Unicode

ပဋ္ဌာန်း ရွတ်လို့ကံဆိုးသွားရတယ်ဆိုတာ ပဌာန်း ရွတ်လို့ကံပိုကောင်းလာရတယ်ဆိုတာ

လူရယ်လို့ဖြစ်တည်လာပြီးလူလောကထဲမှာကျင်လည်ကြရတဲ့အခါနေ့စဉ်နဲ့အမျှပြုမူလုပ်ဆောင်မှုတွေနှင့်တကွ

လောဘ ၊ ဒေါသ ၊ မောဟ တွေကတဆင့် မြစ်ဖျားခံဖြစ်ပေါ်လာခဲ့တဲ့အမျိုးမျိုးသောစိတ်သောကတွေ ၊ စီးပွားရေး ငွေကြေးအခက်အခဲ

လူမှုရေး ၊ ကျန်းမာရေး ၊ အချစ်ရေး ၊ ပညာရေး စတဲ့အခက်အခဲဒုက္ခတွေကိုရင်ဆိုင်ကြရတဲ့အခါဗေဒင်ယတြာအစီအမံတွေကိုယုံကြည်အားကိုးသူတွေကတော့

ဟိုပန်းတွေဒီအညွှန့်တွေနဲ့သက်ဆိုင်ရာနေ့နံတွေကိုတွက်ချက်ပြီးယတြာချေကြသလို ၊ နတ်ကိုးကွယ်ယုံကြည်သူတွေကလည်း

ဆိုင်ရာပိုင်ရာ ရိုးရာနတ်တွေကိုပူဇော်ပသမှုတွေပြုလုပ်ကြတယ် ၊

တချို့သောထိုအရာတွေနဲ့အလှမ်းဝေးသူတွေကတော့သူတို့ဒုက္ခတွေကြုံရတဲ့အခါဘာသာရေးကိုတစိုက်မတ်မတ်ပြုမူလုပ်ဆောင်လာကြတယ်။

ဒီအထဲမှာမှအချို့သောသူတွေဟာပဌာန်းဂုဏ်တော်တွေကိုရွတ်ဆိုပူဇော်မှုပြုလုပ်ခြင်း ၊ ကိုးနဝင်းအဓိဌာန်ဝင်ခြင်းစသည့်

ဘာသာရေးဆိုင်ရာတွေကိုကံကောင်းစေလာဖို့အတွက်ပြုလုပ်ကာမှပဲပိုမိုကံဆိုးပြီးအနှောင့်အယှက်များစွာကြုံလာခဲ့ကြတယ်။

သူတို့အနေနဲ့ကလည်းဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်နေလေသည်ကတစ်ကြောင်း တန်ခိုးအရာအစွမ်းထက်ပါတယ်ဆိုတဲ့ပဌာန်းဂုဏ်တော်ကိုရွတ်ဆိုခြင်းနဲ့

အဓိဌာန်ပုတီးတွေစိတ်ကာမှပဲပိုပြီးလုံးပါးပါးကုန်တဲ့အဖြစ်ကိုတွေ့ကြရတဲ့အခါမည်သူ့ကိုမှမပြောပဲ…ဒီဘာသာရေးပဲဆက်လုပ်ရမလားရပ်လိုက်ရမလားဝေခွဲမရဖြစ်ကြရပါတယ်။

တစ်ချို့သောလူတွေကျပဌာန်းတော့မရွတ်ဖူးဒါပေမယ့်ဘာသာရေးဆိုင်ရာအခြားသောဂုဏ်တော်ရွတ်ဖတ်မှုတွေလုပ်ပေမယ့်လည်းကံကောင်းလာခြင်းမရှိဖြစ်ကြရပါတယ်။

ကျွန်မ အနေနဲ့ဘာသာရေးကိုဘယ်လိုလုပ်ကြောင်းဘုရားတရားဂုဏ်တော်တွေဘယ်လိုစီးဖြန်းပါကြောင်း

