Sun. Nov 28th, 2021

Zawgyi

က်န္းမာေရး ကင္ဆာေရာဂါျဖစ္ပြားသူ အားလုံးနီးပါးမွာ ေတြ႕ရေလ့ရွိတဲ့ ေရွ႕ေျပးလကၡဏာ ( ၇ ) မ်ိဴး

(၁) အလုံးအက်ိတ္မ်ား သို႔မဟုတ္ အနာမ်ား ျဖစ္ေပၚျခင္း

အေရျပား နဲ႔ ရင္သားကင္ဆာမ်ားမွာ ေတြ႕ရပါတယ္။ ရင္သားနဲ႔ခ်ိဴင္းေအာက္တြင္ မာေက်ာေသာအဖုမ်ားစမ္းမိျခင္း အေရျပား တြင္

အကြက္မ်ားျဖစ္ေပၚျခင္း အလုံးအက်ိတ္တစ္ခုရဲ႕အလည္တည့္တည့္တြင္ အနာစိမ္းတစ္ခုျဖစ္ေပၚျခင္း ေမြးရာပါအမွတ္ရဲ႕ ပုံသ႑ာန္ သို႔ အ႐ြယ္ေျပာင္းလဲျခင္း

(၂)နာတာရွည္ေခ်ာင္းဆိုးျခင္း

အဆုတ္ကင္ဆာရဲ႕ လကၡဏာတစ္ခုျဖစ္ၿပီး ေအာက္ပါလကၡဏာမ်ားရွိမရွိ ဆန္းစစ္သင့္ပါတယ္။ အစားအေသာက္ပ်က္ျခင္း

ကိုယ္အေလးခ်ိန္က်ဆင္းျခင္း အဆုတ္ကင္ဆာေနာက္ဆုံးအဆင့္တြင္ ေသြးအန္ျခင္းနဲ႔အသက္ရႉမဝျခင္းတို႔ ေတြ႕ရတတ္ပါသည္။

(၃)အေရျပားယားယံျခင္း

သားအိမ္ကင္ဆာ ေၾကာင့္ မိန္းမကိုယ္ယားျခင္းျဖစ္ေပၚတတ္ပါသည္။ ဦးေႏွာက္ကင္ဆာေၾကာင့္ ႏွာေခါင္းအတြင္းပိုင္းယားျခင္း ျဖစ္ေပၚတတ္ပါသည္

(၄)အူလမ္းေၾကာင္းျပႆနာမ်ား

အူလမ္းေၾကာင္းကင္ဆာရဲ႕လကၡဏာမ်ားအနက္ ဝမ္းသြားရာမွာ ေသြးပါျခင္းနဲ႔ အခြၽဲဝမ္းသြားျခင္း ၊ဝမ္းမထိမ္းႏိုင္ျခင္းတို႔မွာ အေတြ႕ရမ်ားသည္။

(၅)ဆီးအနည္ပါျခင္း

ေက်ာက္ကပ္ကင္ဆာရဲ႕ လကဏာတစ္ရပ္ျဖစ္ၿပီး ေအာက္ပါလကၡဏာမ်ားလဲ ေတြ႕ရတတ္သည္။ ဆီးတြင္ေသြးပါျခင္း ေသြးတိုးျခင္း ေက်ာနာျခင္း နာတာရွည္အားနည္းျခင္း

(၆)႐ုတ္တရက္ ပိန္လာျခင္း

သိသိသာသာကိုယ္အေလးခ်ိန္က်ဆင္းျခင္းကို အစာအိမ္ကင္ဆာသမားမ်ားတြင္ ပိုမိုေတြ႕ရသည္။

အေစာပိုင္းတြင္သိပ္မသိသာေသာ္လည္းတျဖည္းျဖည္းနဲ႔ေအာက္ပါလကၡဏာမ်ားကိုပါေတြ႕ရတတ္ပါသည္။အစာေတြ႕႐ုံနဲ႔ပ်ိဴ႕အန္ျခင္း အစာနည္းနည္းစား႐ုံနဲ႔ ဗိုက္ျပည့္ျခင္း ေသြးအားနည္းျခင္း အစာေခ်ေႏွးျခင္း

(၇)နာတာရွည္လည္ေခ်ာင္းနာျခင္း

လည္ေခ်ာင္းကင္ဆာရဲ႕ လကၡဏာတစ္ခုျဖစ္ပါတယ္။ေအာက္ပါလကၡဏာမ်ားကိုလဲေတြ႕ရတတ္ပါတယ္။အစာမ်ိဴရာတြင္ သို႔မဟုတ္

အသက္ရႉရာတြင္ ခက္ခဲျခင္းလည္ေခ်ာင္းတြင္ အက်ိတ္မ်ားေပၚလာျခင္းအသံေအာလာျခင္းနဲ႔တျဖည္းျဖည္းအသံပါေပ်ာက္လာျခင္း ေသြးအန္ျခင္း၊ခံတြင္းအနံ႔ဆိုးျခင္း။

