Tue. Dec 7th, 2021

Zawgyi


” ဇီးသီး “သည် ရေဓာတ်များ ပါဝင်ပြီး ချို အေး သည့် အရသာရှိ ပြီး လူအများ နှစ်သက်စွာ စားသုံးကြပါတယ်။



တစ်နှစ်တွင် တစ်ခါသာပေါ်လေ့ရှိသော ရာသီစာအသီးအနှံတစ်မျိုး ဖြစ်ပါတယ်။


မြန်မာနိုင်ငံ တွင် ” ဇီးသီး ” အမျိုး ပေါင်း များစွာ ရှိပါတယ် ဇီးချိုသီး ဇီးချဉ်သီး ဇီးပဲလှော် ဇီးကြက်ဥ တောဇီးသီး ဟူ၍

အမျိုးအစားပေါင်း များစွာရှိကြသည်တွင် စလေ နယ် တစ်ဝိုက် မှ ထွက်ရှိသော ဇီးသီး သည် စလေဇီးသီး ဟုနာမည် ကျော် လူကြိုက် များလှပါတယ်



ဇီးသီးခြောက်ကို ထန်းလျက်ဖြင့် ကြို၍ ဇီးယိုဇီးတော်ဖီ ဇီးသီးအမှုန့်ယို ဟူ၍ အမျိုးမျိုး







ဇီးသီး ” စားခြင်း ရဲ့ကျန်းမာရေး ကောင်းကျိုးများကတော –










ဆီး ရွှင်စေခြင်း




ထို့အပြင် အမျိုးသမီးများ အလှအပရေးရာအတွက်လည်း





credit: mamamyanmar

Unicode

” ဇီးသီး “ဟာ ရာသီစာ ဖြစ်တဲ့အတွက် တစ်နှစ်ပတ်လုံးစားခွင့်မကြုံနိုင်ပါ

” ဇီးသီး “သည် ရေဓာတ်များ ပါဝင်ပြီး ချိူ အေး သည့် အရသာရှိ ပြီး လူအများ နှစ်သက်စွာ စားသုံးကြပါတယ်။

လူသားတို့၏ကျန်းမာရေးကို အကျိုးပြုစေသော ဗီတာမင် နှင့်သတ္တုဓာတ်များစွာ့ပါရှိပါတယ်

ဘေးဥပါဒ် ဖြစ်စေသော ကိုလက်စထရောလုံး၀ မပါဝင်ပါ

တစ်နှစ်တွင် တစ်ခါသာပေါ်လေ့ရှိသော ရာသီစာအသီးအနှံတစ်မျိူး ဖြစ်ပါတယ်။

” ဇီးသီး “သည် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင်ပေါက်ရောက်ပြီး ဇီးသီး အများဆုံ ရရှိ သည့်ရာသီမှာ ဆောင်းရာသီ ဖြစ်ပါတယ်

မြန်မာနိုင်ငံ တွင် ” ဇီးသီး ” အမျိူး ပေါင်း များစွာ ရှိပါတယ် ဇီးချိူသီး ဇီးချဉ်သီး ဇီးပဲလှော် ဇီးကြက်ဥ တောဇီးသီး ဟူ၍

အမျိူးအစားပေါင်း များစွာရှိကြသည်တွင် စလေ နယ် တစ်ဝိုက် မှ ထွက်ရှိသော ဇီးသီး သည် စလေဇီးသီး ဟုနာမည် ကျော် လူကြိုက် များလှပါတယ်

အဆီဓာတ်လုံး၀မပါဘဲ ကယ်လိုရီ လုံလောက်တဲ့ ဆီးသီး လတ်လတ်ဆတ်ဆတ်ကို စားသုံးသင့်ပါတယ်။

“ဇီးသီး “သည် သဘာ၀အရသာ အရသာချိုချိုလေးမို့ရေစင်အောင်ဆေးပြီး သွားရည်စာအဖြစ်စားကြသလို

ဇီးသီးခြောက်ကို ထန်းလျက်ဖြင့် ကြို၍ ဇီးယိုဇီးတော်ဖီ ဇီးသီးအမှုန့်ယို ဟူ၍ အမျိူးမျိူး

