Zawgyi

သူေဌးသား ေဘာင္းဘီအၿပဲဝတ္ထားရင္ စတိုင္လ္ေပါ့

ဆင္းရဲသား အၿပဲဝတ္ေတာ့ စုတ္ျပတ္ေနတာေပါ့..

မင္းသား မ်က္လုံးနီေနေတာ့ အိပ္ေရးပ်က္ရွာတယ္ေပါ့..

လူ႐ႊင္ေတာ္ မ်က္လုံးနီေနေတာ့ အရက္ေသာက္လို႔ေပါ့..

စာေတာ္တဲ့ေက်ာင္းသား ပုစာၦအမွားႀကီးတြက္ထားေတာ့ လွ်ံသြားတယ္ေပါ့

စာညံ့တဲ့ကေလး မွားတြက္ေတာ့ ညံ့လြန္းတယ္ေပါ့..

ပိုက္ဆံရွိတဲ့သူဝတ္ထားတဲ့လက္စြပ္ေက ႐ႊအစစ္ေပါ့

ပလတ္စတစ္ေကာက္တဲ့သူဝတ္ထားတဲ့လက္စြပ္ကေ႐ႊအတုေပါ့..

ေခါင္းေပါင္းဝတ္ထားရင္ အသိညဏ္ရွိတဲ့သူျဖစ္ၿပီးဆိုက္ကားသမားကအသိဉာဏ္နည္း စာမတတ္သူေပါ့..

စာရတဲ့ေက်ာင္းသားရဲ႕စာစီစာကုံးကို အဆုံးထိစိတ္ရွည္လက္ရွည္ဖတ္ၿပီး very good လို႔မွတ္ခ်က္ေပးတယ္ေပါ့

စာမရတဲ့ကေလးရဲ႕စာစီစာကုံးကို နိဒါန္းနဲ႔နိဂုံး ႏွစ္ေၾကာင္းေလးဖတ္ၿပီး ဆက္ႀကိဳးစားရန္လိုေသးသည္လို႔ မွတ္ခ်က္ခ်တယ္ေပါ့.

သမီးအရင္း ခ်က္တဲ့ထမင္းေပ်ာ့ရင္ဝါးရလြတ္ၿပီး အစာေၾကလြယ္တာေပါ့ ေခြၽးမ ခ်က္တဲ့ထမင္းေပ်ာ့ရင္ အိမ္ေထာင္ရွင္မ မပီသတဲ့သူေပါ့..

တခါတခါ အထင္မႀကီးတဲ့မ်က္လုံးနဲ႔ၾကည့္လိုက္ရင္အရာအားလုံးကအျပစ္ပိုႀကီးသြားသလိုျဖစ္သြားေရာ..

ခင္မ်ားတို႔က်ဳပ္တို႔လႊင့္ပစ္မိလိုက္တဲ့အမႈိက္ပုံးထဲက အမွန္တရားေတြဟာ သိပ္ႏွေျမာဖို႔ေကာင္းေနတတ္တယ္။

ဘယ္လိုေျပာရမလဲဆိုေတာ့”မခ်စ္ရင္ အျပစ္ႀကီးဘဲ”ေပါ့ဗ်ာ။

အျပစ္တင္ျခင္း မဟုတ္ပါလူ႔သေဘာလူ႔မေနာရဲ႕အေျခခံမွာကိုကအေကာင္းနဲ႔အဆိုးဒြန္တြဲေနတယ္လို႔ပဲဆိုပါရေစ. .

တကယ္ေတာ့ လူ႔ဘဝဆိုတာ တိုတိုေလးပါခင္ဗ်ာ. . .

ခဏတာႀကဳံေတြ႕ရတတ္တဲ့ေလာကဓံရဲ႕႐ိုက္ခတ္ခတ္မႈေတြၾကားတစ္ဖက္ ေစာင္းနင္း ျဖစ္မေနေစဖို႔ မိမိကိုယ္ကို ျပဳျပင္ယူရမယ္ မဟုတ္လားခင္ဗ်ာ.

Credit to original writer

Unicode

သူဌေးသား ဘောင်းဘီအပြဲဝတ်ထားရင် စတိုင်လ်ပေါ့

ဆင်းရဲသား အပြဲဝတ်တော့ စုတ်ပြတ်နေတာပေါ့..

မင်းသား မျက်လုံးနီနေတော့ အိပ်ရေးပျက်ရှာတယ်ပေါ့..

လူရွှင်တော် မျက်လုံးနီနေတော့ အရက်သောက်လို့ပေါ့..

စာတော်တဲ့ကျောင်းသား ပုစ္ဆာအမှားကြီးတွက်ထားတော့ လျှံသွားတယ်ပေါ့

စာညံ့တဲ့ကလေး မှားတွက်တော့ ညံ့လွန်းတယ်ပေါ့..

ပိုက်ဆံရှိတဲ့သူဝတ်ထားတဲ့လက်စွပ်ကေ ရွှအစစ်ပေါ့

ပလတ်စတစ်ကောက်တဲ့သူဝတ်ထားတဲ့လက်စွပ်ကရွှေအတုပေါ့..

ခေါင်းပေါင်းဝတ်ထားရင် အသိညဏ်ရှိတဲ့သူဖြစ်ပြီးဆိုက်ကားသမားကအသိဉာဏ်နည်း စာမတတ်သူပေါ့..

စာရတဲ့ကျောင်းသားရဲ့စာစီစာကုံးကို အဆုံးထိစိတ်ရှည်လက်ရှည်ဖတ်ပြီး very good လို့မှတ်ချက်ပေးတယ်ပေါ့

စာမရတဲ့ကလေးရဲ့စာစီစာကုံးကို နိဒါန်းနဲ့နိဂုံး နှစ်ကြောင်းလေးဖတ်ပြီး ဆက်ကြိုးစားရန်လိုသေးသည်လို့ မှတ်ချက်ချတယ်ပေါ့.

သမီးအရင်း ချက်တဲ့ထမင်းပျော့ရင်ဝါးရလွတ်ပြီး အစာကြေလွယ်တာပေါ့ ချွေးမ ချက်တဲ့ထမင်းပျော့ရင် အိမ်ထောင်ရှင်မ မပီသတဲ့သူပေါ့..

တခါတခါ အထင်မကြီးတဲ့မျက်လုံးနဲ့ကြည့်လိုက်ရင်အရာအားလုံးကအပြစ်ပိုကြီးသွားသလိုဖြစ်သွားရော..

ခင်များတို့ကျုပ်တို့လွှင့်ပစ်မိလိုက်တဲ့အမှိုက်ပုံးထဲက အမှန်တရားတွေဟာ သိပ်နှမြောဖို့ကောင်းနေတတ်တယ်။

ဘယ်လိုပြောရမလဲဆိုတော့”မချစ်ရင် အပြစ်ကြီးဘဲ”ပေါ့ဗျာ။

အပြစ်တင်ခြင်း မဟုတ်ပါလူ့သဘောလူ့မနောရဲ့အခြေခံမှာကိုကအကောင်းနဲ့အဆိုးဒွန်တွဲနေတယ်လို့ပဲဆိုပါရစေ. .

တကယ်တော့ လူ့ဘဝဆိုတာ တိုတိုလေးပါခင်ဗျာ. . .

ခဏတာကြုံတွေ့ရတတ်တဲ့လောကဓံရဲ့ရိုက်ခတ်ခတ်မှုတွေကြားတစ်ဖက် စောင်းနင်း ဖြစ်မနေစေဖို့ မိမိကိုယ်ကို ပြုပြင်ယူရမယ် မဟုတ်လားခင်ဗျာ.

Credit to original writer