အထက္ပါလကၡဏာမ်ားကိုေတြ႕ရ႐ုံျဖင့္ သင့္မွာ ကင္ဆာရွိေနၿပီလို႔ယူဆလို႔မရပါ။ သို႔ေသာ္ သင့္တြင္ အဆိုပါလကၡဏာမ်ားရွိေနၿပီဆိုပါက မေပါ့ဆပဲ ဆရာဝန္ထံျပသဖို႔ လိုအပ္ပါတယ္။

Writer- Dr Jue ( YGN Times )

Unicode

ကျန်းမာရေး ကင်ဆာရောဂါဖြစ်ပွားသူ အားလုံးနီးပါးမှာ တွေ့ရလေ့ရှိတဲ့ ရှေ့ပြေးလက္ခဏာ ( ၇ ) မျိူး

(၁) အလုံးအကျိတ်များ သို့မဟုတ် အနာများ ဖြစ်ပေါ်ခြင်း

အရေပြား နဲ့ ရင်သားကင်ဆာများမှာ တွေ့ရပါတယ်။ ရင်သားနဲ့ချိူင်းအောက်တွင် မာကျောသောအဖုများစမ်းမိခြင်း အရေပြား တွင်

အကွက်များဖြစ်ပေါ်ခြင်း အလုံးအကျိတ်တစ်ခုရဲ့အလည်တည့်တည့်တွင် အနာစိမ်းတစ်ခုဖြစ်ပေါ်ခြင်း မွေးရာပါအမှတ်ရဲ့ ပုံသဏ္ဍာန် သို့ အရွယ်ပြောင်းလဲခြင်း

(၂)နာတာရှည်ချောင်းဆိုးခြင်း

အဆုတ်ကင်ဆာရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး အောက်ပါလက္ခဏာများရှိမရှိ ဆန်းစစ်သင့်ပါတယ်။ အစားအသောက်ပျက်ခြင်း

ကိုယ်အလေးချိန်ကျဆင်းခြင်း အဆုတ်ကင်ဆာနောက်ဆုံးအဆင့်တွင် သွေးအန်ခြင်းနဲ့အသက်ရှူမဝခြင်းတို့ တွေ့ရတတ်ပါသည်။

(၃)အရေပြားယားယံခြင်း

သားအိမ်ကင်ဆာ ကြောင့် မိန်းမကိုယ်ယားခြင်းဖြစ်ပေါ်တတ်ပါသည်။ ဦးနှောက်ကင်ဆာကြောင့် နှာခေါင်းအတွင်းပိုင်းယားခြင်း ဖြစ်ပေါ်တတ်ပါသည်

(၄)အူလမ်းကြောင်းပြဿနာများ

အူလမ်းကြောင်းကင်ဆာရဲ့လက္ခဏာများအနက် ဝမ်းသွားရာမှာ သွေးပါခြင်းနဲ့ အချွဲဝမ်းသွားခြင်း ၊ဝမ်းမထိမ်းနိုင်ခြင်းတို့မှာ အတွေ့ရများသည်။

(၅)ဆီးအနည်ပါခြင်း

ကျောက်ကပ်ကင်ဆာရဲ့ လကဏာတစ်ရပ်ဖြစ်ပြီး အောက်ပါလက္ခဏာများလဲ တွေ့ရတတ်သည်။ ဆီးတွင်သွေးပါခြင်း သွေးတိုးခြင်း ကျောနာခြင်း နာတာရှည်အားနည်းခြင်း

(၆)ရုတ်တရက် ပိန်လာခြင်း

သိသိသာသာကိုယ်အလေးချိန်ကျဆင်းခြင်းကို အစာအိမ်ကင်ဆာသမားများတွင် ပိုမိုတွေ့ရသည်။

အစောပိုင်းတွင်သိပ်မသိသာသော်လည်းတဖြည်းဖြည်းနဲ့အောက်ပါလက္ခဏာများကိုပါတွေ့ရတတ်ပါသည်။အစာတွေ့ရုံနဲ့ပျိူ့အန်ခြင်း အစာနည်းနည်းစားရုံနဲ့ ဗိုက်ပြည့်ခြင်း သွေးအားနည်းခြင်း အစာချေနှေးခြင်း

(၇)နာတာရှည်လည်ချောင်းနာခြင်း

လည်ချောင်းကင်ဆာရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။အောက်ပါလက္ခဏာများကိုလဲတွေ့ရတတ်ပါတယ်။အစာမျိူရာတွင် သို့မဟုတ်

အသက်ရှူရာတွင် ခက်ခဲခြင်းလည်ချောင်းတွင် အကျိတ်များပေါ်လာခြင်းအသံအောလာခြင်းနဲ့တဖြည်းဖြည်းအသံပါပျောက်လာခြင်း သွေးအန်ခြင်း၊ခံတွင်းအနံ့ဆိုးခြင်း။

အထက်ပါလက္ခဏာများကိုတွေ့ရရုံဖြင့် သင့်မှာ ကင်ဆာရှိနေပြီလို့ယူဆလို့မရပါ။ သို့သော် သင့်တွင် အဆိုပါလက္ခဏာများရှိနေပြီဆိုပါက မပေါ့ဆပဲ ဆရာဝန်ထံပြသဖို့ လိုအပ်ပါတယ်။

Writer- Dr Jue ( YGN Times )