Categories
ထူးဆန်းထွေလာ

အင်္ဂါဂြိုဟ်ပေါ်ကနေ ပင်လယ်ကြီး ဘယ်လိုပျောက်ဆုံး သွားသလဲ?

Zawgyi

ယေန႔ အခ်ိန္မွာေတာ့ အဂၤါၿဂိဳဟ္ရဲ႕ မ်က္ႏွာျပင္ဟာ ေျခာက္သေယာင္း လို႔ ေနပါတယ္။ အဂၤါၿဂိဳဟ္ ေပၚမွာ က်န္ရွိေန ေသးတဲ ေရ အနည္းငယ္ ကလဲ​ ဝင္႐ိုးစြန္း ေဒသက ေရခဲေတြနဲ႔ ေျမေအာက္ေရခဲ အျဖစ္ပဲ က်န္ရွိ ေနပါေတာ့တယ္။

ဒါေပမယ့္ အဂၤါၿဂိဳဟ္ရဲ႕ မ်က္ႏွာျပင္ကို ေသေသခ်ာခ်ာ ေလ့လာ ၾကည့္မယ္ဆိုရင္ ကမ္းေျခ ေတြနဲ႔ ဆင္ဆင္တူတဲ့ ေဒသေတြ၊ ျမစ္ေတြ ျဖတ္စီးၿပီး ျဖစ္လာတဲ့ ေခ်ာက္ႀကီးေတြ ေတြ႕ရမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ လ အနည္းငယ္ ကလဲ​ အဂၤါၿဂိဳဟ္ ေလ့လာေရးယာဥ္ Perseverance ကေန ႐ိုက္ပို႔လိုက္တဲ့ ဓါတ္ပုံ အေထာက္ အထား ေတြအရ အဂၤါၿဂိဳဟ္ရဲ႕ မ်က္ႏွာျပင္မွာ အရင္တုန္းက ေရတိုက္စားၿပီး ျဖစ္လာတဲ့ ေျမမ်က္ႏွာ သြင္ျပင္ေတြကို ေတြ႕ထား ရပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ သန္းေပါင္း ေထာင္ေက်ာ္ ကာလက အဂၤါၿဂိဳဟ္ရဲ႕ ေလထုဟာ အခုထက္ အမ်ားႀကီး ပိုၿပီး သိပ္သည္း ခဲ့လိမ့္မယ္လို႔ ပညာရွင္ ေတြက ခန႔္မွန္း ၾကပါတယ္။ ေနာက္ၿပီးေတာ့ ရာသီ ဥတုကလဲ အခုထက္ ပိုၿပီး ပူေႏြး လိမ့္မယ္လို႔ ယူဆ ၾကပါတယ္။

အဂၤါၿဂိဳဟ္ရဲ႕ မ်က္ႏွာျပင္မွာ ကမာၻေပၚက ျမစ္ဝကြၽန္းေပၚ ေဒသေတြမွာ ေတြ႕ရတတ္တဲ့ ယပ္ေတာင္ပုံ ျဖာထြက္ ေနတဲ့ ေျမမ်က္ႏွာ သြင္ျပင္ေတြ ေတြ႕ရွိ ထားပါတယ္။ ဒီအခ်က္ေတြအရ အဂၤါၿဂိဳဟ္ရဲ႕ အခ်ိဳ႕ အပိုင္းေတြဟာ တခ်ိန္က ျမစ္ေခ်ာင္း ေတြနဲ႔ ပင္လယ္ေတြ ဖုံးလႊမ္းခဲ့တယ္ လို႔ ပညာရွင္ ေတြက ယူဆ ၾကပါတယ္။

နာဆာက ပညာရွင္ ေတြကလဲ မားစ္ ၿဂိဳဟ္ရဲ႕ ေလထုရဲ႕ လက္ရွိ ဓါတု ဖြဲ႕စည္းပုံကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း သန္း ၄,၀၀၀ ေက်ာ္က ေလထုနဲ႔ တိုက္ဆိုင္ စစ္ေဆး ၾကည့္ခဲ့ ၾကပါတယ္။ ဒီ ေရွးေဟာင္း ေလထုကို မားစ္ၿဂိဳဟ္က ရရွိတဲ့ ဥကၠာခဲ အတြင္းကေန ရရွိ ထားတာ ျဖစ္ပါတယ္။

ဒီ ေလ့လာခ်က္ ေတြအရ မာစ္ ၿဂိဳဟ္ရဲ႕ ေျမာက္ဖက္ျခမ္းဟာ လြန္ခဲ့တဲ့ ႏွစ္သန္း ၄၀၀၀ ေက်ာ္က ပင္လယ္ႀကီး တစ္ခုနဲ႔ ဖုံးလႊမ္း ထားခဲ့တယ္လို႔ ပညာရွင္ ေတြက ေကာက္ခ်က္ ခ်ခဲ့ပါတယ္။ အခု အခ်ိန္မွာေတာ့ ဒီ ပင္လယ္ ႀကီးဟာ အတိတ္သမိုင္းမွာ က်န္ရစ္ ခဲ့ပါၿပီ။ ဒါဆို ဒီ ေရေတြ ဘယ္ေရာက္ သြားလဲ။ ဘာ့ေၾကာင့္ အဂၤါၿဂိဳဟ္ ေပၚက ပင္လယ္ေတြ ခန္းေျခာက္ၿပီး ေပ်ာက္ကြယ္ ကုန္ၾကတာလဲ။

