Sun. Nov 28th, 2021

Zawgyi

ဆီးေက်ာက္တည္ေရာဂါ၏ ေနာက္ဆက္တြဲလကၡဏာမ်ား

ဆီးလမ္းေၾကာင္းတြင္ ေက်ာက္တည္ေနသည္ကို စနစ္တက် မကုသဘဲထားခဲ့လွ်င္ဆီးလမ္းေၾကာင္းအတြင္းသို႔

ဘက္တီးရီးယားေရာဂါပိုးမ်ား မၾကာခဏဝင္ၿပီး ဖ်ားနာတတ္ပါသည္။ ပိုဆိုးလွ်င္ အဆိုပါေရာဂါပိုးမ်ား

ေသြးထဲသို႔ ပ်ံ႕ႏွံ႔ေရာက္ရွိၿပီး အသက္ဆုံးရႈံးသည္အထိ ျဖစ္ႏိုင္ပါသည္။

ေက်ာက္မွာ တျဖည္းျဖည္းႀကီးလာၿပီး ေက်ာက္ကပ္တစ္သွ်ဴးမ်ားကို ဖ်က္ဆီးပစ္ႏိုင္ေသာေၾကာင့္ ၾကာလွ်င္

ေက်ာက္ကပ္တစ္ခုလုံး ပ်က္စီးသြားႏိုင္ပါသည္။ဆီးလမ္းေၾကာင္းမွ မၾကာခဏဆိုသလို ေသြးနည္းနည္းခ်င္းထြက္ၿပီး

ဆီးႏွင့္အတူ ဆုံးရႈံးေလ့ရွိသည့္အတြက္နာတာရွည္ေသြးအားနည္းေရာဂါ ျဖစ္ႏိုင္ပါသည္။

ထို႔အျပင္ ေက်ာက္ကပ္၏ လုပ္ငန္းေဆာင္တာမ်ားထဲမွ တစ္ခုျဖစ္သည့္ ေသြးနီဥမ်ားထြက္ေစရန္ လႈံ႕ေဆာ္ေပးေသာ အီရက္သ႐ိုပြိဳင္တင္

ဟိုမုန္းဓာတ္ထုတ္လုပ္မႈကိုပါ က်ဆင္းေစၿပီး ေသြးအားနည္းေရာဂါကို ပိုမိုဆိုး႐ြားေစပါသည္။

ေက်ာက္ကပ္၏ လုပ္ငန္းေဆာင္တာမ်ားကို ထိခိုက္လာခဲ့လွ်င္ ေသြးတိုးေရာဂါ ျဖစ္တတ္ပါသည္။ ေက်ာက္ကပ္ႏွစ္ခုစလုံး၌

ေက်ာက္တည္ပါက ၾကာလွ်င္နာတာရွည္ ေက်ာက္ကပ္အားနည္းေရာဂါ ျဖစ္လာႏိုင္ပါသည္။

Unicode

ဆီးကျောက်တည်ရောဂါ၏ နောက်ဆက်တွဲလက္ခဏာများ

ဆီးလမ်းကြောင်းတွင် ကျောက်တည်နေသည်ကို စနစ်တကျ မကုသဘဲထားခဲ့လျှင်ဆီးလမ်းကြောင်းအတွင်းသို့

ဘက်တီးရီးယားရောဂါပိုးများ မကြာခဏဝင်ပြီး ဖျားနာတတ်ပါသည်။ ပိုဆိုးလျှင် အဆိုပါရောဂါပိုးများ

သွေးထဲသို့ ပျံ့နှံ့ရောက်ရှိပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။

ကျောက်မှာ တဖြည်းဖြည်းကြီးလာပြီး ကျောက်ကပ်တစ်သျှူးများကို ဖျက်ဆီးပစ်နိုင်သောကြောင့် ကြာလျှင်

ကျောက်ကပ်တစ်ခုလုံး ပျက်စီးသွားနိုင်ပါသည်။ဆီးလမ်းကြောင်းမှ မကြာခဏဆိုသလို သွေးနည်းနည်းချင်းထွက်ပြီး

ဆီးနှင့်အတူ ဆုံးရှုံးလေ့ရှိသည့်အတွက်နာတာရှည်သွေးအားနည်းရောဂါ ဖြစ်နိုင်ပါသည်။

ထို့အပြင် ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများထဲမှ တစ်ခုဖြစ်သည့် သွေးနီဥများထွက်စေရန် လှုံ့ဆော်ပေးသော အီရက်သရိုပွိုင်တင်

ဟိုမုန်းဓာတ်ထုတ်လုပ်မှုကိုပါ ကျဆင်းစေပြီး သွေးအားနည်းရောဂါကို ပိုမိုဆိုးရွားစေပါသည်။

ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများကို ထိခိုက်လာခဲ့လျှင် သွေးတိုးရောဂါ ဖြစ်တတ်ပါသည်။ ကျောက်ကပ်နှစ်ခုစလုံး၌

ကျောက်တည်ပါက ကြာလျှင်နာတာရှည် ကျောက်ကပ်အားနည်းရောဂါ ဖြစ်လာနိုင်ပါသည်။