Zawgyi

လူတိုင္းဟာအန္ဆုံးေပါက္ျခင္းေၾကာင့္နာက်င္ျခင္းကို ခံစားဖူးၾကပါတယ္။အံဆုံးဆိုတာ

တတိယေျမာက္အံသြားကိုေခၚဆိုျခင္းျဖစ္ၿပီးအသက္၁၈ႏွစ္နဲ႔၂၅ႏွစ္အတြင္းရင့္က်က္တည္ၿငိမ္ေသာအ႐ြယ္မွာေပါက္တဲ့

သြားမို႔ပညာရွိသြား(wisdom tooth)လို႔လဲတင္စားၾကပါေသးတယ္။အံဆုံးေပါက္လို႔နာက်င္ျခင္းကို

ေလာေလာလတ္လတ္ခံစားေနရသူမ်ားအတြက္ ေအာက္ေဖာ္ျပပါနည္းလမ္းေကာင္းေလးေတြကကူညီေပးမွာ ျဖစ္လို႔ဆက္လက္ဖတ္ရႈၾကည့္ပါေနာ္။

(၁)ဆားျပဳတ္ရည္ဆားဆိုတာသဘာဝပိုးသတ္အာနိသင္ရွိေသာေဆးတစ္လက္ျဖစ္ပါတယ္။

ဆားကိုေရၾကက္သီးေႏြးမွာခပ္ထည့္ၿပီးထိုအရည္ျဖင့္ပလုတ္က်င္းေပးပါ။သြားကိုက္ျခင္းနဲ႔

လည္ပင္းနာျခင္းမ်ားကိုလ်င္ျမန္စြာသက္သာေစပါလိမ့္မယ္။ပလုတ္က်င္းရာမွာလဲမိနစ္အနည္းငယ္ၾကာေအာင္က်င္းဖို႔လိုၿပီး

တစ္ေန႔ကို ၄ႀကိမ္ခန႔္ျပဳလုပ္ႏိုင္ပါတယ္။လြယ္ကူၿပီးအက်ိဴးရွိေသာနည္းတစ္လက္ျဖစ္ပါတယ္။

(၃)ေရခဲကပ္ျခင္းေရခဲကေရာင္ယမ္းျခင္းအားလုံးကိုသက္သာေစေၾကာင္းကြၽန္ေတာ္တို႔သိၾကၿပီး ျဖစ္ပါတယ္။

ေရခဲကပ္ရာမွာ ၁၅မိနစ္ၾကာေအာင္ကပ္ၿပီး ၁၅မိနစ္ၾကာေအာင္အနားေပးပါ။ထိုနည္းအတိုင္းအႀကိမ္မ်ားစြာျပဳလုပ္ေပးပါ။

(၄)ေလးညႇင္း သြားကိုက္ျခင္းကိုသက္သာဖို႔ ေရွးေခတ္ကတည္းကပင္ အသုံးျပဳခဲ့ၾကပါတယ္။နာက်င္ေသာေနရာေပၚသို႔

အုံေပးျခင္းျဖင့္ နာက်င္ျခင္းကိုသက္သာေစပါတယ္။အခ်ိဴ႕ကလည္းေလးညႇင္းဆီကိုအသုံးျပဳၾကပါတယ္။

(၅)နႏြင္းနႏြင္းမွာပါေသာပိုးသတ္အာနိသင္ေၾကာင့္သြားနာျခင္းကိုသက္သာေစပါတယ္။

ထိုမွ်မကသြားဖုံးေယာင္ျခင္းကိုသက္သာေစတဲ့အျပင္ ပိုးမႊားမ်ားကိုလဲေသေစပါတယ္။

နႏြင္းမႈန႔္အနည္းငယ္ကိုေရေႏြးထဲေရာၿပီးပလုတ္က်င္းရည္အျဖစ္အသုံးျပဳေပးပါ။

(၆)ပူစီနံ ႐ြက္သြားကိုက္ေသာေနရာသို႔ပူစီနံ႐ြက္အနည္းငယ္ကို၁၅မိနစ္ခန႔္အုံေပးပါ။သြားကိုက္ျခင္းအျပင္လည္ေခ်ာင္းနာျခင္းကိုပါသက္သာေစေသာအစြမ္းရွိပါတယ္။

(၇)ၾကက္သြန္နီၾကက္သြန္နီမွာပိုးသတ္အာနိသင္အျပင္ ေရာင္ယမ္းျခင္းကိုေလ်ာ့ပါးေစေသာအာနိသင္

