Zawgyi

က်န္းမာေရးအတြက္ အစြမ္းသတၱိေတြ အမ်ားႀကီးရွိတဲ့ နာမည္ႀကီးေဆးဖက္ဝင္ တမာရဲ႕အေခါက္၊ အ႐ြက္၊ အသီးအပြင့္အသုံးျပဳပုံမ်ား

က်န္းမာေရးအတြက္ အသုံးဝင္တဲ့အစြမ္းသတၱိေတြ အမ်ားႀကီးရွိတဲ့ တမာပင္ရဲ႕ အေခါက္၊ အ႐ြက္၊ အသီးအပြင့္ေတြကို

ပန္းနာရင္ၾကပ္ေရာဂါ၊ အေရျပားေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ အဖ်ား စတဲ့ ေရာဂါေတြအတြက္ ေဆးေတြေဖာ္ရာမွာ ထည့္သုံးေလ့ရွိပါတယ္။

အိမ္သုံးေဆးၿမီးတိုအေနနဲ႔ အသုံးဝင္ပုံေတြကို သိသေလာက္ေျပာရရင္ေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

တမာ႐ြက္မွာ ပိုးမႊားအေတာ္မ်ားမ်ားကိုႏိုင္တဲ့ အာနိသင္ရွိတာေၾကာင့္ အနာျဖစ္တဲ့အခါ တမာ႐ြက္ျပဳတ္ရည္နဲ႔ အနာကို ဖန္ရည္ေဆးေပးျခင္းျဖင့္ အနာသက္သာေပ်ာက္ကင္းႏိုင္ပါတယ္။

ဒါ့အျပင္ တမာ႐ြက္ျပဳတ္ရည္ျဖင့္ ေရခ်ိဳးေပးပါက အေရျပားယားယံတာေတြကို ေပ်ာက္ကင္း သက္သာေစႏိုင္ပါတယ္။

အပူေလာင္ဒဏ္ရာေတြ (ေရေႏြးပူေလာင္၊ ဆီပူေလာင္) ျဖစ္ပါကလည္း တမာ႐ြက္ျပဳတ္ရည္ကို ဒဏ္ရာတဝိုက္လိမ္းေပးျခင္းျဖင့္

ပိုးမႊားမဝင္ေအာင္ကာကြယ္ေပးနိင္ၿပီး အနာက်က္ဖို႔အတြက္လည္း မ်ားစြာ အေထာက္အကူျပဳပါတယ္။

ခံတြင္းပ်က္ၿပီး စားေသာက္ခ်င္စိတ္မရွိတာ၊ ဝမ္းခ်ဳပ္တာ၊ အစာမေၾကတာေတြျဖစ္ပါက တမာ႐ြက္ႏုကို ျပဳတ္ၿပီးစားျခင္းျဖင့္ သက္သာေစႏိုင္ပါတယ္။ ဝမ္းထဲသန္ေကာင္ေတြရွိရင္လည္း က်ေစႏိုင္ပါတယ္။

အေရျပားျပတ္ရွဒဏ္ရာရတာ၊ အေရျပားမွာ ယားနာေတြျဖစ္တာ၊ အနီကြက္ထတာေတြအတြက္ တမာသီးကေနရတဲ့ တမာဆီကို လိမ္းေပးျခင္းျဖင့္ သက္သာေစႏိုင္ပါတယ္။

တမာဆီဟာ ဆံပင္သားက်န္းမာေရးအတြက္လည္း အေထာက္အကူျပဳပါတယ္။ ေဗာက္ထတာ၊ သန္းရွိတာ၊ ဆံပင္ကြၽတ္တာေတြျဖစ္ပါက တမာဆီကိုဦးေရျပားမွာလိမ္းေပးႏိုင္ပါတယ္။

ဒါ့အျပင္ အ႐ိုးအဆစ္ေတြ၊ ႂကြက္သားေတြ ေရာင္ရမ္းနာက်င္တာျဖစ္ပါကလည္း တမာဆီကို ေရာင္ရမ္းနာက်င္တဲ့ေနရာေပၚမွာ

