Zawgyi

အသည္းေျခာက္ျခင္းဆိုသည္မွာ အသည္းပ်က္စီးၿပီး လုပ္ငန္းေကာင္းစြာ မလုပ္ႏိုင္ေသာ အေျခအေနတစ္ခု ျဖစ္ ပါသည္။

ေရာင္ရမ္းျခင္းသည္ အသည္းတစ္ရႉးမ်ားအား အမာ႐ြတ္ျဖစ္ေစၿပီး အသည္းတြင္း ေသြးစီးဆင္းျခင္းကို တစ္စိတ္တစ္ပိုင္းအားျဖင့္ ပိတ္ဆို႔ေစပါသည္။

အသည္းသည္ ခႏၶါကိုယ္တြင္ အႀကီးဆုံး အတြင္းပိုင္း အဂၤါျဖစ္ပါသည္။ အသည္းသည္ အေရးႀကီးေသာ ခႏၶါ ကိုယ္ လုပ္ငန္းမ်ားစြာကို တာဝန္ယူျပဳလုပ္ေပးပါသည္။

အဓိက လုပ္ငန္းမ်ားမွာ-

အစာေခ်ဖ်က္စဥ္တြင္ အစာမွ လိုအပ္ေသာ အာ ဟာရမ်ားကို စုပ္ယူ၍ သိမ္းဆည္းေပးပါသည္။

ထို႔ ေနာက္ ထိုအာဟာရမ်ားကို က်န္ေသာ ခႏၶါကိုယ္ အစိတ္အပိုင္းမ်ားသို႔ ပို႔ေဆာင္ေပးပါသည္။

ထိုအာ ဟာရမ်ားတြင္ ပ႐ိုတိန္း၊ သၾကား ႏွင့္ အဆီတို႔ ပါဝင္ပါသည္။ပ႐ိုတိန္းအသစ္မ်ားထုတ္လုပ္ၿပီး

ေသြးခဲေစေသာ ပစၥည္းမ်ားႏွင့္ ကိုယ္ခံအားပစၥည္းမ်ားကို ျပဳလုပ္ ေပးပါသည္။ ပ်က္စီးသြားေသာ တစ္ရႉးမ်ားကို ခႏၶါကိုယ္မွ ျပဳျပင္ရာတြင္ ကူညီေပးပါသည္။

အစာေခ်ဖ်က္စဥ္တြင္ အစာတြင္းမွ အဆီမ်ားကို ၿဖိဳခြဲၿပီး သည္းေျခရည္မ်ားျပဳလုပ္ပါသည္။ ခႏၶါ ကိုယ္ မွ

အဆီမ်ား၊ ကိုလက္စထေရာ ႏွင့္ အဆီ တြင္ေပ်ာ္ဝင္ေသာ ဗီတာမင္မ်ား စုပ္ယူရန္ ကူညီေပးပါသည္။

အဆိပ္အေတာက္၊ ပိုလွ်ံေသာ အဆီမ်ားႏွင့္ကို လက္စထေရာ စေသာ အညစ္အေၾကးမ်ားကို ေသြးအတြင္းမွ စစ္ထုတ္ေပးပါသည္။

ထိုအညစ္ အေၾကးမ်ားကို ဝမ္းအျဖစ္ေျပာင္းၿပီး ခႏၶါကိုယ္ မွ ဖယ္ရွားပစ္ပါသည္။မ်ားေသာအားျဖင့္ အသည္းသည္

ပ်က္စီးေသာ တစ္ရႉးမ်ားကို ျပန္လည္ေကာင္းမြန္ေအာင္ ျပဳျပင္ႏိုင္ပါ သည္။ သို႔ေသာ္ ပ်က္စီးမႈသည္ ျပင္းထန္ၿပီး

အခ်ိန္အတန္ ၾကာလာပါက အသည္းတစ္ရႉးမ်ားသည္ အမာ႐ြတ္တစ္ရႉး မ်ားအျဖစ္ေျပာင္းလဲသြားပါသည္။ အမွ်င္ခဲ ျဖစ္ေပၚျခင္းဟု ေခၚပါသည္။

