Zawgyi

ဒီလိုလကၡဏာေတြျပေနရင္ေတာ့သင့္အဆုတ္ကိုဆရာဝန္နဲ႔အျမန္ဆုံးစစ္ေဆးသင္ပါၿပီ

ေခတ္ကတိုးတက္လာၿပီး လူသားအရင္းအျမစ္ကမ်ားျပားလာတဲ့အခ်ိန္မွာ

သန႔္စင္တဲ့ေလထုကလည္း ရွားသထက္ရွားပါးလာပါတယ္။

ဒီေတာ့ လူသားေတြရဲ႕အဆုတ္ကို ပိုပိုၿပီး ထိခိုက္လာေစပါတယ္။

အဆုတ္ထိခိုက္ပ်က္စီးေနတဲ့ထဲမွာ သင္ပါေနၿပီဆိုတာကိုေတာ့ ဒီအခ်က္ေတြကိုၾကည့္ၿပီးသိႏိုင္ပါတယ္။

ဒါေတြျဖစ္လာရင္ မေပါ့ဆဘဲ ေဆးစစ္ကုသမႈခံယူၿပီး အဆုတ္ကိုေသခ်ာဂ႐ုစိုက္သင့္ပါတယ္။

ပခုံးနဲ႔ေနာက္ေက်ာနာက်င္ကိုက္ခဲျခင္း – ေနာက္ေက်ာ၊ ပခုံးနဲ႔ ရင္ဘတ္ေနရာေတြမွာ

တစ္ခ်က္တစ္ခ်က္စူးၿပီးနာတာမ်ိဳး ဆက္တိုက္ျဖစ္ေနရင္ အဆုတ္ကင္ဆာ အစျပဳျခင္းလို႔ ယူဆႏိုင္ပါတယ္။

ဒီလိုနာက်င္ ကိုက္ခဲတာေတြက အဆုတ္ကင္ဆာေၾကာင့္လို႔ တစ္ထစ္ခ်ေျပာလို႔မရေပမယ့္

ပုံမွန္က်န္းမာေရးေကာင္းေနတဲ့လကၡဏာေတာ့မဟုတ္တာေၾကာင့္ ဆရာဝန္နဲ႔ျပၿပီးစစ္ေဆးၾကည့္တာ ပိုေကာင္းပါလိမ့္မယ္။

အဆက္မျပတ္ ေခ်ာင္းဆိုးျခင္း – ေခ်ာင္းဆိုးတာက အေအးမိလို႔လည္းျဖစ္ႏိုင္ေပမယ့္ အဆက္မျပတ္ ေခ်ာင္းဆိုးမယ္၊

ခြၽဲက်ပ္မယ္၊ ခြၽဲအေရာင္ကပုံမွန္မဟုတ္တဲ့အေရာင္မ်ိဳးျဖစ္မယ္၊ အနံ႔အသက္ဆိုးေတြထြက္ေနမယ္ ဆိုရင္ေတာ့

ဒါေတြဟာ အဆုတ္မွာေရာဂါတစ္ခုခုျဖစ္ေနတဲ့လကၡဏာပါ။ ေခ်ာင္းဆိုးတဲ့အခ်ိန္ ေသြးပါတယ္ဆိုရင္ေတာ့

ဆရာဝန္နဲ႔ခ်က္ခ်င္းျပဖို႔လိုေနတဲ့ အေရးေပၚအေျခအေနမ်ိဳးျဖစ္ေနပါၿပီ။

အသက္ရႉရတိုေတာင္းျခင္း – အသက္ရႉသြင္းတဲ့အခါ အဆုတ္ထဲအထိရႉသြင္းလို႔မရဘဲ ေလကျပန္ထြက္သြားၿပီး

ရႉထုတ္လိုက္တဲ့အခါမွာလည္း ခႏၶာကိုယ္ထဲကထြက္လာတဲ့ ေလကုန္သည္အထိရႉထုတ္လို႔မရဘဲ ျဖစ္ေနရင္

