မျက်နှာပေါ်မှာ တင်းတိတ် လိုမျိုး အညိုအကွက်တွေကို သက်သာသွားအောင်ပြုလုပ်ပေးနိုင်မယ့်နည်းလမ်း

Zawgyi

မ်က္ႏွာေပၚမွာ တင္းတိတ္ လိုမ်ိဳး အညိဳအကြက္ေတြထြက္တာက အထူးသျဖင့္ အသက္ႀကီးပိုင္း အမ်ိဳးသမီးေတြမွာ ပိုၿပီးအျဖစ္မ်ားပါတယ္။

ဒါေၾကာင့္ မ်က္ႏွာေပၚမွာရွိတဲ့ တင္းတိတ္လိုမ်ိဳး အညိဳအကြက္ေတြကို သက္သာ သြားေအာင္ လုပ္ေပးႏိုင္မယ့္ နည္းလမ္းေတြကို မွ်ေဝေပး လိုက္ပါတယ္။

အိမ္မွာအလြယ္တကူ လုပ္လို႔ရမယ့္ နည္းလမ္းေတြျဖစ္တာေၾကာင့္ ပိုက္ဆံလည္း သိပ္မကုန္ပဲ အဆင္ေျပေစမွာပါ။

ၾကက္သြန္နီ

အနံ႔နံတယ္ ဆိုေပမယ့္ ၾကက္သြန္နီက မ်က္ႏွာေပၚမွာရွိတဲ့ အမဲစက္နဲ႔ တင္းတိတ္လို အညိဳအကြက္ေတြကို တေျဖးေျဖးခ်င္းစီ ပါးသြားေစ ပါတယ္။

လုပ္ရမယ့္ ပုံစံကေတာ့ ၾကက္သြန္နီကို အခြံခြာ၊ အတုံးေသးေလးေတြတုံးေခ်ၿပီး Tea Bag အလြတ္ထုပ္ထဲကို ထည့္ပါ။

ၿပီးရင္ေတာ့ အညိဳကြက္ ေတြျဖစ္ေနတဲ့ ေနရာေပၚကို ၁၀ မိနစ္ေလာက္ တင္ထားေပးပါ။ အခ်ိန္ျပည့္မွ မ်က္ႏွာသစ္ေဆးနဲ႔ သစ္ၿပီး Toner, Moisturizer ျပန္လိမ္းေပးပါ။

ဒိန္ခ်ဥ္ (သို႔) ႏြားႏို႔

ဒိန္ခ်ဥ္သုံးမယ္ ဆိုရင္ မ်က္ႏွာေပၚမွာရွိတဲ့ တင္းတိတ္လိုမ်ိဳး အညိဳအကြက္ ေတြေပၚမွာ ဒိန္ခ်ဥ္ကိုသုတ္လိမ္းၿပီး မိနစ္အနည္းငယ္ ထားလိုက္ပါ။ အခ်ိန္ျပည့္ ရင္ေတာ့ မ်က္ႏွာသစ္ၿပီး ခုနကလိုပဲ Toner, Moisturizer ျပန္လိမ္းေပးပါ။

ႏြားႏို႔သုံးမယ္ ဆိုရင္ေတာ့ ႏြားႏို႔ကို ဂြမ္းလုံးေလးနဲ႔ယူၿပီး မ်က္ႏွာေပၚမွာရွိတဲ့ တင္းတိတ္လိုမ်ိဳး အညိဳအကြက္ ေတြေပၚကို တို႔တို႔ၿပီး လိမ္းေပးပါ။

လိမ္းၿပီးရင္ မိနစ္ အနည္းငယ္ ထားၿပီး အခ်ိန္ျပည့္ မမ်က္ႏွာသစ္ ပါ။ ၿပီးရင္ေတာ့ ခုနကလိုပဲ Toner, Moisturizer ျပန္လိမ္းေပးပါ။

ဒီနည္းလမ္း ၂ မ်ိဳးကိုလုပ္မယ္ ဆိုရင္ေတာ့ မနက္အိပ္ယာ ႏိုးရင္ တစ္ႀကိမ္၊ ညအိပ္ယာဝင္ ခါနီးရင္ တစ္ႀကိမ္ လုပ္ေပးရပါမယ္။

ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္နဲ႔ တည့္တဲ့သူဆိုရင္ ရွားေစာင္းလက္ပတ္အပင္ ကရတဲ့ အတြင္းသားဂ်ယ္လ္ကိုယူၿပီး မ်က္ႏွာမွာလိမ္းေပးလို႔လည္းရ သလို၊ အသင့္လိမ္းလို႔ရတဲ့ ရွားေစာင္းလက္ပတ္ ခရင္မ္ေတြကို လိမ္းေပးလို႔လည္း ရပါတယ္။