အဂၤါၿဂိဳဟ္ ရဲ႕ ေျမာက္ျခမ္းမွာ တခ်ိန္က ႀကီးမားတဲ့ ပင္လယ္ သမုဒၵရာႀကီး တစ္ခု ဖုံးလႊမ္း ထားခဲ့တယ္လို႔ ဆိုပါတယ္။ အဂၤါၿဂိဳဟ္ ရဲ႕ ေျမာက္ျခမ္းမွာ တခ်ိန္က ႀကီးမားတဲ့ ပင္လယ္ သမုဒၵရာႀကီး တစ္ခု ဖုံးလႊမ္း ထားခဲ့တယ္လို႔ ဆိုပါတယ္။ (Credits: NASA/GSFC) သိပ္မၾကာ မီက ဂ်ပန္ႏိုင္ငံ တိုက်ိဳ တကၠသိုလ္က တင္သြင္းတဲ့ သုေတသန စာတမ္း တစ္ေစာင္မွာ ဘာ့ေၾကာင့္ ဒီ ပင္လယ္ႀကီး ေပ်ာက္ဆုံး သြားရသလဲ ဆိုတာကို တင္ျပ ထားပါတယ္။

ဒီ စာတမ္းရဲ႕ အဆိုအရ လြန္ခဲ့တဲ့ ႏွစ္သန္း ေထာင္ေက်ာ္က မားစ္ၿဂိဳဟ္ဟာ သူ႔ရဲ႕ သံလိုက္ စက္ကြင္း ကြယ္ေပ်ာက္ သြားခဲ့ ရတယ္လို႔ ဆိုပါတယ္။ (လက္ရွိ မားစ္ ၿဂိဳဟ္မွာ ကမာၻမွာလို သံလိုက္ စက္ကြင္း မရွိပါဘူး)။ ဒီလို သံလိုက္ စက္ကြင္း မရွိတဲ့ အတြက္ မာစ္းရဲ႕ ေလထုကို အာကာသ ေရာင္ျခည္ေတြ (cosmic rays) နဲ႔ ဆိုလာ ေလ (solar wind) တို႔ရဲ႕ အႏၲရာယ္က အကာအကြယ္ ေပးႏိုင္စြမ္း မရွိ ေတာ့ပါဘူး။

ဒီအခါ ဒီ လႈိင္းေတြရဲ႕ တိုက္စားမႈေၾကာင့္ မာစ္ရဲ႕ ေလထုဟာ အာကာသ ထဲကို တျဖည္းျဖည္း လြင့္ပါၿပီး ေပ်ာက္ဆုံး သြားခဲ့ရပါေတာ့တယ္။ ေလထု ပါးလႊာ လာတာနဲ႔ အမွ် ပင္လယ္ထဲက ေရေတြလဲ အေငြ႕ပ်ံၿပီး အာကာသ ထဲ လြင့္ပါ ေပ်ာက္ဆုံး ကုန္ၾကပါတယ္။ ေနာက္ဆုံးေတာ့ မားစ္ရဲ႕ ပင္လယ္ဟာ လုံးဝ ခမ္းေျခာက္လို႔ သြားရ ပါေတာ့တယ္။

သံလိုက္စက္ကြင္းႏွင့္ ပင္လယ္

ေနအဖြဲ႕အစည္း ဟာ တကယ္တမ္းက်ေတာ့ အေတာ္ေလး ၾကမ္းတမ္း ခက္ထန္တဲ့ အရပ္ေဒသ တစ္ခု ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ သက္ရွိေတြ အသက္ရွင္ ႏိုင္ေအာင္ စြမ္းအား ေပးတဲ့ ေန ဟာ ဒီ သက္ရွိ တြကိုပဲ ဖ်က္ဆီး ပစ္ႏိုင္စြမ္း ရွိပါတယ္။ ေနကေန အလြန္ မ်ားျပားတဲ့ ေရဒီယို သတၱိႂကြ ဓါတ္ေရာင္ျခည္ေတြ ထုတ္လႊင့္ ေပးေနပါတယ္။

အကယ္လို႔သာ ကြၽန္ေတာ္တို႔ ကမာၻကို အကာအကြယ္ ေပးထားတဲ့ သံလိုက္ စက္ကြင္းသာ မရွိရင္ ဒီ ဓါတ္ေရာင္ျခည္ ေတြဟာ ကမာၻ ေျမမ်က္ႏွာ ျပင္ကို အဆီးအတား မရွိ က်ေရာက္ၿပီး ကြၽန္ေတာ္တို႔ကို ေလာင္ၿမိဳက္ ပစ္လိုက္မွာ ျဖစ္ပါတယ္။

သံလိုက္ စက္ကြင္းရဲ႕ အကာအကြယ္သာ မရွိခဲ့ရင္ ေနက တိုက္ခတ္လာတဲ့ ဆိုလာေလ ဟာ ကမာၻ႔ ေလထုကို တိုက္စားၿပီး အာကာသထဲ လြင့္ထြက္သြား ေစမွာ ျဖစ္ပါတယ္။ ေလထု ေပ်ာက္ဆုံး သြားတာနဲ႔ အတူ ကမာၻ႔ သမုဒၵရာ ေတြလဲ ခမ္းေျခာက္ သြားၾကမွာ ျဖစ္ပါတယ္။ တနည္းအား ျဖင့္ေတာ့ ကမာၻ႔ဟာ မားစ္ၿဂိဳဟ္ရဲ႕သြားရာလမ္း အတိုင္း လိုက္သြားမွာ ျဖစ္ပါတယ္။

ကမာၻဟာ ေနအဖြဲ႕အစည္း အတြင္းက ေက်ာက္သားေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ၿဂိဳဟ္ေတြ အနက္ အားေကာင္းတဲ့သံလိုက္စက္ကြင္း ရွိတဲ့ တစ္ခုတည္းေသာ ၿဂိဳဟ္ ျဖစ္ပါတယ္။ ဒီ သံလိုက္ စက္ကြင္းေၾကာင့္လဲ ကမာၻနဲ႔ မားစ္ဟာ ဒီေလာက္ ကြာျခား သြားရတာ ျဖစ္ပါတယ္။