သို့ပေမယ့်အဆင်မပြေဆုတ်ယုတ်နေတယ်ဆိုတာတွေကြားရကြုံရဖန်များလာလေတော့ထိုကိစ္စကိုအချိန်ယူပြီးလေ့လာမှတ်သားခဲ့ရတဲ့ဆရာတော်ကြီးတွေရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ဆုံးမသြဝါဒတွေကိုပြန်လည်လေ့လာသုံးသပ်ကြည့်တဲ့အခါ အဖြေကိုသိခဲ့ရပါတယ်။

တကယ်တော့လူအတော်များများဟာဘာသာရေးလုပ်ဆောင်မှုလုပ်တဲ့အခါ…အရေးကြီးတဲ့အချက်လေးတွေကိုမေ့လျော့ခဲ့ပြီးမှားနေခဲ့ကြလို့ပါပဲ။

ဒီလိုနဲ့ပဌာန်းဂုဏ်တော်တွေနဲ့တကွမည်သည့်ဂုဏ်တော်တွေကိုပဲမဆိုရွတ်ဆိုစီးဖြန်းတော့မယ်ဆိုရင်ကံဇာတာတွေကောင်းမွန်အောင် ၊

အခက်အခဲတွေပြေလည်အောင်ဘယ်လိုဘယ်ပုံရွတ်ဆိုပူဇော်ရမလဲလို့စဉ်းစားတဲ့အခါကျေးဇူးတော်ရှင် ( နဝမ )ဗန်းမော်ဆရာတော်ဘုရားကြီးပြောဖူးတာလေးကိုသွားသတိရခဲ့တယ်။

ဒါ့ကြောင့်ဂုဏ်တော်တွေစီးဖြန်းတော့မယ်ဆိုရင် . . . .

(၁) အရင် မျက်နှာသစ် ခြေထောက်လက် ဆေးရပါတယ်။

ချွေးနံ မနံပါစေ နဲ့ ။အမွှေးနံ့သာအနည်းငယ်လောက်လိမ်းချယ်နိုင်ရင်ပိုမိုကောင်းမွန်ပါတယ်။ဘာကြောင့်လဲဆိုတော့ဂုဏ်တော်တွေရဲ့အစွမ်းကြောင့်နတ်ဗြဟ္မာတွေကိုဆင့်ခေါ်နိုင်သလိုပါပဲ။

သာမာန်လူသားပုဂ္ဂိုလ်တွေနဲ့ဆုံတွေ့တဲ့အခါသေသေသပ်သပ်မရှိတဲ့သူကိုနှစ်သက်မှုမရှိနိုင်သလိုစွမ်းအားမြင့်နတ်တွေအနေနဲ့ဆိုဘယ်လိုနေမလဲတွေးကြည့်ပေါ့ဗျာ

ဒါကြောင့်မိမိရဲ့တစ်ကိုယ်ရေသန့်ရှင်းစင်ကြယ်မှုကအလွန်အရေးကြီးပါတယ်။

(၂) အချိန်မှန်ရတယ် ။ တရားဂုဏ်တော်တွေကိုအမြဲလိုလိုရွတ်ဆိုပူဇော်လာပြီဆိုရင်တရားနာချင်တဲ့ နတ်တွေ က အချိန်ကို တိတိကျကျမှတ်သားထားတတ်ပြီးရောက်ရှိလာတတ်ပါတယ်။ဒါကြောင့်အချိန်မှန်ရမယ် တိကျရမယ်။

(၃) ပီပီသသ ကျယ်ကျယ် ရွတ်ရမယ် ။အချို့ကျပြန်တော့ဂုဏ်တော်တွေရွတ်ဆိုတဲ့အခါပီသပါတယ် ကျယ်လည်းကျယ်ပါတယ် သို့ပေမယ့်

