Zawgyi

ေထရဝါဒဗုဒၶဘာသာ ပုဂၢိဳလ္တိုင္းအတြက္ အေရးႀကီးတယ္

ဖတ္ၾကည့္ပါ ။

ေႁမြဝင္ ပ်ားစြဲျခင္းေၾကာင့္

ခ်မ္းသာတယ္လို႔ ယူဆခ်က္က ဗုဒၶဝါဒ မဟုတ္ပါဘူး ။

အလုပ္ႀကိဳးစားျခင္း ကုသိုလ္ရွိျခင္းေၾကာင့္

ခ်မ္းသာတယ္လို႔ ယူဆရင္ ဗုဒၶဝါဒ..

ဖြတ္တက္လို႔ ဠင္းတနားလို႔ ဆင္းရဲတယ္

ခိုက္တယ္လို႔ ယူဆခ်က္က ဗုဒၶဝါဒ မဟုတ္ပါဘူး ။

အလုပ္မလုပ္လို႔ ႏွစ္လုံး သုံးလုံး ေလာင္းကစားလုပ္လို႔ အကုသိုလ္ရွိလို႔ ဆင္းရဲတယ္လို႔ ယူဆမွ

ဗုဒၶဝါဒ..

လက္ယပ္ေခၚတဲ့ အ႐ုပ္ကေလးရွိလို႔

ပုလင္းအစိမ္းထဲမွာ ႏွင္းဆီပြင့္ စိုက္ထားလို႔

ပိုက္ဆံနဲ႔ ပုံေဖာ္ထားတဲ့ ဇီးကြက္႐ုပ္(လာဘ္ေခၚအေဆာင္ကတ္ျပား)ရွိလို႔ ေဈးေရာင္းေကာင္းတာလို႔

ယူဆခ်က္ ဗုဒၶဝါဒ မဟုတ္ပါဘူး ။

ဝီရိယ ဉာဏ္ယွဥ္ ေစတနာ ေမတၱာထားၿပီး ေရာင္းလို႔ ေဈးေရာင္းေကာင္းတယ္လို႔ ယူဆမွ ဗုဒၶဝါဒ..

ရက္ရာဇာမွ ေကာင္းက်ိဳးေပးၿပီး

ျပႆဒါးက မေကာင္းက်ိဳးေပးတယ္လို႔ ယူဆခ်က္က ဗုဒၶဝါဒ မဟုတ္ပါဘူး ။

ကုသိုလ္က ေကာင္းက်ိဳးေပးၿပီး

အကုသိုလ္က မေကာင္းက်ိဳးေပးတယ္လို႔ ယူဆမွ ဗုဒၶဝါဒ..

စေန တနဂၤေႏြ အစရွိေသာ ၿဂိဳလ္ေတြက

ေကာင္းက်ိဳး ဆိုးက်ိဳးေပးတယ္လို႔ ယူဆခ်က္က ဗုဒၶဝါဒ မဟုတ္ပါဘူး ။

ကုသိုလ္ အကုသိုလ္က ေကာင္းက်ိဳး ဆိုးက်ိဳးေပးတယ္လို႔ ယူဆမွ ဗုဒၶဝါဒ..

ခရီးသြားတဲ့အခါ နဂါးလွည့္သင့္မႈ မသင့္မႈေၾကာင့္ ေကာင္းက်ိဳးဆိုးက်ိဳးေပးတယ္လို႔ ယူဆရင္ခ်က္က ဗုဒၶဝါဒ မဟုတ္ပါဘူး ။

ကုသိုလ္ အကုသိုလ္က ေကာင္းက်ိဳး ဆိုးက်ိဳးေပးတယ္လို႔ ယူဆမွ ဗုဒၶဝါဒ..

စုံဂဏန္း မဂဏန္း (၁၃)ဂဏန္း ကိုးဂဏန္းေတြက ေကာင္းက်ိဳးဆိုးက်ိဳးေပးတယ္လို႔ ယူဆခ်က္က ဗုဒၶဝါဒ မဟုတ္ပါဘူး ။

ကုသိုလ္ အကုသိုလ္ကေကာင္းက်ိဳး ဆိုးက်ိဳးေပးတယ္လို႔ ယူဆမွ ဗုဒၶဝါဒ..

