ကျန်းမာရေးအတွက် သောက်ကြတဲ့ချဥ်ပေါင်ဖူးဖျော်ရည်

Zawgyi

ခ်ဥ္ေပါင္ဖူးအစြမ္း

အမ်ိဳးသမီးေတြၾကားမွာ ယခုေခတ္မွာ ေခတ္စားလာတဲ့အေလ့အထေတြထဲကတစ္ခုက အသားအေရလွပဖို႔ ခႏၶာကိုယ္က်စ္လစ္က်န္းမာဖို႔ အစားအေသာက္ေတြကို ေ႐ြးခ်ယ္ၿပီး စားေသာက္လာၾကတာပါ။

အစားအေသာက္ အသီးအႏွံအမ်ိဳးမ်ိဳးထဲကမွ ကြၽန္မႏွစ္သက္တဲ့ ေဖ်ာ္ရည္ေလးတစ္ခုနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။

ျမန္မာေတြအတြက္ေတာ့ သိပ္ၿပီး မထူးဆန္းတဲ့ အပင္ပါ။ ခ်ဥ္ေပါင္ပင္ရဲ႕ ရင့္မွည့္လာတဲ့ အသီး/အဖူးခြံ (sepals of roselle) ျဖစ္ပါတယ္။

အားလုံးသိၾကတဲ့အတိုင္း ခ်ဥ္ေပါင္႐ြက္ကို ကြၽန္မတို႔ ျမန္မာေတြကေတာ့ ဟင္းအျဖစ္ အမ်ိဳးမ်ိဳးခ်က္စားတတ္ၾကပါတယ္။ ခ်ဥ္ေပါင္ဖူးကိုေတာ့ ယိုအျဖစ္သာ အမ်ားဆုံးစားေလ့ရွိပါတယ္။

၂၀၁၇ ခုႏွစ္မွာ ကိုးရီးယားႏိုင္ငံက စာတမ္းဖတ္ပြဲဖိတ္လို႔ သြားရတဲ့အခါ သူတို႔ရဲ႕ က်န္းမာေရးနဲ႔ဆက္စပ္တဲ့ ေစ်းေရာင္းပြဲေတာ္တစ္ခုနဲ႔ဆုံတာေၾကာင့္

အဲဒီေစ်းေရာင္းပြဲေတာ္မွာ သူတို႔က်န္းမာေရးနဲ႔အလွအပအတြက္ စားေသာက္ၾကတဲ့ Herbal ေတြကို ေလ့လာခြင့္ရခဲ့ပါတယ္။

ထူးထူးျခားျခားျမင္ခဲ့ရတာက ခ်ဥ္ေပါင္ဖူးေဖ်ာ္ရည္/ေရေႏြးၾကမ္း Roselle tea ပါ။ ေသာက္ၾကည့္လိုက္ေတာ့ အရသာေလးက ခ်ဥ္ၿပဳံးၿပဳံးေလး အခ်ိဳအတြက္ အရသာကိုေတာ့ သၾကားသုံးထားတယ္လို႔ ထင္ပါတယ္။

အဲဒီမွာ ခ်ဥ္ေပါင္ဖူးေျခာက္ေတြကို သူတို႔ေတြက လက္ဖက္ေျခာက္လို ေရာင္းၾကတာ။ ေစ်းကလည္း ေတာ္ေတာ္ႀကီးတယ္။ ခ်ဥ္ေပါင္ဖူးေျခာက္ ၁၀၀ ဂရမ္ကို ျမန္မာေငြ ၅၀၀၀ က်ပ္ေလာက္တန္ဖိုးရွိတယ္။

ကိုးရီးယားေတြက ခ်ဥ္ေပါင္ဖူးေဖ်ာ္ရည္ဟာ က်န္းမာေရးအတြက္ အလြန္ေကာင္းတာေၾကာင့္ တန္ဖိုးထားၿပီး စားေသာက္ပါတယ္တဲ့။

ကြၽန္မလည္း စိတ္ဝင္စားမိတဲ့အတြက္ အင္တာနက္မွာ ရွာၾကည့္လိုက္တာ တျခားႏိုင္ငံ အေတာ္မ်ားမ်ားမွာလည္း ခ်ဥ္ေပါင္ဖူးကို ေရေႏြးၾကမ္းအေနနဲ႔ေသာက္သုံးၾကတာကို သြားေတြ႕ပါတယ္။

သုေတသနသမားဆိုေတာ့ ႏိုင္ငံတကာမွာ ခ်ဥ္ေပါင္ဖူးနဲ႔ပတ္သက္ၿပီး ဘယ္လိုသုေတသနေတြ လုပ္ထားလဲ ဘာျဒပ္ေပါင္းေတြပါလဲ သိခ်င္ေတာ့ SciFinder scholar မွာ ရွာၾကည့္လိုက္တဲ့အခါ သုေတသနစာေစာင္ ၂၈ ေစာင္ထြက္လာပါတယ္။

ပါဝင္တဲ့ ဓာတုျဒပ္ေပါင္းေတြက က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစမယ့္ Anthocyanins, flavonoids, phenolic acids, polysaccharides, pectic substances, hemicelluloses

