၁။ မူကြိုမတတ် မ​နေရ

မူကြိုစနစ်ဆိုတာက ပညာ​ရေးစနစ်ရဲ့ အ​ရေးအကြီးဆုံး အ​ခြေခံအုတ်မြစ်ပါ။ ဂျပန်နိုင်ငံမှာလည်း က​လေးတိုင်းက မူကြိုတတ်ရမည်လို့ စည်းမျဥ်းတစ်ရပ်ထုတ်ပြန်ထားပါတယ်။ဂျပန်စာကို စနစ်တကျ တတ်​မြောက်ဖိုနဲ့ စာမတတ်သူမရှိ​စေဖို့ ရည်ရွယ်ထားတာပါတဲ့။

၂။ ထူးခြားတဲ့ စာသင်နှစ်

ကျောင်းဖွင့်ရက်ကို ဧပြီလ (၁) ရက်နေ့လို့သတ်မှတ်ထားပြီးတော့ ဂျပန်နိုင်ငံရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ချယ်ရီပန်းတို့ပွင့်ချိန်လည်း ဖြစ်ပါတယ်။ဧပြီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၂၀ ရက်နေ့အထိ တစ်ကြိမ်၊ စက်တင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိတစ်ကြိမ်၊ ဇန်နဝါရီလ ၇ ရက်နေ့ကနေ မတ်လ ၂၅ ရက်နေ့အထိတစ်ကြိမ် စုစုပေါင်း ၃ ကြိမ်တိတိ စာသင်နှစ် ၁ နှစ်ကို ၃ ပိုင်းခွဲထားပါတယ်။

၃။ ပညာကို နောက်မှသင်မယ်

ဂျပန်နိုင်ငံဟာဆိုရင် ကလေးငယ်တွေကို ပညာရေးထက် ကိုယ်ကျင့်တရားကောင်းမွန်အောင် အရင်ဆုံး ဦးစားပေး ပြုပြင်လေ့ရှိပါတယ်။ဂျပန်ကလေးငယ်တွေဟာ အသက် (၁၀) နှစ်အရွယ် ပညာရေးအားဖြင့် Grade (4) အထိ စာမေးပွဲဖြေဆိုစရာမလိုပါဘူး။ဂျပန်ပညာရေးစနစ်ရဲ့အယူဝါဒ အရဆိုရင် ပထမဆုံး ကျောင်းပညာ သုံးနှစ်ဟာ အသိပညာ ဖွံဖြိုးတိုးတက်ရေးနဲ့ကိုယ်ကျင့်တရားကောင်းမွန်ရေးကို အဓိကထားဆောင်ရွက်ရမယ်လို့ယုံကြည်ထားပါတယ်။ လူသားချင်း စာနာတန်ဖိုးထားမှု၊ ကိုယ်ချင်းစာနာမှု၊ တစ်ယောက်နဲ့ တစ်ယောက် အလေးထားမှုတို့ကို

စာသင်နှစ် (၃) နှစ်အတွင်းမှာ ပထမဆုံးသင်ကြားပေးပြီးတော့ မိမိကို မိမိ ထိန်းကျောင်းနိုင်ဖို့နဲ့ သဘာဝတရားအပေါ်ကို အလေးထားဖို့ စတဲ့ အဓိကအချက်တွေကို သေချာ သင်ကြားပေးလေ့ရှိပါတယ်။ဒါက တကယ့်ကို အတုယူစရာကောင်းလှတဲ့ အလေ့အထ တစ်ခုဖြစ်ပြီးတော့ ဂျပန်လူမျိုးတွေ စည်းကမ်းကြီးတတ်တယ်ဆိုတာကလည်း ငယ်စဉ်ကတည်းက ပြုပြင်ပြောင်းလဲပေးခဲ့တဲ့အတွက်ကြောင့်လို့ပဲထင်ပါတယ်။ အချိန်တိကျတယ်၊ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်တယ်၊ ယဉ်ကျေးတယ်၊ အချိန်မဖြုန်းတတ်ဘူး စတဲ့ အလေ့အထတော်တော်များများကို ဂျပန်လူမျိုးအချို့မှာ တွေ့မြင်နိုင်ပါတယ်။