ဂုဏ်တော်ရွတ်ဆိုပူဇော်တာနဲ့မတူပဲဒီဂါထာတော်ကို ၉ ခေါက်ရွတ်ရမယ်ဆို ၉ ခေါက်အမြန်ပြီးအောင်ကမန်းကတန်းဆိုသွားတဲ့အတိုင်းပဲဂုဏ်တော်သာပြီးသွားတယ်ဘာမှန်းမသိလိုက်ဘူး။

ဒီတော့တရားဂုဏ်တော်တွေကိုနာယူချင်လို့ရောက်ရှိလာတဲ့အထဲကမြင်အပ်မမြင်အပ် မြင်ရမမြင်ရပုဂ္ဂိုလ်တွေနဲ့နတ်ဗြဟ္မာတွေကတရားဂုဏ်တော်ကိုဘယ်ကစပြီးဘယ်နားကိုဘယ်လိုနာလို့နာရမှန်းမသိလည်းဖြစ်ရင်ဖြစ်သွားပေမပေါ့။

ဒါကြောင့် ဂုဏ်တော်တွေရွတ်ဆိုစီးဖြန်းတဲ့အခါမှာပီသပါ ကြည်လင်ပြတ်သားစွာနဲ့ရွတ်ဆိုပူဇော်ဖို့အထူးလိုအပ်ပါတယ်။

ပြီးရင် နတ်တွေ ဗြဟ္မာတွေကို အမျှပေးဝေရပါတယ် ။

တရားဂုဏ်တော်ရွတ်ဆိုမှုအပြီးမှာအခြားသောမိမိပြုခဲ့တဲ့ကောင်းမှုကုသိုလ်အစုစုတို့ကိုလေးနက်စွာအမျှအတန်းပေးဝေရာမှာ

အနီးကပ်ဆုံးမိမိ၏ကိုယ်စောင့်နတ်မှစတင်၍အခန်းစောင့်နတ်၊ အိမ်စောင့်နတ် ၊ခြံစောင့်နတ် ၊ ဝင်းစောင့်နတ် ၊ရုက္ခစိုး အစရှိသူတွေနဲ့တရားနာလာကြကုန်သောနတ်အပေါင်းကိုလေးနက်စွာအမျှအတန်းပေးဝေသာဓုခေါ်ပေးရန်လိုအပ်ပါတယ်။

(၅) စံချိန်ကိုက်ပြီ ဆိုရင် အခန်းထဲ မှာ မွှေးကြိုင်နေပါလိမ့်မယ်။

ဆိုလိုတာကတော့အချိန်မှန်ဂုဏ်တော်တွေကိုအထက်ပါအတိုင်းတိတိကျကျရွတ်ဆိုပူဇော်မှုပြုလုပ်လာတဲ့အခါထူးခြားတဲ့အမွှေးရနံ့လေးတွေကိုရရှိလာပါလိမ့်မယ်။

တစ်ခေါက်တစ်လေနဲ့တော့မထူးခြားနိုင်သလို ၃ လ လောက်စံချိန်ကိုက်လေးအချိန်မှန်ရွတ်ဆိုပူဇော်ကြည့်ပါ။

ဒါကြောင့်ဂုဏ်တော်တွေရွတ်ဆိုပူဇော်တဲ့အခါယခု့အတိုင်းသာစံချိန်စံညွှန်းကိုက်လေးရွတ်ဆိုပူဇော်မယ်ဆိုပါက မအောင်မြင်နိုင်ဘူး ဆိုတာမရှိပါဘူး။

Daw Hla

Zawgyi

ပ႒ာန္း ႐ြတ္လို႔ကံဆိုးသြားရတယ္ဆိုတာ ပဌာန္း ႐ြတ္လို႔ကံပိုေကာင္းလာရတယ္ဆိုတာ

လူရယ္လို႔ျဖစ္တည္လာၿပီးလူေလာကထဲမွာက်င္လည္ၾကရတဲ့အခါေန႔စဥ္နဲ႔အမွ်ျပဳမူလုပ္ေဆာင္မႈေတြႏွင့္တကြ

