Unicode

သီလဆိုတာ စောင့်စည်းခြင်းပါပဲ။ ကာယကံနှင့် ဝစီကံကို စောင့်စည်းရတာ။ ကိုယ်ဖြင့်လည်း မကောင်းတာ မလုပ်ဘူး၊ နှုတ်ဖြင့်လည်း မကောင်းတာ မပြောဘူး။ ဒါဆိုရင် သီလစင်ကြယ်သွားတယ်။

သို့သော် သီလကို အထူးစင်ကြယ်ဖို့အတွက်ဆိုရင် စိတ်ကိုလည်း စောင့်စည်းနိုင်ရမယ်။ စိတ်ကို စောင့်စည်းနိုင်မှ သီလက ပိုပြီးတော့ စင်ကြယ်သွားတယ်။ ဒီနေရာမှာ သီလ ၄- မျိုး ရှိတယ်လို့ မှတ်ထားရမယ်။

၁။ ဆုတ်ယုတ်တဲ့သီလ

ပထမဆုံး သီလက ဟာနဘာဂိယ- ဆုတ်ယုတ်သောသီလတဲ့။ သီလခံယူပြီး စားချင်ရာစား၊ ပြောချင်ရာ ပြော၊ ဘာဣန္ဒြေမှ မစောင့်ဘူးဆိုရင် ဆုတ်ယုတ်တဲ့ သီလပဲ။

စာထဲမှာတော့ ပြောတယ်။ နွားကျောင်းသားဥပုသ်တဲ့။ နွားကျောင်းသားဆိုတာ ဘာမှ မစောင့်စည်းဘူး။ ပြောချင်ရာ ပြောတယ်။

လုပ်ချင်ရာ လုပ်တယ်။ ဒီတိုင်းပဲ၊ တချို့ဥပုသ်သည်တွေဟာ ဥပုသ်သီလလေး ယူပြီးရင် ပြောချင်ရာ ပြောပြီး အချိန်ကုန်သွားတယ်။

ဒါ နွားကျောင်းသားဥပုသ်ပဲ။ အဲဒါကို ဆုတ်ယုတ်တဲ့သီလလို့ ခေါ်ပါတယ်။

၂။ ရပ္တန့်နေတဲ့သီလ

ဒုတိယ သီလက ဌိတိဘာဂိယ- ရပ်တန့်နေသော သီလတဲ့။ သီလစောင့်ပြီး ဘာတရားမှ နှလုံးမသွင်းဘူး၊ ဘာကုသိုလ်မှ မလုပ်ဘူးဆိုရင် အဲဒါ ရပ်နေတဲ့သီလပဲ။

တိုးတက်မှု မရှိဘူးပေါ့။သီလ ခံယူပြီးရင် တရားနာရမယ်၊ စာဖတ်ရမယ်။ ပုတီးစိပ်ရမယ်။ တရားဆွေးနွေးရမယ်။

ဒါမှမဟုတ်၊ ဗုဒ္ဓဝေယျာဝေစ္စ ဓမ္မဝေယျာဝေစ္စ သံဃဝေယျာဝေစ္စ မိဘဝေယျာဝေစ္စ၊ တစ်ခုခု လုပ်သင့်တယ်။ ဒါမှ သီလဟာ ပိုပြီး စင်ကြယ်သွားတယ်။

၃။ ထူးကဲတဲ့သီလ

တတိယသီလက ဝိသေသ ဘာဂိယ- ထူးကဲသောသီလတဲ့။ ထူးကဲသော သီလဖြစ်ဖို့အတွက် သီလစောင့်ပြီး သမထအားထုတ်ရမယ်။

သမထဆိုတာ သမာဓိထူထောင်တဲ့ အလုပ်ပါပဲ။ ကောင်းတဲ့အာရုံတစ်ခုထဲမှာ စိတ်ကို နှစ်ပြီးတော့ ပွားများရင် သမထလို့ ခေါ်တယ်။ေ မတ္တာပို့တာတို့၊ ဂုဏ်တော်ပွားများတာတို့ဟာ သမထပဲ။