ဒါေပမယ့္ လြန္ခဲ့တဲ့ ႏွစ္သန္း ေထာင္ေက်ာ္ တုန္းက မားစ္ ၿဂိဳဟ္မွာလဲ ကမာၻမွာ လိုပဲ အားေကာင္းတဲ့ သံလိုက္ စက္ကြင္း ရွိခဲ့ပါတယ္။

ဒါဆို ဒီ သံလိုက္ စက္ကြင္း ဘယ္ေရာက္ သြားတာလဲ။ ဘယ္လို ေပ်ာက္ဆုံး သြားခဲ့တာလဲ။

အဂၤါၿဂိဳဟ္ရဲ႕ သံလိုက္စက္ကြင္း ဘယ္လို ေပ်ာက္ဆုံးသြားသလဲ

ဒီေမးခြန္းကို အေျဖရွာဖို႔ တိုက်ိဳ တကၠသိုလ္က သုေတသီ ႐ႊန္ပိုင္ ယိုကိုး (Shunpei Yokoo) နဲ႔ အဖြဲ႕ဟာ မားစ္ ရဲ႕ အူတိုင္ကို ဓါတ္ခြဲခန္းမွာ အတု ျပဳလုပ္ ဖန္တီး စမ္းသပ္ခဲ့ ၾကပါတယ္။

ဒီ အူတိုင္ အတုကို သံ၊ ကန႔္ (sulphur) နဲ႔ ဟိုက္ၿဒိဳဂ်င္ ျဒပ္စင္ေတြ ေပါင္းစပ္ၿပီး ဖန္တီးခဲ့ ၾကတာပါ။ ဒီ ျဒပ္စင္ေတြဟာ မားစ္ရဲ႕ အူတိုင္ကို ဖြဲ႕စည္းထားတဲ့ ျဒပ္စင္ေတြ ျဖစ္တယ္လို႔ သိပၸံ ပညာရွင္ ေတြက ယုံၾကည္ ထားၾကပါတယ္။

မားစ္ကေန လာတဲ့ ဥကၠာခဲ ေတြထဲမွာ ကန႔္နဲ႔ အတူတကြ ေတြ႕ရေလ့ ရွိတဲ့ အျခား ျဒပ္ပစၥည္းေတြကို ေတြ႕ရေလ့ မရွိပါဘူး။ ဒါ့ေၾကာင့္ ပညာရွင္ ေတြက မားစ္း ၿဂိဳဟ္ေပၚက ကန႔္ ေတြဟာ အူတိုင္ထဲကို နစ္ျမဳပ္ သြားၾကလို႔ ျဖစ္မယ္လို႔ ေကာက္ခ်က္ခ် ၾကပါတယ္။

ေနာက္ၿပီး မားစ္ ဟာ ေနအဖြဲ႕အစည္းရဲ႕ ေရခဲမ်ဥ္း (snow line) နဲ႔ နီးကပ္စြာ တည္ရွိ ေနပါတယ္။ ဒီ ေရခဲမ်ဥ္း ေနရာဟာ ေန အဖြဲ႕အစည္း ျဖစ္တည္စ က ေရခဲ အေျမာက္အမ်ား ရွိခဲ့တဲ့ ရပ္ဝန္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္လဲ မားစ္ၿဂိဳဟ္ ေမြးဖြားခ်ိန္က ဒီ ေရခဲ ေတြထဲက ဟိုက္ၿဒိဳဂ်င္ဟာ ၿဂိဳဟ္ရဲ႕ အူတိုင္ထဲမွာ ပိတ္မိ ေနလိမ့္မယ္လို႔ ယူဆ ၾကတာပါ။

ဒါ့ေၾကာင့္လဲ​ ပညာရွင္ ေတြက အဂၤါၿဂိဳဟ္ရဲ႕ အူတိုင္ဟာ အရည္ေပ်ာ္ ေနတဲ့ သံ-ကန႔္-ဟိုက္ၿဒိဳဂ်င္ အေရာ ျဖစ္လိမ့္မယ္လို႔ ယူဆၾကတာ ျဖစ္ပါတယ္။

ဂ်ပန္ သုေတသီ ေတြဟာ သံ၊ ကန႔္ နဲ႔ ဟိုက္ၿဒိဳဂ်င္ ေတြကို ေရာၿပီး စိန္တုံး ႏွစ္တုံး ၾကားထဲ ညႇပ္ကာ ေလဆာေရာင္ျခည္ ကို အသုံးျပဳၿပီး အပူ ေပးလိုက္ပါတယ္။ ဒီနည္းအားျဖင့္ မားစ္ရဲ႕ ဗဟိုခ်က္မွာ ရွိမယ့္ အပူခ်ိန္နဲ႔ ဖိအားနဲ႔ ဆင္ဆင္ တူတဲ့ ပတ္ဝန္းက်င္ တစ္ခုကို ဖန္တီးေပး ႏိုင္ခဲ့ ၾကပါတယ္။

ဒီ လို အပူေပး လိုက္တဲ့ အခါ ေရာထားတဲ့ ျဒပ္ေရာေတြဟာ အရည္ ႏွစ္မ်ိဳး အျဖစ္ ကြဲထြက္ သြားပါတယ္။ ပထမ တစ္ခုကေတာ့ သံ နဲ႔ ကန႔္ ေရာေနတဲ့ အေရာ ျဖစ္ၿပီး ေနာက္တစ္ခုက သံ နဲ႔ ဟိုက္ၿဒိဳဂ်င္ အေရာ ျဖစ္ပါတယ္။

