Unicode

ခါးနာတာလို့ဆိုလိုက်ရင် လူတွေ အရင်ဆုံး ပြေးမြင်မှာက အလေးအပင်မလိုက်လို့လား။ ဒဏ်ရှိနေတာလားဆိုတာကို အရင်မေးလေ့ရှိကြပါတယ်။ တကယ်ကတော့ ခါးနာတာက ဒီအချက်တွေကြောင့် ဖြစ်နိုင်သလို

တစ်ခါတလေမှာ ရောဂါတွေ ခံစားနေရတာကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သတိပြုစေချင်ပါတယ်။

ခါးနာတာကို ခပ်ပေါ့ပေါ့ မတွက်စေလို။ လူတွေက ခါးနာတယ်လို့ အလွယ်တကူပြောကြပေမယ့် ခါးနာတာကို မပေါ့သင့်ပါဘူး။ တကယ်ကတော့ ခါးဆစ်တွေ (ကျောရိုး)က ခန္ဓာကိုယ်ကို အကောင်းဆုံး မတ်နိုင်စေဖို့

ထောက်ပံ့ပေးထားတာပါ။ ခါးက လမ်းလျှောက်ဖို့ ထိုင်ဖို့၊ ထဖို့ အားလုံးကို ထောက်ပံ့ပေးထားတာပါ။

ခါးဆစ်တွေထဲမှာ အာရုံကြောတွေ ပါဝင်နေပြီး ဦးနှောက်က သတင်းအချက်အလက်တွေကို လက်ခံပေးလို့ ဟန်ချက်ညီညီ လှုပ်ရှားနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ ခါးဆစ်မှာ တစ်ခုခု ထိခိုက်မိမယ်ဆိုရင် ပြင်းထန်တဲ့

ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်သလို အကြောတွေ သေသွားတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခါးနာတဲ့အခါ ဘယ်လို အခြေအနေက စိုးရိမ်စရာကောင်းလဲ။ ဘယ်လို အခြေအနေမျိုးဆို ကုသမှု

ချက်ချင်းခံယူဖို့လိုမလဲဆိုတာကို ဖတ်ကြည့်ပေးပါဦးနော်။

ဘာတွေက ခါးနာစေတာလဲ။ခါးနာစေတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမကပါဘူး။အလေးအပင်မတာ,လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာ,ကိုယ်နေဟန်ထား မမှန်တာ,ထိခိုက်မိတာ,ကျောက်ကပ်ရောဂါ,

အဆစ်ရောင်နာ,အရိုးပွ,ခါးဆစ်ရိုးကျွံတာ

စတာတွေကြောင့် ခါးနာနိုင်ပါတယ်။ခါးနာကို ဘယ်လို သက်သာစေနိုင်လဲ.အရွယ်ရောက်ပြီးသူ ၈၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ တစ်သက်တာမှာ တစ်ကြိမ်လောက်တော့ ခါးနာတာကို ခံစားကြရပါတယ်။

ဒီလိုအခြေအနေမှာ အရေးကြီးတာက ခါးနာတဲ့အခါ ခံစားရတဲ့

လက္ခဏာတွေက ပြင်းထန်လား။ ခါးနာတာက သာမန်ပဲလားဆိုတာကို သေချာ ဆန်းစစ်ဖို့ပါ။ခါးနာတာက အနေအထား မမှန်တာ၊ အလေးအပင် မတာတွေကြောင့် နာကျင်တာမျိုးဆိုရင် သာမန် ခါးနာတာမျိုးလို့သတ်မှတ်ရပါမယ်။

ဒီလို ခါးနာတာက သေချာ အနားယူမယ်။ ရေခဲဝတ်ကပ်မယ်။ ရေနွေးအိတ်ကပ်မယ်ဆိုရင် ၇၂ နာရီ (၃ ရက်) လောက်ဆို သက်သာသွားပါတယ်။

ဒါပေမယ့် ခါးနာတာက ဒီလိုတွေ လုပ်ပေမယ့် ၃ ရက်အထိ မသက်သာဘူး။ အခုလို လက္ခဏာတွေပါ ခံစားနေရမယ်ဆိုရင်တော့ သေချာလေး ကုသမှု ခံယူဖို့ လိုပါမယ်။ခါးထဲက စူးခနဲနာကျင်တာ – ဒါက ကြွက်သား ဒါမှမဟုတ်