သီလကို သမထဝန်းရံလိုက်ရင် ထူးကဲတဲ့သီလ ဖြစ်သွားတယ်။

ဘာကြောင့်လဲ၊ စိတ်က မကောင်းတာ မတွေးဖြစ်တော့ဘူးလေ။ စိတ်ဆိုတာ လွှတ်ထားရင် မကောင်းတဲ့ဘက် အလိုလို ရောက်သွားတာ။

ဒါကြောင့် သီလ ဆောက်တည်ပြီးရင် ဂုဏ်တော်ပွားဖြစ်အောင် ပွားပါ။

၄။ ကိလေသာသတ်တဲ့သီလ

နောက်ဆုံးသီလကတော့ နိဗ္ဗေဓဘာဂိယ- ကိလေသာသတ်တဲ့ သီလ။ ကိလေသာဆိုတာ စိတ်ကို ပူလောင်စေတဲ့ တရားဆိုးတွေပါ။

သီလခံယူပြီးရင် ဝိပဿနာ အားထုတ်တယ်။ ဒါဆိုရင် အမြတ်ဆုံး သီလပါပဲ။ ဝိပဿနာအားထုတ်တဲ့အခါ နာရီဝက်တတ်နိုင်ရင် နာရီဝက်၊ တစ်နာရီတတ်နိုင်ရင် တစ်နာရီပေါ့။

ကိုယ်တတ်နိုင်သလောက် အားထုတ်ပါ။ ဝိပဿနာအားထုတ်မှ အနိစ္စကို မြင်မယ်၊ အနိစ္စကိုမြင်မှ ငါစွဲပျောက်မယ်။ ငါစွဲပျောက်မှ တွယ်တာမှုတွေ လျော့ကျပြီး ကိလေသာကို ပယ်သတ်နိုင်မှာ ဖြစ်ပါတယ်။

ဆရာတော်ကြီးနှင့် ဘုရင် ရှေးတုန်းက ဆရာတော်ကြီးတစ်ပါး ရှိတယ်။ ကန္ဒရသာလကျောင်းတိုက်မှာ သီတင်းသုံးနေတာ။ သက်တော် ၈၀- ရှိပြီ။ သို့သော် ရဟန္တာ မဖြစ်သေး။

တနေ့မှာ ဘုရင်ကြီး တိဿမဟာရာဇာက ဖူးမျှော်မယ်ဆိုပြီး သွားတဲ့အခါ ကျောင်းနားရောက်တော့ ဆရာတော်ကြီးရဲ့ ငြီးတွားသံကို ကြားလိုက်ရတယ်။

ဒီတော့ ဘုရင်ကြီးက ” ဆရာတော်နှယ် ဒီဝေဒနာလေးကိုတောင် သည်းခံနိုင်စွမ်း မရှိဘူး” ဆိုပြီး လှည့် ပြန်သွားတယ်။

ဒီတော့ အလုပ်အကျွေး ရဟန်းငယ်လေးက လျှောက်လိုက်တယ်။ ” အရှင်ဘုရားကို ဖူးမျှော်ဖို့ လာတဲ့ ဘုရင်ကြီးဟာ အရှင်ဘုရားရဲ့ ငြီးတွားသံကြောင့် ပြန်သွားပြီဘုရား”။

မထေရ်ကြီးက သိတဲ့အခါ ချက်ချင်းပဲ ဝေဒနာခွါပြီး အားထုတ်လိုက်တယ်။ ဝေဒနာခွါပြီး အားထုတ်တယ်ဆိုတာ ခံစားနေတဲ့ ဝေဒနာကို နှလုံးမသွင့်တော့ဘဲ ခန္ဓာရဲ့ အဖြစ်အပျက်ကို ရှုမှတ်လိုက်တယ်လို့ ဆိုလိုတယ်။

