Zawgyi

အိမ္တြင္းက အင္းဆက္ပိုးမႊားေတြကို ဓာတုပစၥည္းေတြနဲ႔ ျပဳလုပ္ထားတဲ့ ပိုးသတ္ေဆးေတြရဲ႕ အကူအညီနဲ႔ ႏွိမ္ႏွင္း

ႏိုင္တယ္ဆိုေပမယ့္ ဓာတုပစၥည္းေတြ ပါဝင္တဲ့ ပိုးသတ္ေဆးေတြကို ေရရွည္အသုံးျပဳမယ္ ဆိုရင္ က်န္းမာေရးကို

ထိခိုက္ေစႏိုင္ပါတယ္။ဒါေၾကာင့္မို႔လို႔ အင္းဆက္ပိုးမႊားေတြကို သဘာဝပစၥည္းေတြ

အသုံးျပဳၿပီး ႏွိမ္နင္းႏိုင္မယ့္ နည္းလမ္းေကာင္းေတြ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

(၁) ပု႐ြက္ဆိတ္ ။ မီးဖိုေခ်ာင္၊ ထမင္းစားပြဲနဲ႔ အိမ္ရဲ႕ေနရာအႏွံ႔မွာ ေတြ႕ရတတ္တဲ့ ပု႐ြက္ဆိတ္ေတြကိုေတာ့

သူတို႔ လာတတ္တဲ့ ေနရာတဝိုက္မွာ သခြားသီး စိတ္ေလးေတြ ထားေပးျခင္းအားျဖင့္ ေဝးေဝးေျပးေစႏိုင္မွာ ျဖစ္ပါတယ္။

ေနာက္ထပ္ နည္းလမ္းေကာင္းတခုကေတာ့ သစ္ႀကံပိုးေခါက္မႈန႔္ အနည္းငယ္ကို

ပု႐ြက္ဆိတ္ေတြရွိတဲ့ ေနရာတဝိုက္မွာ ျဖဴးေပးထားျခင္း အားျဖင့္လည္း ႏွိမ္နင္းႏိုင္မွာ ျဖစ္ပါတယ္။

(၂) ပိုးဟပ္ ။ ပိုးဟပ္ေတြက အႏၲရာယ္မ်ားတဲ့ ကူးစက္ေရာဂါေတြကို သယ္ယူလာႏိုင္တဲ့ အင္းဆက္တမ်ိဳး

ျဖစ္တာေၾကာင့္အထူး သတိထားသင့္ပါတယ္။ သခြားသီးစိတ္ေလးေတြကို ပိုးဟပ္ေတြ လာတတ္တဲ့ေနရာေတြမွာ ထား

ေပးျခင္းအားျဖင့္ ႏွိမ္နင္းႏိုင္သလို ပိုးဟပ္ေတြရွိတဲ့ ေနရာ တဝိုက္ကို ဆပ္ျပာ

အရည္ေဖ်ာ္ၿပီး ေလာင္းခ်ေပးျခင္းအားျဖင့္လည္း ႏွိမ္နင္းႏိုင္မွာ ျဖစ္ပါတယ္။

(၃) ဆႏၸိဳး ။ ဆန္ပုံးထဲက ဆန္ေတြ ခဏခဏ ပိုးတက္လို႔ စိတ္ညစ္ေနရတဲ့ အိမ္ရွင္မေတြ အေနနဲ႔

ဆန္ပုံးထဲကို ေလးညႇင္းပြင့္ ဒါမွမဟုတ္ ကရေဝး႐ြက္တို႔ကို ထည့္ၿပီး ႏွိမ္နင္းႏိုင္မွာ ျဖစ္ပါတယ္။