အရွတ် စုတ်ပြဲတာဖြစ်နိုင်ပါတယ်။

နောက်ထပ် ဖြစ်နိုင်တာကတော့ ကိုယ်တွင်းအင်္ဂါတစ်ခုခုမှာ ရောဂါ ခံစားနေရတာပါ။ခါးထဲနေရာ အနှံမှာ တဆစ်ဆစ် နာတာ – နာကျင်မှုက နေရာစုံကို ရွေ့နေမယ်။ ခြေ၊လက်တွေထဲအထိ နာကျင်မယ်ဆိုရင်တော့

အာရုံကြော ညပ်နေတာဖြစ်နိုင်ပါတယ်။

ခါးနာရင်းက ခြေထောက်တွေထဲ အားမရှိသလို ခံစားရတာ – ခါးထဲက နာတဲ့အခါ ခြေထောက်တွေပါ နာလာတာ၊ ခြေထောက်တွေထဲ အားမရှိသလို ခံစားရတာက အာရုံကြော ဖိမိနေတာ တင်ပါးဆုံက အာရုံကြောတွေ

ညပ်နေတာမျိုး ဖြစ်နိုင်ပါတယ်။

ဆီး၊ ဝမ်းမနိုင်တာ – ခါးနာတာက ခါးတင် နာတာ မဟုတ်ဘဲ ဆီးတွေ၊ ဝမ်းတွေကို မထိန်းနိုင်တဲ့အထိ ဖြစ်နေတာဆိုရင် အာရုံကြော ပျက်စီးနေတာ၊ ကျောရိုးမကြီး ပိုးဝင်နေတာ၊ ဦးနှောက် အမြှေးရောင်နေတာတွေ ဖြစ်နိုင်ပါတယ်။

ပေါင်ရင်းက ထုံနေတာ (သို့မဟုတ်) တစ်ဆစ်ဆစ်စူးပြီး နာတာ – ခါးနာတာက ပေါင်ခြံ ဒါမှမဟုတ် ပေါင်ရင်းက ထုံနေမယ် ဒါမှမဟုတ် တဆစ်ဆစ် စူးပြီး နာနေမယ်ဆိုရင် အာရုံကြော ပြင်းပြင်းထန်ထန်

ထိခိုက်တာ ဖြစ်နိုင်သလို ကျောရိုးမကြီး ထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ဒီလို လက္ခဏာတွေ ခံစားရပြီဆိုရင် ထိခိုက်မှုတွေ ပိုဆိုး မလာစေဖို့ ချက်ချင်း ကုသမှု ခံယူဖို့ လိုပါမယ်။ အချို့အခြေအနေတွေက ခွဲစိတ်ကုသမှု

ခံယူဖို့ လိုအပ်နိုင်ပါတယ်။

ခါးနာတာက အရမ်းမပြင်းထန်ရင် အနားယူပေးတာ,ရေခဲဝတ်ကပ်တာ,ရေနွေးအိတ်ကပ်တာ,နှိပ်နယ်တာ,ဆေးသောက်တာ,ဆေးထိုးတာတွေနဲ့ သက်သာနိုင်ပါတယ်။ပြင်းထန်မယ်ဆိုရင်တော့ ခွဲစိတ်ကုသမှုခွဲစိတ်ကုသတာက

ပြင်းထန်တဲ့ ခါးနာမှု ​ပြဿနာကို ကုသနည်းတစ်ခုပါ။ ပုံမှန်ကတော့ ကုထုံးတွေ ခံယူတာ၊ ဆေးတွေ သောက်သုံးတာလောက်ပဲ လုပ်ဆောင်ရတာပါ။ခါးဆစ်ကပုံမမှန်တာတွေကို ဖယ်ရှားဖို့ လိုတဲ့အခါ ခွဲစိတ်မှုကို လိုအပ်ပါမယ်။

ဒါကတော့ ခါးဆစ်ရိုး ပုံစံ မမှန်တာကို ကုသပေးတဲ့ နည်းလမ်းတစ်ရပ်ပါ။ အာရုံကြော ညပ်လို့ ခါးနာတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

အပေါက်သေးသေးလေးဖောက်ပြီး မှန်ပြောင်းရှည်လေးတွေနဲ့ ကြည့်ပြီး စက်ရုပ်လက်ကို အသုံးပြုလို့ ခါးရိုးထိခိုက်မှုတွေအတွက် ခွဲစိတ်ကုသပေးတဲ့ နည်းလမ်း တစ်မျိုးပါ။ ထိခိုက်မှုနည်းပြီး ချုပ်ရိုးက သေးတာကြောင့်