အဲဒီလို ရှုမှတ်လိုက်သည့်အတွက် ဆရာတော်ကြီးဟာ ” ရဟန္တာ ” ဖြစ်သွားတယ်။

အဲဒီနောက် ဆရာတော်ကြီးက ရဟန္တာဖြစ်ပြီဆိုတဲ့အကြောင်း တပည့် အလုပ်အကျွေးရဟန်းလေးကို အသိပေးလိုက်တယ်။ဒီတော့ ရဟန်းလေးက ဘုရင်ကြီးကို သွားခေါ်တယ်။

ဘုရင်ကြီးက ဉာဏ်ရှိသူဆိုတော့ သဘောပေါက်သွားတယ်။ ” အော် ဆရာတော်ကြီး ရဟန္တာ ဖြစ်သွားပြီ” ဆိုတာ ရိပ်မိသွားပြီ။

ဒါနဲ့ ဆရာတော်ကြီးထံ ရောက်လာပြီး ရိုရိုသေသေ ရှိခိုးလိုက်တယ်။

ဘုရင်ကြီးက ရှိခိုးပြီးတဲ့နောက် လျှောက်တယ်။ ” တပည့်တော် အခု ရှိခိုးခြင်းဟာ ရဟန္တာဟူသော ဂုဏ်ကြောင့် ရှိခိုးသည် မဟုတ်ပါ၊ ပုထုဇဉ် ဘဝတုန်းက စောင့်စည်းခဲ့တဲ့ သီလကိုပဲ ရှိခိုးခြင်းပါဘုရား” တဲ့။

ဘုရင်ကြီး လျှောက်တဲ့စကား ဘယ်လောက် မှတ်သားစရာ ကောင်းလဲ။ “ပုထုဇဉ်ဘဝက စောင့်ထိန်းခဲ့တဲ့ သီလကိုပဲ ရှိခိုးတာပါဘုရား” တဲ့။

သီလဆိုတဲ့ အရင်းအနှီးကြောင့် ရဟန္တာ ဖြစ်တယ်၊ ဒါကြောင့် သီလကို ရှိခိုးတာပါလို့ ဆိုလိုတယ်။လူအများစုဟာ အသီးသီးတာကိုပဲ မြင်တယ်။

ရေလောင်းတာကို မမြင်ဘူး။ အပင်တစ်ပင်ဖြစ်ဖို့အတွက် ရေလောင်းရတယ် မဟုတ်လား။ ဘယ်အရာမဆို အရင်းအနှီးကို မြင်အောင် ကြည့်တတ်ရမယ်။ ဘုရင်ကြီးက အရင်းအနှီးကို မြင်တယ်။

ဒါကြောင့် အခုလို လျှောက်လိုက်တာပါ။ဆရာတော်ကြီး အခု အားထုတ် အခု ရဟန္တာဖြစ်တယ်ဆိုတာ သီလစင်ကြယ်လို့ပဲ။

ဘာကြောင့် သီလ စင်ကြယ်တာလဲ၊ ဝိပဿနာအားထုတ်ထားလို့ပါ။ဒါကြောင့် သီလကို ဝိပဿနာဝန်းရံလိုက်ရင် အမြတ်ဆုံးသီလ ဖြစ်သွားတယ်။

ဒီတော့ မိမိတို့ စောင့်စည်းတဲ့ သီလ ပို၍ ပို၍ စင်ကြယ်ဖို့အတွက် စိတ်ကိုလည်း စောင့်စည်းရမှာ ဖြစ်ပါတယ်။ “သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ”

Credit – သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

Zawgyi

သီလဆိုတာ ေစာင့္စည္းျခင္းပါပဲ။ ကာယကံႏွင့္ ဝစီကံကို ေစာင့္စည္းရတာ။ ကိုယ္ျဖင့္လည္း မေကာင္းတာ မလုပ္ဘူး၊ ႏႈတ္ျဖင့္လည္း မေကာင္းတာ မေျပာဘူး။ ဒါဆိုရင္ သီလစင္ၾကယ္သြားတယ္။