(၄) ယင္ေကာင္ ။ အစားအစာေတြမွာ နားတတ္တဲ့ ယင္ေကာင္ေတြဟာ က်န္းမာေရးအတြက္

အႏၲရာယ္ရွိလွတဲ့ အင္းဆက္တမ်ိဳး ျဖစ္ၿပီး ယင္ေကာင္ေတြကို ႏွိမ္နင္းႏိုင္ဖို႔

နည္းလမ္းေကာင္းကေတာ့ ယူကလစ္ဆီအနည္းငယ္ကို

ခ်ည္ထည္ အဝတ္စတခုေပၚမွာ အနည္းငယ္ အစက္ခ် ထည့္ေပးၿပီး ယင္ေကာင္ေတြ

ရွိတဲ့ ေနရာတဝိုက္မွာ ထားေပးျခင္းအားျဖင့္ ႏွိမ္နင္းႏိုင္မွာ ျဖစ္ပါတယ္။

Ref : dengarden.com

Unicode

အိမ်တွင်းက အင်းဆက်ပိုးမွှားတွေကို ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ပိုးသတ်ဆေးတွေရဲ့ အကူအညီနဲ့ နှိမ်နှင်း

နိုင်တယ်ဆိုပေမယ့် ဓာတုပစ္စည်းတွေ ပါဝင်တဲ့ ပိုးသတ်ဆေးတွေကို ရေရှည်အသုံးပြုမယ် ဆိုရင် ကျန်းမာရေးကို

ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်မို့လို့ အင်းဆက်ပိုးမွှားတွေကို သဘာဝပစ္စည်းတွေ အသုံးပြုပြီး

နှိမ်နင်းနိုင်မယ့် နည်းလမ်းကောင်းတွေ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) ပုရွက်ဆိတ် ။ မီးဖိုချောင်၊ ထမင်းစားပွဲနဲ့ အိမ်ရဲ့နေရာအနှံ့မှာ တွေ့ရတတ်တဲ့ ပုရွက်ဆိတ်တွေကိုတော့

သူတို့ လာတတ်တဲ့ နေရာတဝိုက်မှာ သခွားသီး စိတ်လေးတွေ ထားပေးခြင်းအားဖြင့် ဝေးဝေးပြေးစေနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် နည်းလမ်းကောင်းတခုကတော့ သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်ကို ပုရွက်ဆိတ်တွေရှိတဲ့

နေရာတဝိုက်မှာ ဖြူးပေးထားခြင်း အားဖြင့်လည်း နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

(၂) ပိုးဟပ် ။ ပိုးဟပ်တွေက အန္တရာယ်များတဲ့ ကူးစက်ရောဂါတွေကို သယ်ယူလာနိုင်တဲ့ အင်းဆက်တမျိုး

ဖြစ်တာကြောင့်အထူး သတိထားသင့်ပါတယ်။ သခွားသီးစိတ်လေးတွေကို ပိုးဟပ်တွေ လာတတ်တဲ့နေရာတွေမှာ ထား

ပေးခြင်းအားဖြင့် နှိမ်နင်းနိုင်သလို ပိုးဟပ်တွေရှိတဲ့ နေရာ တဝိုက်ကို ဆပ်ပြာ

အရည်ဖျော်ပြီး လောင်းချပေးခြင်းအားဖြင့်လည်း နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

(၃) ဆန္ပိုး ။ ဆန်ပုံးထဲက ဆန်တွေ ခဏခဏ ပိုးတက်လို့ စိတ်ညစ်နေရတဲ့ အိမ်ရှင်မတွေ အနေနဲ့

ဆန်ပုံးထဲကို လေးညှင်းပွင့် ဒါမှမဟုတ် ကရဝေးရွက်တို့ကို ထည့်ပြီး နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

(၄) ယင်ကောင် ။ အစားအစာတွေမှာ နားတတ်တဲ့ ယင်ကောင်တွေဟာ ကျန်းမာရေးအတွက်

အန္တရာယ်ရှိလှတဲ့ အင်းဆက်တမျိုး ဖြစ်ပြီး ယင်ကောင်တွေကို နှိမ်နင်းနိုင်ဖို့ နည်းလမ်းကောင်းကတော့ ယူကလစ်ဆီအနည်းငယ်ကို

ချည်ထည် အဝတ်စတခုပေါ်မှာ အနည်းငယ် အစက်ချ ထည့်ပေးပြီး ယင်ကောင်တွေ ရှိတဲ့

နေရာတဝိုက်မှာ ထားပေးခြင်းအားဖြင့် နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

Ref : dengarden.com