ေလာဘ ၊ ေဒါသ ၊ ေမာဟ ေတြကတဆင့္ ျမစ္ဖ်ားခံျဖစ္ေပၚလာခဲ့တဲ့အမ်ိဳးမ်ိဳးေသာစိတ္ေသာကေတြ ၊ စီးပြားေရး ေငြေၾကးအခက္အခဲ

လူမႈေရး ၊ က်န္းမာေရး ၊ အခ်စ္ေရး ၊ ပညာေရး စတဲ့အခက္အခဲဒုကၡေတြကိုရင္ဆိုင္ၾကရတဲ့အခါေဗဒင္ယၾတာအစီအမံေတြကိုယုံၾကည္အားကိုးသူေတြကေတာ့

ဟိုပန္းေတြဒီအၫႊန႔္ေတြနဲ႔သက္ဆိုင္ရာေန႔နံေတြကိုတြက္ခ်က္ၿပီးယၾတာေခ်ၾကသလို ၊ နတ္ကိုးကြယ္ယုံၾကည္သူေတြကလည္း

ဆိုင္ရာပိုင္ရာ ႐ိုးရာနတ္ေတြကိုပူေဇာ္ပသမႈေတြျပဳလုပ္ၾကတယ္ ၊

တခ်ိဳ႕ေသာထိုအရာေတြနဲ႔အလွမ္းေဝးသူေတြကေတာ့သူတို႔ဒုကၡေတြႀကဳံရတဲ့အခါဘာသာေရးကိုတစိုက္မတ္မတ္ျပဳမူလုပ္ေဆာင္လာၾကတယ္။

ဒီအထဲမွာမွအခ်ိဳ႕ေသာသူေတြဟာပဌာန္းဂုဏ္ေတာ္ေတြကို႐ြတ္ဆိုပူေဇာ္မႈျပဳလုပ္ျခင္း ၊ ကိုးနဝင္းအဓိဌာန္ဝင္ျခင္းစသည့္

ဘာသာေရးဆိုင္ရာေတြကိုကံေကာင္းေစလာဖို႔အတြက္ျပဳလုပ္ကာမွပဲပိုမိုကံဆိုးၿပီးအေႏွာင့္အယွက္မ်ားစြာႀကဳံလာခဲ့ၾကတယ္။

သူတို႔အေနနဲ႔ကလည္းဗုဒၶဘာသာဝင္တစ္ေယာက္ျဖစ္ေနေလသည္ကတစ္ေၾကာင္း တန္ခိုးအရာအစြမ္းထက္ပါတယ္ဆိုတဲ့ပဌာန္းဂုဏ္ေတာ္ကို႐ြတ္ဆိုျခင္းနဲ႔

အဓိဌာန္ပုတီးေတြစိတ္ကာမွပဲပိုၿပီးလုံးပါးပါးကုန္တဲ့အျဖစ္ကိုေတြ႕ၾကရတဲ့အခါမည္သူ႔ကိုမွမေျပာပဲ…ဒီဘာသာေရးပဲဆက္လုပ္ရမလားရပ္လိုက္ရမလားေဝခြဲမရျဖစ္ၾကရပါတယ္။

တစ္ခ်ိဳ႕ေသာလူေတြက်ပဌာန္းေတာ့မ႐ြတ္ဖူးဒါေပမယ့္ဘာသာေရးဆိုင္ရာအျခားေသာဂုဏ္ေတာ္႐ြတ္ဖတ္မႈေတြလုပ္ေပမယ့္လည္းကံေကာင္းလာျခင္းမရွိျဖစ္ၾကရပါတယ္။

ကြၽန္မ အေနနဲ႔ဘာသာေရးကိုဘယ္လိုလုပ္ေၾကာင္းဘုရားတရားဂုဏ္ေတာ္ေတြဘယ္လိုစီးျဖန္းပါေၾကာင္း

