Zawgyi

“ေလစာအမ်ိဳးမ်ိဳး ႏွင့္ ဆင္ျခင္စရာမ်ား”

ျမန္မာစကားတြင္ ေလပြသည္၊ ေလခ်ဳပ္သည္၊ ေလေအာင့္သည္၊ ေလထိုးသည္၊ ေလအန္သည္၊

ေလက်စ္သည္၊ ေလလွန္သည္၊ ေလသက္သည္၊ ေလလည္သည္ စသည္ျဖင့္ ေလႏွင့္ပတ္သက္ေသာ

ေဝါ ဟာရအမ်ိဳးမ်ိဳး ရွိေပသည္။အေျခအေန အမ်ိဳးမ်ိဳးအေပၚ မူတည္၍ ေလပြလွ်င္ ေလစာကို ေရွာင္ရမည္။

ေလခ်ဳပ္လွ်င္၊ ေလ က်စ္လွ်င္၊ ေလမေလွ်ာက္လွ်င္ ေလစာကို စားေပးသင့္သည္။ ေလမလည္လွ်င္

ေလေဆး ေပးရမည္ စသည္ ျဖင့္ ရွိေလရာ ေလစာအမ်ိဳးမ်ိဳးကို သိထားသင့္ေပသည္။

ေဆးအဘိဓာန္ အဖြင့္က်မ္းတြင္ ဝါေယာဓာတ္ႀကိဳက္ အစာဟု ေဖာ္ျပထားသည္မွာ-

၁။ လက္ဖက္၊ ၂။ တမာ၊ ၃။ ကန္႔ကလာ၊

၄။ ဆူးပုပ္၊ ၅။ ေၾကာင္ပန္း၊ ၆။ ေၾကာင္လွ်ာသီး၊

၇။ က်ီးအာသီး၊ ၈။ ကင္းပုံသီး၊ ၉။ ပုံလုံသီး၊

၁၀။ ၾကက္ဟင္းခါးသီး၊ ၁၁။ ေခြးေတာက္႐ြက္၊ ၁၂။ ေတာေရွာက္၊

၁၃။ သပြတ္သီး၊ ၁၄။ မလႊ၊ ၁၅။ ၾကက္ဆူ၊

၁၆။ ခရမ္းသီး၊ ၁၇။ သေဘၤာသီး၊ သေဘၤာ႐ြက္၊ ၁၈။ ဂုံခါး၊

၁၉။ ကုလားမ်က္စိ၊ ၂၀။ ငါးရံ႕ပတူ၊ ၂၁။ ကေစာ့႐ြက္ စသည္ျဖင့္ ေဖာ္ျပထားသည္။

ေလအားနည္းလွ်င္၊ ေလမသက္လွ်င္၊ အေၾကာအျခင္မ်ားတြင္ ေလေလွ်ာက္အား နည္းေနလွ်င္

အ ထက္ပါ အသီး၊ အ႐ြက္၊ အပြင့္မ်ားကို ဓာတ္စာအျဖစ္ စားႏိုင္ေပသည္။အကယ္၍ ေလပြေနလွ်င္၊

ေလလြန္ေနလွ်င္၊ တစ္နည္းအားျဖင့္ ေသြးတိုးေနလွ်င္၊ ေသြးတက္ေန လွ်င္ အထက္ပါ ေလစာမ်ားကို ေရွာင္ၾကဥ္ၿပီး စားသုံးရမည္ ျဖစ္သည္။

ဝက္သားစားၿပီး ေသြးတိုးေနသူသည္ ၾကက္ဟင္းခါးသီး ခ်က္စားမိသျဖင့္ ဦးေႏွာက္ေသြးေၾကာ ျပတ္ၿပီး

ေသဆုံးသြားရသူမွာ ေလစာကို ႏွစ္မ်ိဳးဆင့္ စားမိေသာေၾကာင့္ ျဖစ္ေပသည္။ထို႔အျပင္ အာယုေဗၺဒ

ေဆးပညာတြင္ ေလပကတိျဖင့္ ေမြးဖြားလာသူဟူ၍ ရွိေသးသည္။ ထိုသူမ်ား မွာ ေမြးရာပါ ေလလြန္ေနသူမ်ား ျဖစ္သည္။

ေလစာကို အၿမဲေရွာင္သင့္သူမ်ား ျဖစ္သည္။

သိမ္ျဖဴဆရာေတာ္ ၏ ေဆးပညာ ဥပေဒသက်မ္း (ပထမတြဲ)တြင္ ေဖာ္ျပထားေသာ ေလပကတိ ရွိသူမ်ား၏ ႐ုပ္လကၡဏာမ်ား မွာ-