ဒီ အရည္ ႏွစ္မ်ိဳးအနက္ ဟိုက္ၿဒိဳဂ်င္နဲ႔ ေရာေနတဲ့ သံရည္ပူ ေတြဟာ ပိုေပါ့တာမို႔ အေပၚပိုင္းကို တက္လာပါတယ္။ ကန႔္နဲ႔ ေရာေနတဲ့ သံရည္ပူ ေတြကေတာ့ ေလးတာမို႔ ေအာက္ကို ဆင္းသြားပါတယ္။

ဒီလို အပူခ်ိန္ မတူညီတဲ့ အရည္ႏွစ္လႊာ အျဖစ္ ကြဲထြက္သြား တာမို႔ သံရည္ပူ ေတြဟာ အေပၚနဲ႔ ေအာက္ လည္ပတ္ စီးဆင္းမႈ ျဖစ္လာပါတယ္။ ဒီလို သံရည္ပူေတြ လည္ပတ္ စီးဆင္း ေနတာဟာ သံလိုက္စက္ကြင္း ျဖစ္ေပၚေစတဲ့ အဓိက အေၾကာင္းရင္းပဲ ျဖစ္ပါတယ္။

အခု အေျခအေနဟာ လြန္ခဲ့တဲ့ ႏွစ္သန္း ၄ ေထာင္ေက်ာ္က မားစ္ ရဲ႕ အူတိုင္ အတြင္းက အေျခအေနနဲ႔ ခပ္ဆင္ဆင္ တူမယ္လို႔ ယူဆ ရပါတယ္။

ဒါေပမယ့္ မားစ္ရဲ႕ သက္တမ္း တစ္ခ်ိန္ခ်ိန္မွာ သံရည္ပူ ေတြဟာ အလႊာ ႏွစ္လႊာအျဖစ္ လုံးဝ ကြဲထြက္ သြားပါတယ္။ ဒီ အေျခအေနမွာ အေပၚလႊာမွာ ရွိတဲ့ သံရည္ပူ ေတြဟာ ဟိုက္ၿဒိဳဂ်င္နဲ႔ ေရာေနၿပီး ေအာက္ေျခ အလႊာကေတာ့ ကန႔္နဲ႔ ေရာေနပါတယ္။

ဒါေပမယ့္ ဒီလို အလႊာ ႏွစ္ခု လုံးဝ ကြဲထြက္သြား ျခင္းရဲ႕ ေနာက္ဆက္တြဲ ရလဒ္ ကေတာ့ အေပၚေအာက္ စီးဆင္းတဲ့ စီးဆင္းမႈ ရပ္တန႔္ သြားတာပဲ ျဖစ္ပါတယ္။

သံရည္ပူေတြ လွည့္ပတ္ စီးဆင္းမႈ ရပ္တန႔္ သြားတာနဲ႔ တၿပိဳင္နက္ ဒီ စီးဆင္းမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ သံလိုက္စက္ကြင္း ဟာလဲ ေပ်ာက္ဆုံး သြားပါေတာ့တယ္။

ဒီ့ေနာက္မွာေတာ့ အာကာသ ေရာင္ျခည္ေတြနဲ႔ ဆိုလာေလ ေတြရဲ႕ တိုက္ခတ္မႈေၾကာင့္ မားစ္ရဲ႕ ေလထုဟာ တျဖည္းျဖည္း အာကာသ ထဲကို လြင့္ေမ်ာ သြားပါတယ္။ ေလထု ဆုံးရႈံး မႈနဲ႔ အတူပဲ မားစ္ရဲ႕ ပင္လယ္တြ ဟာလဲ အေငြ႕ပ်ံၿပီး အာကာသထဲ လြင့္ေမ်ာ ေပ်ာက္ကြယ္ သြားရ ပါေတာ့တယ္။

ကမာၻ႔ အူတိုင္မွာေရာ ဒီလိုျဖစ္လာမလား

ဒီလို အူတိုင္က သံရည္ပူေတြ ႏွစ္လႊာ အျဖစ္ ကြဲၿပီး စီးဆင္းတဲ့ ျဖစ္ရပ္ကို ကမာၻ႔ အူတိုင္ ထဲမွာလဲ ေတြ႕ျမင္ ရပါတယ္။ ဒါေပမယ့္ ကမာၻ႔ အူတိုင္နဲ႔ မားစ္နဲ႔ မတူတဲ့ အဓိက ကြာျခားခ်က္ ရွိေနပါတယ္။ အဲ့တာကေတာ့ အပူခ်ိန္ ပါပဲ။

ကမာၻ႔ အူတိုင္ရဲ႕ အပူခ်ိန္ဟာ မားစ္ ရဲ႕ အူတိုင္ထက္ အမ်ားႀကီး ပိုပူပါတယ္။ ကမာၻ႔ အူတိုင္ဟာ ၆,၇၄၀ ဖာရင္ဟိုက္ခန႔္ (3,730 ဒီဂရီ စင္တီဂရိတ္ခန႔္) ရွိတာမို႔ မားရဲ႕ အူတိုင္ထက္ အမ်ားႀကီး ပိုပူပါတယ္။

ဒီလို ျမင့္မားတဲ့ အပူခ်ိန္မွာ သံရည္ပူ အလႊာ ႏွစ္လႊာ ကြဲထြက္တဲ့ ျဖစ္ရပ္ကို အူတိုင္ရဲ႕ အပူခ်ိန္ ေလ်ာ့နည္းတဲ့ အေပၚယံ လႊာေလးမွာပဲ ေတြ႕ရပါတယ္။ အပူခ်ိန္ ျမင့္မားတဲ့ အူတိုင္ အတြင္းပိုင္း ေတြမွာေတာ့ ဒီ သံရည္ပူ ႏွစ္လႊာဟာ ေရာေနပါတယ္။

ကမာၻ႔ အူတိုင္ဟာ မားစ္ လုံးဝ ႏွစ္လႊာ ျဖစ္သြားဖို႔ ဆိုရင္ ေနာက္ထပ္ ႏွစ္သန္း ေထာင္ေက်ာ္ ၾကာမွ ျဖစ္လာလိမ့္မယ္ လို႔ ဆိုပါတယ္။