နာလန်ထချိန်လည်း မြန်ပါတယ်။ခါးနာလာတဲ့အခါ ၃ ရက်နဲ့ မသက်သာဘူးဆိုရင် ပြင်းထန်တဲ့ ရောဂါတွေကို မခံစားရခင် မြန်မြန်သိ မြန်မြန် ကုသနိုင်စေဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ခံယူပေးပါ။

ကုသနည်းတွေ အများကြီးရှိတဲ့အတွက် ကိုယ်နဲ့ သင့်တော်မယ့် နည်းလမ်းကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ရွေးချယ်နိုင်ပါတယ်။

ခါးခွဲစိတ်ကုသမှုနဲ့ပတ်သက်ပြီး နောက်ဆုံးပေါ် စစ်ဆေးမှုနည်းလမ်းများ၊ ခွဲစိတ်မှုများ အကြောင်းကို ပိုမိုသိရှိလိုပါက စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံကြီးရဲ့ မြန်မာနိုင်ငံရုံးများမှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Zawgyi

ခါးနာတာလို႔ဆိုလိုက္ရင္ လူေတြ အရင္ဆုံး ေျပးျမင္မွာက အေလးအပင္မလိုက္လို႔လား။ ဒဏ္ရွိေနတာလားဆိုတာကို အရင္ေမးေလ့ရွိၾကပါတယ္။ တကယ္ကေတာ့ ခါးနာတာက ဒီအခ်က္ေတြေၾကာင့္ ျဖစ္ႏိုင္သလို

တစ္ခါတေလမွာ ေရာဂါေတြ ခံစားေနရတာေၾကာင့္လည္း ျဖစ္ႏိုင္တယ္ဆိုတာ သတိျပဳေစခ်င္ပါတယ္။

ခါးနာတာကို ခပ္ေပါ့ေပါ့ မတြက္ေစလို။ လူေတြက ခါးနာတယ္လို႔ အလြယ္တကူေျပာၾကေပမယ့္ ခါးနာတာကို မေပါ့သင့္ပါဘူး။ တကယ္ကေတာ့ ခါးဆစ္ေတြ (ေက်ာ႐ိုး)က ခႏၶာကိုယ္ကို အေကာင္းဆုံး မတ္ႏိုင္ေစဖို႔ ေထာက္ပံ့ေပးထားတာပါ။

ခါးက လမ္းေလွ်ာက္ဖို႔ ထိုင္ဖို႔၊ ထဖို႔ အားလုံးကို ေထာက္ပံ့ေပးထားတာပါ။

ခါးဆစ္ေတြထဲမွာ အာ႐ုံေၾကာေတြ ပါဝင္ေနၿပီး ဦးေႏွာက္က သတင္းအခ်က္အလက္ေတြကို လက္ခံေပးလို႔ ဟန္ခ်က္ညီညီ လႈပ္ရွားႏိုင္ေစဖို႔ အေကာင္းဆုံး ေထာက္ပံ့ေပးပါတယ္။ ခါးဆစ္မွာ တစ္ခုခု ထိခိုက္မိမယ္ဆိုရင္ ျပင္းထန္တဲ့

က်န္းမာေရး ျပႆနာေတြကို ျဖစ္ေစႏိုင္သလို အေၾကာေတြ ေသသြားတာမ်ိဳးအထိ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ခါးနာတဲ့အခါ ဘယ္လို အေျခအေနက စိုးရိမ္စရာေကာင္းလဲ။

ဘယ္လို အေျခအေနမ်ိဳးဆို ကုသမႈ ခ်က္ခ်င္းခံယူဖို႔လိုမလဲဆိုတာကို ဖတ္ၾကည့္ေပးပါဦးေနာ္။

ဘာေတြက ခါးနာေစတာလဲ။ခါးနာေစတဲ့ အေၾကာင္းအရင္းေတြကေတာ့ တစ္ခုမကပါဘူး။အေလးအပင္မတာ,ေလ့က်င့္ခန္း ျပင္းျပင္းထန္ထန္ လုပ္တာ,ကိုယ္ေနဟန္ထား မမွန္တာ,ထိခိုက္မိတာ,ေက်ာက္ကပ္ေရာဂါ,