သို႔ေပမယ့္အဆင္မေျပဆုတ္ယုတ္ေနတယ္ဆိုတာေတြၾကားရႀကဳံရဖန္မ်ားလာေလေတာ့ထိုကိစၥကိုအခ်ိန္ယူၿပီးေလ့လာမွတ္သားခဲ့ရတဲ့ဆရာေတာ္ႀကီးေတြရဲ႕ဘာသာေရးနဲ႔ပတ္သက္တဲ့ဆုံးမၾသဝါဒေတြကိုျပန္လည္ေလ့လာသုံးသပ္ၾကည့္တဲ့အခါ အေျဖကိုသိခဲ့ရပါတယ္။

တကယ္ေတာ့လူအေတာ္မ်ားမ်ားဟာဘာသာေရးလုပ္ေဆာင္မႈလုပ္တဲ့အခါ…အေရးႀကီးတဲ့အခ်က္ေလးေတြကိုေမ့ေလ်ာ့ခဲ့ၿပီးမွားေနခဲ့ၾကလို႔ပါပဲ။

ဒီလိုနဲ႔ပဌာန္းဂုဏ္ေတာ္ေတြနဲ႔တကြမည္သည့္ဂုဏ္ေတာ္ေတြကိုပဲမဆို႐ြတ္ဆိုစီးျဖန္းေတာ့မယ္ဆိုရင္ကံဇာတာေတြေကာင္းမြန္ေအာင္ ၊

အခက္အခဲေတြေျပလည္ေအာင္ဘယ္လိုဘယ္ပုံ႐ြတ္ဆိုပူေဇာ္ရမလဲလို႔စဥ္းစားတဲ့အခါေက်းဇူးေတာ္ရွင္ ( နဝမ )ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးေျပာဖူးတာေလးကိုသြားသတိရခဲ့တယ္။

ဒါ့ေၾကာင့္ဂုဏ္ေတာ္ေတြစီးျဖန္းေတာ့မယ္ဆိုရင္ . . . .

(၁) အရင္ မ်က္ႏွာသစ္ ေျခေထာက္လက္ ေဆးရပါတယ္။

ေခြၽးနံ မနံပါေစ နဲ႔ ။အေမႊးနံ႔သာအနည္းငယ္ေလာက္လိမ္းခ်ယ္ႏိုင္ရင္ပိုမိုေကာင္းမြန္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ဂုဏ္ေတာ္ေတြရဲ႕အစြမ္းေၾကာင့္နတ္ျဗဟၼာေတြကိုဆင့္ေခၚႏိုင္သလိုပါပဲ။

သာမာန္လူသားပုဂၢိဳလ္ေတြနဲ႔ဆုံေတြ႕တဲ့အခါေသေသသပ္သပ္မရွိတဲ့သူကိုႏွစ္သက္မႈမရွိႏိုင္သလိုစြမ္းအားျမင့္နတ္ေတြအေနနဲ႔ဆိုဘယ္လိုေနမလဲေတြးၾကည့္ေပါ့ဗ်ာ

ဒါေၾကာင့္မိမိရဲ႕တစ္ကိုယ္ေရသန႔္ရွင္းစင္ၾကယ္မႈကအလြန္အေရးႀကီးပါတယ္။

(၂) အခ်ိန္မွန္ရတယ္ ။ တရားဂုဏ္ေတာ္ေတြကိုအၿမဲလိုလို႐ြတ္ဆိုပူေဇာ္လာၿပီဆိုရင္တရားနာခ်င္တဲ့ နတ္ေတြ က အခ်ိန္ကို တိတိက်က်မွတ္သားထားတတ္ၿပီးေရာက္ရွိလာတတ္ပါတယ္။ဒါေၾကာင့္အခ်ိန္မွန္ရမယ္ တိက်ရမယ္။

(၃) ပီပီသသ က်ယ္က်ယ္ ႐ြတ္ရမယ္ ။အခ်ိဳ႕က်ျပန္ေတာ့ဂုဏ္ေတာ္ေတြ႐ြတ္ဆိုတဲ့အခါပီသပါတယ္ က်ယ္လည္းက်ယ္ပါတယ္ သို႔ေပမယ့္

