Unicode
(ပါချုပ်ဆရာတော်ကြီးမိန့်ကြားချက်)
*ဘုန်းကြီးရဟန်းတွေကိုဝေဖန်ရင်ငရဲကြီးတယ်။ အပြစ်ဖြစ်တယ်ဆိုတာဟုတ်ပါသလားဘုရား။လူပုဂ္ဂိုလ်တွေကဘုန်းကြီးရဟန်းတွေကို လုံးဝေဝဖန်ပိုင်ခွင့်မရှိဘူးဆိုတာဟုတ်ပါသလား။မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပြီး အဖြေကိုလည်းကျယ်ကျယ်ပြန့်ပြန့်ပြန်လည်ဆွေးနွေးနွေးဖြေကြားပေးမှ ကောင်းမယ်လို့ထင်မြင်မိပါတယ်။
ဘာကြောင့်လဲဆိုတော့ဘာသာရေးနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုရမှာကို ဗုဒ္ဓဘာသာဝင်အများစုဟာကြောက်ရွံ့ထိတ်လန့်တတ်ကြသလို ဝေဖန်သူရှိရင်တောင် မိစ္စာဒိဋ္ဌိတစ်ဦးသဖွယ် ရှု့မြင်တတ်ကြလို့ပါ။
မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသလိုအဝေဖန်ခံလိုက်ရပြီဆိုရင်လည်း ငါ့ကို ကောင်းစေချင်လို့ အပြုသဘောဝေဖန်တာလား
ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လို့ အပျက်သဘောကဲ့ရဲ့အတင်းဆို ရှုတ်ချပြီးပြောတာလားဆိုတာကို မဝေခွဲတော့ပဲ`မင်းကတော့ ဘယ်လောက်ကောင်းနေလို့လဲ!ဆိုတဲ့ စကားလုံးကြမ်းကြမ်းတွေနဲ့ပြန်လည်တုန့်ပြန်တတ်ကြပါတယ်။
မညှာမတာဝေဖန်ရရင် ဒါဟာ ပညာမဲ့ခြင်းရဲ့အစဖြစ်ပြီး လူမိုက်တွေရဲ့ လက္ခဏာလည်းဖြစ်ပါတယ်။ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါဟာ ထေရဝါဒဗုဒ္ဓသာသနာတော်မှာ နေလိုလလို ထင်ရှားကျော်ကြားပါတယ်။
ဝိသာခါကျောင်းအမကြီးဟာ lရဟန်းတော်တွေကိုအကိုလိုမောင်လိုသားလိုလေးစားကြည်ညိုချစ်ခင်မြတ်နိုးတတ်သူတစ်ဦးဖြစ်ပြီး ရဟန်းတော်တွေ သာသနာ့ဝန္ကို အားသွန်ကြိုးပမ်းထမ်းရွက်နိုင်အောင် အဘက်ဘက်ကလိုလေသေးမရှိထောက်ပံ့လှုဒါန်းသူတစ်ဦးလည်းဖြစ်ပါတယ်။
ဝိသာခါကျောင်းအမကြီးဟာလှုဒါန်းစရာရှိရင်လည်း လိုသေးမရှိလှုဒါန်းတတ်ပြီး ရဟန်းတော်တွေကို ဆုံးမစရာရှိရင် ဆုံးမတတ်သလို ဝေဖန်စရာရှိရင်လည်းဘွင်းဘွင်းကြီးအားမနာတမ်းဝေဖန်တတ်သူဖြစ်ပါတယ်။
