္ဓါတ္ႂကြယ္ဝစြာပါဝင္ပါတယ္

အမၽွင္

စိမ္းစားဥမွာ အမၽွင္ဓါတ္ႂကြယ္ဝစြာပါဝင္တာေၾကာင့္ အစာေျခစနစ္ကို အေထာက္အကူျပဳပါ တယ္။

အစာေၾကေစၿပီး၊ ဝမ္းခ်ဳပ္တာနဲ႔ ဝမ္းေလၽွာတာကို ကာကြယ္ေပးပါတယ္။ ကိုယ္အေလးခ်ိန္

႐ုတ္တရက္ ျမင့္တက္လာတာကိုလည္း ကာကြယ္ေပးပါတယ္။

ဗီတာမင္ C

စိမ္းစားဥမွာ ဗီတာမင္ C ႂကြယ္ဝစြာပါဝင္ပါတယ္။ ဆဲလ္တစ္သၽွဴးေတြ ပ်က္စီးတာကို ျပန္လည္ေကာင္းမြန္ေအာင္ျပဳျပင္ေပးၿပီး

ကိုယ္ခံစြမ္းအားကို ေကာင္းမြန္ေစတဲ့အျပင္

ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း ဆီးခ်ိဳျဖစ္တာကိုလည္း ကာကြယ္ေပးပါတယ္။ ေသြးထဲက မေကာင္းတဲ့ ကိုလက္စထေရာေတြ

နည္းသြားေစၿပီး အရိုး၊ သြားနဲ႔ အသားအေရက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။

သံဓါတ္

စိမ္းစားဥမွာ သံဓါတ္ႂကြယ္ဝစြာပါဝင္ပါတယ္။ ဒါေၾကာင့္ ေသြးအားနည္းတာကို ကာကြယ္ေပးပါတယ္။

စိမ္းစားဥက အစာအိမ္ရဲ့ အက္ဆစ္ဓါတ္ျမင့္တက္လာတာကိုလည္း ကာကြယ္ေပးပါတယ္။

အမၽွင္ဓါတ္ႂကြယ္ဝစြာပါဝင္တာေၾကာင့္ ေသြးတြင္းသၾကားဓါတ္ကို ထိန္းညႇို႔ေပးပါတယ္။

ဆီးခ်ိဳေရာဂါ၊ ကိုလက္စထေရာ၊ အနာစတဲ့ ကိုယ္ဝန္ေဆာင္ခ်ိန္ အတြင္း ၾကဳံရနိုင္တဲ့ ေရာဂါေတြကို ကာကြယ္ေပးပါတယ္။

ကေလးေမြးဖြားခ်ိန္မွာ နာက်င္တာ ကို သက္သာေအာင္ အေထာက္အပံ့ျဖစ္ေစပါတယ္။ မိခင္နို႔လည္း အထြက္ေကာင္းေစ ပါတယ္။

စိမ္းစားဥက သူ႔ရာသီနဲ႔သူသာ ရနိုင္တာေၾကာင့္ ေမေမေလာင္းတို႔ ကိုယ္ဝန္ရွိတဲ့အခ်ိန္နဲ႔

စိမ္းစားဥေပၚတဲ့အခ်ိန္ တိုက္ဆိုင္တယ္ဆိုရင္ စားျဖစ္ေအာင္စားဖို႔ Kalay ကေန တိုက္တြန္းလိုက္ပါတယ္။

Credit:kalay

Unicode

ကိုယ်ဝန်ဆောင်မိခင်များ စိမ်းစားဥ စားပေးခြင်းရဲ့အကျိုးကျေးဇူးများ

စိမ်းစားဥမှာ ရေဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ဗိုက်ဗိုက်လေးတွေနဲ့

အလွန်သင့်တော်ပါတယ်။ လတ်လတ်ဆတ်ဆတ် စိမ်းစားဥကိုရွေးချယ်စားသုံးပါ။

စိမ်းစားဥကြိုက်တဲ့ ဗိုက်ဗိုက်လေးတွေရှိလား။ စိမ်းစားဥဟာဆိုရင် ကိုယ်ဝန်

ဆောင်မေမေတွေအတွက်ကော သန္ဓေသားလေးအတွက်ပါ အကျိုးကျေးဇူးအများကြီးရှိပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ဆုံးရှုံးသွားတဲ့ရေဓါတ်တွေကို ပြန်ပြီးဖြည့်ပေးပါတယ်။