အသုဘယာဥ္ကို ေက်ာင္းဝိုင္းထဲ အိမ္ဝိုင္းထဲထားရင္ ၿမိဳ႕ျပင္ ႐ြာျပင္မွာ ဆုံးတဲ့႐ုပ္အေလာင္းကို ၿမိဳ႕ထဲ

႐ြာထဲ ျပန္သြင္းရင္ ၿမိဳ႕ခိုက္တယ္ ႐ြာခိုက္တယ္လို႔ ယူဆခ်က္က ဗုဒၶဝါဒ မဟုတ္ပါဘူး ။

ထိုအေၾကာင္းမ်ားေၾကာင့္ ၿမိဳ႕႐ြာကိုမခိုက္ အကုသိုလ္ေၾကာင့္သာ ၿမိဳ႕႐ြာကိုခိုက္တယ္လို႔ ယူဆမွ

ဗုဒၶဝါဒ..

အေလာင္းကိုင္တာခ်င္းတူပါလ်က္

သုဘရာဇာကို အေဝးမွေရွာင္ၿပီး

ဆရာဝန္ျဖစ္မည့္သူကို သမက္ဖမ္းျခင္းသည္ ကအယူမွား ။

အယူအစြဲမရွိပဲ ႏွစ္ဦးစလုံးကို တန္းတူဆက္ဆံျခင္းသည္ ဗုဒၶဝါဒ..

ဒကၡိဏသာခါ႐ုပ္ပြားကို ကိုးကြယ္လွ်င္ မီးကြင္းသည္..

ဆင္စီးျမင္းရံဘုရားကို ကိုးကြယ္လွ်င္ စီးပြားတက္သည္.. ဇမၺဳပတိခြၽတ္ခန္း(မကိုဋ္စလြယ္ဆင္)ဘုရားကို

ကိုးကြယ္လွ်င္ ရာထူးတက္သည္ဟု

ယူဆ၍ ကိုးကြယ္လွ်င္ အယူမွား ။

ဒကၡိဏသာခါပုံကို ထုလုပ္လွ်င္

ဗုဒၶ၏သပၸါယ္ေသာ ႐ုပ္လကၡဏာေတာ္ကို ဖ်က္ဆီးရာေရာက္သည္..

ဆင္စီးျမင္းရံဘုရားကို ထုလုပ္လွ်င္

ဘုရားရွင္၏ မဟာက႐ုဏာကို ျပက္ရယ္ျပဳရာေရာက္သည္..

မကိုဋ္စလြယ္ဆင္ ႐ုပ္ပြားကိုထုလုပ္လွ်င္

ရဟန္းတစ္ပါးကို ယုတ္နိမ့္ေသာ လူအဝတ္အစားမ်ားျဖင့္ ဝတ္ဆင္ေပးရာေရာက္သည္ဟု ေတြးေခၚေျမာ္ျမင္ၿပီး

ထိုပုံမ်ိဳးကို မကိုးကြယ္ပဲ ရဟန္းႏွင့္တူေသာ ႐ုပ္ပြားေတာ္ကိုသာ ကိုးကြယ္ျခင္းသည္ ဗုဒၶဝါဒ..

တန္ခိုးရွိေသာ ႐ုပ္ပြားေစတီကို ရွိခိုးပူေဇာ္လွ်င္ ေကာင္းက်ိဳးမ်ားမ်ားရသည္..

တန္ခိုးမရွိေသာ ႐ုပ္ပြားေစတီကို ရွိခိုးပူေဇာ္လွ်င္ ေကာင္းက်ိဳးနည္းနည္းသာရသည္. .

ဟု ယူဆခ်က္က အယူမွား ။

႐ုပ္ပြားေစတီက အဓိကမဟုတ္

မိမိေစတနာကသာ အဓိကျဖစ္သည္..

ေစတနာအႀကီးအေသးက ေကာင္းက်ိဳးအႀကီးအေသးကို ျဖစ္ေစသည္ဟု ယူဆလွ်င္ ဗုဒၶဝါဒ..