အဆစ္ေရာင္နာ,အ႐ိုးပြ,ခါးဆစ္႐ိုးကြၽံတာ

စတာေတြေၾကာင့္ ခါးနာႏိုင္ပါတယ္။ခါးနာကို ဘယ္လို သက္သာေစႏိုင္လဲ.အ႐ြယ္ေရာက္ၿပီးသူ ၈၀ ရာခိုင္ႏႈန္းေလာက္က သူတို႔ရဲ႕ တစ္သက္တာမွာ တစ္ႀကိမ္ေလာက္ေတာ့

ခါးနာတာကို ခံစားၾကရပါတယ္။ ဒီလိုအေျခအေနမွာ အေရးႀကီးတာက ခါးနာတဲ့အခါ ခံစားရတဲ့

လကၡဏာေတြက ျပင္းထန္လား။ ခါးနာတာက သာမန္ပဲလားဆိုတာကို ေသခ်ာ ဆန္းစစ္ဖို႔ပါ။ခါးနာတာက အေနအထား မမွန္တာ၊ အေလးအပင္ မတာေတြေၾကာင့္ နာက်င္တာမ်ိဳးဆိုရင္ သာမန္ ခါးနာတာမ်ိဳးလို႔သတ္မွတ္ရပါမယ္။

ဒီလို ခါးနာတာက ေသခ်ာ အနားယူမယ္။ ေရခဲဝတ္ကပ္မယ္။ ေရေႏြးအိတ္ကပ္မယ္ဆိုရင္ ၇၂ နာရီ (၃ ရက္) ေလာက္ဆို သက္သာသြားပါတယ္။

ဒါေပမယ့္ ခါးနာတာက ဒီလိုေတြ လုပ္ေပမယ့္ ၃ ရက္အထိ မသက္သာဘူး။ အခုလို လကၡဏာေတြပါ ခံစားေနရမယ္ဆိုရင္ေတာ့ ေသခ်ာေလး ကုသမႈ ခံယူဖို႔ လိုပါမယ္။ခါးထဲက စူးခနဲနာက်င္တာ –

ဒါက ႂကြက္သား ဒါမွမဟုတ္ အ႐ြတ္ စုတ္ၿပဲတာျဖစ္ႏိုင္ပါတယ္။

ေနာက္ထပ္ ျဖစ္ႏိုင္တာကေတာ့ ကိုယ္တြင္းအဂၤါတစ္ခုခုမွာ ေရာဂါ ခံစားေနရတာပါ။ခါးထဲေနရာ အႏွံမွာ တဆစ္ဆစ္ နာတာ – နာက်င္မႈက ေနရာစုံကို ေ႐ြ႕ေနမယ္။ ေျခ၊လက္ေတြထဲအထိ

နာက်င္မယ္ဆိုရင္ေတာ့ အာ႐ုံေၾကာ ညပ္ေနတာျဖစ္ႏိုင္ပါတယ္။

ခါးနာရင္းက ေျခေထာက္ေတြထဲ အားမရွိသလို ခံစားရတာ – ခါးထဲက နာတဲ့အခါ ေျခေထာက္ေတြပါ နာလာတာ၊ ေျခေထာက္ေတြထဲ အားမရွိသလို ခံစားရတာက အာ႐ုံေၾကာ ဖိမိေနတာ

တင္ပါးဆုံက အာ႐ုံေၾကာေတြ ညပ္ေနတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

ဆီး၊ ဝမ္းမႏိုင္တာ – ခါးနာတာက ခါးတင္ နာတာ မဟုတ္ဘဲ ဆီးေတြ၊ ဝမ္းေတြကို မထိန္းႏိုင္တဲ့အထိ ျဖစ္ေနတာဆိုရင္ အာ႐ုံေၾကာ ပ်က္စီးေနတာ၊ ေက်ာ႐ိုးမႀကီး ပိုးဝင္ေနတာ၊ ဦးေႏွာက္ အေျမႇးေရာင္ေနတာေတြ ျဖစ္ႏိုင္ပါတယ္။

ေပါင္ရင္းက ထုံေနတာ (သို႔မဟုတ္) တစ္ဆစ္ဆစ္စူးၿပီး နာတာ – ခါးနာတာက ေပါင္ၿခံ ဒါမွမဟုတ္ ေပါင္ရင္းက ထုံေနမယ္ ဒါမွမဟုတ္ တဆစ္ဆစ္ စူးၿပီး နာေနမယ္ဆိုရင္ အာ႐ုံေၾကာ ျပင္းျပင္းထန္ထန္