၁။ ဆံပင္အဖ်ား ကြဲျခင္း၊ နီျခင္း၊ နည္းျခင္းရွိသူ၊

၂။ ေျခလွမ္းေသာအခါ အ႐ိုးအဆက္မွ အသံျမည္သူ၊

၃။ အသံၾကမ္း၊ အသံကြဲသူ၊

၄။ စကားမ်ားျခင္း၊ အက်ိဳးမဲ့လြန္စြာ ေျပာတတ္သူ၊

၅။ အစားႀကီး၍ ခ်ိဳ၊ ခ်ဥ္၊ စပ္ႏွင့္ အေစးမ်ားေသာ အသားႀကိဳက္ျခင္း၊

၆။ ဂီတ၊ ျပက္ရယ္မႈႏွင့္ ေတာေတာင္၌ ေမြ႕ေလ်ာ္ျခင္း၊

၇။ ကုန္းေခ်ာေျပာဆို၊ ခိုက္ရန္ျဖစ္ပြားမႈ၌ ေမြ႕ေလ်ာ္ျခင္း၊

၈။ အအိပ္နည္းျခင္း၊ အိပ္သည့္အခါ မ်က္စိဖြင့္တက္ျခင္း၊

၉။ အိပ္ေသာအခါ အိပ္မက္တြင္ သစ္ပင္၊ အျမင့္၊ ေကာင္းကင္ ပ်ံတက္သည္ဟု မက္တတ္ျခင္း၊

၁၀။ ကိုယ္၊ ႏႈတ္ အမူအယာ မတည္ၿငိမ္ျခင္း-

စသည္တို႔အျပင္ ဘာဝပၸကာသက်မ္း၌ ေျခဖဝါး၊ လက္ဖဝါးကြဲျခင္း၊ ပိန္ႀကဳံျခင္း၊ လ်င္စြာသြားလာ

တတ္ျခင္း၊ အသားအေရ ေျခာက္ကပ္ျခင္း စသည့္ လကၡဏာငါးမ်ိဳးကို ထပ္မံေဖာ္ျပထားသည္။

ထိုသူမ်ား သည္ ေမြးရာပါ ေလပကတိ ရွိသူမ်ား ျဖစ္သျဖင့္ ေလပြ၊ ေလပ်က္ေစမည့္ အစာမ်ားကို ထပ္မံေရွာင္ရမည္ ျဖစ္သည္။

ထို႔အျပင္ အခါးဟူသမွ် ေလဓာတ္ႂကြသည္ဟု ဆို႐ိုးရွိသျဖင့္ ေလေရာဂါ အခံရွိသူမ်ားသည္ ခါး ေသာ

အရသာရွိေသာ အစာမွန္သမွ်ကိုလည္း သင့္႐ုံမွ်သာစား၍ လြန္ကဲေအာင္ မစားသင့္ေၾကာင္း တင္ျပ လိုက္ရေပသည္။ Credit – ၾကည္လြင္ျမင့္ (မုျဒာ)

Unicode

“လေစာအမျိုးမျိုး နှင့် ဆင်ခြင်စရာများ”

မြန်မာစကားတွင် လေပွသည်၊ လေချုပ်သည်၊ လေအောင့်သည်၊ လေထိုးသည်၊ လေအန်သည်၊

လေကျစ်သည်၊ လေလှန်သည်၊ လေသက်သည်၊ လေလည်သည် စသည်ဖြင့် လေနှင့်ပတ်သက်သော

ဝေါ ဟာရအမျိုးမျိုး ရှိပေသည်။အခြေအနေ အမျိုးမျိုးအပေါ် မူတည်၍ လေပွလျှင် လေစာကို ရှောင်ရမည်။