လူးေပးၿပီး အသာႏွိပ္နယ္ေပးျခင္းျဖင့္ ေရာင္ရမ္းနာက်င္မႈေတြကို ေလ်ာ့ပါးေစႏိုင္ပါတယ္။

ခရက္ဒစ္

Unicode

ကျန်းမာရေးအတွက် အစွမ်းသတ္တိတွေ အများကြီးရှိတဲ့ နာမည်ကြီးဆေးဖက်ဝင် တမာရဲ့အခေါက်၊ အရွက်၊ အသီးအပွင့်အသုံးပြုပုံများ

ကျန်းမာရေးအတွက် အသုံးဝင်တဲ့အစွမ်းသတ္တိတွေ အများကြီးရှိတဲ့ တမာပင်ရဲ့ အခေါက်၊ အရွက်၊ အသီးအပွင့်တွေကို

ပန်းနာရင်ကြပ်ရောဂါ၊ အရေပြားရောဂါ၊ ဆီးချိုရောဂါ၊ အဖျား စတဲ့ ရောဂါတွေအတွက် ဆေးတွေဖော်ရာမှာ ထည့်သုံးလေ့ရှိပါတယ်။

အိမ်သုံးဆေးမြီးတိုအနေနဲ့ အသုံးဝင်ပုံတွေကို သိသလောက်ပြောရရင်တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

တမာရွက်မှာ ပိုးမွှားအတော်များများကိုနိုင်တဲ့ အာနိသင်ရှိတာကြောင့် အနာဖြစ်တဲ့အခါ တမာရွက်ပြုတ်ရည်နဲ့ အနာကို ဖန်ရည်ဆေးပေးခြင်းဖြင့် အနာသက်သာပျောက်ကင်းနိုင်ပါတယ်။

ဒါ့အပြင် တမာရွက်ပြုတ်ရည်ဖြင့် ရေချိုးပေးပါက အရေပြားယားယံတာတွေကို ပျောက်ကင်း သက်သာစေနိုင်ပါတယ်။

အပူလောင်ဒဏ်ရာတွေ (ရေနွေးပူလောင်၊ ဆီပူလောင်) ဖြစ်ပါကလည်း တမာရွက်ပြုတ်ရည်ကို ဒဏ်ရာတဝိုက်လိမ်းပေးခြင်းဖြင့်

ပိုးမွှားမဝင်အောင်ကာကွယ်ပေးနိင်ပြီး အနာကျက်ဖို့အတွက်လည်း များစွာ အထောက်အကူပြုပါတယ်။

ခံတွင်းပျက်ပြီး စားသောက်ချင်စိတ်မရှိတာ၊ ဝမ်းချုပ်တာ၊ အစာမကြေတာတွေဖြစ်ပါက တမာရွက်နုကို ပြုတ်ပြီးစားခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ ဝမ်းထဲသန်ကောင်တွေရှိရင်လည်း ကျစေနိုင်ပါတယ်။

အရေပြားပြတ်ရှဒဏ်ရာရတာ၊ အရေပြားမှာ ယားနာတွေဖြစ်တာ၊ အနီကွက်ထတာတွေအတွက် တမာသီးကနေရတဲ့ တမာဆီကို လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

တမာဆီဟာ ဆံပင်သားကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ ဗောက်ထတာ၊ သန်းရှိတာ၊ ဆံပင်ကျွတ်တာတွေဖြစ်ပါက တမာဆီကိုဦးရေပြားမှာလိမ်းပေးနိုင်ပါတယ်။

ဒါ့အပြင် အရိုးအဆစ်တွေ၊ ကြွက်သားတွေ ရောင်ရမ်းနာကျင်တာဖြစ်ပါကလည်း တမာဆီကို ရောင်ရမ်းနာကျင်တဲ့နေရာပေါ်မှာ

လူးပေးပြီး အသာနှိပ်နယ်ပေးခြင်းဖြင့် ရောင်ရမ်းနာကျင်မှုတွေကို လျော့ပါးစေနိုင်ပါတယ်။

ခရက်ဒစ်