ဒါကို အသက္ရႉရတိုေတာင္းတယ္လို႔ေျပာလို႔ရပါတယ္။ အဲ့ဒီလိုျဖစ္ေနတဲ့အခါ အဆုတ္ထဲကို

ေအာ္စီဂ်င္ေရာက္ရွိမႈနည္းလာၿပီး ေမာဟိုက္ေနေစပါတယ္။ ဒါကလည္း အဆုတ္မေကာင္းတဲ့ လကၡဏာတစ္ရပ္ပါပဲ။

အသားနဲ႔မ်က္လုံးဝါေနျခင္း – အသားအေရာင္နဲ႔ မ်က္လုံးအေရာင္က ပုံမွန္မဟုတ္ဘဲ

အနည္းငယ္ဝါေနတာမ်ိဳးကို အဆုတ္မေကာင္းတဲ့လကၡဏာလို႔ သိတဲ့သူနည္းပါတယ္။ အသားဝါ၊

မ်က္လုံးဝါရင္ အသည္းေၾကာင့္လို႔ပဲထင္ၾကတာပါ။ တကယ္ေတာ့ ဒါဟာ အဆုတ္ကင္ဆာရဲ႕လကၡဏာတစ္ခုပါ။

အေပၚမွာေျပာခဲ့တဲ့အခ်က္ေတြနဲ႔ အသားဝါ၊မ်က္လုံးဝါတာ တြဲၿပီးျဖစ္ေနၿပီဆိုရင္ေတာ့ အဆုတ္ကင္ဆာျဖစ္ႏိုင္ေခ်မ်ားေနပါတယ္။

ဒါေၾကာင့္ ဒီလိုေတြျဖစ္ေနရင္ ခ်က္ခ်င္းေဆးစစ္ဖို႔လိုပါတယ္။

အၿမဲလိုလို ေမာပန္းႏြမ္းနယ္ေနျခင္း – အလုပ္လုပ္ရလို႔၊ သြားလာလႈပ္ရွားေနရလို႔ ပင္ပန္းတာက သဘာဝပါပဲ။

ဒီလိုမဟုတ္ဘဲ အိပ္ေရးဝဝအိပ္လည္းပင္ပန္း၊ ဘာမွမလုပ္ဘဲေနလည္းပင္ပန္း၊

ပင္ပန္းေနလို႔အစားစားခ်င္စိတ္ရွိလားဆိုေတာ့လည္းမရွိ၊

ဒါမ်ိဳးေတြျဖစ္ေနတယ္ဆိုရင္ေတာ့ အဆုတ္မွာျပႆနာတစ္ခုခုရွိေနျခင္းေၾကာင့္ျဖစ္ႏိုင္ပါတယ္။

Unicode

ဒီလိုလက္ခဏာတွေပြနေရင်တော့သင့်အဆုတ်ကိုဆရာဝန်နဲ့အမြန်ဆုံးစစ်ဆေးသင်ပါပြီ

ခေတ်ကတိုးတက်လာပြီး လူသားအရင်းအမြစ်ကများပြားလာတဲ့အချိန်မှာ

သန့်စင်တဲ့လေထုကလည်း ရှားသထက်ရှားပါးလာပါတယ်။

ဒီတော့ လူသားတွေရဲ့အဆုတ်ကို ပိုပိုပြီး ထိခိုက်လာစေပါတယ်။

အဆုတ်ထိခိုက်ပျက်စီးနေတဲ့ထဲမှာ သင်ပါနေပြီဆိုတာကိုတော့ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်ပါတယ်။

ဒါတွေဖြစ်လာရင် မပေါ့ဆဘဲ ဆေးစစ်ကုသမှုခံယူပြီး အဆုတ်ကိုသေချာဂရုစိုက်သင့်ပါတယ်။

ပခုံးနဲ့နောက်ကျောနာကျင်ကိုက်ခဲခြင်း – နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်နေရာတွေမှာ

တစ်ချက်တစ်ချက်စူးပြီးနာတာမျိုး ဆက်တိုက်ဖြစ်နေရင် အဆုတ်ကင်ဆာ အစပြုခြင်းလို့ ယူဆနိုင်ပါတယ်။