အသည္းအမာ႐ြတ္ျဖစ္ျခင္းသည္ တျဖည္း ျဖည္းႏွင့္ စုပုံလာၿပီး အသည္းေျခာက္ျခင္း ျဖစ္ေပၚလာပါ သည္။ အသည္းေျခာက္ျခင္း၏

အေစာပိုင္း အဆင့္မ်ားတြင္ အသည္းသည္ ပုံမွန္လုပ္ငန္းမ်ားလုပ္ေဆာင္ႏိုင္ေသာ္ လည္း ေနာက္ပိုင္းအဆင့္မ်ားတြင္ အသည္းပ်က္စီးပါသည္။

အသည္းပ်က္စီးျခင္းကို ကာကြယ္ရန္ ကုသမႈအျမန္ ခံယူရန္ အေရးႀကီးပါသည္။

Cirrhosis (အသည္းေျခာက္ျခင္း) က ဘယ္ေလာက္အျဖစ္မ်ားသလဲ..? အသည္းေျခာက္ျခင္းသည္ အျဖစ္မ်ားၿပီး နာတာရွည္

အသည္းေရာဂါ၏ ေနာက္ဆုံးအဆင့္ ျဖစ္ပါသည္။ ကမာၻ တစ္ဝန္း သန္း ၅၀ ေသာသူမ်ားသည္ နာတာရွည္ အသည္း ေရာဂါ

ခံစားေနရသည္ဟု ခန႔္မွန္းထားပါသည္။အသည္း ေျခာက္ျခင္းသည္ အမ်ိဳးသားမ်ား ေရာ အမ်ိဳးသမီးမ်ားပါ

ျဖစ္ပြားေသာ္လည္း မၾကာေသးမီက ေလ့လာမႈမ်ားအရ အသည္းေျခာက္ျခင္းေၾကာင့္ ေသဆုံးျခင္းသည္ အမ်ိဳးသား မ်ားတြင္ ပိုျဖစ္ေၾကာင္း ေတြ႕ရွိရပါသည္။

လကၡဏာမ်ား-

Cirrhosis (အသည္းေျခာက္ျခင္း) ရဲ႕လကၡဏာေတြကဘာေတြလဲအသည္းေျခာက္ျခင္း၏ ေရာဂါလကၡဏာမ်ားသည္

ဖ်ား နာေသာ အဆင့္ေပၚတြင္ မူတည္ပါသည္။ အသည္းေျခာက္ ျခင္း၏ အေစာပိုင္းအဆင့္ ရွိေသာလူမ်ားသည္ ေရာဂါ လကၡဏာ မ်ားမျပသပါ။

ေအာက္ပါ ေရာဂါ လကၡဏာမ်ား ေတြ႕ႀကဳံ ခံစားရႏိုင္ပါသည္။ ပင္ပန္းျခင္း (ေမာပန္းျခင္း)အားနည္းျခင္း အစာစားခ်င္စိတ္နည္းျခင္း

သို႔မဟုတ္ မရွိျခင္း ေအာ့အန္ျခင္း ကိုယ္အေလးခ်ိန္က်ျခင္းအသည္းႀကီးျခင္း လက္ဖဝါးမ်ား နီရဲျခင္း အသည္းေျခာက္ျခင္း၏ ေနာက္ပိုင္းအဆင့္မ်ားတြင္ ေအာက္ပါ လကၡဏာမ်ား ရွိႏိုင္ပါသည္။

မ်က္လုံးႏွင့္ အေရျပားဝါျခင္း အညိဳေရာင္ သို႔မဟုတ္ အဝါရင့္ေရာင္ ဆီးသြားျခင္း ဆံပင္မ်ားကြၽတ္ျခင္း အေရျပားႏွင့္

ခ်က္ပတ္လည္တြင္ ေသြးေၾကာမ်ား ေျပာင္းလဲျခင္း အမ်ိဳးသားမ်ားတြင္ ရင္သားဖြံ႕ထြားလာျခင္း အညိဳမည္းစြဲလြယ္ျခင္း၊

ေသြးထြက္လြယ္ျခင္း ဝမ္းေလွ်ာျခင္း စိတ္ရႈပ္ေထြးျခင္း အရည္မ်ားစုၿပဳံျခင္းေၾကာင့္ ဝမ္းဗိုက္ဖူးေယာင္ျခင္း ၊