တစ်နေ့မှာတော့ ဖိတ်ကြားထားတဲ့ မင်္ဂလာဆောင်အိမ်အရောက်မှာ ဥဒါယီဆိုတဲ့ရဟန်းတစ်ပါးဟာ သတိုးသမီးနဲ့အတူ အခန်းတစ်ခန်းထဲ မွာ နှစ်ယောက်ထဲ စကားပြောနေတာကို မြင်လိုက်ရပါတယ်။
ဥဒါယီရဟန်းဟာ ပြောစကားနားမထောင်တာကြောင့် ဝိသာခါဟာလမ်းပေါ်ထွက်ပြီးဥဒါယီကိုယ်တော်ဟာမိန်းကလေးနဲ့အတူ ဆိတ်ကွယ်ရာအရပ်မှာ နှစ်ယောက်ထဲ ထိုင်စကားပြောနေပါတယ်ဆိုပြီး လမ်းပေါ်သွားနေတဲ့ဘုန်းကြီးရဟန်းမှန်သမျှကို လျှောက်ထားပါတယ်။
ရဟန်းတွေကလည်း ဘုရားကို ပြန်လျှောက်ကြပါတယ်။ ဒီအခါမွာ ဘုရားရှင်က သိက္ခာပုဒ်ပညတ်တော်မူပါတယ်။ ဝိသာခါဟာ ပြောဆိုဆုံးမဝေဖန်စရာရှိရင်ရဟန်းတွေကိုလည်း အကြွေးမထားပဲ ပြောဆိုဆုံးမဝေဖန်တတ်ပါတယ်။
ဘုရားရှင်လက်တော်က မစ္ဆိကာသဏ်ဏ်ဏ္ဍမွို့မှာ စိတ္တသူကြွယ်ဆိုတာ ရှိခဲ့ပါတယ်။ သူက ပဉ္စဝဂ္ဂီအပါတွင်ပါဝင်သော မဟာနာမ်ထေရ်ထံမှာ တရားနာပြီး သောတာပန်တည်ခဲ့သူပါ။မဟာနာမ်ဓမ္မထေရ်က သူလှုတဲ့ကျောင်းမှာသီတင်းမသုံးတာမို့ သုဓမ္မအမည်ရှိတဲ့ရဟန်းတစ်ပါးကို ကျောင်းအပ်ကာကိုးကွယ်ပါတယ်။
တစ်နေ့တော့ အဲဒီမြို့လေးကို အရှင်သာရိပုတ္တရာမထေရ်နဲ့ အရှင်မဟာမောဂ္ဂလာန်မထေရ်တို့ဟာ နောက်ပါရဟန်းတစ်ထောင်နဲ့အတူ ရောက်ရှိခဲ့ပါတယ်။
စိတ္တသူကြွယ်ဟာ အရှင်သာရိပုတ္တရာမထေရ်ထံမှာ တရားနာကြားပြီး အနာဂါမ်ဖြစ်သွားပါတယ်။တစ်ရက်မှာ သူကြွယ်က အဂ္ဂသာဝကနှစ်ပါးကို အိမ်ဆွမ်းစားကြွဖို့ပင့်ဖိတ်ပါတယ်။ ပြီးမှ သုဓမ္မရဟန်းကိုပင့်ဖိတ်ပါတယ်။ သုဓမ္မရဟန်းဟာ သူ့ကို ကျောင်းထိုင်ဖြစ်တဲ့အရင်မပင့်ဖိတ်လို့ စိတ္ဆိုးကာ ငြင်းလွှတ်လိုက်ပါတယ်။
သုဓမ္မရဟန်းဟာ နောက်နေ့ဆွမ်းစားချိန်ကျတော့စိတ္တသူကြွယ်အိမ်ကို သွားပါတယ်။ အိမ်ရောက်လာတဲ့ သုဓမ္မရဟန်းကို စိတ္တသူကြွယ်က ကောင်းမွန်ချိုသာစွာနဲ့အရှင်ဘုရား ဒီနေရာမှာ သီတင်းသုံးပါလို့လျှောက်ထားတဲ့အခါမှာ ငါဆွမ်းစားလာတာမဟုတ်ဘူး။
စိတ္တသူကြွယ်တို့မျိုးရိုးက နှမ်းကြွပ်မုန့်သည်တွေပါ။`အရှင်သုဓမ္မ အရှင်ကား တစ်ခဏမျှပင်နား၍ရှု့သော်လည်း အကုန်အစင် မြင်တတ်သော ကျီးကန်းနဲ့တူပါပေတယ်လို့ စိတ္တသူကြွယ်က ပြန်ပြောလိုက်တဲ့အခါမှာ စိတ်ဆိုးပြီး `ဒီသူကြွယ်ရဲ့ ကျောင်းမှာ ငါမေနဘူးလို့ တွေးပြီး ရာဇဂြိုဟ်က ဘုရားရှင်ဆီသွားပါတယ်။
