Unicode

မြန်မာ နိုင်ငံမှာ ရှိနေတဲ့ ဧရာမခြေရာပုံ Foot print ကြီးက ကူမဲ -ရွာငံ- ဝမ်းတွင်း ဖိုခနောက်ဆိုင်ပုံ ကြားမှာရှိပြီး ကင်းတားဆည်၏ မြောက်ဖက် မိုင်၂၀လောက်မှာရှိ ပါတယ် ကမ္ဘာ့ပထဝီ မြေကြောရ ဖြစ်ပေါ်နေ တဲ့ခြေရာ ပုံကြီးက တော်တော်လေး စိတ်ဝင်စား စရာကောင်းပါတယ်

ခြေချောင်းတွေ ဦးတည်ချက်က အိန္ဒိယဖက်ကို ဦးတည်ပြီး ခြေဖနောင့်က တရုတ်ပြည် ဖက်ကို ဦးတည်ထားတဲ့ ပုံပန်းသဏ္ဌာန် ဖြစ်နေပါတယ်။ ခြေ ရာပုံက မြေခွက်မဟုတ်ဘဲ ကုန်းမြင့်ပုံဖြစ်နေတာကိုတွေ့ရပါတယ်။

Goggle map အရ ကြည့်မယ်ဆို 21°14’32.9″N 96°19’41.7″E လောက်မှာရှိပါ တယ်။ မြန်မာနိုင်ငံ ရဲ့ Centre လို့တောင်ပြောလို့ရပါတယ်။

ခြေရာ အရှည်အားဖြင့် အနည်းဆုံး ၂ မိုင် ဝန်းကျင်လောက် ရှိမယ်ဟု ခန့်မှန်းရ ပါတယ် ဒီမြင်ကွင်က View from above အပေါ်ကနေ ကြည့်မှသာ မြင်ရမှာ ဖြစ်ပါတယ် ဥပမာ။ဆီးရီးယား တို့ ဆော်ဒီအာရေးဗျ တို့မှာ မြင်ရတဲ့ စက် ဝိုင်းပုံ သဏ္ဌာန် ကျောက်တုံးအစီ အမံ တွေက လည်းအပေါ်က ကြည့်မှ မြင်ရတာပါ။

သို့သော်လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ခန့်က လူလုပ် စက် ဝိုင်း ကျောက်တုံး အစီအမံတွေက သတ္တဝါကြီးတွေကို ဖမ်းဖို့ ထောင်ချောက်တွေသာဖြစ်တယ်လို့ သုသေသီတွေက ဆုံးဖြတ်ခဲ့ ကြပါတယ် သို့သော် မြန်မာနိုင်ငံက ခြေရာပုံ လောက်တော့ စိတ်ဝင်စား စရာမကောင်း ဘူးလို့ ထင်ပါတယ်။

Artificial နဲ့ Nature နဲ့ကတော့ကွာပါတယ် ဘာဘဲဖြစ်ဖြစ် မြန်မာနိုင်ငံ အသည်းပုံ “ရိခ်ရေကန်” ကတော့ ကမ္ဘာကျော်လူသိများပါတယ်။ အခုမြင်နေရတဲ့ ခြေရာပုံကလည်း နောက်များမှာ ကမ္ဘာကသိလာမှာပါ။

Zawgyi