အခု သုေတသန ရလဒ္ဟာ သက္ရွိေတြ အသက္ရွင္ ႏိုင္တဲ့ ျပင္ပၿဂိဳဟ္ (exoplanets) ေတြကို စူးစမ္းရာမွာ အမ်ားႀကီး အေထာက္အကူ ျပဳႏိုင္မွာ ျဖစ္ပါတယ္။

ၿဂိဳဟ္ေတြ ေပၚမွာ သက္ရွိေတြ အသက္ရွင္ ႏိုင္ဖို႔ဆိုတာက ေရရွိဖို႔ လိုအပ္ပါတယ္။ ၿဂိဳဟ္ရဲ႕ မ်က္ႏွာျပင္မွာ ေရရွိဖို႔ ဆိုရင္ ဒီၿဂိဳဟ္မွာ သိပ္သည္းတဲ့ ေလထု ရွိဖို႔ လိုအပ္ပါတယ္။

ျပင္ပၿဂိဳဟ္ေတြ ထဲမွာ အားေကာင္းတဲ့ သံလိုက္စက္ကြင္း ရွိတဲ့ ၿဂိဳဟ္ေတြကို ေ႐ြးခ်ယ္ၿပီး သုေတသန ျပဳျခင္းအားျဖင့္ ျပင္ပကမာၻက သက္ရွိေတြ ရွာေဖြမႈ လုပ္ငန္းဟာ ပိုၿပီး ျမန္ဆန္ လာမွာ ျဖစ္ပါတယ္။

Credit;

Unicode

ယနေ့ အချိန်မှာတော့ အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ဟာ ခြောက်သယောင်း လို့ နေပါတယ်။ အင်္ဂါဂြိုဟ် ပေါ်မှာ ကျန်ရှိနေ သေးတဲ ရေ အနည်းငယ် ကလဲ​ ဝင်ရိုးစွန်း ဒေသက ရေခဲတွေနဲ့ မြေအောက်ရေခဲ အဖြစ်ပဲ ကျန်ရှိ နေပါတော့တယ်။

ဒါပေမယ့် အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ကို သေသေချာချာ လေ့လာ ကြည့်မယ်ဆိုရင် ကမ်းခြေ တွေနဲ့ ဆင်ဆင်တူတဲ့ ဒေသတွေ၊ မြစ်တွေ ဖြတ်စီးပြီး ဖြစ်လာတဲ့ ချောက်ကြီးတွေ တွေ့ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လ အနည်းငယ် ကလဲ​ အင်္ဂါဂြိုဟ် လေ့လာရေးယာဉ် Perseverance ကနေ ရိုက်ပို့လိုက်တဲ့ ဓါတ်ပုံ အထောက် အထား တွေအရ အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်မှာ အရင်တုန်းက ရေတိုက်စားပြီး ဖြစ်လာတဲ့ မြေမျက်နှာ သွင်ပြင်တွေကို တွေ့ထား ရပါတယ်။

လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ထောင်ကျော် ကာလက အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ အခုထက် အများကြီး ပိုပြီး သိပ်သည်း ခဲ့လိမ့်မယ်လို့ ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။ နောက်ပြီးတော့ ရာသီ ဥတုကလဲ အခုထက် ပိုပြီး ပူနွေး လိမ့်မယ်လို့ ယူဆ ကြပါတယ်။

အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်မှာ ကမ္ဘာပေါ်က မြစ်ဝကျွန်းပေါ် ဒေသတွေမှာ တွေ့ရတတ်တဲ့ ယပ်တောင်ပုံ ဖြာထွက် နေတဲ့ မြေမျက်နှာ သွင်ပြင်တွေ တွေ့ရှိ ထားပါတယ်။ ဒီအချက်တွေအရ အင်္ဂါဂြိုဟ်ရဲ့ အချို့ အပိုင်းတွေဟာ တချိန်က မြစ်ချောင်း တွေနဲ့ ပင်လယ်တွေ ဖုံးလွှမ်းခဲ့တယ် လို့ ပညာရှင် တွေက ယူဆ ကြပါတယ်။

နာဆာက ပညာရှင် တွေကလဲ မားစ် ဂြိုဟ်ရဲ့ လေထုရဲ့ လက်ရှိ ဓါတု ဖွဲ့စည်းပုံကို လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၄,၀၀၀ ကျော်က လေထုနဲ့ တိုက်ဆိုင် စစ်ဆေး ကြည့်ခဲ့ ကြပါတယ်။ ဒီ ရှေးဟောင်း လေထုကို မားစ်ဂြိုဟ်က ရရှိတဲ့ ဥက္ကာခဲ အတွင်းကနေ ရရှိ ထားတာ ဖြစ်ပါတယ်။

ဒီ လေ့လာချက် တွေအရ မာစ် ဂြိုဟ်ရဲ့ မြောက်ဖက်ခြမ်းဟာ လွန်ခဲ့တဲ့ နှစ်သန်း ၄၀၀၀ ကျော်က ပင်လယ်ကြီး တစ်ခုနဲ့ ဖုံးလွှမ်း ထားခဲ့တယ်လို့ ပညာရှင် တွေက ကောက်ချက် ချခဲ့ပါတယ်။ အခု အချိန်မှာတော့ ဒီ ပင်လယ် ကြီးဟာ အတိတ်သမိုင်းမှာ ကျန်ရစ် ခဲ့ပါပြီ။ ဒါဆို ဒီ ရေတွေ ဘယ်ရောက် သွားလဲ။ ဘာ့ကြောင့် အင်္ဂါဂြိုဟ် ပေါ်က ပင်လယ်တွေ ခန်းခြောက်ပြီး ပျောက်ကွယ် ကုန်ကြတာလဲ။