ဂုဏ္ေတာ္႐ြတ္ဆိုပူေဇာ္တာနဲ႔မတူပဲဒီဂါထာေတာ္ကို ၉ ေခါက္႐ြတ္ရမယ္ဆို ၉ ေခါက္အျမန္ၿပီးေအာင္ကမန္းကတန္းဆိုသြားတဲ့အတိုင္းပဲဂုဏ္ေတာ္သာၿပီးသြားတယ္ဘာမွန္းမသိလိုက္ဘူး။

ဒီေတာ့တရားဂုဏ္ေတာ္ေတြကိုနာယူခ်င္လို႔ေရာက္ရွိလာတဲ့အထဲကျမင္အပ္မျမင္အပ္ ျမင္ရမျမင္ရပုဂၢိဳလ္ေတြနဲ႔နတ္ျဗဟၼာေတြကတရားဂုဏ္ေတာ္ကိုဘယ္ကစၿပီးဘယ္နားကိုဘယ္လိုနာလို႔နာရမွန္းမသိလည္းျဖစ္ရင္ျဖစ္သြားေပမေပါ့။

ဒါေၾကာင့္ ဂုဏ္ေတာ္ေတြ႐ြတ္ဆိုစီးျဖန္းတဲ့အခါမွာပီသပါ ၾကည္လင္ျပတ္သားစြာနဲ႔႐ြတ္ဆိုပူေဇာ္ဖို႔အထူးလိုအပ္ပါတယ္။

ၿပီးရင္ နတ္ေတြ ျဗဟၼာေတြကို အမွ်ေပးေဝရပါတယ္ ။

တရားဂုဏ္ေတာ္႐ြတ္ဆိုမႈအၿပီးမွာအျခားေသာမိမိျပဳခဲ့တဲ့ေကာင္းမႈကုသိုလ္အစုစုတို႔ကိုေလးနက္စြာအမွ်အတန္းေပးေဝရာမွာ

အနီးကပ္ဆုံးမိမိ၏ကိုယ္ေစာင့္နတ္မွစတင္၍အခန္းေစာင့္နတ္၊ အိမ္ေစာင့္နတ္ ၊ၿခံေစာင့္နတ္ ၊ ဝင္းေစာင့္နတ္ ၊႐ုကၡစိုး အစရွိသူေတြနဲ႔တရားနာလာၾကကုန္ေသာနတ္အေပါင္းကိုေလးနက္စြာအမွ်အတန္းေပးေဝသာဓုေခၚေပးရန္လိုအပ္ပါတယ္။

(၅) စံခ်ိန္ကိုက္ၿပီ ဆိုရင္ အခန္းထဲ မွာ ေမႊးႀကိဳင္ေနပါလိမ့္မယ္။

ဆိုလိုတာကေတာ့အခ်ိန္မွန္ဂုဏ္ေတာ္ေတြကိုအထက္ပါအတိုင္းတိတိက်က်႐ြတ္ဆိုပူေဇာ္မႈျပဳလုပ္လာတဲ့အခါထူးျခားတဲ့အေမႊးရနံ႔ေလးေတြကိုရရွိလာပါလိမ့္မယ္။

တစ္ေခါက္တစ္ေလနဲ႔ေတာ့မထူးျခားႏိုင္သလို ၃ လ ေလာက္စံခ်ိန္ကိုက္ေလးအခ်ိန္မွန္႐ြတ္ဆိုပူေဇာ္ၾကည့္ပါ။

ဒါေၾကာင့္ဂုဏ္ေတာ္ေတြ႐ြတ္ဆိုပူေဇာ္တဲ့အခါယခု႔အတိုင္းသာစံခ်ိန္စံၫႊန္းကိုက္ေလး႐ြတ္ဆိုပူေဇာ္မယ္ဆိုပါက မေအာင္ျမင္ႏိုင္ဘူး ဆိုတာမရွိပါဘူး။

Daw Hla