Unicode

ရှေးကတည်းက ငှက်ပျောရွက်လေးကို ရေစင်အောင်ဆေးပြီး အစားအစာတွေကို ထုပ်စားတဲ့ အကျင့်ရှိခဲ့တာပါ။

အဲဒီလို ငှက်ပျောရွက်နဲ့ ထုပ်ထားတဲ့ အစာကစားပြီး အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ရုံပါပဲ။ ပလပ်စတစ်လိုမျိုး သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေပါဘူး။

ပိုတက်ဆီယမ်ပါဝင်မှု များပြားတဲ့ ငှက်ပျောသီးရဲ့ ကောင်းကျိုးကိုလည်း သင်သိပြီးဖြစ်မှာပါ။ ဒီတစ်ခါမှာတော့ ငှက်ပျောရွက်ရဲ့ အသုံးဝင်ပုံတွေကို မျှဝေပေးသွားပါမယ်။

ဗိုက်အောင့်ခြင်းအတွက် ငှက်ပျောရွက်နုနုကို ယူပြီး ရေဆေးကာ ဗိုက်ပေါ်ကပ်ထားပေးပါငှက်ပျောသီးကသာ သင့်ကျန်းမာရေးကို ကောင်းစေတာမဟုတ်ဘဲ ငှက်ပျောရွက်ကလည်း သင့်ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေ သက်သာစေပါတယ်။

အရေပြားဝေဒနာများအတွက် အရေပြားယားယံတာ၊ ဗောက်ထလို့ ဦးရေပြားမှာ အဖက်အဖက်တွေ လန်နေတာ၊ နေလောင်ဒဏ်ကြောင့် နာကျင်နေတာတို့ဖြစ်ရင် ငှက်ပျောရွက်က အကောင်းဆုံး ကုသမှုပါပဲ။

ငှက်ပျောရွက်ကို မွှေစက်ထဲထည့်မွှေပြီး နေလောင်တဲ့ အရေပြား၊ ယားယံတဲ့ အရေပြားပေါ် သုတ်လိမ်းပေးပါ။ နောက်တစ်နည်းက ငှက်ပျောရွက်ကို ရေအေးထဲဆွတ်ပြီး အေးမြသွားချိန်မှာ အရေပြားပေါ်အုပ်ပေးပါ။ နေလောင်ဒဏ်ရာရရင် ပိုပြီးထိရောက် အသုံးဝင်ပါတယ်။

ဒဏ်ရာအနာများအတွက် ငှက်ပျောရွက်မှာ အလန်တွိုင်းဓာတ် ပါဝင်တာကြောင့် အနာတွေကို မြန်မြန်ကျက်စေပြီး ပိုးမွှားတွေကို သေစေနိုင်ပါတယ်၊ အရေပြားဆဲလ်တွေကို မြန်မြန်ကြီးထွားအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

အင်းဆက်ပိုးမွှား အကိုက်ခံရခြင်းအတွက် ပျား၊ ပင့်ကူတို့လို အင်းဆက်အကိုက်ခံရတာကြောင့် မသက်မသာ ဝေဒနာရရင် ဒါမှမဟုတ် အရေပြားနီမြန်းနေရင် ငှက်ပျောရွက်က အသုံးဝင်ပါတယ်။ ငှက်ပျောရွက်ကို ရေအေးထဲဆွတ်ပြီး အေးမြသွားချိန်မှာ အင်းဆက်အကိုက်ခံရတဲ့ အရေပြားပေါ်အုပ်ပေးပါ။

အဖျားကြီးခြင်းအတွက် ဖျားလို့ မသက်မသာ ခံစားနေရတဲ့အခါ ငှက်ပျောရွက်နုနုကို ရေစင်အောင်ဆေး၊ အုန်းဆီဆွတ်ပြီး နဖူး ဒါမှမဟုတ် လည်ကုပ်ပေါ်တင်ထားပေးရပါမယ်။

Credit – မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

Zawgyi

ေရွးကတည္းက ငွက္ေပ်ာ႐ြက္ေလးကို ေရစင္ေအာင္ေဆးၿပီး အစားအစာေတြကို ထုပ္စားတဲ့ အက်င့္ရွိခဲ့တာပါ။