ပါရွိတာမို႔သြားနာျခင္းကိုသက္သာေစပါတယ္။နာက်င္ေနေသာအံဆုံးေပၚသို႔ ။ၾကက္သြန္နီအနည္းငယ္ကို၁၅မိနစ္ခန႔္အုံေပးပါ။ ခရက္ဒစ္

Unicode

လူတိုင်းဟာအန်ဆုံးပေါက်ခြင်းကြောင့်နာကျင်ခြင်းကို ခံစားဖူးကြပါတယ်။အံဆုံးဆိုတာ

တတိယမြောက်အံသွားကိုခေါ်ဆိုခြင်းဖြစ်ပြီးအသက်၁၈နှစ်နဲ့၂၅နှစ်အတွင်းရင့်ကျက်တည်ငြိမ်သောအရွယ်မှာပေါက်တဲ့

သွားမို့ပညာရှိသွား(wisdom tooth)လို့လဲတင်စားကြပါသေးတယ်။အံဆုံးပေါက်လို့နာကျင်ခြင်းကို

လောလောလတ်လတ်ခံစားနေရသူများအတွက် အောက်ဖော်ပြပါနည်းလမ်းကောင်းလေးတွေကကူညီပေးမှာ ဖြစ်လို့ဆက်လက်ဖတ်ရှုကြည့်ပါနော်။

(၁)ဆားပြုတ်ရည်ဆားဆိုတာသဘာဝပိုးသတ်အာနိသင်ရှိသောဆေးတစ်လက်ဖြစ်ပါတယ်။

ဆားကိုရေကြက်သီးနွေးမှာခပ်ထည့်ပြီးထိုအရည်ဖြင့်ပလုတ်ကျင်းပေးပါ။သွားကိုက်ခြင်းနဲ့

လည်ပင်းနာခြင်းများကိုလျင်မြန်စွာသက်သာစေပါလိမ့်မယ်။ပလုတ်ကျင်းရာမှာလဲမိနစ်အနည်းငယ်ကြာအောင်ကျင်းဖို့လိုပြီး

တစ်နေ့ကို ၄ကြိမ်ခန့်ပြုလုပ်နိုင်ပါတယ်။လွယ်ကူပြီးအကျိူးရှိသောနည်းတစ်လက်ဖြစ်ပါတယ်။

(၃)ရေခဲကပ်ခြင်းရေခဲကရောင်ယမ်းခြင်းအားလုံးကိုသက်သာစေကြောင်းကျွန်တော်တို့သိကြပြီး ဖြစ်ပါတယ်။

ရေခဲကပ်ရာမှာ ၁၅မိနစ်ကြာအောင်ကပ်ပြီး ၁၅မိနစ်ကြာအောင်အနားပေးပါ။ထိုနည်းအတိုင်းအကြိမ်များစွာပြုလုပ်ပေးပါ။

(၄)လေးညှင်း သွားကိုက်ခြင်းကိုသက်သာဖို့ ရှေးခေတ်ကတည်းကပင် အသုံးပြုခဲ့ကြပါတယ်။နာကျင်သောနေရာပေါ်သို့

အုံပေးခြင်းဖြင့် နာကျင်ခြင်းကိုသက်သာစေပါတယ်။အချိူ့ကလည်းလေးညှင်းဆီကိုအသုံးပြုကြပါတယ်။

(၅)နနွင်းနနွင်းမှာပါသောပိုးသတ်အာနိသင်ကြောင့်သွားနာခြင်းကိုသက်သာစေပါတယ်။

ထိုမျှမကသွားဖုံးယောင်ခြင်းကိုသက်သာစေတဲ့အပြင် ပိုးမွှားများကိုလဲသေစေပါတယ်။

နနွင်းမှုန့်အနည်းငယ်ကိုရေနွေးထဲရောပြီးပလုတ်ကျင်းရည်အဖြစ်အသုံးပြုပေးပါ။

(၆)ပူစီနံ ရွက်သွားကိုက်သောနေရာသို့ပူစီနံရွက်အနည်းငယ်ကို၁၅မိနစ်ခန့်အုံပေးပါ။သွားကိုက်ခြင်းအပြင်လည်ချောင်းနာခြင်းကိုပါသက်သာစေသောအစွမ်းရှိပါတယ်။

(၇)ကြက်သွန်နီကြက်သွန်နီမှာပိုးသတ်အာနိသင်အပြင် ရောင်ယမ်းခြင်းကိုလျော့ပါးစေသောအာနိသင်

ပါရှိတာမို့သွားနာခြင်းကိုသက်သာစေပါတယ်။နာကျင်နေသောအံဆုံးပေါ်သို့ ။ကြက်သွန်နီအနည်းငယ်ကို၁၅မိနစ်ခန့်အုံပေးပါ။ ခရက်ဒစ်