လူေသၿပီး ခုႏွစ္ရက္လည္မွ အိမ္မွထြက္သည္ဟု ယူဆခ်က္က အယူမွား ။

စုတိေနာင္ ပဋိသေႏၶျဖစ္သည္ သို႔မဟုတ္ ေသၿပီးစကၠန႔္မျခားပဲ ေနာက္ဘဝသစ္၌ ခ်က္ခ်င္းျဖစ္သည္ဟု

ယူဆလွ်င္ ဗုဒၶဝါဒ..

မိမိေကာင္းစားခ်မ္းသာဖို႔ အဓိကထားၿပီးလႉလွ်င္ ဟီနဒါန ယုတ္နိမ့္ေသာ အလႉ ။

အလႉခံပုဂၢိဳလ္ ခ်မ္းသာဖို႔ အဓိကထားၿပီးလႉလွ်င္ ဗုဒၶဝါဒ..

ဝါတြင္းကာလ၌ အိမ္မေျပာင္းေကာင္းဟု ယူဆလွ်င္ မွားေသာအယူ ။

အဆင္ေျပသည့္အခ်ိန္တြင္ ေျပာင္းေကာင္းသည္ဟု ယူဆလွ်င္ဗုဒၶဝါဒ..

လကၡဏာတြင္ အာယုလမ္းေၾကာင္း ရွည္ေသာေၾကာင့္ အသက္ရွည္သည္..

အာယုလမ္းေၾကာင္းတိုေသာေၾကာင့္ အသက္တိုသည္ဟု ယူဆခ်က္က ဗုဒၶဝါဒမဟုတ္ပါဘူး ။

သူ႔အသက္ကိုမသတ္ျခင္း သူတစ္ပါးအသက္ရွည္ခြင့္ရေအာင္ ေဆးဝါးလႉဒါန္းျခင္းဟူေသာ ကုသိုလ္တို႔ေၾကာင့္

အသက္ရွည္သည္ သူတစ္ပါးအသက္ကို သတ္ျဖတ္ခဲ့ေသာ အကုသိုလ္ေၾကာင့္ အသက္တိုသည္ဟု ယူဆလွ်င္ ဗုဒၶဝါဒ..

(တစ္ကယ္ေတာ့ အာယုလမ္းေၾကာင္းဆိုတာ သေကၤတနမိတ္သာျဖစ္သည္)

အရွင္ဇဝန၏ ေဆာင္းပါးကို ေကာက္ႏုတ္ကိုးကားသည္..

ဗုဒၶဝါဒကိုသာ ေ႐ြးခ်ယ္က်င့္သုံးႏိုင္ၾကပါေစ..

ေစတနာေမတၱာ အရင္းခံျဖင့္-

Ashin Marnita

ေမတၱာမ်ားျဖင့္ ကာယဝါစီ အရွင္မာနိတ

Unicode

ထေရဝါဒဗုဒ္ဓဘာသာ ပုဂ္ဂိုလ်တိုင်းအတွက် အရေးကြီးတယ်

ဖတ်ကြည့်ပါ ။

မြွေဝင် ပျားစွဲခြင်းကြောင့်

ချမ်းသာတယ်လို့ ယူဆချက်က ဗုဒ္ဓဝါဒ မဟုတ်ပါဘူး ။

အလုပ်ကြိုးစားခြင်း ကုသိုလ်ရှိခြင်းကြောင့်

ချမ်းသာတယ်လို့ ယူဆရင် ဗုဒ္ဓဝါဒ..

ဖွတ်တက်လို့ ဠင်းတနားလို့ ဆင်းရဲတယ်

ခိုက်တယ်လို့ ယူဆချက်က ဗုဒ္ဓဝါဒ မဟုတ်ပါဘူး ။

အလုပ်မလုပ်လို့ နှစ်လုံး သုံးလုံး လောင်းကစားလုပ်လို့ အကုသိုလ်ရှိလို့ ဆင်းရဲတယ်လို့ ယူဆမှ

ဗုဒ္ဓဝါဒ..