ပြုလုပ်သော်က် ကြပါတယ် ဇီးသီးဖျော်ရည် ကိုလည်း လုအများနှစ်သက်စွာသောက်သုံးကြပါတယ်။

ဇီးသီးကို ထက်ခြမ်းခွဲ၍ ငရုတ်သီးမှုန့် တို့ဖြင့် အချဉ်ပေါင်းပြုလုပ် စားကြပါတယ်။

ဇီးသီးကိုသာမက ဇီးသီး ထဲရှိ အစေ့အဆံ ဟာ ၀မ်းလျှောရောဂါ ကိုပျောက်ကင်း သက်သာစေပါတယ်။

ဇီးပင်၏ အခေါက်ထဲရှိ ဗီတာမင်အေက အရပ်ရှည် စေပြီးခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက်

တွန်းအားပေးနိုင်ရုံသာမက မျိုးပွားအင်္ဂါ များ ခုခံအားစံနစ်လုပ်ဆောင်မှုတွေ ကိုလည်းကောင်းမွန်တယ် လို့ဆိုပါတယ်

” ဇီးသီး “တွင် လူတို့၏ ခန္ဓာကိုယ် အတွက် လိုအပ်သော ဗီတာမင်စီ ဗီတာမင်အေ ဗီတာမင်ကေ ဆိုဒီယမ် သံဓာတ်လိုင်ကိုဖင်းဓာတ် အမျှင်ဓာတ် များ ပါဝင် ပါတယ်။

ဇီးသီး ” စားခြင်း ရဲ့ကျန်းမာရေး ကောင်းကျိူးများကတော –

ရင်သားကင်ဆာ အူမကြီးကင်ဆာ ကင်ဆာရောဂါဖြစ်ပွားမှုမှ ကာကွယ်စေခြင်း

အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်စေခြင်း

နှလုံးရောဂါ သွေးတိုးရောဂါတို့မှကာကွယ် စေခြင်း

ခန္ဓာကိုယ်ထဲရှိ ဆံချည်မျှင်သွေးကြောများကို ကျန်းမာသန်စွမ်းစေခြင်း

ဦးနှောက် ကိုကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းအားလဲ တိုးတက်လာစေခြင်း

အမြင်အာရုံချို့တဲ့ခြင်းနှင့် မျက်လုံးကွယ်ခြင်းများမှ ကာကွယ်စေခြင်း

ကိုယ်ခံစွမ်း အားကို တိုးတက်မြင့်မားစေခြင်း

လေဖြတ်ခြင်းမှ ကာကွယ်ပေးခြင်း

ခန္ဓာကိုယ်တွင်း အပူရှိန်ကို လျော့ပါးသက်သာစေနိုင်ခြင်း

ဆီး ရွှင်စေခြင်း

ကျောက်ကပ်ရောဂါ ဖြစ်ပွားမှု ကို ကာကွယ်ပေးခြင်း

အရိုးပွခြင်းမှ ကာကွယ်ပေးနိုင်ခြင်း

အအေးမိ နှာစေး ချောင်းဆိုး စသည့်ကူးစက် ရာသီ ဖျားများ မှကာကွယ်ပေးခြင်း

ထို့အပြင် အမျိူးသမီးများ အလှအပရေးရာအတွက်လည်း

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုမှ ကာကွယ်စေပြီး ပါးရေတွန့်ခြင်း အရေးအကြောင်းဖြစ်ခြင်း တိုမှ

ကာကွယ်စေသည့်အပြင် အသားအရေကို ကြည်လင်တောက်ပစေပါတယ်

သွားပိုး စားခြင်းမှလည်းကာကွယ်စေပါတယ် ဟူ၍ ဆေးကျမ်း များတွင် ဖော်ပြထားကြပါတယ်

ဇီးသီးအား စားသုံးရာတွင် ပိုမွှားများ ကပ်တွယ်နိုင်သောကြောင့် ရောဂါအန္တရာယ်ကင်းဝေးအောင် ရေစင်အောင်ဆေးကြောစားသုံးဖို့တော့ လိုပါတယ်

credit: mamamyanmar