၄။ ပညာလည်းသင် အမှိုက်လည်း​ကောက်

ကျောင်းတိုင်းကျောင်းတိုင်း သန့်ရှင်းရေးဝန်ထမ်းမရှိပါဘူးတဲ့။ဒီတစ်ချက်က​တော့ အံ့အားသင့်စရာပါပဲ။ စာသင်ကျောင်းတစ်ခုလုံးရဲ့ သန့်ရှင်းရေးကိုတော့ ကျောင်းသား၊ ကျောင်းသူတွေကပဲ တာဝန်ယူဆောင်ရွက်ရတာပဲဖြစ်ပါတယ်။အခုလို ကိုယ်တိုင်လုပ်ရတဲ့ စနစ်တစ်ခုကို ဖန်တီးပေးခဲ့တဲ့နောက်မှာတော့ ကျောင်းသား၊ ကျောင်းသူတွေက အဖွဲ့အစည်းနဲ့စနစ်တကျလုပ်ကိုင်ခြင်းကို သင်ယူနိုင်ခဲ့ပြီးတော့ တစ်ယောက်ကိုတစ်ယောက် ကူညီရမယ်ဆိုတဲ့ အတွေးကိုလည်း ခေါင်းထဲ တစ်ခါတည်း ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။ ဒါတွေက အတုယူစရာကောင်းလွန်းတဲ့အချက်တွေပါပဲ။

၅။ လက်ရည်တစ်ပြင်တည်း

ကျောင်းမုန့်ဈေးတန်းမှာ သတ်မှတ်ထားတဲ့ မုန့်ပဲ ရောင်းချပေးပါတယ်။အဖေနဲ့အမေက မီလီယံနာကြီးတွေဖြစ်နေလို့ အသား (၁၅) ထပ်ဘာဂါကို နေ့လည်စာအဖြစ် ကျောင်းကို ထည့်ပေးလိုက်လို့မရပါဘူး။ ကျောင်းမှာ ထမင်းစားချိန်ရောက်တာနဲ့ ကျောင်းကကျွေးတဲ့ တူညီ နေ့လည်စာ (သို့မဟုတ်) သတ်မှတ်ထားတဲ့ အစားအစာတွေကိုပဲ စားသုံးခွင့်ရှိမှာပါ။ အဲ့ဒီအစားအသောက်တွေက ကြယ်ငါးပွင့်ဟောတယ်က အကောင်းဆုံးသော စားဖိုမှူးတွေ ချက်ပြုတ်တာမျိုးမဟုတ်ပဲ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အစားအသောက်တွေပဲဖြစ်ပါတယ်။

အရသာရှိဖို့ထက် ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့ကို ဦးစားပေး ကျွေးမွေးတာဖြစ်သလို ငယ်စဉ်ကလေးဘဝမှာ အာဟာရပြည့်နေဖို့ကို ရည်ရွယ်ပါတယ်။ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ ကျောင်းကကျွေးတဲ့ အစားအသောက်ကို စားရတဲ့ သူတွေရှိပါသေးတယ်။ သေချာပါတယ် ကျောင်းက ဆရာ၊ ဆရာမတွေပါပဲ။သူတို့လည်း ကျောင်းသားတွေနဲ့တူညီတဲ့ ထမင်းစားချိန်ရရှိပြီးတော့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ပဲ အတူတူ စားသုံးရမှာဖြစ်ပါတယ်တဲ့။

အလယ်တန်းအဆင့်က စပြီးတော့ ဂျပန်ကျောင်းသား၊ ကျောင်းသူတွေဟာ သတ်မှတ်ထားတဲ့ တူညီဝတ်စုံကို ဝတ်ဆင်ရလေ့ရှိပါတယ်။ကျောင်းအလိုက် ပြောင်းလဲမှုတွေလည်း ရှိကြပါတယ်။ ဂျပန်နိုင်ငံ သတ်မှတ်ထားတဲ့ ကျောင်းယူနီဖောင်း စတိုင်လ်တွေက ယောင်္ကျားလေးတွေ အတွက်ဆိုရင် ဂျပန်စစ်တပ်ရဲ့ဝတ်စုံကို အခြေခံပုံဖော်ထားပြီးတော့ ကျောင်းသူလေးတွေအတွက်က

သင်္ဘောသားဝတ်စုံဒီဇိုင်းကို အခြေခံပုံဖော်ထားတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်ကျောင်းသူလေးတွေက လှတယ်ဟုတ်?စကတ်ကို အတိုဆုံးအထိ အချို့ကောင်မလေးတွေက ဝတ်ဆင်ကြသလိုလို ခြေထောက်လှလှလေးတွေပေါ်မှာ စတော်ကင် ရှည်ရှည်လေးတွေလည်း ဝတ်ဆင်ကြတယ်နော်။ကမ္ဘာတစ်လွှားက ပုရိသတိုင်း သမင် လည်ပြန်တွေ၊ ခွေးအ လည်ပြန်တွေ အပြင် ဖုန်းကိုပါ လျှာကြီးနဲ့ကောက်ယက် မတတ်ကြည့်တတ်ကြပါတယ်။