ျဖစ္ေၾကာင္း မွတ္တမ္းတင္ထားၾကတယ္။

တစ္ခါ Bioactivity နဲ႔ ပတ္သက္ၿပီး collagen ေတြအလြန္အမင္းမပ်က္စီးေအာင္ကာကြယ္ေပးႏိုင္ေၾကာင္း၊ ဓာတ္တိုးျခင္းကိုဟန႔္တားႏိုင္ေၾကာင္း၊

တင္းတိပ္အမဲစက္ေတြကိုျဖစ္ေစတဲ့ Tyrosinase enzyme ကို ဟန႔္တားေပးႏိုင္တဲ့ အစြမ္းသတၱိေတြရွိေၾကာင္း ဆိုပါတယ္။

ဒီလိုဂုဏ္သတၱိေတြရွိၿပီဆိုရင္ Anti-aging activity လည္းရွိတာေၾကာင့္ က်န္းမာႏုပ်ိဳခ်င္သူမ်ား ေအာင္မဲညိဳလိုခ်ဥ္ေပါင္ဖူးေျခာက္ကိုလည္း ေရေႏြးၾကမ္းလုပ္ေသာက္ၾကည့္ပါလို႔ တိုက္တြန္းလိုပါတယ္။

ႏွလုံးေသြးေၾကာက်ဥ္းတာ၊ ေသြးတြင္းကိုလက္စထေရာမ်ားတာ၊ ဆီးခ်ိဳေရာဂါအတြကိလည္းေကာင္းတယ္လို႔ဆိုပါတယ္။

ခ်ဥ္တဲ့အရသာရွိေတာ့ ဝမ္းလြယ္သူေတြကေတာ့ အမ်ားႀကီးေတာ့ မေသာက္နဲ႔ေပါ့။ အစာလည္းေဆး၊ ေဆးလည္းအစာ ေႏြရာသီနဲ႔ေဆာင္းရာသီမွာ ေသာက္သုံးပါက သင့္ေတာ္ပါတယ္လို႔။

ခ်ဥ္ေပါင္ဖူးေရေႏြးၾကမ္း/ေဖ်ာ္ရည္ျပဳလုပ္နည္းကေတာ့ အင္တာနက္မွာ ရွာၾကည့္လိုက္ရင္ နည္းအမ်ိဳးမ်ိဳးေတြ႕ရပါလိမ့္မယ္။

လြယ္ကူတဲ့နည္းကေတာ့

၁)ေရ ၁.၅ လီတာကို ပြက္ပြက္ဆူေအာင္တည္

၂)ခ်ဥ္ေပါင္ဖူးေျခာက္ ၁၀၀ဂရမ္ထည့္

၃)မိနစ္၂၀ခန႔္ဆူပြက္ေအာင္ထား

၄)အေအးခံ၊ စစ္

၅)မိမိႏွစ္သက္သလို သၾကား၊ ထညက္၊ ပ်ားရည္ တို႔နဲ႔ပါတြဲဖက္ၿပီး ေသာက္သုံးႏိုင္ပါတယ္။

လွပ က်န္းမာ ေရာဂါကင္းၾကပါေစ

Credit ;နန္းသိဂႌႏြယ္

Unicode

ချဉ်ပေါင်ဖူးအစွမ်း

အမျိုးသမီးတွေကြားမှာ ယခုခေတ်မှာ ခေတ်စားလာတဲ့အလေ့အထတွေထဲကတစ်ခုက အသားအရေလှပဖို့ ခန္ဓာကိုယ်ကျစ်လစ်ကျန်းမာဖို့ အစားအသောက်တွေကို ရွေးချယ်ပြီး စားသောက်လာကြတာပါ။

အစားအသောက် အသီးအနှံအမျိုးမျိုးထဲကမှ ကျွန်မနှစ်သက်တဲ့ ဖျော်ရည်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

မြန်မာတွေအတွက်တော့ သိပ်ပြီး မထူးဆန်းတဲ့ အပင်ပါ။ ချဉ်ပေါင်ပင်ရဲ့ ရင့်မှည့်လာတဲ့ အသီး/အဖူးခွံ (sepals of roselle) ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း ချဉ်ပေါင်ရွက်ကို ကျွန်မတို့ မြန်မာတွေကတော့ ဟင်းအဖြစ် အမျိုးမျိုးချက်စားတတ်ကြပါတယ်။ ချဉ်ပေါင်ဖူးကိုတော့ ယိုအဖြစ်သာ အများဆုံးစားလေ့ရှိပါတယ်။

၂၀၁၇ ခုနှစ်မှာ ကိုးရီးယားနိုင်ငံက စာတမ်းဖတ်ပွဲဖိတ်လို့ သွားရတဲ့အခါ သူတို့ရဲ့ ကျန်းမာရေးနဲ့ဆက်စပ်တဲ့ စျေးရောင်းပွဲတော်တစ်ခုနဲ့ဆုံတာကြောင့်

အဲဒီစျေးရောင်းပွဲတော်မှာ သူတို့ကျန်းမာရေးနဲ့အလှအပအတွက် စားသောက်ကြတဲ့ Herbal တွေကို လေ့လာခွင့်ရခဲ့ပါတယ်။