အင်္ဂါဂြိုဟ် ရဲ့ မြောက်ခြမ်းမှာ တချိန်က ကြီးမားတဲ့ ပင်လယ် သမုဒ္ဒရာကြီး တစ်ခု ဖုံးလွှမ်း ထားခဲ့တယ်လို့ ဆိုပါတယ်။ အင်္ဂါဂြိုဟ် ရဲ့ မြောက်ခြမ်းမှာ တချိန်က ကြီးမားတဲ့ ပင်လယ် သမုဒ္ဒရာကြီး တစ်ခု ဖုံးလွှမ်း ထားခဲ့တယ်လို့ ဆိုပါတယ်။ (Credits: NASA/GSFC) သိပ်မကြာ မီက ဂျပန်နိုင်ငံ တိုကျို တက္ကသိုလ်က တင်သွင်းတဲ့ သုတေသန စာတမ်း တစ်စောင်မှာ ဘာ့ကြောင့် ဒီ ပင်လယ်ကြီး ပျောက်ဆုံး သွားရသလဲ ဆိုတာကို တင်ပြ ထားပါတယ်။

ဒီ စာတမ်းရဲ့ အဆိုအရ လွန်ခဲ့တဲ့ နှစ်သန်း ထောင်ကျော်က မားစ်ဂြိုဟ်ဟာ သူ့ရဲ့ သံလိုက် စက်ကွင်း ကွယ်ပျောက် သွားခဲ့ ရတယ်လို့ ဆိုပါတယ်။ (လက်ရှိ မားစ် ဂြိုဟ်မှာ ကမ္ဘာမှာလို သံလိုက် စက်ကွင်း မရှိပါဘူး)။ ဒီလို သံလိုက် စက်ကွင်း မရှိတဲ့ အတွက် မာစ်းရဲ့ လေထုကို အာကာသ ရောင်ခြည်တွေ (cosmic rays) နဲ့ ဆိုလာ လေ (solar wind) တို့ရဲ့ အန္တရာယ်က အကာအကွယ် ပေးနိုင်စွမ်း မရှိ တော့ပါဘူး။

ဒီအခါ ဒီ လှိုင်းတွေရဲ့ တိုက်စားမှုကြောင့် မာစ်ရဲ့ လေထုဟာ အာကာသ ထဲကို တဖြည်းဖြည်း လွင့်ပါပြီး ပျောက်ဆုံး သွားခဲ့ရပါတော့တယ်။ လေထု ပါးလွှာ လာတာနဲ့ အမျှ ပင်လယ်ထဲက ရေတွေလဲ အငွေ့ပျံပြီး အာကာသ ထဲ လွင့်ပါ ပျောက်ဆုံး ကုန်ကြပါတယ်။ နောက်ဆုံးတော့ မားစ်ရဲ့ ပင်လယ်ဟာ လုံးဝ ခမ်းခြောက်လို့ သွားရ ပါတော့တယ်။

သံလိုက်စက်ကွင်းနှင့် ပင်လယ်

နေအဖွဲ့အစည်း ဟာ တကယ်တမ်းကျတော့ အတော်လေး ကြမ်းတမ်း ခက်ထန်တဲ့ အရပ်ဒေသ တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ သက်ရှိတွေ အသက်ရှင် နိုင်အောင် စွမ်းအား ပေးတဲ့ နေ ဟာ ဒီ သက်ရှိ တွကိုပဲ ဖျက်ဆီး ပစ်နိုင်စွမ်း ရှိပါတယ်။ နေကနေ အလွန် များပြားတဲ့ ရေဒီယို သတ္တိကြွ ဓါတ်ရောင်ခြည်တွေ ထုတ်လွှင့် ပေးနေပါတယ်။

အကယ်လို့သာ ကျွန်တော်တို့ ကမ္ဘာကို အကာအကွယ် ပေးထားတဲ့ သံလိုက် စက်ကွင်းသာ မရှိရင် ဒီ ဓါတ်ရောင်ခြည် တွေဟာ ကမ္ဘာ မြေမျက်နှာ ပြင်ကို အဆီးအတား မရှိ ကျရောက်ပြီး ကျွန်တော်တို့ကို လောင်မြိုက် ပစ်လိုက်မှာ ဖြစ်ပါတယ်။

သံလိုက် စက်ကွင်းရဲ့ အကာအကွယ်သာ မရှိခဲ့ရင် နေက တိုက်ခတ်လာတဲ့ ဆိုလာလေ ဟာ ကမ္ဘာ့ လေထုကို တိုက်စားပြီး အာကာသထဲ လွင့်ထွက်သွား စေမှာ ဖြစ်ပါတယ်။ လေထု ပျောက်ဆုံး သွားတာနဲ့ အတူ ကမ္ဘာ့ သမုဒ္ဒရာ တွေလဲ ခမ်းခြောက် သွားကြမှာ ဖြစ်ပါတယ်။ တနည်းအား ဖြင့်တော့ ကမ္ဘာ့ဟာ မားစ်ဂြိုဟ်ရဲ့သွားရာလမ်း အတိုင်း လိုက်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာဟာ နေအဖွဲ့အစည်း အတွင်းက ကျောက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂြိုဟ်တွေ အနက် အားကောင်းတဲ့သံလိုက်စက်ကွင်း ရှိတဲ့ တစ်ခုတည်းသော ဂြိုဟ် ဖြစ်ပါတယ်။ ဒီ သံလိုက် စက်ကွင်းကြောင့်လဲ ကမ္ဘာနဲ့ မားစ်ဟာ ဒီလောက် ကွာခြား သွားရတာ ဖြစ်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်သန်း ထောင်ကျော် တုန်းက မားစ် ဂြိုဟ်မှာလဲ ကမ္ဘာမှာ လိုပဲ အားကောင်းတဲ့ သံလိုက် စက်ကွင်း ရှိခဲ့ပါတယ်။