ေျခေထာက္မ်ား ဖူးေရာင္ျခင္း။ေဘလုံးႀကီးျခင္းလိပ္ေခါင္း သတိေမ့ေျမာျခင္း။အထက္တြင္ ေဖာ္ျပ

မထားေသာ အျခားလကၡဏာ မ်ားလည္းရွိႏိုင္ပါသည္။ အကယ္၍ သင့္ဆီတြင္ ေရာဂါ လကၡဏာ

တစ္ခုခုမ်ား ရွိေနသည္ဟု စိုးရိမ္မိပါက ဆရာဝန္ /တိုင္းရင္းေဆးဆရာတို႔ႏွင့္ ေဆြးေႏြး သင့္ပါသည္။

#Health group မွ copy ကူးယူသည္

ေလးစားစြာျဖင့္….Credit

Unicode

အသည်းခြောက်ခြင်းဆိုသည်မှာ အသည်းပျက်စီးပြီး လုပ်ငန်းကောင်းစွာ မလုပ်နိုင်သော အခြေအနေတစ်ခု ဖြစ် ပါသည်။

ရောင်ရမ်းခြင်းသည် အသည်းတစ်ရှူးများအား အမာရွတ်ဖြစ်စေပြီး အသည်းတွင်း သွေးစီးဆင်းခြင်းကို တစ်စိတ်တစ်ပိုင်းအားဖြင့် ပိတ်ဆို့စေပါသည်။

အသည်းသည် ခန္ဓါကိုယ်တွင် အကြီးဆုံး အတွင်းပိုင်း အင်္ဂါဖြစ်ပါသည်။ အသည်းသည် အရေးကြီးသော ခန္ဓါ ကိုယ် လုပ်ငန်းများစွာကို တာဝန်ယူပြုလုပ်ပေးပါသည်။

အဓိက လုပ်ငန်းများမှာ-

အစာချေဖျက်စဉ်တွင် အစာမှ လိုအပ်သော အာ ဟာရများကို စုပ်ယူ၍ သိမ်းဆည်းပေးပါသည်။

ထို့ နောက် ထိုအာဟာရများကို ကျန်သော ခန္ဓါကိုယ် အစိတ်အပိုင်းများသို့ ပို့ဆောင်ပေးပါသည်။

ထိုအာ ဟာရများတွင် ပရိုတိန်း၊ သကြား နှင့် အဆီတို့ ပါဝင်ပါသည်။ပရိုတိန်းအသစ်များထုတ်လုပ်ပြီး

သွေးခဲစေသော ပစ္စည်းများနှင့် ကိုယ်ခံအားပစ္စည်းများကို ပြုလုပ် ပေးပါသည်။ ပျက်စီးသွားသော တစ်ရှူးများကို ခန္ဓါကိုယ်မှ ပြုပြင်ရာတွင် ကူညီပေးပါသည်။

အစာချေဖျက်စဉ်တွင် အစာတွင်းမှ အဆီများကို ဖြိုခွဲပြီး သည်းခြေရည်များပြုလုပ်ပါသည်။ ခန္ဓါ ကိုယ် မှ

အဆီများ၊ ကိုလက်စထရော နှင့် အဆီ တွင်ပျော်ဝင်သော ဗီတာမင်များ စုပ်ယူရန် ကူညီပေးပါသည်။

အဆိပ်အတောက်၊ ပိုလျှံသော အဆီများနှင့်ကို လက်စထရော စသော အညစ်အကြေးများကို သွေးအတွင်းမှ စစ်ထုတ်ပေးပါသည်။

ထိုအညစ် အကြေးများကို ဝမ်းအဖြစ်ပြောင်းပြီး ခန္ဓါကိုယ် မှ ဖယ်ရှားပစ်ပါသည်။များသောအားဖြင့် အသည်းသည်

ပျက်စီးသော တစ်ရှူးများကို ပြန်လည်ကောင်းမွန်အောင် ပြုပြင်နိုင်ပါ သည်။ သို့သော် ပျက်စီးမှုသည် ပြင်းထန်ပြီး

အချိန်အတန် ကြာလာပါက အသည်းတစ်ရှူးများသည် အမာရွတ်တစ်ရှူး များအဖြစ်ပြောင်းလဲသွားပါသည်။ အမျှင်ခဲ ဖြစ်ပေါ်ခြင်းဟု ခေါ်ပါသည်။