ထူးထူးခြားခြားမြင်ခဲ့ရတာက ချဉ်ပေါင်ဖူးဖျော်ရည်/ရေနွေးကြမ်း Roselle tea ပါ။ သောက်ကြည့်လိုက်တော့ အရသာလေးက ချဉ်ပြုံးပြုံးလေး အချိုအတွက် အရသာကိုတော့ သကြားသုံးထားတယ်လို့ ထင်ပါတယ်။

အဲဒီမှာ ချဉ်ပေါင်ဖူးခြောက်တွေကို သူတို့တွေက လက်ဖက်ခြောက်လို ရောင်းကြတာ။ စျေးကလည်း တော်တော်ကြီးတယ်။ ချဉ်ပေါင်ဖူးခြောက် ၁၀၀ ဂရမ်ကို မြန်မာငွေ ၅၀၀၀ ကျပ်လောက်တန်ဖိုးရှိတယ်။

ကိုးရီးယားတွေက ချဉ်ပေါင်ဖူးဖျော်ရည်ဟာ ကျန်းမာရေးအတွက် အလွန်ကောင်းတာကြောင့် တန်ဖိုးထားပြီး စားသောက်ပါတယ်တဲ့။

ကျွန်မလည်း စိတ်ဝင်စားမိတဲ့အတွက် အင်တာနက်မှာ ရှာကြည့်လိုက်တာ တခြားနိုင်ငံ အတော်များများမှာလည်း ချဉ်ပေါင်ဖူးကို ရေနွေးကြမ်းအနေနဲ့သောက်သုံးကြတာကို သွားတွေ့ပါတယ်။

သုတေသနသမားဆိုတော့ နိုင်ငံတကာမှာ ချဉ်ပေါင်ဖူးနဲ့ပတ်သက်ပြီး ဘယ်လိုသုတေသနတွေ လုပ်ထားလဲ ဘာဒြပ်ပေါင်းတွေပါလဲ သိချင်တော့ SciFinder scholar မှာ ရှာကြည့်လိုက်တဲ့အခါ သုတေသနစာစောင် ၂၈ စောင်ထွက်လာပါတယ်။

ပါဝင်တဲ့ ဓာတုဒြပ်ပေါင်းတွေက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် Anthocyanins, flavonoids, phenolic acids, polysaccharides, pectic substances, hemicelluloses

ဖြစ်ကြောင်း မှတ်တမ်းတင်ထားကြတယ်။

တစ်ခါ Bioactivity နဲ့ ပတ်သက်ပြီး collagen တွေအလွန်အမင်းမပျက်စီးအောင်ကာကွယ်ပေးနိုင်ကြောင်း၊ ဓာတ်တိုးခြင်းကိုဟန့်တားနိုင်ကြောင်း၊

တင်းတိပ်အမဲစက်တွေကိုဖြစ်စေတဲ့ Tyrosinase enzyme ကို ဟန့်တားပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိကြောင်း ဆိုပါတယ်။

ဒီလိုဂုဏ်သတ္တိတွေရှိပြီဆိုရင် Anti-aging activity လည်းရှိတာကြောင့် ကျန်းမာနုပျိုချင်သူများ အောင်မဲညိုလိုချဉ်ပေါင်ဖူးခြောက်ကိုလည်း ရေနွေးကြမ်းလုပ်သောက်ကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။

နှလုံးသွေးကြောကျဉ်းတာ၊ သွေးတွင်းကိုလက်စထရောများတာ၊ ဆီးချိုရောဂါအတွကိလည်းကောင်းတယ်လို့ဆိုပါတယ်။

ချဉ်တဲ့အရသာရှိတော့ ဝမ်းလွယ်သူတွေကတော့ အများကြီးတော့ မသောက်နဲ့ပေါ့။ အစာလည်းဆေး၊ ဆေးလည်းအစာ နွေရာသီနဲ့ဆောင်းရာသီမှာ သောက်သုံးပါက သင့်တော်ပါတယ်လို့။

ချဉ်ပေါင်ဖူးရေနွေးကြမ်း/ဖျော်ရည်ပြုလုပ်နည်းကတော့ အင်တာနက်မှာ ရှာကြည့်လိုက်ရင် နည်းအမျိုးမျိုးတွေ့ရပါလိမ့်မယ်။

လွယ်ကူတဲ့နည်းကတော့

၁)ရေ ၁.၅ လီတာကို ပွက်ပွက်ဆူအောင်တည်

၂)ချဉ်ပေါင်ဖူးခြောက် ၁၀၀ဂရမ်ထည့်

၃)မိနစ်၂၀ခန့်ဆူပွက်အောင်ထား

၄)အအေးခံ၊ စစ်

၅)မိမိနှစ်သက်သလို သကြား၊ ထညက်၊ ပျားရည် တို့နဲ့ပါတွဲဖက်ပြီး သောက်သုံးနိုင်ပါတယ်။

လှပ ကျန်းမာ ရောဂါကင်းကြပါစေ

Credit ;နန်းသိင်္ဂီနွယ်