လေချုပ်လျှင်၊ လေ ကျစ်လျှင်၊ လေမလျှောက်လျှင် လေစာကို စားပေးသင့်သည်။ လေမလည်လျှင်

လေဆေး ပေးရမည် စသည် ဖြင့် ရှိလေရာ လေစာအမျိုးမျိုးကို သိထားသင့်ပေသည်။

ဆေးအဘိဓာန် အဖွင့်ကျမ်းတွင် ဝါယောဓာတ်ကြိုက် အစာဟု ဖော်ပြထားသည်မှာ-

၁။ လက်ဖက်၊ ၂။ တမာ၊ ၃။ ကန့်ကလာ၊

၄။ ဆူးပုပ်၊ ၅။ ကြောင်ပန်း၊ ၆။ ကြောင်လျှာသီး၊

၇။ ကျီးအာသီး၊ ၈။ ကင်းပုံသီး၊ ၉။ ပုံလုံသီး၊

၁၀။ ကြက်ဟင်းခါးသီး၊ ၁၁။ ခွေးတောက်ရွက်၊ ၁၂။ တောရှောက်၊

၁၃။ သပွတ်သီး၊ ၁၄။ မလွှ၊ ၁၅။ ကြက်ဆူ၊

၁၆။ ခရမ်းသီး၊ ၁၇။ သင်္ဘောသီး၊ သင်္ဘောရွက်၊ ၁၈။ ဂုံခါး၊

၁၉။ ကုလားမျက်စိ၊ ၂၀။ ငါးရံ့ပတူ၊ ၂၁။ ကစော့ရွက် စသည်ဖြင့် ဖော်ပြထားသည်။

လေအားနည်းလျှင်၊ လေမသက်လျှင်၊ အကြောအခြင်များတွင် လေလျှောက်အား နည်းနေလျှင်

အ ထက်ပါ အသီး၊ အရွက်၊ အပွင့်များကို ဓာတ်စာအဖြစ် စားနိုင်ပေသည်။အကယ်၍ လေပွနေလျှင်၊

လေလွန်နေလျှင်၊ တစ်နည်းအားဖြင့် သွေးတိုးနေလျှင်၊ သွေးတက်နေ လျှင် အထက်ပါ လေစာများကို ရှောင်ကြဉ်ပြီး စားသုံးရမည် ဖြစ်သည်။

ဝက်သားစားပြီး သွေးတိုးနေသူသည် ကြက်ဟင်းခါးသီး ချက်စားမိသဖြင့် ဦးနှောက်သွေးကြော ပြတ်ပြီး

သေဆုံးသွားရသူမှာ လေစာကို နှစ်မျိုးဆင့် စားမိသောကြောင့် ဖြစ်ပေသည်။ထို့အပြင် အာယုဗ္ဗေဒ

ဆေးပညာတွင် လေပကတိဖြင့် မွေးဖွားလာသူဟူ၍ ရှိသေးသည်။ ထိုသူများ မှာ မွေးရာပါ လေလွန်နေသူများ ဖြစ်သည်။

လေစာကို အမြဲရှောင်သင့်သူများ ဖြစ်သည်။

သိမ်ဖြူဆရာတော် ၏ ဆေးပညာ ဥပဒေသကျမ်း (ပထမတွဲ)တွင် ဖော်ပြထားသော လေပကတိ ရှိသူများ၏ ရုပ်လက္ခဏာများ မှာ-

၁။ ဆံပင်အဖျား ကွဲခြင်း၊ နီခြင်း၊ နည်းခြင်းရှိသူ၊

၂။ ခြေလှမ်းသောအခါ အရိုးအဆက်မှ အသံမြည်သူ၊

၃။ အသံကြမ်း၊ အသံကွဲသူ၊

၄။ စကားများခြင်း၊ အကျိုးမဲ့လွန်စွာ ပြောတတ်သူ၊

၅။ အစားကြီး၍ ချို၊ ချဉ်၊ စပ်နှင့် အစေးများသော အသားကြိုက်ခြင်း၊

၆။ ဂီတ၊ ပြက်ရယ်မှုနှင့် တောတောင်၌ မွေ့လျော်ခြင်း၊

၇။ ကုန်းချောပြောဆို၊ ခိုက်ရန်ဖြစ်ပွားမှု၌ မွေ့လျော်ခြင်း၊

၈။ အအိပ်နည်းခြင်း၊ အိပ်သည့်အခါ မျက်စိဖွင့်တက်ခြင်း၊

၉။ အိပ်သောအခါ အိပ်မက်တွင် သစ်ပင်၊ အမြင့်၊ ကောင်းကင် ပျံတက်သည်ဟု မက်တတ်ခြင်း၊

၁၀။ ကိုယ်၊ နှုတ် အမူအယာ မတည်ငြိမ်ခြင်း-

စသည်တို့အပြင် ဘာဝပ္ပကာသကျမ်း၌ ခြေဖဝါး၊ လက်ဖဝါးကွဲခြင်း၊ ပိန်ကြုံခြင်း၊ လျင်စွာသွားလာ

တတ်ခြင်း၊ အသားအရေ ခြောက်ကပ်ခြင်း စသည့် လက္ခဏာငါးမျိုးကို ထပ်မံဖော်ပြထားသည်။

ထိုသူများ သည် မွေးရာပါ လေပကတိ ရှိသူများ ဖြစ်သဖြင့် လေပွ၊ လေပျက်စေမည့် အစာများကို ထပ်မံရှောင်ရမည် ဖြစ်သည်။

ထို့အပြင် အခါးဟူသမျှ လေဓာတ်ကြွသည်ဟု ဆိုရိုးရှိသဖြင့် လေရောဂါ အခံရှိသူများသည် ခါး သော

အရသာရှိသော အစာမှန်သမျှကိုလည်း သင့်ရုံမျှသာစား၍ လွန်ကဲအောင် မစားသင့်ကြောင်း တင်ပြ လိုက်ရပေသည်။ Credit – ကြည်လွင်မြင့် (မုဒြာ)