ဒါဆို ဒီ သံလိုက် စက်ကွင်း ဘယ်ရောက် သွားတာလဲ။ ဘယ်လို ပျောက်ဆုံး သွားခဲ့တာလဲ။

အင်္ဂါဂြိုဟ်ရဲ့ သံလိုက်စက်ကွင်း ဘယ်လို ပျောက်ဆုံးသွားသလဲ

ဒီမေးခွန်းကို အဖြေရှာဖို့ တိုကျို တက္ကသိုလ်က သုတေသီ ရွှန်ပိုင် ယိုကိုး (Shunpei Yokoo) နဲ့ အဖွဲ့ဟာ မားစ် ရဲ့ အူတိုင်ကို ဓါတ်ခွဲခန်းမှာ အတု ပြုလုပ် ဖန်တီး စမ်းသပ်ခဲ့ ကြပါတယ်။

ဒီ အူတိုင် အတုကို သံ၊ ကန့် (sulphur) နဲ့ ဟိုက်ဒြိုဂျင် ဒြပ်စင်တွေ ပေါင်းစပ်ပြီး ဖန်တီးခဲ့ ကြတာပါ။ ဒီ ဒြပ်စင်တွေဟာ မားစ်ရဲ့ အူတိုင်ကို ဖွဲ့စည်းထားတဲ့ ဒြပ်စင်တွေ ဖြစ်တယ်လို့ သိပ္ပံ ပညာရှင် တွေက ယုံကြည် ထားကြပါတယ်။

မားစ်ကနေ လာတဲ့ ဥက္ကာခဲ တွေထဲမှာ ကန့်နဲ့ အတူတကွ တွေ့ရလေ့ ရှိတဲ့ အခြား ဒြပ်ပစ္စည်းတွေကို တွေ့ရလေ့ မရှိပါဘူး။ ဒါ့ကြောင့် ပညာရှင် တွေက မားစ်း ဂြိုဟ်ပေါ်က ကန့် တွေဟာ အူတိုင်ထဲကို နစ်မြုပ် သွားကြလို့ ဖြစ်မယ်လို့ ကောက်ချက်ချ ကြပါတယ်။

နောက်ပြီး မားစ် ဟာ နေအဖွဲ့အစည်းရဲ့ ရေခဲမျဉ်း (snow line) နဲ့ နီးကပ်စွာ တည်ရှိ နေပါတယ်။ ဒီ ရေခဲမျဉ်း နေရာဟာ နေ အဖွဲ့အစည်း ဖြစ်တည်စ က ရေခဲ အမြောက်အများ ရှိခဲ့တဲ့ ရပ်ဝန်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ မားစ်ဂြိုဟ် မွေးဖွားချိန်က ဒီ ရေခဲ တွေထဲက ဟိုက်ဒြိုဂျင်ဟာ ဂြိုဟ်ရဲ့ အူတိုင်ထဲမှာ ပိတ်မိ နေလိမ့်မယ်လို့ ယူဆ ကြတာပါ။

ဒါ့ကြောင့်လဲ​ ပညာရှင် တွေက အင်္ဂါဂြိုဟ်ရဲ့ အူတိုင်ဟာ အရည်ပျော် နေတဲ့ သံ-ကန့်-ဟိုက်ဒြိုဂျင် အရော ဖြစ်လိမ့်မယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။

ဂျပန် သုတေသီ တွေဟာ သံ၊ ကန့် နဲ့ ဟိုက်ဒြိုဂျင် တွေကို ရောပြီး စိန်တုံး နှစ်တုံး ကြားထဲ ညှပ်ကာ လေဆာရောင်ခြည် ကို အသုံးပြုပြီး အပူ ပေးလိုက်ပါတယ်။ ဒီနည်းအားဖြင့် မားစ်ရဲ့ ဗဟိုချက်မှာ ရှိမယ့် အပူချိန်နဲ့ ဖိအားနဲ့ ဆင်ဆင် တူတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးပေး နိုင်ခဲ့ ကြပါတယ်။

ဒီ လို အပူပေး လိုက်တဲ့ အခါ ရောထားတဲ့ ဒြပ်ရောတွေဟာ အရည် နှစ်မျိုး အဖြစ် ကွဲထွက် သွားပါတယ်။ ပထမ တစ်ခုကတော့ သံ နဲ့ ကန့် ရောနေတဲ့ အရော ဖြစ်ပြီး နောက်တစ်ခုက သံ နဲ့ ဟိုက်ဒြိုဂျင် အရော ဖြစ်ပါတယ်။

ဒီ အရည် နှစ်မျိုးအနက် ဟိုက်ဒြိုဂျင်နဲ့ ရောနေတဲ့ သံရည်ပူ တွေဟာ ပိုပေါ့တာမို့ အပေါ်ပိုင်းကို တက်လာပါတယ်။ ကန့်နဲ့ ရောနေတဲ့ သံရည်ပူ တွေကတော့ လေးတာမို့ အောက်ကို ဆင်းသွားပါတယ်။

ဒီလို အပူချိန် မတူညီတဲ့ အရည်နှစ်လွှာ အဖြစ် ကွဲထွက်သွား တာမို့ သံရည်ပူ တွေဟာ အပေါ်နဲ့ အောက် လည်ပတ် စီးဆင်းမှု ဖြစ်လာပါတယ်။ ဒီလို သံရည်ပူတွေ လည်ပတ် စီးဆင်း နေတာဟာ သံလိုက်စက်ကွင်း ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းပဲ ဖြစ်ပါတယ်။

