နှလုံးရောဂါရှိသူများအတွက် ပြောင်းဖူး

Zawgyi













Credit- မင်းစောထက်

Unicode

နှလုံးရောဂါရှိသူများအတွက် ပြောင်းဖူး

ပြောင်းဖူးနှင့် နှ လုံးရောဂါ

ပြောင်းဖူး စားသုံးခြင်းသည် နှလုံး ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်သည်ဟု

ကနေဒါဆေးသိပ္ပံပညာရှင်များ၏ သုတေသန ပြုချက်တွင် ဖော်ပြထားသည်။

ပြောင်းဖူးသည် ပူနွေး စိုစွတ်သော ရာသီဥတုတွင် ဖြစ်ထွန်းသော အသီးအနှံ တမျိုး ဖြစ်သည်။

ပြောင်းဖူးသည် ချိုသော အရာသာရှိသည့် အပြင် အနည်းငယ် ဖန်သော အရသာလည်း ရှိသည်။

ပြောင်းဖူးတွင် ဗီတာမင် ဘီ1၊ ဗီတာမင် ဘီ5၊ ဗီတာမင် စီ၊ ဖော့စရပ်စ်၊ မဂ္ဂနီစ်နှင့် အမျှင်ဓာတ်များ ပါဝင်သည်။

ထို့အပြင် အမိုင်နိုအက်ဆစ်နှင့် အသားဓာတ်များလည်း ပါဝင်သည်။

ပြောင်းဖူး ပုံမှန် စားသုံးပေးပါက နှလုံး သွေးကြောများကို သန်မာစေသည်။ နှလုံးသွေးကြော စီးဆင်းမှုကို အထောက်အကူ ပြုစေသည်။

ထို့အပြင် အူမကြီး ကင်ဆာရောဂါ ဖြစ်ပွားမှု ကိုလည်း လျှော့ချနိုင်သည်ဟု အဆိုပါ သုတေသန ပြုချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြောင်းဖူး စားသုံးခြင်းသည် နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ် ပေးနိုင်ရုံ သာမက ကင်ဆာ ရောဂါ ဖြစ်ပွားမှုကိုလည်းလျှော့ချပေးနိုင်သည်ဟု

ကနေဒါဆေးသိပ္ပံပညာရှင် များကပြောကြားခဲ့သည်။

Credit- မင်းစောထက်