ထိခိုက္တာ ျဖစ္ႏိုင္သလို ေက်ာ႐ိုးမႀကီး ထိခိုက္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ဒီလို လကၡဏာေတြ ခံစားရၿပီဆိုရင္ ထိခိုက္မႈေတြ ပိုဆိုး မလာေစဖို႔ ခ်က္ခ်င္း ကုသမႈ ခံယူဖို႔ လိုပါမယ္။

အခ်ိဳ႕အေျခအေနေတြက ခြဲစိတ္ကုသမႈ ခံယူဖို႔ လိုအပ္ႏိုင္ပါတယ္။

ခါးနာတာက အရမ္းမျပင္းထန္ရင္ အနားယူေပးတာ,ေရခဲဝတ္ကပ္တာ,ေရေႏြးအိတ္ကပ္တာ,ႏွိပ္နယ္တာ,ေဆးေသာက္တာ,ေဆးထိုးတာေတြနဲ႔ သက္သာႏိုင္ပါတယ္။ျပင္းထန္မယ္ဆိုရင္ေတာ့ ခြဲစိတ္ကုသမႈခြဲစိတ္ကုသတာက

ျပင္းထန္တဲ့ ခါးနာမႈ ​ျပႆနာကို ကုသနည္းတစ္ခုပါ။ ပုံမွန္ကေတာ့ ကုထုံးေတြ ခံယူတာ၊ ေဆးေတြ ေသာက္သုံးတာေလာက္ပဲ လုပ္ေဆာင္ရတာပါ။ခါးဆစ္ကပုံမမွန္တာေတြကို ဖယ္ရွားဖို႔ လိုတဲ့အခါ ခြဲစိတ္မႈကို လိုအပ္ပါမယ္။

ဒါကေတာ့ ခါးဆစ္႐ိုး ပုံစံ မမွန္တာကို ကုသေပးတဲ့ နည္းလမ္းတစ္ရပ္ပါ။ အာ႐ုံေၾကာ ညပ္လို႔ ခါးနာတာကို သက္သာေစဖို႔လည္း အသုံးျပဳေပးလို႔ ရပါတယ္။

အေပါက္ေသးေသးေလးေဖာက္ၿပီး မွန္ေျပာင္းရွည္ေလးေတြနဲ႔ ၾကည့္ၿပီး စက္႐ုပ္လက္ကို အသုံးျပဳလို႔ ခါး႐ိုးထိခိုက္မႈေတြအတြက္ ခြဲစိတ္ကုသေပးတဲ့ နည္းလမ္း တစ္မ်ိဳးပါ။ ထိခိုက္မႈနည္းၿပီး ခ်ဳပ္႐ိုးက ေသးတာေၾကာင့္

နာလန္ထခ်ိန္လည္း ျမန္ပါတယ္။ခါးနာလာတဲ့အခါ ၃ ရက္နဲ႔ မသက္သာဘူးဆိုရင္ ျပင္းထန္တဲ့ ေရာဂါေတြကို မခံစားရခင္ ျမန္ျမန္သိ ျမန္ျမန္ ကုသႏိုင္ေစဖို႔ လိုအပ္တဲ့ စစ္ေဆးမႈေတြကို ခံယူေပးပါ။

ကုသနည္းေတြ အမ်ားႀကီးရွိတဲ့အတြက္ ကိုယ္နဲ႔ သင့္ေတာ္မယ့္ နည္းလမ္းကို ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးၿပီး ေ႐ြးခ်ယ္ႏိုင္ပါတယ္။

ခါးခြဲစိတ္ကုသမႈနဲ႔ပတ္သက္ၿပီး ေနာက္ဆုံးေပၚ စစ္ေဆးမႈနည္းလမ္းမ်ား၊ ခြဲစိတ္မႈမ်ား အေၾကာင္းကို ပိုမိုသိရွိလိုပါက စင္ကာပူႏိုင္ငံ Mount Elizabeth ေဆး႐ုံႀကီးရဲ႕ ျမန္မာႏိုင္ငံ႐ုံးမ်ားမွာ ဆက္သြယ္ေမးျမန္းႏိုင္ပါတယ္။