အခု အခြေအနေဟာ လွန်ခဲ့တဲ့ နှစ်သန်း ၄ ထောင်ကျော်က မားစ် ရဲ့ အူတိုင် အတွင်းက အခြေအနေနဲ့ ခပ်ဆင်ဆင် တူမယ်လို့ ယူဆ ရပါတယ်။

ဒါပေမယ့် မားစ်ရဲ့ သက်တမ်း တစ်ချိန်ချိန်မှာ သံရည်ပူ တွေဟာ အလွှာ နှစ်လွှာအဖြစ် လုံးဝ ကွဲထွက် သွားပါတယ်။ ဒီ အခြေအနေမှာ အပေါ်လွှာမှာ ရှိတဲ့ သံရည်ပူ တွေဟာ ဟိုက်ဒြိုဂျင်နဲ့ ရောနေပြီး အောက်ခြေ အလွှာကတော့ ကန့်နဲ့ ရောနေပါတယ်။

ဒါပေမယ့် ဒီလို အလွှာ နှစ်ခု လုံးဝ ကွဲထွက်သွား ခြင်းရဲ့ နောက်ဆက်တွဲ ရလဒ် ကတော့ အပေါ်အောက် စီးဆင်းတဲ့ စီးဆင်းမှု ရပ်တန့် သွားတာပဲ ဖြစ်ပါတယ်။

သံရည်ပူတွေ လှည့်ပတ် စီးဆင်းမှု ရပ်တန့် သွားတာနဲ့ တပြိုင်နက် ဒီ စီးဆင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ သံလိုက်စက်ကွင်း ဟာလဲ ပျောက်ဆုံး သွားပါတော့တယ်။

ဒီ့နောက်မှာတော့ အာကာသ ရောင်ခြည်တွေနဲ့ ဆိုလာလေ တွေရဲ့ တိုက်ခတ်မှုကြောင့် မားစ်ရဲ့ လေထုဟာ တဖြည်းဖြည်း အာကာသ ထဲကို လွင့်မျော သွားပါတယ်။ လေထု ဆုံးရှုံး မှုနဲ့ အတူပဲ မားစ်ရဲ့ ပင်လယ်တွ ဟာလဲ အငွေ့ပျံပြီး အာကာသထဲ လွင့်မျော ပျောက်ကွယ် သွားရ ပါတော့တယ်။

ကမ္ဘာ့ အူတိုင်မှာရော ဒီလိုဖြစ်လာမလား

ဒီလို အူတိုင်က သံရည်ပူတွေ နှစ်လွှာ အဖြစ် ကွဲပြီး စီးဆင်းတဲ့ ဖြစ်ရပ်ကို ကမ္ဘာ့ အူတိုင် ထဲမှာလဲ တွေ့မြင် ရပါတယ်။ ဒါပေမယ့် ကမ္ဘာ့ အူတိုင်နဲ့ မားစ်နဲ့ မတူတဲ့ အဓိက ကွာခြားချက် ရှိနေပါတယ်။ အဲ့တာကတော့ အပူချိန် ပါပဲ။

ကမ္ဘာ့ အူတိုင်ရဲ့ အပူချိန်ဟာ မားစ် ရဲ့ အူတိုင်ထက် အများကြီး ပိုပူပါတယ်။ ကမ္ဘာ့ အူတိုင်ဟာ ၆,၇၄၀ ဖာရင်ဟိုက်ခန့် (3,730 ဒီဂရီ စင်တီဂရိတ်ခန့်) ရှိတာမို့ မားရဲ့ အူတိုင်ထက် အများကြီး ပိုပူပါတယ်။

ဒီလို မြင့်မားတဲ့ အပူချိန်မှာ သံရည်ပူ အလွှာ နှစ်လွှာ ကွဲထွက်တဲ့ ဖြစ်ရပ်ကို အူတိုင်ရဲ့ အပူချိန် လျော့နည်းတဲ့ အပေါ်ယံ လွှာလေးမှာပဲ တွေ့ရပါတယ်။ အပူချိန် မြင့်မားတဲ့ အူတိုင် အတွင်းပိုင်း တွေမှာတော့ ဒီ သံရည်ပူ နှစ်လွှာဟာ ရောနေပါတယ်။

ကမ္ဘာ့ အူတိုင်ဟာ မားစ် လုံးဝ နှစ်လွှာ ဖြစ်သွားဖို့ ဆိုရင် နောက်ထပ် နှစ်သန်း ထောင်ကျော် ကြာမှ ဖြစ်လာလိမ့်မယ် လို့ ဆိုပါတယ်။

အခု သုတေသန ရလဒ်ဟာ သက်ရှိတွေ အသက်ရှင် နိုင်တဲ့ ပြင်ပဂြိုဟ် (exoplanets) တွေကို စူးစမ်းရာမှာ အများကြီး အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။

ဂြိုဟ်တွေ ပေါ်မှာ သက်ရှိတွေ အသက်ရှင် နိုင်ဖို့ဆိုတာက ရေရှိဖို့ လိုအပ်ပါတယ်။ ဂြိုဟ်ရဲ့ မျက်နှာပြင်မှာ ရေရှိဖို့ ဆိုရင် ဒီဂြိုဟ်မှာ သိပ်သည်းတဲ့ လေထု ရှိဖို့ လိုအပ်ပါတယ်။

ပြင်ပဂြိုဟ်တွေ ထဲမှာ အားကောင်းတဲ့ သံလိုက်စက်ကွင်း ရှိတဲ့ ဂြိုဟ်တွေကို ရွေးချယ်ပြီး သုတေသန ပြုခြင်းအားဖြင့် ပြင်ပကမ္ဘာက သက်ရှိတွေ ရှာဖွေမှု လုပ်ငန်းဟာ ပိုပြီး မြန်ဆန် လာမှာ ဖြစ်ပါတယ်။

Credit;

Leave a Reply

Your email address will not be published.