သို႔ေသာ္ သီလကို အထူးစင္ၾကယ္ဖို႔အတြက္ဆိုရင္ စိတ္ကိုလည္း ေစာင့္စည္းႏိုင္ရမယ္။ စိတ္ကို ေစာင့္စည္းႏိုင္မွ သီလက ပိုၿပီးေတာ့ စင္ၾကယ္သြားတယ္။ ဒီေနရာမွာ သီလ ၄- မ်ိဳး ရွိတယ္လို႔ မွတ္ထားရမယ္။

၁။ ဆုတ္ယုတ္တဲ့သီလ

ပထမဆုံး သီလက ဟာနဘာဂိယ- ဆုတ္ယုတ္ေသာသီလတဲ့။ သီလခံယူၿပီး စားခ်င္ရာစား၊ ေျပာခ်င္ရာ ေျပာ၊ ဘာဣေျႏၵမွ မေစာင့္ဘူးဆိုရင္ ဆုတ္ယုတ္တဲ့ သီလပဲ။

စာထဲမွာေတာ့ ေျပာတယ္။ ႏြားေက်ာင္းသားဥပုသ္တဲ့။ ႏြားေက်ာင္းသားဆိုတာ ဘာမွ မေစာင့္စည္းဘူး။ ေျပာခ်င္ရာ ေျပာတယ္။

လုပ္ခ်င္ရာ လုပ္တယ္။ ဒီတိုင္းပဲ၊ တခ်ိဳ႕ဥပုသ္သည္ေတြဟာ ဥပုသ္သီလေလး ယူၿပီးရင္ ေျပာခ်င္ရာ ေျပာၿပီး အခ်ိန္ကုန္သြားတယ္။

ဒါ ႏြားေက်ာင္းသားဥပုသ္ပဲ။ အဲဒါကို ဆုတ္ယုတ္တဲ့သီလလို႔ ေခၚပါတယ္။

၂။ ရပၱန႔္ေနတဲ့သီလ

ဒုတိယ သီလက ဌိတိဘာဂိယ- ရပ္တန႔္ေနေသာ သီလတဲ့။ သီလေစာင့္ၿပီး ဘာတရားမွ ႏွလုံးမသြင္းဘူး၊ ဘာကုသိုလ္မွ မလုပ္ဘူးဆိုရင္ အဲဒါ ရပ္ေနတဲ့သီလပဲ။

တိုးတက္မႈ မရွိဘူးေပါ့။သီလ ခံယူၿပီးရင္ တရားနာရမယ္၊ စာဖတ္ရမယ္။ ပုတီးစိပ္ရမယ္။ တရားေဆြးေႏြးရမယ္။

ဒါမွမဟုတ္၊ ဗုဒၶေဝယ်ာေဝစၥ ဓမၼေဝယ်ာေဝစၥ သံဃေဝယ်ာေဝစၥ မိဘေဝယ်ာေဝစၥ၊ တစ္ခုခု လုပ္သင့္တယ္။ ဒါမွ သီလဟာ ပိုၿပီး စင္ၾကယ္သြားတယ္။

၃။ ထူးကဲတဲ့သီလ

တတိယသီလက ဝိေသသ ဘာဂိယ- ထူးကဲေသာသီလတဲ့။ ထူးကဲေသာ သီလျဖစ္ဖို႔အတြက္ သီလေစာင့္ၿပီး သမထအားထုတ္ရမယ္။

သမထဆိုတာ သမာဓိထူေထာင္တဲ့ အလုပ္ပါပဲ။ ေကာင္းတဲ့အာ႐ုံတစ္ခုထဲမွာ စိတ္ကို ႏွစ္ၿပီးေတာ့ ပြားမ်ားရင္ သမထလို႔ ေခၚတယ္။ေ မတၱာပို႔တာတို႔၊ ဂုဏ္ေတာ္ပြားမ်ားတာတို႔ဟာ သမထပဲ။

သီလကို သမထဝန္းရံလိုက္ရင္ ထူးကဲတဲ့သီလ ျဖစ္သြားတယ္။

ဘာေၾကာင့္လဲ၊ စိတ္က မေကာင္းတာ မေတြးျဖစ္ေတာ့ဘူးေလ။ စိတ္ဆိုတာ လႊတ္ထားရင္ မေကာင္းတဲ့ဘက္ အလိုလို ေရာက္သြားတာ။