လက်ယပ်ခေါ်တဲ့ အရုပ်ကလေးရှိလို့

ပုလင်းအစိမ်းထဲမှာ နှင်းဆီပွင့် စိုက်ထားလို့

ပိုက်ဆံနဲ့ ပုံဖော်ထားတဲ့ ဇီးကွက်ရုပ်(လာဘ်ခေါ်အဆောင်ကတ်ပြား)ရှိလို့ ဈေးရောင်းကောင်းတာလို့

ယူဆချက် ဗုဒ္ဓဝါဒ မဟုတ်ပါဘူး ။

ဝီရိယ ဉာဏ်ယှဉ် စေတနာ မေတ္တာထားပြီး ရောင်းလို့ ဈေးရောင်းကောင်းတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ..

ရက်ရာဇာမှ ကောင်းကျိုးပေးပြီး

ပြဿဒါးက မကောင်းကျိုးပေးတယ်လို့ ယူဆချက်က ဗုဒ္ဓဝါဒ မဟုတ်ပါဘူး ။

ကုသိုလ်က ကောင်းကျိုးပေးပြီး

အကုသိုလ်က မကောင်းကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ..

စနေ တနင်္ဂနွေ အစရှိသော ဂြိုလ်တွေက

ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆချက်က ဗုဒ္ဓဝါဒ မဟုတ်ပါဘူး ။

ကုသိုလ် အကုသိုလ်က ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ..

ခရီးသွားတဲ့အခါ နဂါးလှည့်သင့်မှု မသင့်မှုကြောင့် ကောင်းကျိုးဆိုးကျိုးပေးတယ်လို့ ယူဆရင်ချက်က ဗုဒ္ဓဝါဒ မဟုတ်ပါဘူး ။

ကုသိုလ် အကုသိုလ်က ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ..

စုံဂဏန်း မဂဏန်း (၁၃)ဂဏန်း ကိုးဂဏန်းတွေက ကောင်းကျိုးဆိုးကျိုးပေးတယ်လို့ ယူဆချက်က ဗုဒ္ဓဝါဒ မဟုတ်ပါဘူး ။

ကုသိုလ် အကုသိုလ်ကကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ..

အသုဘယာဉ်ကို ကျောင်းဝိုင်းထဲ အိမ်ဝိုင်းထဲထားရင် မြို့ပြင် ရွာပြင်မှာ ဆုံးတဲ့ရုပ်အလောင်းကို မြို့ထဲ

ရွာထဲ ပြန်သွင်းရင် မြို့ခိုက်တယ် ရွာခိုက်တယ်လို့ ယူဆချက်က ဗုဒ္ဓဝါဒ မဟုတ်ပါဘူး ။

ထိုအကြောင်းများကြောင့် မြို့ရွာကိုမခိုက် အကုသိုလ်ကြောင့်သာ မြို့ရွာကိုခိုက်တယ်လို့ ယူဆမှ

ဗုဒ္ဓဝါဒ..

အလောင်းကိုင်တာချင်းတူပါလျက်

သုဘရာဇာကို အဝေးမှရှောင်ပြီး

ဆရာဝန်ဖြစ်မည့်သူကို သမက်ဖမ်းခြင်းသည် ကအယူမှား ။

အယူအစွဲမရှိပဲ နှစ်ဦးစလုံးကို တန်းတူဆက်ဆံခြင်းသည် ဗုဒ္ဓဝါဒ..

ဒက္ခိဏသာခါရုပ်ပွားကို ကိုးကွယ်လျှင် မီးကွင်းသည်..

ဆင်စီးမြင်းရံဘုရားကို ကိုးကွယ်လျှင် စီးပွားတက်သည်.. ဇမ္ဗုပတိချွတ်ခန်း(မကိုဋ်စလွယ်ဆင်)ဘုရားကို

ကိုးကွယ်လျှင် ရာထူးတက်သည်ဟု

ယူဆ၍ ကိုးကွယ်လျှင် အယူမှား ။

ဒက္ခိဏသာခါပုံကို ထုလုပ်လျှင်

ဗုဒ္ဓ၏သပ္ပါယ်သော ရုပ်လက္ခဏာတော်ကို ဖျက်ဆီးရာရောက်သည်..