အသားအရေအတွက် အကျိုးရှိစေတဲ့အပြင် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ဆုံးရှုံးသွားတဲ့ရေဓါတ်တွေကို ပြန်ပြီးဖြည့်ပေးပါတယ်

ကယ်ဆီယမ်နဲ့ ဖော့စဖောရပ်

စိမ်းစားဥမှာ ကယ်ဆီယမ်နဲ့ ဖော့စဖောရပ် ကြွယ်ဝစွာပါဝင်ပါတယ်။

သန္ဓေသားလေးရဲ့ အရိုးနဲ့သွား ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ်။

မေမေလောင်းတို့ရဲ့ အရိုးနဲ့သွား ပြဿနာတွေကိုလည်း နည်းသွားစေပါတယ်။

ရေ

စိမ်းစားဥမှာ ရေဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။

ဒါကြောင့် ဗိုက်ဗိုက်လေးတွေနဲ့ အလွန် သင့်တော်ပါတယ်။ လတ်လတ်ဆတ်ဆတ် စိမ်းစားဥကိုရွေးချယ်စားသုံးပါ။

ရေဓါတ် ခမ်းခြောက်တာကို ကာကွယ်ပေးပါတယ်။ အသားအရေကိုကောင်းမွန်စေပြီး

ကျန်းမာရေးနဲ့ အလှအပကို အထောက်အကူပြုပါတယ်။ အသားအရေကို ကြည်ကြည်လင်လင်ဖြစ်စေပါ တယ်။

စိမ်းစားဥမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်

အမျှင်

စိမ်းစားဥမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကို အထောက်အကူပြုပါ တယ်။

အစာကြေစေပြီး၊ ဝမ်းချုပ်တာနဲ့ ဝမ်းလျှောတာကို ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန် ရုတ်တရက် မြင့်တက်လာတာကိုလည်း ကာကွယ်ပေးပါတယ်။

ဗီတာမင် C

စိမ်းစားဥမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပါတယ်။ ဆဲလ်တစ်သျှူးတွေ ပျက်စီးတာကို

ပြန်လည်ကောင်းမွန်အောင်ပြုပြင်ပေးပြီး ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေတဲ့အပြင်

ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆီးချိုဖြစ်တာကိုလည်း ကာကွယ်ပေးပါတယ်။

သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေ နည်းသွားစေပြီး အရိုး၊ သွားနဲ့ အသားအရေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

သံဓါတ်

စိမ်းစားဥမှာ သံဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် သွေးအားနည်းတာကို ကာကွယ်ပေးပါတယ်။

စိမ်းစားဥက အစာအိမ်ရဲ့ အက်ဆစ်ဓါတ်မြင့်တက်လာတာကိုလည်း ကာကွယ်ပေးပါတယ်။

အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် သွေးတွင်းသကြားဓါတ်ကို ထိန်းညှို့ပေးပါတယ်။ ဆီးချိုရောဂါ၊

ကိုလက်စထရော၊ အနာစတဲ့ ကိုယ်ဝန်ဆောင်ချိန် အတွင်း ကြုံရနိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။

ကလေးမွေးဖွားချိန်မှာ နာကျင်တာ ကို သက်သာအောင် အထောက်အပံ့ဖြစ်စေပါတယ်။ မိခင်နို့လည်း အထွက်ကောင်းစေ ပါတယ်။

စိမ်းစားဥက သူ့ရာသီနဲ့သူသာ ရနိုင်တာကြောင့် မေမေလောင်းတို့ ကိုယ်ဝန်ရှိတဲ့အချိန်နဲ့ စိမ်းစားဥပေါ်တဲ့အချိန်

တိုက်ဆိုင်တယ်ဆိုရင် စားဖြစ်အောင်စားဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Credit:kalay