Zawgyi

တကယ္ကံေကာင္းေစေသာ လကၡဏာဆိုသည္မွာ။

လူတေယာက္အဖို႔ တကယ္ကံေကာင္းေစသည့္အခ်က္မ်ားကိုလကၡဏာပညာ ရႈေထာင့္မွေန တင္ျပေပးပါမယ္။

အၾကမ္းအားျဖင့္ေျပာရလွ်င္ လက္ေခ်ာင္းေလးမ်ားရဲ႕ေအာက္/ၿဂိဳလ္ခုံမ်ားေပၚတြင္ ေဒါင္လိုက္မတ္တတ္စင္းေလးမ်ားရွိေနပါက

လူတဦးတေယာက္အဖို႔ ထိုအသက္ပိုင္းျခားတြင္းမွာ သိသာစြာကံေကာင္းျခင္းေတြရရွိေစမွာ အမွန္ပါ။

(ညာဘက္လက္တြင္ဆိုပါက ယခုအသက္ပိုင္းဟုမွတ္ပါ)

၁. လက္ညိဳးေအာက္ ၾကာသာပေတးၿဂိဳလ္ခုံ -တေၾကာင္းထဲျဖစ္ေစ ၂/၃ေၾကာင္းၿပိဳင္၍ျဖစ္ေစ ရွိေနလွ်င္ ေအာင္ျမင္ျခင္းရဲ႕သေကၤတျဖစ္ပါသည္။

ရွိရင္းေနရာ/ဘဝ/အဆင့္တန္းမွေနၿပီး ႀကီးျမင့္ထင္ေပၚျခင္း- ေအာင္ျမင္ျခင္းကို ျဖစ္ေစပါမည္။

၂. လကၡလယ္ေအာက္ စေနၿဂိဳလ္ခုံ- တေၾကာင္းထဲျဖစ္ေစ ၂/၃ေၾကာင္းၿပိဳင္၍ျဖစ္ေစရွိေနလွ်င္

ထူးကဲစြာကံေကာင္းျခင္းရဲ႕သေကၤတျဖစ္ပါသည္။ ဆုံ.းရႈံ.းၿပီထင္ရေသာေငြမ်ား ျပန္ရျခင္း။

အေမြအႏွစ္မ်ားရရွိျခင္း။ အံ့မခမ္းအလုပ္အဆင္ေျပျခင္း ဆုမဲမ်ား-ထီမ်ားေပါက္ေစတတ္ျခင္းတို႔ ျဖစ္ေစပါမည္။

၃. လက္သူႂကြယ္ေအာက္ တနဂၤေႏြၿဂိဳလ္ခုံ- တေၾကာင္းထဲျဖစ္ေစ ၂/၃ေၾကာင္းၿပိဳင္၍ျဖစ္ေစရွိေနလွ်င္

ထြန္းေပါက္ႂကြယ္ဝျခင္းရဲ႕သေကၤတျဖစ္ပါသည္။ စာေရးဆရာဆိုလွ်င္ စာေရးဆရာအျဖစ္နဲ႔ ကုန္သည္ဆိုလွ်င္

ကုန္သယ္အျဖစ္နဲ႔ မိမိလုပ္ကိုင္ေသာအလုပ္ေပၚမူတည္ၿပီး ထြန္းေပါက္ေအာင္ျမင္ကာ ခ်မ္းသာႂကြယ္ဝေစပါမည္။

၄. လက္သန္းေအာက္ ဗုဒၶဟူးၿဂိဳလ္ခုံ- တေၾကာင္းထဲျဖစ္ေစ ၂/၃ေၾကာင္းၿပိဳင္၍ျဖစ္ေစရွိေနလွ်င္ ေငြဝင္ျခင္းအတြက္

သီးသန႔္သေကၤတျဖစ္ပါသည္။ ဒီလိုအမွတ္သားမ်ိဳးရွိေနၿပီဆိုလွ်င္ စီးပြားေရးသမားမ်ားအဖို႔ အ

ားရစရာျဖစ္ပါသည္။ လုပ္ငန္းေတြအဆင္ေျပ ေငြေတြရၿပီး ေပ်ာ္႐ႊင္မႈမ်ားစြာ ရေစႏိုင္ပါမည္။