အသည်းအမာရွတ်ဖြစ်ခြင်းသည် တဖြည်း ဖြည်းနှင့် စုပုံလာပြီး အသည်းခြောက်ခြင်း ဖြစ်ပေါ်လာပါ သည်။ အသည်းခြောက်ခြင်း၏

အစောပိုင်း အဆင့်များတွင် အသည်းသည် ပုံမှန်လုပ်ငန်းများလုပ်ဆောင်နိုင်သော် လည်း နောက်ပိုင်းအဆင့်များတွင် အသည်းပျက်စီးပါသည်။

အသည်းပျက်စီးခြင်းကို ကာကွယ်ရန် ကုသမှုအမြန် ခံယူရန် အရေးကြီးပါသည်။

Cirrhosis (အသည်းခြောက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ..? အသည်းခြောက်ခြင်းသည် အဖြစ်များပြီး နာတာရှည်

အသည်းရောဂါ၏ နောက်ဆုံးအဆင့် ဖြစ်ပါသည်။ ကမ္ဘာ တစ်ဝန်း သန်း ၅၀ သောသူများသည် နာတာရှည် အသည်း ရောဂါ

ခံစားနေရသည်ဟု ခန့်မှန်းထားပါသည်။အသည်း ခြောက်ခြင်းသည် အမျိုးသားများ ရော အမျိုးသမီးများပါ

ဖြစ်ပွားသော်လည်း မကြာသေးမီက လေ့လာမှုများအရ အသည်းခြောက်ခြင်းကြောင့် သေဆုံးခြင်းသည် အမျိုးသား များတွင် ပိုဖြစ်ကြောင်း တွေ့ရှိရပါသည်။

လက္ခဏာများ-

Cirrhosis (အသည်းခြောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲအသည်းခြောက်ခြင်း၏ ရောဂါလက္ခဏာများသည်

ဖျား နာသော အဆင့်ပေါ်တွင် မူတည်ပါသည်။ အသည်းခြောက် ခြင်း၏ အစောပိုင်းအဆင့် ရှိသောလူများသည် ရောဂါ လက္ခဏာ များမပြသပါ။

အောက်ပါ ရောဂါ လက္ခဏာများ တွေ့ကြုံ ခံစားရနိုင်ပါသည်။ ပင်ပန်းခြင်း (မောပန်းခြင်း)အားနည်းခြင်း အစာစားချင်စိတ်နည်းခြင်း

သို့မဟုတ် မရှိခြင်း အော့အန်ခြင်း ကိုယ်အလေးချိန်ကျခြင်းအသည်းကြီးခြင်း လက်ဖဝါးများ နီရဲခြင်း အသည်းခြောက်ခြင်း၏ နောက်ပိုင်းအဆင့်များတွင် အောက်ပါ လက္ခဏာများ ရှိနိုင်ပါသည်။

မျက်လုံးနှင့် အရေပြားဝါခြင်း အညိုရောင် သို့မဟုတ် အဝါရင့်ရောင် ဆီးသွားခြင်း ဆံပင်များကျွတ်ခြင်း အရေပြားနှင့်

ချက်ပတ်လည်တွင် သွေးကြောများ ပြောင်းလဲခြင်း အမျိုးသားများတွင် ရင်သားဖွံ့ထွားလာခြင်း အညိုမည်းစွဲလွယ်ခြင်း၊

သွေးထွက်လွယ်ခြင်း ဝမ်းလျှောခြင်း စိတ်ရှုပ်ထွေးခြင်း အရည်များစုပြုံခြင်းကြောင့် ဝမ်းဗိုက်ဖူးယောင်ခြင်း ၊

ခြေထောက်များ ဖူးရောင်ခြင်း။ဘေလုံးကြီးခြင်းလိပ်ခေါင်း သတိမေ့မြောခြင်း။အထက်တွင် ဖော်ပြ

မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ

တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန် /တိုင်းရင်းဆေးဆရာတို့နှင့် ဆွေးနွေး သင့်ပါသည်။

#Health group မှ copy ကူးယူသည်

လေးစားစွာဖြင့်….Credit