Unicode

သူမဝတ်နေကျ စိန်နားကပ်လေးရောင်းပြီး လှူဒါန်းနေတာ ဖြစ်တဲ့အကြောင်းကို ပြောပြလာတဲ့ ဘေဘီမောင်

သရုပ်ဆောင်မင်းသမီး ဘေဘီမောင် ကတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ် ကားတွေ အများအပြားကို ရိုက်ကူးခဲ့တာ ဖြစ်ပြီး နောက်ပိုင်း တွင်လည်း အနုပညာ အလုပ်တွေကို

ဆက်တိုက်လုပ်ကိုင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်။

လတ်တ လောမှာ ဆိုရင်တော့ ဘေဘီမောင် က ပြည်သူ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ တိုင်းပြည်နဲ့လူမျိုးရဲ့ ရှေ့ဆက် မယ့် အနာဂတ်အတွက် လူထုလှုပ်ရှားမှု

တွေမှာတစ် စိတ် တစ်ပိုင်း ဝင်ရောက် အားဖြည့်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘေဘီမောင်က လမ်းမပေါ်တွင် အေးချမ်း စွာ ရင်ထဲက ဆန္ဒအမှန်တွေ ကို ရဲရဲဝင့်ဝင့် ထုတ်ဖော်နေတဲ့ ပြည် သူ လူထု ကြီးအတွက် တတ်နိုင်သလောက် လှူဒါန်းပေးနေသလို

နွေဦးတော် လှန် ရေးမှာ ကြွေလွှင့် သွားရ တဲ့ နိုင်ငံ့ သူရဲကောင်းတွေ အတွက်လည်း စေတနာရှင် တွေနဲ့ စုပေါင်းကာ အလှူဒါန ပြုလုပ် နေတာ ပဲဖြစ်ပါတယ်။

အခုလို ပြည်သူ တွေ အခက် အခဲ ဖြစ် နေ ချိန် တွင် တတ်နိုင် သ လောက် ကူညီ ဖေးမ နေတာ ဖြစ် ပြီး သူမ ရှိလို့ လှူတာ မဟုတ်ပဲ သိလို့လှူတာဖြစ်ကြောင်းကို သူမရဲ့Facebook

စာမျက်နှာတွင် ရေး သား ဖော်ပြလာတာ ဖြစ်ပါတယ်။

ဘေဘီမောင်က “ခုချိန်အားလုံး ဒုက္ခရောက်နေချိန်ပါ😔ကျွန်မလှူနေတယ်ဆိုတာ ရှိလို့လှူနေတာမဟုတ်ပါဘူး သိလို့လှူနေတာပါ🙏🏻(ကိုယ်သေရင် ပါလာမယ့် အထုပ်🙏🏻)ကျွန်မစိတ်နှလုံးသားက နူးညံတယ်

သနားတတ်တယ် ကိုယ်ချင်းစာတတ် တယ် စိတ် ကောင်းနှလုံး ကောင်း အမြဲ မွေးတယ်🙏🏻လက်ထဲ ငွေ ကုန်ပြီး ဘဏ် တွေကထုတ်မရတဲ့အခါ😔ကျွန်မ ဝတ်နေကျ စိန်နားကပ်လေး ရောင်းပြီးကျွန်မကုသိုလ်တွေလုပ်နေပါတယ်။

ဤမှန်ကန်သော သစ္စာ စကား ကြောင့် မြန်မာ ပြည်ကြီး အမြန်ဆုံးအေး ချမ်းပါ စေ🙏🏻🙏🏻🙏🏻”ဆိုတဲ့ စာသားကို ပရိသတ် တွေ အ တွက် တစ်ဆင့် ပြန်

လည် ကူးယူ မျှဝေ ပေးရင်း ဘေဘီမောင် ရဲ့ မွန်မြတ်တဲ့ စိတ်ထားကို လေးစား မိပါတယ်။

Zawgyi











