Zawgyi

ဝမ္းလဲမွန္ပါတယ္ . သြားလဲ တေန႔ ၂ႀကိမ္တိုက္ပါရဲ႕နဲ႔ ခံတြင္းနံ႔ နံေနရင္

မဂ္လာပါ ဆရာ

က်မ အသက္ ၃၃ႏွစ္ အိမ္ေထာင္ရွိပါတယ္ ဆရာ။

အစာအိမ္ကေတာ့ အပူအစပ္စားရင္ နည္းနည္းေအာင့္ပါတယ္။ ခႏၶာကိုယ္က အပူဓာတ္မ်ားလို႔ အသားက အၿမဲ ပူေနတတ္ပါတယ္။

ဒါေပမဲ့ ဝမ္းလဲမွန္ပါတယ္ ..အဲ့တာကို ခံတြင္းနံ႔ နံလို႔ပါဆရာ။ သြားလဲ တေန႔ ၂ႀကိမ္တိုက္ပါတယ္။

ထမင္းစားၿပီးတိုင္းလဲ ပလုတ္က်င္းပါတယ္ ဒါေပမဲ့ နံတာ မေပ်ာက္သြားပါဘူး။

ခံတြင္းအနံ႔နံ တာကိုကိုယ့္ဖာသာသိေနေတာ့ သူမ်ားနဲ႔စကားေျပာရမွာ စိတ္ကမလုံဘူးျဖစ္ပါတယ္။

ခံတြင္းနံ႔ေပ်ာက္ေဆးေတြလည္းသုံးဖူးပါတယ္။မရပါ။

ခံတြင္းအနံ႔နံ ေပ်ာက္ကင္းေအာင္ ဘယ္လိုလုပ္ရမလဲ အႀကံေပးပါလားဆရာ။

ဝမ္းထဲမွာ ေလပူရွိလို႔ပါ။

မနက္ေရမခ်ိဳးမီ ဆန္ေဆးေရအၾကည္တစ္ဖန္ခြက္ေသာက္ပါ။ ခံတြင္းအနံ႔တက္တာသက္သာလာပါလိမ့္မယ္။ ဆန္ေဆးရည္ကအေအးပါ။ အပူကိုႏိုင္ပါတယ္။

အုန္းစိမ္းရည္ တစ္ပါတ္ကို တစ္ႀကိမ္ေသာက္ပါ။ တမာ႐ြက္ျပာခ် ဆားနဲ႔ေရာ သြားတိုက္ပါ။

ညအိပ္ခါနီး ေျခဖဝါးဆားပြတ္ ဒူးအထက္မွေအာက္ေရေလာင္းေျခေဆးေပးရင္ ပိုေကာင္းပါသည္ ။ ေရရွည္စြဲလုပ္ၾကည့္ပါ။

ေျခေလးေခ်ာင္းသား တတ္ႏိုင္သမွ် ေရွာင္စားပါ။ ေလပူစာ မွ်စ္၊မွ်စ္ခ်ဥ္၊လက္လုပ္ခ်ဥ္၊ ခ်ဥ္စပ္အစာမ်ား၊ အုန္းထမင္း၊ဒန္ေပါက္၊ ေရခဲေရမ်ားေရွာင္ပါ။

အစာအိမ္ေဆး ေလပူက်ေဆး မ်ားစားပါ။

Unicode

ဝမ်းလဲမှန်ပါတယ် . သွားလဲ တနေ့ ၂ကြိမ်တိုက်ပါရဲ့နဲ့ ခံတွင်းနံ့ နံနေရင်

မဂ်လာပါ ဆရာ

ကျမ အသက် ၃၃နှစ် အိမ်ထောင်ရှိပါတယ် ဆရာ။

အစာအိမ်ကတော့ အပူအစပ်စားရင် နည်းနည်းအောင့်ပါတယ်။ ခန္ဓာကိုယ်က အပူဓာတ်များလို့ အသားက အမြဲ ပူနေတတ်ပါတယ်။

ဒါပေမဲ့ ဝမ်းလဲမှန်ပါတယ် ..အဲ့တာကို ခံတွင်းနံ့ နံလို့ပါဆရာ။ သွားလဲ တနေ့ ၂ကြိမ်တိုက်ပါတယ်။

ထမင်းစားပြီးတိုင်းလဲ ပလုတ်ကျင်းပါတယ် ဒါပေမဲ့ နံတာ မပျောက်သွားပါဘူး။

ခံတွင်းအနံ့နံ တာကိုကိုယ့်ဖာသာသိနေတော့ သူများနဲ့စကားပြောရမှာ စိတ်ကမလုံဘူးဖြစ်ပါတယ်။

ခံတွင်းနံ့ပျောက်ဆေးတွေလည်းသုံးဖူးပါတယ်။မရပါ။

ခံတွင်းအနံ့နံ ပျောက်ကင်းအောင် ဘယ်လိုလုပ်ရမလဲ အကြံပေးပါလားဆရာ။

ဝမ်းထဲမှာ လေပူရှိလို့ပါ။

မနက်ရေမချိုးမီ ဆန်ဆေးရေအကြည်တစ်ဖန်ခွက်သောက်ပါ။ ခံတွင်းအနံ့တက်တာသက်သာလာပါလိမ့်မယ်။ ဆန်ဆေးရည်ကအအေးပါ။ အပူကိုနိုင်ပါတယ်။

အုန်းစိမ်းရည် တစ်ပါတ်ကို တစ်ကြိမ်သောက်ပါ။ တမာရွက်ပြာချ ဆားနဲ့ရော သွားတိုက်ပါ။

ညအိပ်ခါနီး ခြေဖဝါးဆားပွတ် ဒူးအထက်မှအောက်ရေလောင်းခြေဆေးပေးရင် ပိုကောင်းပါသည် ။ ရေရှည်စွဲလုပ်ကြည့်ပါ။

ခြေလေးချောင်းသား တတ်နိုင်သမျှ ရှောင်စားပါ။ လေပူစာ မျှစ်၊မျှစ်ချဥ်၊လက်လုပ်ချဥ်၊ ချဥ်စပ်အစာများ၊ အုန်းထမင်း၊ဒန်ပေါက်၊ ရေခဲရေများရှောင်ပါ။

အစာအိမ်ဆေး လေပူကျဆေး များစားပါ။