ဒါေၾကာင့္ သီလ ေဆာက္တည္ၿပီးရင္ ဂုဏ္ေတာ္ပြားျဖစ္ေအာင္ ပြားပါ။

၄။ ကိေလသာသတ္တဲ့သီလ

ေနာက္ဆုံးသီလကေတာ့ နိေဗၺဓဘာဂိယ- ကိေလသာသတ္တဲ့ သီလ။ ကိေလသာဆိုတာ စိတ္ကို ပူေလာင္ေစတဲ့ တရားဆိုးေတြပါ။

သီလခံယူၿပီးရင္ ဝိပႆနာ အားထုတ္တယ္။ ဒါဆိုရင္ အျမတ္ဆုံး သီလပါပဲ။ ဝိပႆနာအားထုတ္တဲ့အခါ နာရီဝက္တတ္ႏိုင္ရင္ နာရီဝက္၊ တစ္နာရီတတ္ႏိုင္ရင္ တစ္နာရီေပါ့။

ကိုယ္တတ္ႏိုင္သေလာက္ အားထုတ္ပါ။ ဝိပႆနာအားထုတ္မွ အနိစၥကို ျမင္မယ္၊ အနိစၥကိုျမင္မွ ငါစြဲေပ်ာက္မယ္။ ငါစြဲေပ်ာက္မွ တြယ္တာမႈေတြ ေလ်ာ့က်ၿပီး ကိေလသာကို ပယ္သတ္ႏိုင္မွာ ျဖစ္ပါတယ္။

ဆရာေတာ္ႀကီးႏွင့္ ဘုရင္ ေရွးတုန္းက ဆရာေတာ္ႀကီးတစ္ပါး ရွိတယ္။ ကႏၵရသာလေက်ာင္းတိုက္မွာ သီတင္းသုံးေနတာ။ သက္ေတာ္ ၈၀- ရွိၿပီ။ သို႔ေသာ္ ရဟႏၲာ မျဖစ္ေသး။

တေန႔မွာ ဘုရင္ႀကီး တိႆမဟာရာဇာက ဖူးေမွ်ာ္မယ္ဆိုၿပီး သြားတဲ့အခါ ေက်ာင္းနားေရာက္ေတာ့ ဆရာေတာ္ႀကီးရဲ႕ ၿငီးတြားသံကို ၾကားလိုက္ရတယ္။

ဒီေတာ့ ဘုရင္ႀကီးက ” ဆရာေတာ္ႏွယ္ ဒီေဝဒနာေလးကိုေတာင္ သည္းခံႏိုင္စြမ္း မရွိဘူး” ဆိုၿပီး လွည့္ ျပန္သြားတယ္။

ဒီေတာ့ အလုပ္အေကြၽး ရဟန္းငယ္ေလးက ေလွ်ာက္လိုက္တယ္။ ” အရွင္ဘုရားကို ဖူးေမွ်ာ္ဖို႔ လာတဲ့ ဘုရင္ႀကီးဟာ အရွင္ဘုရားရဲ႕ ၿငီးတြားသံေၾကာင့္ ျပန္သြားၿပီဘုရား”။

မေထရ္ႀကီးက သိတဲ့အခါ ခ်က္ခ်င္းပဲ ေဝဒနာခြါၿပီး အားထုတ္လိုက္တယ္။ ေဝဒနာခြါၿပီး အားထုတ္တယ္ဆိုတာ ခံစားေနတဲ့ ေဝဒနာကို ႏွလုံးမသြင့္ေတာ့ဘဲ ခႏၶာရဲ႕ အျဖစ္အပ်က္ကို ရႈမွတ္လိုက္တယ္လို႔ ဆိုလိုတယ္။