အဲဒီလို ငွက္ေပ်ာ႐ြက္နဲ႔ ထုပ္ထားတဲ့ အစာကစားၿပီး အမႈိက္ပုံးထဲ လႊင့္ပစ္လိုက္႐ုံပါပဲ။ ပလပ္စတစ္လိုမ်ိဳး သဘာဝပတ္ဝန္းက်င္ကိုလည္း မထိခိုက္ေစပါဘူး။

ပိုတက္ဆီယမ္ပါဝင္မႈ မ်ားျပားတဲ့ ငွက္ေပ်ာသီးရဲ႕ ေကာင္းက်ိဳးကိုလည္း သင္သိၿပီးျဖစ္မွာပါ။ ဒီတစ္ခါမွာေတာ့ ငွက္ေပ်ာ႐ြက္ရဲ႕ အသုံးဝင္ပုံေတြကို မွ်ေဝေပးသြားပါမယ္။

ဗိုက္ေအာင့္ျခင္းအတြက္ ငွက္ေပ်ာ႐ြက္ႏုႏုကို ယူၿပီး ေရေဆးကာ ဗိုက္ေပၚကပ္ထားေပးပါငွက္ေပ်ာသီးကသာ သင့္က်န္းမာေရးကို ေကာင္းေစတာမဟုတ္ဘဲ ငွက္ေပ်ာ႐ြက္ကလည္း သင့္ခႏၶာကိုယ္ နာက်င္ကိုက္ခဲမႈေတြ သက္သာေစပါတယ္။

အေရျပားေဝဒနာမ်ားအတြက္ အေရျပားယားယံတာ၊ ေဗာက္ထလို႔ ဦးေရျပားမွာ အဖက္အဖက္ေတြ လန္ေနတာ၊ ေနေလာင္ဒဏ္ေၾကာင့္ နာက်င္ေနတာတို႔ျဖစ္ရင္ ငွက္ေပ်ာ႐ြက္က အေကာင္းဆုံး ကုသမႈပါပဲ။

ငွက္ေပ်ာ႐ြက္ကို ေမႊစက္ထဲထည့္ေမႊၿပီး ေနေလာင္တဲ့ အေရျပား၊ ယားယံတဲ့ အေရျပားေပၚ သုတ္လိမ္းေပးပါ။ ေနာက္တစ္နည္းက ငွက္ေပ်ာ႐ြက္ကို ေရေအးထဲဆြတ္ၿပီး ေအးျမသြားခ်ိန္မွာ အေရျပားေပၚအုပ္ေပးပါ။ ေနေလာင္ဒဏ္ရာရရင္ ပိုၿပီးထိေရာက္ အသုံးဝင္ပါတယ္။

ဒဏ္ရာအနာမ်ားအတြက္ ငွက္ေပ်ာ႐ြက္မွာ အလန္တြိဳင္းဓာတ္ ပါဝင္တာေၾကာင့္ အနာေတြကို ျမန္ျမန္က်က္ေစၿပီး ပိုးမႊားေတြကို ေသေစႏိုင္ပါတယ္၊ အေရျပားဆဲလ္ေတြကို ျမန္ျမန္ႀကီးထြားေအာင္ လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။

အင္းဆက္ပိုးမႊား အကိုက္ခံရျခင္းအတြက္ ပ်ား၊ ပင့္ကူတို႔လို အင္းဆက္အကိုက္ခံရတာေၾကာင့္ မသက္မသာ ေဝဒနာရရင္ ဒါမွမဟုတ္ အေရျပားနီျမန္းေနရင္ ငွက္ေပ်ာ႐ြက္က အသုံးဝင္ပါတယ္။ ငွက္ေပ်ာ႐ြက္ကို ေရေအးထဲဆြတ္ၿပီး ေအးျမသြားခ်ိန္မွာ အင္းဆက္အကိုက္ခံရတဲ့ အေရျပားေပၚအုပ္ေပးပါ။

အဖ်ားႀကီးျခင္းအတြက္ ဖ်ားလို႔ မသက္မသာ ခံစားေနရတဲ့အခါ ငွက္ေပ်ာ႐ြက္ႏုႏုကို ေရစင္ေအာင္ေဆး၊ အုန္းဆီဆြတ္ၿပီး နဖူး ဒါမွမဟုတ္ လည္ကုပ္ေပၚတင္ထားေပးရပါမယ္။

Credit – မီမိုးေမ (ေဆးဝါးတကၠသိုလ္)