လက္ဝါးတျပင္လုံးမွမတ္တတ္စင္းမ်ား- မတ္တတ္စင္းအမွတ္သားမ်ားသည္ လက္ဝါးျပင္မည္သည့္

ေနရာတြင္မဆိုရွိေနလွ်င္ ေနရာအလိုက္ ေကာင္းက်ိဳးမ်ားေပးတတ္ပါသည္။ ဒီမွ်နားပါဦးမည္။

အားလုံးက်န္းမာခ်မ္းသာၾကပါေစ။ ေအာင္ခ်မ္းမင္း(ေဗဒင္လကၡဏာ) ေလးစားစြာျဖင့္ ခရက္ဒစ္

Unicode

တကယ်ကံကောင်းစေသော လက္ခဏာဆိုသည်မှာ။

လူတယောက်အဖို့ တကယ်ကံကောင်းစေသည့်အချက်များကိုလက္ခဏာပညာ ရှုထောင့်မှနေ တင်ပြပေးပါမယ်။

အကြမ်းအားဖြင့်ပြောရလျှင် လက်ချောင်းလေးများရဲ့အောက်/ဂြိုလ်ခုံများပေါ်တွင် ဒေါင်လိုက်မတ်တတ်စင်းလေးများရှိနေပါက

လူတဦးတယောက်အဖို့ ထိုအသက်ပိုင်းခြားတွင်းမှာ သိသာစွာကံကောင်းခြင်းတွေရရှိစေမှာ အမှန်ပါ။

(ညာဘက်လက်တွင်ဆိုပါက ယခုအသက်ပိုင်းဟုမှတ်ပါ)

၁. လက်ညိုးအောက် ကြာသာပတေးဂြိုလ်ခုံ -တကြောင်းထဲဖြစ်စေ ၂/၃ကြောင်းပြိုင်၍ဖြစ်စေ ရှိနေလျှင် အောင်မြင်ခြင်းရဲ့သင်္ကေတဖြစ်ပါသည်။

ရှိရင်းနေရာ/ဘဝ/အဆင့်တန်းမှနေပြီး ကြီးမြင့်ထင်ပေါ်ခြင်း- အောင်မြင်ခြင်းကို ဖြစ်စေပါမည်။

၂. လက္ခလယ်အောက် စနေဂြိုလ်ခုံ- တကြောင်းထဲဖြစ်စေ ၂/၃ကြောင်းပြိုင်၍ဖြစ်စေရှိနေလျှင်

ထူးကဲစွာကံကောင်းခြင်းရဲ့သင်္ကေတဖြစ်ပါသည်။ ဆုံ.းရှုံ.းပြီထင်ရသောငွေများ ပြန်ရခြင်း။

အမွေအနှစ်များရရှိခြင်း။ အံ့မခမ်းအလုပ်အဆင်ပြေခြင်း ဆုမဲများ-ထီများပေါက်စေတတ်ခြင်းတို့ ဖြစ်စေပါမည်။

၃. လက်သူကြွယ်အောက် တနင်္ဂနွေဂြိုလ်ခုံ- တကြောင်းထဲဖြစ်စေ ၂/၃ကြောင်းပြိုင်၍ဖြစ်စေရှိနေလျှင်

ထွန်းပေါက်ကြွယ်ဝခြင်းရဲ့သင်္ကေတဖြစ်ပါသည်။ စာရေးဆရာဆိုလျှင် စာရေးဆရာအဖြစ်နဲ့ ကုန်သည်ဆိုလျှင်

ကုန်သယ်အဖြစ်နဲ့ မိမိလုပ်ကိုင်သောအလုပ်ပေါ်မူတည်ပြီး ထွန်းပေါက်အောင်မြင်ကာ ချမ်းသာကြွယ်ဝစေပါမည်။

၄. လက်သန်းအောက် ဗုဒ္ဓဟူးဂြိုလ်ခုံ- တကြောင်းထဲဖြစ်စေ ၂/၃ကြောင်းပြိုင်၍ဖြစ်စေရှိနေလျှင် ငွေဝင်ခြင်းအတွက်

သီးသန့်သင်္ကေတဖြစ်ပါသည်။ ဒီလိုအမှတ်သားမျိုးရှိနေပြီဆိုလျှင် စီးပွားရေးသမားများအဖို့ အ

ားရစရာဖြစ်ပါသည်။ လုပ်ငန်းတွေအဆင်ပြေ ငွေတွေရပြီး ပျော်ရွှင်မှုများစွာ ရစေနိုင်ပါမည်။

လက်ဝါးတပြင်လုံးမှမတ်တတ်စင်းများ- မတ်တတ်စင်းအမှတ်သားများသည် လက်ဝါးပြင်မည်သည့်

နေရာတွင်မဆိုရှိနေလျှင် နေရာအလိုက် ကောင်းကျိုးများပေးတတ်ပါသည်။ ဒီမျှနားပါဦးမည်။

အားလုံးကျန်းမာချမ်းသာကြပါစေ။ အောင်ချမ်းမင်း(ဗေဒင်လက္ခဏာ) လေးစားစွာဖြင့် ခရက်ဒစ်