အဲဒီလို ရႈမွတ္လိုက္သည့္အတြက္ ဆရာေတာ္ႀကီးဟာ ” ရဟႏၲာ ” ျဖစ္သြားတယ္။

အဲဒီေနာက္ ဆရာေတာ္ႀကီးက ရဟႏၲာျဖစ္ၿပီဆိုတဲ့အေၾကာင္း တပည့္ အလုပ္အေကြၽးရဟန္းေလးကို အသိေပးလိုက္တယ္။ဒီေတာ့ ရဟန္းေလးက ဘုရင္ႀကီးကို သြားေခၚတယ္။

ဘုရင္ႀကီးက ဉာဏ္ရွိသူဆိုေတာ့ သေဘာေပါက္သြားတယ္။ ” ေအာ္ ဆရာေတာ္ႀကီး ရဟႏၲာ ျဖစ္သြားၿပီ” ဆိုတာ ရိပ္မိသြားၿပီ။

ဒါနဲ႔ ဆရာေတာ္ႀကီးထံ ေရာက္လာၿပီး ႐ို႐ိုေသေသ ရွိခိုးလိုက္တယ္။

ဘုရင္ႀကီးက ရွိခိုးၿပီးတဲ့ေနာက္ ေလွ်ာက္တယ္။ ” တပည့္ေတာ္ အခု ရွိခိုးျခင္းဟာ ရဟႏၲာဟူေသာ ဂုဏ္ေၾကာင့္ ရွိခိုးသည္ မဟုတ္ပါ၊ ပုထုဇဥ္ ဘဝတုန္းက ေစာင့္စည္းခဲ့တဲ့ သီလကိုပဲ ရွိခိုးျခင္းပါဘုရား” တဲ့။

ဘုရင္ႀကီး ေလွ်ာက္တဲ့စကား ဘယ္ေလာက္ မွတ္သားစရာ ေကာင္းလဲ။ “ပုထုဇဥ္ဘဝက ေစာင့္ထိန္းခဲ့တဲ့ သီလကိုပဲ ရွိခိုးတာပါဘုရား” တဲ့။

သီလဆိုတဲ့ အရင္းအႏွီးေၾကာင့္ ရဟႏၲာ ျဖစ္တယ္၊ ဒါေၾကာင့္ သီလကို ရွိခိုးတာပါလို႔ ဆိုလိုတယ္။လူအမ်ားစုဟာ အသီးသီးတာကိုပဲ ျမင္တယ္။

ေရေလာင္းတာကို မျမင္ဘူး။ အပင္တစ္ပင္ျဖစ္ဖို႔အတြက္ ေရေလာင္းရတယ္ မဟုတ္လား။ ဘယ္အရာမဆို အရင္းအႏွီးကို ျမင္ေအာင္ ၾကည့္တတ္ရမယ္။ ဘုရင္ႀကီးက အရင္းအႏွီးကို ျမင္တယ္။

ဒါေၾကာင့္ အခုလို ေလွ်ာက္လိုက္တာပါ။ဆရာေတာ္ႀကီး အခု အားထုတ္ အခု ရဟႏၲာျဖစ္တယ္ဆိုတာ သီလစင္ၾကယ္လို႔ပဲ။

ဘာေၾကာင့္ သီလ စင္ၾကယ္တာလဲ၊ ဝိပႆနာအားထုတ္ထားလို႔ပါ။ဒါေၾကာင့္ သီလကို ဝိပႆနာဝန္းရံလိုက္ရင္ အျမတ္ဆုံးသီလ ျဖစ္သြားတယ္။

ဒီေတာ့ မိမိတို႔ ေစာင့္စည္းတဲ့ သီလ ပို၍ ပို၍ စင္ၾကယ္ဖို႔အတြက္ စိတ္ကိုလည္း ေစာင့္စည္းရမွာ ျဖစ္ပါတယ္။ “သတၱဝါခပ္သိမ္း၊ တရားကိန္း၊ ေအးၿငိမ္းခ်မ္းသာ ရွိပါေစ”

Credit – သီတဂူ အရွင္ေဒဝိႏၵာဘိဝံသ