ပန်ကာဖွင့်ပြီး အိပ်တတ်သူတွေ ဖတ်ဖြစ်အောင်ဖတ်ပါ

Zawgyi

ပန္ကာဖြင့္ၿပီး အိပ္တတ္သူေတြ ဖတ္ျဖစ္ေအာင္ဖတ္ပါ

ပန္ကာနဲ႔ အိပ္စက္ျခင္းက သင့္က်န္းမာေရးအတြက္ ဘာလို႔မေကာင္းတာလဲ

ပန္ကာမဖြင့္ဘဲနဲ႔ မအိပ္တတ္ၾကတဲ့သူေတြကို ေတြ႕ဖူးၾကတယ္မလား။ အရမ္းပူတဲ့ညေတြမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ခ်င္တဲ့

သူေတြက သူတို႔ကို ေလ တိုက္႐ိုက္ထိေတြ႕မွ အိပ္ေပ်ာ္တတ္ၾကတာပါ။ ပန္ကာက အဆိပ္သင့္ေစႏိုင္တဲ့အရာမ

ဟုတ္ေပးမဲ့ ညဘက္မွာ အသုံးျပဳတာက အက်ိဳးဆက္ကို ႀကဳံေတြ႕ရႏိုင္ပါတယ္။ ပန္ကာနဲ႔ အိပ္ရင္

သင့္ခႏၶာကိုယ္က ဘယ္လိုတုံ႔ျပန္လာမလဲဆိုတာကို ေျပာျပေပးပါမယ္။

သင့္ပါးစပ္နဲ႔ ႏွာေခါင္းဆိုင္ရာ ေလလမ္းေၾကာင္းေတြကို ေျခာက္ေစပါတယ္

အိပ္တဲ့အခါ ပန္ကာဖြင့္ထားတာက သင့္ခႏၶာကိုယ္က အစိုဓာတ္နဲ႔ ေခြၽးေတြကို ေရေငြ႕ပ်ံ႕သြားေအာင္

ကူညီေပးၿပီး ေရဓာတ္ကုန္ခန္းတာ၊ ပါးစပ္နဲ ႏွာေခါင္းဆိုင္ရာ ေလလမ္းေၾကာင္းေျခာက္ေသြ႕တာေတြ ျဖစ္လာေစႏိုင္ပါတယ္။

သင္က ပန္ကာဖြင့္ၿပီးမွ အိပ္တတ္ရင္ ဒီအက်ိဳးဆက္ေတြက ျမန္ျမန္ဆန္ဆန္ေပၚလာႏိုင္တဲ့အတြက္

ေသခ်ာအာ႐ုံစိုက္ထားဖို႔ေတာ့လိုပါတယ္။ ဒါေပမဲ့ ေရတစ္ခြက္က သင္လိုအပ္တဲ့ ေရကို သိုေလွာင္ဖို႔အတြက္ လုံေလာက္ပါတယ္။

ဓာတ္မတည့္ျခင္းကို ပိုဆိုး႐ြားလာေစႏိုင္တယ္

သင္က ဓာတ္မတည့္တဲ့ ေရာဂါရွိတယ္ဆိုရင္ ပန္ကာဖြင့္ၿပီး အိပ္တာက ေကာင္းတဲ့အႀကံဉာဏ္ေတာ့မဟုတ္ပါဘူး။

ပန္ကာေလက အလာဂ်စ္အမႈန႔္အမႊားေတြကို လည္ပတ္ေစၿပီး ပန္းနာရင္က်ပ္ေရာဂါ၊ မ်က္လုံးေျခာက္တာ၊

မ်က္လုံးဓာတ္မတည့္တာ၊ ဖ်ားနာႏိုင္ေခ်ေတြ တိုးလာေစႏိုင္ပါတယ္။

ႂကြက္တက္ျခင္းကို ျဖစ္ေစႏိုင္တယ္

ညဘက္မွာ အပူခ်ိန္က ျမန္ျမန္ဆန္ဆန္ေလ်ာ့နည္းသြားၿပီး သင့္ခႏၶာကိုယ္က ပန္ကာကထုတ္လုပ္တဲ့

အေအးနဲ႔ထိေတြ႕တာက ႂကြက္သားနာက်င္တာ၊ ႂကြက္တာတာေတြရဲ႕အေၾကာင္းအရင္းေတြထဲက တစ္ခုပါပဲ။

ပန္ကာက ထုတ္လႊတ္တဲ့ေလက ညဘက္မွာ သင့္အပူခ်ိန္ကို တိုးလာေစၿပီး ေခါင္းကိုက္တာ၊ ပ်ိဳ႕အန္တာလို အပူနဲ႔

