Mon. Nov 29th, 2021
Unicode
အတိုက်ကင်းစေ အညံ့ရှင်းစေ
၁။မိမိနေ့စဉ် ရေချိုးသည့် ရေ၊ရေပုံး၊ရေကန်များထဲတွင် ပရုပ်ပြား ၂ပြား၊၃ပြားခန့် ထည့်ထားရပါမည်။
ထိုရေ နှင့်ရေချိုးသန့်စင်နေသရွေ့ မိမိထံကျရောက်နေသောအံ့မိခြင်းဒုက္ခမှပျောက်ကင်းခြင်း၊အတိုက်အခိုက် အညံ့အပ
အနှောင့်အယှက်အလုံးစုံတို့မှ ကင်းလွှတ်ငြိမ်းစေပါတယ်။ကျန်းမာရေးလည်းအလွန် ကောင်းမွန်စေပါတယ်။
၂။အိမ်သာ၊ရေချိုးခန်း တွေထဲမှာ ပရုပ်ပြားထားရပါတယ်။
ထိုပရုပ်ပြားများ အငွေ့ပျံလာလေလေ မိမိအိမ်အတွင်းမှ မကောင်းသော အတိုက် များ ရှင်းလင်း ယူသွားလေလေပါ။
မကောင်းခြင်းများစုပ်ယူပြီး အငွေ့ပျံထုတ်လိုက်တာပါ။
၃။ပရုပ်ပြား(၅)ပြားခန့်ကိုခွက်အသေးထဲတွင် ထည့်ထားပြီး မိမိအိမ်ယာခေါင်းရင်းထက်တစ်နေရာတွင်တင်ထားလိုက်ပါ
မိမိရင်ဆိုင်ရမည့် ရန်အသွယ်သွယ် အညံ့များ အတိုက်များ ကင်းဝေးစေပါတယ်။အရေပြားရောဂါ၊အာရုံကြောရောဂါ၊
လေထိုးလေအောင့် ရောဂါဝေဒနာများ မခံစားရပါခင်ဗျ။
၇ရက်သားသမီး မိတ်ဆွေ ထမင်းရှင် ကျေးဇူးရှင်များကအတိုက်အခိုက်အနှောင့်အယှက်များစွာ ကို
အမြဲလိုလိုရင်ဆိုင်ဖြေရှင်းနေရခြင်းများကြောင့် သောကရောက် စိတ်ပျက်နေရသူများအတွက် ရည်ရွယ်၍ ကျွန်တော့်ဆရာ
ဆရာဦးမင်းနိုင် သင်ကြားပေးသည့် အင်မတန်တန်ဖိုးရှိသောပညာရပ်ထဲမှ လွယ်ကူရိုးရှင်းပြီး တကယ်လုပ် အဟုတ်အဆင်ပြေအောင်မြင်စေရမည့်
ပရုပ်ပြားနဲ့ပတ်သတ်တဲ့ယတြာအစီရင်များစွာထဲမှ အတိုက်ကင်းရှင်းစေသည့်
နည်းလမ်းကောင်း(၃)မျိုးကိုဒါနပြု မျှဝေပေးလိုက်ပါတယ်။
ဆရာဦးမင်းနိုင် နှင့်တကွသင်ဆရာ၊မြင်ဆရာ၊ကြားဆရ များကို အစဉ်လေးစားကြည်ညို ရှိခိုးဦးခိုက်လျက်….
ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက်
Credit – ဗေဒင်နှင့်အထူးယတြာပေးပညာရှင်
ဆရာပေါက်ကျိုင်း 09776478912
Zawgyi