ဆင်စီးမြင်းရံဘုရားကို ထုလုပ်လျှင်

ဘုရားရှင်၏ မဟာကရုဏာကို ပြက်ရယ်ပြုရာရောက်သည်..

မကိုဋ်စလွယ်ဆင် ရုပ်ပွားကိုထုလုပ်လျှင်

ရဟန်းတစ်ပါးကို ယုတ်နိမ့်သော လူအဝတ်အစားများဖြင့် ဝတ်ဆင်ပေးရာရောက်သည်ဟု တွေးခေါ်မြော်မြင်ပြီး

ထိုပုံမျိုးကို မကိုးကွယ်ပဲ ရဟန်းနှင့်တူသော ရုပ်ပွားတော်ကိုသာ ကိုးကွယ်ခြင်းသည် ဗုဒ္ဓဝါဒ..

တန်ခိုးရှိသော ရုပ်ပွားစေတီကို ရှိခိုးပူဇော်လျှင် ကောင်းကျိုးများများရသည်..

တန်ခိုးမရှိသော ရုပ်ပွားစေတီကို ရှိခိုးပူဇော်လျှင် ကောင်းကျိုးနည်းနည်းသာရသည်. .

ဟု ယူဆချက်က အယူမှား ။

ရုပ်ပွားစေတီက အဓိကမဟုတ်

မိမိစေတနာကသာ အဓိကဖြစ်သည်..

စေတနာအကြီးအသေးက ကောင်းကျိုးအကြီးအသေးကို ဖြစ်စေသည်ဟု ယူဆလျှင် ဗုဒ္ဓဝါဒ..

လူသေပြီး ခုနှစ်ရက်လည်မှ အိမ်မှထွက်သည်ဟု ယူဆချက်က အယူမှား ။

စုတိနောင် ပဋိသန္ဓေဖြစ်သည် သို့မဟုတ် သေပြီးစက္ကန့်မခြားပဲ နောက်ဘဝသစ်၌ ချက်ချင်းဖြစ်သည်ဟု

ယူဆလျှင် ဗုဒ္ဓဝါဒ..

မိမိကောင်းစားချမ်းသာဖို့ အဓိကထားပြီးလှူလျှင် ဟီနဒါန ယုတ်နိမ့်သော အလှူ ။

အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ အဓိကထားပြီးလှူလျှင် ဗုဒ္ဓဝါဒ..

ဝါတွင်းကာလ၌ အိမ်မပြောင်းကောင်းဟု ယူဆလျှင် မှားသောအယူ ။

အဆင်ပြေသည့်အချိန်တွင် ပြောင်းကောင်းသည်ဟု ယူဆလျှင်ဗုဒ္ဓဝါဒ..

လက္ခဏာတွင် အာယုလမ်းကြောင်း ရှည်သောကြောင့် အသက်ရှည်သည်..

အာယုလမ်းကြောင်းတိုသောကြောင့် အသက်တိုသည်ဟု ယူဆချက်က ဗုဒ္ဓဝါဒမဟုတ်ပါဘူး ။

သူ့အသက်ကိုမသတ်ခြင်း သူတစ်ပါးအသက်ရှည်ခွင့်ရအောင် ဆေးဝါးလှူဒါန်းခြင်းဟူသော ကုသိုလ်တို့ကြောင့်

အသက်ရှည်သည် သူတစ်ပါးအသက်ကို သတ်ဖြတ်ခဲ့သော အကုသိုလ်ကြောင့် အသက်တိုသည်ဟု ယူဆလျှင် ဗုဒ္ဓဝါဒ..

(တစ်ကယ်တော့ အာယုလမ်းကြောင်းဆိုတာ သင်္ကေတနမိတ်သာဖြစ်သည်)

အရှင်ဇဝန၏ ဆောင်းပါးကို ကောက်နုတ်ကိုးကားသည်..

ဗုဒ္ဓဝါဒကိုသာ ရွေးချယ်ကျင့်သုံးနိုင်ကြပါစေ..

စေတနာမေတ္တာ အရင်းခံဖြင့်-

Ashin Marnita

မေတ္တာများဖြင့် ကာယဝါစီ အရှင်မာနိတ