ဒါကေတာ့ တည့္ရင္ ေန႔တိုင္းလိမ္းေပးျခင္းျဖင့္ မ်က္ႏွာေပၚမွာရွိတဲ့ တင္းတိတ္လိုမ်ိဳး အညိဳအကြက္ေတြအျပင္ အမဲစက္ေတြပါ တေျဖးေျဖးနဲ႔ မွိန္သြားေစပါတယ္။(crd)

Unicode

မျက်နှာပေါ်မှာ တင်းတိတ် လိုမျိုး အညိုအကွက်တွေထွက်တာက အထူးသဖြင့် အသက်ကြီးပိုင်း အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။

ဒါကြောင့် မျက်နှာပေါ်မှာရှိတဲ့ တင်းတိတ်လိုမျိုး အညိုအကွက်တွေကို သက်သာ သွားအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေး လိုက်ပါတယ်။

အိမ်မှာအလွယ်တကူ လုပ်လို့ရမယ့် နည်းလမ်းတွေဖြစ်တာကြောင့် ပိုက်ဆံလည်း သိပ်မကုန်ပဲ အဆင်ပြေစေမှာပါ။

ကြက်သွန်နီ

အနံ့နံတယ် ဆိုပေမယ့် ကြက်သွန်နီက မျက်နှာပေါ်မှာရှိတဲ့ အမဲစက်နဲ့ တင်းတိတ်လို အညိုအကွက်တွေကို တဖြေးဖြေးချင်းစီ ပါးသွားစေ ပါတယ်။

လုပ်ရမယ့် ပုံစံကတော့ ကြက်သွန်နီကို အခွံခွာ၊ အတုံးသေးလေးတွေတုံးချေပြီး Tea Bag အလွတ်ထုပ်ထဲကို ထည့်ပါ။ ပြီးရင်တော့ အညိုကွက် တွေဖြစ်နေတဲ့ နေရာပေါ်ကို ၁၀ မိနစ်လောက် တင်ထားပေးပါ။

အချိန်ပြည့်မှ မျက်နှာသစ်ဆေးနဲ့ သစ်ပြီး Toner, Moisturizer ပြန်လိမ်းပေးပါ။

ဒိန်ချဉ် (သို့) နွားနို့

ဒိန်ချဉ်သုံးမယ် ဆိုရင် မျက်နှာပေါ်မှာရှိတဲ့ တင်းတိတ်လိုမျိုး အညိုအကွက် တွေပေါ်မှာ ဒိန်ချဉ်ကိုသုတ်လိမ်းပြီး မိနစ်အနည်းငယ် ထားလိုက်ပါ။ အချိန်ပြည့် ရင်တော့ မျက်နှာသစ်ပြီး ခုနကလိုပဲ Toner, Moisturizer ပြန်လိမ်းပေးပါ။

နွားနို့သုံးမယ် ဆိုရင်တော့ နွားနို့ကို ဂွမ်းလုံးလေးနဲ့ယူပြီး မျက်နှာပေါ်မှာရှိတဲ့ တင်းတိတ်လိုမျိုး အညိုအကွက် တွေပေါ်ကို တို့တို့ပြီး လိမ်းပေးပါ။

လိမ်းပြီးရင် မိနစ် အနည်းငယ် ထားပြီး အချိန်ပြည့် မမျက်နှာသစ် ပါ။ ပြီးရင်တော့ ခုနကလိုပဲ Toner, Moisturizer ပြန်လိမ်းပေးပါ။

ဒီနည်းလမ်း ၂ မျိုးကိုလုပ်မယ် ဆိုရင်တော့ မနက်အိပ်ယာ နိုးရင် တစ်ကြိမ်၊ ညအိပ်ယာဝင် ခါနီးရင် တစ်ကြိမ် လုပ်ပေးရပါမယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်နဲ့ တည့်တဲ့သူဆိုရင် ရှားစောင်းလက်ပတ်အပင် ကရတဲ့ အတွင်းသားဂျယ်လ်ကိုယူပြီး မျက်နှာမှာလိမ်းပေးလို့လည်းရ သလို၊ အသင့်လိမ်းလို့ရတဲ့ ရှားစောင်းလက်ပတ် ခရင်မ်တွေကို လိမ်းပေးလို့လည်း ရပါတယ်။

ဒါကတော့ တည့်ရင် နေ့တိုင်းလိမ်းပေးခြင်းဖြင့် မျက်နှာပေါ်မှာရှိတဲ့ တင်းတိတ်လိုမျိုး အညိုအကွက်တွေအပြင် အမဲစက်တွေပါ တဖြေးဖြေးနဲ့ မှိန်သွားစေပါတယ်။(crd)