Zawgyi

လူတစ္ခ်ိဳ႕ရဲ႕စိတ္က ဘယ္လိုေတာင္မိုက္႐ိုင္းႏိုင္ၾကတာလဲကြယ္။

ဒီအဖိုးနဲ႔အဖြားက အသက္အရြယ္ႀကီးၿပီး သားေထာက္သမီးခံလဲမရွိေပမဲ့ အဖိုးနဲ႔အဖြားက အရမ္းခ်စ္ၾကတဲ့ ဇနီးေမာင္ႏွံျဖစ္တယ္။

အဖိုးကက်န္းမာတယ္ အဖြားက မ်က္စိမျမင္ဘူး ေမြးရာပါမျမင္တာလို႔ေျပာတယ္။ အဖိုးနဲ႔အဖြား ေခ်ာင္းေဘာင္ေလးတစ္ခုမွာေတာင္းရမ္းစားေသာက္ၾကတာပါ ။

လူတစ္ေယာက္ကလာၿပီး ထီလက္မွတ္ေတြေပးသြားၿပီး အဖိုးအဖြားကို ထီ၇၀၀၀၀ ေပါက္ထားတဲ့ထီလက္မွတ္ျဖစ္တယ္ဆိုၿပီးလိမ္ၿပီးေပးသြားတယ္ ။

ထီလက္မွတ္က ဘယ္ဘဝက လက္မွတ္မွန္းေတာင္မသိ ။ အဖိုးမွာေနပူပူမွာ ထီလက္မွတ္နဲ႔ ပိုက္ဆံထုတ္မယ္ဆိုၿပီးသြားေနတာ ။

က်မေရာက္သြားတဲ့ထိ ထီးလက္မွတ္ကို သူ႔အိတ္ထဲထည့္ၿပီး ေငြ ၇၀၀၀၀ ေပါက္ထားတယ္အထင္နဲ႔ အဖိုးခမ်ာ ေပ်ာ္ေနတာ ။

က်မေရာက္မွ ဆန္ဆီ နဲ႔ ေငြသုံးစရာသြားေပးမွ အဖိုးကိုရွင္းျပမွ အဖိုးမွာ ငိုရွာတယ္။

ေႏွာက္ခ်င္ရင္ လူငယ္ခ်င္းခ်င္းေႏွာက္ၾကပါ။ ခုလိုအသက္ျကီးအဖိုးအဖြားေတြကိုမေႏွာက္ၾကပါနဲ႔ 😏😏😏

က်မေရာက္တဲ့ေန႔နဲ႔ေတြ႕လို႔ေတာ့ ေသၿပီလို႔မွတ္ထား😏😏😏

တအားစိတ္တိုတယ္😏

Unicode

လူတစ်ချို့ရဲ့စိတ်က ဘယ်လိုတောင်မိုက်ရိုင်းနိုင်ကြတာလဲကွယ်။

ဒီအဖိုးနဲ့အဖွားက အသက်အရွယ်ကြီးပြီး သားထောက်သမီးခံလဲမရှိပေမဲ့ အဖိုးနဲ့အဖွားက အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံဖြစ်တယ်။

အဖိုးကကျန်းမာတယ် အဖွားက မျက်စိမမြင်ဘူး မွေးရာပါမမြင်တာလို့ပြောတယ်။ အဖိုးနဲ့အဖွား ချောင်းဘောင်လေးတစ်ခုမှာတောင်းရမ်းစားသောက်ကြတာပါ ။

လူတစ်ယောက်ကလာပြီး ထီလက်မှတ်တွေပေးသွားပြီး အဖိုးအဖွားကို ထီ၇၀၀၀၀ ပေါက်ထားတဲ့ထီလက်မှတ်ဖြစ်တယ်ဆိုပြီးလိမ်ပြီးပေးသွားတယ် ။

ထီလက်မှတ်က ဘယ်ဘဝက လက်မှတ်မှန်းတောင်မသိ ။ အဖိုးမှာနေပူပူမှာ ထီလက်မှတ်နဲ့ ပိုက်ဆံထုတ်မယ်ဆိုပြီးသွားနေတာ ။

ကျမရောက်သွားတဲ့ထိ ထီးလက်မှတ်ကို သူ့အိတ်ထဲထည့်ပြီး ငွေ ၇၀၀၀၀ ပေါက်ထားတယ်အထင်နဲ့ အဖိုးခမျာ ပျော်နေတာ ။

ကျမရောက်မှ ဆန်ဆီ နဲ့ ငွေသုံးစရာသွားပေးမှ အဖိုးကိုရှင်းပြမှ အဖိုးမှာ ငိုရှာတယ်။

နှောက်ချင်ရင် လူငယ်ချင်းချင်းနှောက်ကြပါ။ ခုလိုအသက်ကြီးအဖိုးအဖွားတွေကိုမနှောက်ကြပါနဲ့ 😏😏😏

ကျမရောက်တဲ့နေ့နဲ့တွေ့လို့တော့ သေပြီလို့မှတ်ထား😏😏😏

တအားစိတ်တိုတယ်😏