ဆက္စပ္တဲ့ေနမေကာင္းတာေတြျဖစ္လာႏိုင္ပါတယ္။ ပန္ကာကို ဖြင့္အိပ္မယ့္အစား ဘယ္လိုလုပ္ရမလဲဆိုတာကိုလည္း မွ်ေဝေပးလိုက္ပါတယ္။

ျပတင္းေပါက္ေတြ ဖြင့္အိပ္ပါ

ပူအိုက္တဲ့ညေတြအတြက္ ႐ိုးရွင္းတဲ့ေျဖရွင္းနည္းက ျပတင္းေပါက္ေတြ ဖြင့္ထားဖို႔ပါပဲ။ သဘာဝေအးျမတဲ့ေလက

သင့္အခန္းကို ေအးသြားေစပါလိမ့္မယ္။ ျပတင္းေပါက္ဖြင့္ထားလို႔ ျခင္ကိုက္မွာ ဆိုးရင္ ျခင္ေျပးဇကာကို ျပတင္းေပါက္မွာ တပ္ထားလို႔ရပါတယ္။

အိပ္ရာအနီးနားမွာ ေရစိုတစ္ဘတ္ (သို႔) ေရျဖည့္ထားတဲ့ပုံးတစ္ပုံးထားပါ

သင့္အခန္း ေအးေနေစဖို႔ အိပ္ရာေဘးနားမွာ ေရစိုတစ္ဘတ္ (သို႔) ေရျဖည့္ထားတဲ့ပုံးကို ခ်ထားပါ။

ဒီနည္းက သင့္အိပ္ခန္းထဲမွာ အစိုဓာတ္ရလာေအာင္ ကူညီေပးႏိုင္ပါတယ္။

ပန္ကာကို ေနရာေျပာင္းၿပီး ဖြင့္ထားပါ

သင္က ပန္ကာမပါဘဲ မအိပ္ႏိုင္ရင္ ပန္ကာကို အျခားဘက္ကိ လွည့္ထားၿပီး ဖြင့္ဖို႔ႀကိဳးစားၾကည့္ပါ။

ဒီနည္းက ပန္ကာေလကို သင့္ဆီ တိုက္႐ိုက္ထိေတြ႕ေစမွာမဟုတ္ပါဘူး။ ဒါမွ အျပင္ဘက္ေလေတြက သင့္အခန္းထဲဝင္လာေအာင္ ကူညီေပးႏိုင္မွာျဖစ္ပါတယ္။

Credit

Unicode

ပန်ကာဖွင့်ပြီး အိပ်တတ်သူတွေ ဖတ်ဖြစ်အောင်ဖတ်ပါ

ပန်ကာနဲ့ အိပ်စက်ခြင်းက သင့်ကျန်းမာရေးအတွက် ဘာလို့မကောင်းတာလဲ

ပန်ကာမဖွင့်ဘဲနဲ့ မအိပ်တတ်ကြတဲ့သူတွေကို တွေ့ဖူးကြတယ်မလား။ အရမ်းပူတဲ့ညတွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ချင်တဲ့

သူတွေက သူတို့ကို လေ တိုက်ရိုက်ထိတွေ့မှ အိပ်ပျော်တတ်ကြတာပါ။ ပန်ကာက အဆိပ်သင့်စေနိုင်တဲ့အရာမ

ဟုတ်ပေးမဲ့ ညဘက်မှာ အသုံးပြုတာက အကျိုးဆက်ကို ကြုံတွေ့ရနိုင်ပါတယ်။ ပန်ကာနဲ့ အိပ်ရင်

သင့်ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်လာမလဲဆိုတာကို ပြောပြပေးပါမယ်။

သင့်ပါးစပ်နဲ့ နှာခေါင်းဆိုင်ရာ လေလမ်းကြောင်းတွေကို ခြောက်စေပါတယ်

အိပ်တဲ့အခါ ပန်ကာဖွင့်ထားတာက သင့်ခန္ဓာကိုယ်က အစိုဓာတ်နဲ့ ချွေးတွေကို ရေငွေ့ပျံ့သွားအောင်