ဒီလိုနာကျင် ကိုက်ခဲတာတွေက အဆုတ်ကင်ဆာကြောင့်လို့ တစ်ထစ်ချပြောလို့မရပေမယ့်

ပုံမှန်ကျန်းမာရေးကောင်းနေတဲ့လက္ခဏာတော့မဟုတ်တာကြောင့် ဆရာဝန်နဲ့ပြပြီးစစ်ဆေးကြည့်တာ ပိုကောင်းပါလိမ့်မယ်။

အဆက်မပြတ် ချောင်းဆိုးခြင်း – ချောင်းဆိုးတာက အအေးမိလို့လည်းဖြစ်နိုင်ပေမယ့် အဆက်မပြတ် ချောင်းဆိုးမယ်၊

ချွဲကျပ်မယ်၊ ချွဲအရောင်ကပုံမှန်မဟုတ်တဲ့အရောင်မျိုးဖြစ်မယ်၊ အနံ့အသက်ဆိုးတွေထွက်နေမယ် ဆိုရင်တော့

ဒါတွေဟာ အဆုတ်မှာရောဂါတစ်ခုခုဖြစ်နေတဲ့လက္ခဏာပါ။ ချောင်းဆိုးတဲ့အချိန် သွေးပါတယ်ဆိုရင်တော့

ဆရာဝန်နဲ့ချက်ချင်းပြဖို့လိုနေတဲ့ အရေးပေါ်အခြေအနေမျိုးဖြစ်နေပါပြီ။

အသက်ရှူရတိုတောင်းခြင်း – အသက်ရှူသွင်းတဲ့အခါ အဆုတ်ထဲအထိရှူသွင်းလို့မရဘဲ လေကပြန်ထွက်သွားပြီး

ရှူထုတ်လိုက်တဲ့အခါမှာလည်း ခန္ဓာကိုယ်ထဲကထွက်လာတဲ့ လေကုန်သည်အထိရှူထုတ်လို့မရဘဲ ဖြစ်နေရင်

ဒါကို အသက်ရှူရတိုတောင်းတယ်လို့ပြောလို့ရပါတယ်။ အဲ့ဒီလိုဖြစ်နေတဲ့အခါ အဆုတ်ထဲကို

အော်စီဂျင်ရောက်ရှိမှုနည်းလာပြီး မောဟိုက်နေစေပါတယ်။ ဒါကလည်း အဆုတ်မကောင်းတဲ့ လက္ခဏာတစ်ရပ်ပါပဲ။

အသားနဲ့မျက်လုံးဝါနေခြင်း – အသားအရောင်နဲ့ မျက်လုံးအရောင်က ပုံမှန်မဟုတ်ဘဲ

အနည်းငယ်ဝါနေတာမျိုးကို အဆုတ်မကောင်းတဲ့လက္ခဏာလို့ သိတဲ့သူနည်းပါတယ်။ အသားဝါ၊

မျက်လုံးဝါရင် အသည်းကြောင့်လို့ပဲထင်ကြတာပါ။ တကယ်တော့ ဒါဟာ အဆုတ်ကင်ဆာရဲ့လက္ခဏာတစ်ခုပါ။

အပေါ်မှာပြောခဲ့တဲ့အချက်တွေနဲ့ အသားဝါ၊မျက်လုံးဝါတာ တွဲပြီးဖြစ်နေပြီဆိုရင်တော့ အဆုတ်ကင်ဆာဖြစ်နိုင်ချေများနေပါတယ်။

ဒါကြောင့် ဒီလိုတွေဖြစ်နေရင် ချက်ချင်းဆေးစစ်ဖို့လိုပါတယ်။

အမြဲလိုလို မောပန်းနွမ်းနယ်နေခြင်း – အလုပ်လုပ်ရလို့၊ သွားလာလှုပ်ရှားနေရလို့ ပင်ပန်းတာက သဘာဝပါပဲ။

ဒီလိုမဟုတ်ဘဲ အိပ်ရေးဝဝအိပ်လည်းပင်ပန်း၊ ဘာမှမလုပ်ဘဲနေလည်းပင်ပန်း၊

ပင်ပန်းနေလို့အစားစားချင်စိတ်ရှိလားဆိုတော့လည်းမရှိ၊

ဒါမျိုးတွေဖြစ်နေတယ်ဆိုရင်တော့ အဆုတ်မှာပြဿနာတစ်ခုခုရှိနေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။