ကူညီပေးပြီး ရေဓာတ်ကုန်ခန်းတာ၊ ပါးစပ်နဲ နှာခေါင်းဆိုင်ရာ လေလမ်းကြောင်းခြောက်သွေ့တာတွေ ဖြစ်လာစေနိုင်ပါတယ်။

သင်က ပန်ကာဖွင့်ပြီးမှ အိပ်တတ်ရင် ဒီအကျိုးဆက်တွေက မြန်မြန်ဆန်ဆန်ပေါ်လာနိုင်တဲ့အတွက်

သေချာအာရုံစိုက်ထားဖို့တော့လိုပါတယ်။ ဒါပေမဲ့ ရေတစ်ခွက်က သင်လိုအပ်တဲ့ ရေကို သိုလှောင်ဖို့အတွက် လုံလောက်ပါတယ်။

ဓာတ်မတည့်ခြင်းကို ပိုဆိုးရွားလာစေနိုင်တယ်

သင်က ဓာတ်မတည့်တဲ့ ရောဂါရှိတယ်ဆိုရင် ပန်ကာဖွင့်ပြီး အိပ်တာက ကောင်းတဲ့အကြံဉာဏ်တော့မဟုတ်ပါဘူး။

ပန်ကာလေက အလာဂျစ်အမှုန့်အမွှားတွေကို လည်ပတ်စေပြီး ပန်းနာရင်ကျပ်ရောဂါ၊ မျက်လုံးခြောက်တာ၊

မျက်လုံးဓာတ်မတည့်တာ၊ ဖျားနာနိုင်ချေတွေ တိုးလာစေနိုင်ပါတယ်။

ကြွက်တက်ခြင်းကို ဖြစ်စေနိုင်တယ်

ညဘက်မှာ အပူချိန်က မြန်မြန်ဆန်ဆန်လျော့နည်းသွားပြီး သင့်ခန္ဓာကိုယ်က ပန်ကာကထုတ်လုပ်တဲ့

အအေးနဲ့ထိတွေ့တာက ကြွက်သားနာကျင်တာ၊ ကြွက်တာတာတွေရဲ့အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။

ပန်ကာက ထုတ်လွှတ်တဲ့လေက ညဘက်မှာ သင့်အပူချိန်ကို တိုးလာစေပြီး ခေါင်းကိုက်တာ၊ ပျို့အန်တာလို အပူနဲ့

ဆက်စပ်တဲ့နေမကောင်းတာတွေဖြစ်လာနိုင်ပါတယ်။ ပန်ကာကို ဖွင့်အိပ်မယ့်အစား ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း မျှဝေပေးလိုက်ပါတယ်။

ပြတင်းပေါက်တွေ ဖွင့်အိပ်ပါ

ပူအိုက်တဲ့ညတွေအတွက် ရိုးရှင်းတဲ့ဖြေရှင်းနည်းက ပြတင်းပေါက်တွေ ဖွင့်ထားဖို့ပါပဲ။ သဘာဝအေးမြတဲ့လေက

သင့်အခန်းကို အေးသွားစေပါလိမ့်မယ်။ ပြတင်းပေါက်ဖွင့်ထားလို့ ခြင်ကိုက်မှာ ဆိုးရင် ခြင်ပြေးဇကာကို ပြတင်းပေါက်မှာ တပ်ထားလို့ရပါတယ်။

အိပ်ရာအနီးနားမှာ ရေစိုတစ်ဘတ် (သို့) ရေဖြည့်ထားတဲ့ပုံးတစ်ပုံးထားပါ

သင့်အခန်း အေးနေစေဖို့ အိပ်ရာဘေးနားမှာ ရေစိုတစ်ဘတ် (သို့) ရေဖြည့်ထားတဲ့ပုံးကို ချထားပါ။

ဒီနည်းက သင့်အိပ်ခန်းထဲမှာ အစိုဓာတ်ရလာအောင် ကူညီပေးနိုင်ပါတယ်။

ပန်ကာကို နေရာပြောင်းပြီး ဖွင့်ထားပါ

သင်က ပန်ကာမပါဘဲ မအိပ်နိုင်ရင် ပန်ကာကို အခြားဘက်ကိ လှည့်ထားပြီး ဖွင့်ဖို့ကြိုးစားကြည့်ပါ။

ဒီနည်းက ပန်ကာလေကို သင့်ဆီ တိုက်ရိုက်ထိတွေ့စေမှာမဟုတ်ပါဘူး။ ဒါမှ အပြင်ဘက်လေတွေက သင့်အခန်းထဲဝင်လာအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။

Credit