မိမိကိုလာရောက်တဲ့ သုဓမ္မရဟန်းကို ဘုရားရှင်ကနှုတ်ခွန်းဆက်စကားပြောကြားပြီး ဘာကြောင့် ရာဇဂြိုဟ်ကို ပြောင်းရွှေ့ခဲ့တာလည်းဆိုတာကို မေးမြန်းတော်မူပါတယ်။ သုဓမ္မရဟန်းကလည်း ဖြစ်ကြောင်းကုန်စင် လျှောက်ထားပါတယ်။
ဒီအခါမွာ ဘုရားရှင်က စိတ္တသူကြွယ်ရဲ့အပြစ်မဟုတ်၊ သင်ရဲ့ အပြစ်သာဖြစ်တယ်။ စိတ္တသူကြွယ်ကို သွားတောင်းပန်ချေဆိုပြီး မိန့်တော်မူခဲ့ပါတယ်။သုဓမ္မရဟန်း လာတောင်းပန်တာကို စိတ္တသူကြွယ်ကသုဓမ္မရဟန်း မာနကျစေလိုတာကြောင့် ခွင့်မလွှတ်ပါဘူး။
ဒီအခါမွာ သုဓမ္မရဟန်းက ဘုရားရှင်ဆီ ပြန်ပြီး လျှောက်ထားရပါတယ်။ ဘုရားရှင်ကလည်းပြန်သွားပြီးတောင်းပန်ခိုင်းပါတယ်။ ဒီလိုနဲ့သုံးကြိမ်သုံးခါ သွားလိုက်ပြန်လိုက် လုပ်ပြီးမှ ခွင့်လွှတ်ပေးပါတယ်။ သုဓမ္မရဟန်းလည်း သိပ်မကြာခင်မှာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။
တစ်ခါမှာလည်းပဲ သောတာပန်အရိယာများဖြစ်တဲ့ဃောသကသူဌေးကြီးတို့ ဦးဆောင်သောကောသမ္ဗီမြို့က ဒကာဒကာမေတြဟာ အကျင့်သီလအင်မတန်စင်ကြယ်ကြတဲ့ရဟန်းတော်များ အတ္တမာနကို အခြေခံပြီးဖြစ်တဲ့ စိတ်ဝမ်းကွဲပြားမှုကို ပြန်လည်ညီညွတ်စေဖို့အတွက် ဝါတွင်းသုံးလပတ်လုံး ဆွမ်းလောင်းလှုခြင်း မရွိပဲ ရဟန်းတော်တွေကို အကြပ်ကိုင်ကာ ညီညွတ်စွာနေထိုင်ကြအောင် ပြုလုပ်ခဲ့ဘူးပါတယ်။
အထကျပါဝတ္ထုတှကေို ထောက်ဆပြီးတော့ သာသနာတော်ကြီး စင်ကြယ်စေဖို့အတွက် အပြုသဘောဆောင်တဲ့ စိတ်ကောင်းစိတ်မြတ်များနဲ့ဆိုရင် ရဟန်းသံဃာတွေကို ဝေဖန်ရုံမျှမကလိုအပ်ရင် အကြပ်ကိုင်ပြီးတောင် ဆုံးမနိုင်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပါတယ်။
ရဟန်းသံဃာတွေကိုကောင်းစေလို၍ အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးပြုလုပ်တာဟာ အျပစ္မရွိသလို ငရဲလဲမကြီးပါဘူး။ဒကာဒကာမတွေအနေနဲ့ ဤကဲ့သို့ ဝေဖန်မှုမျိုးကိုပြုလဲပြုလုပ်သင့်ကြပါတယ်။ ဒါမှသာလျှင် သာသနာတော်ကြီးဟာ စင်စင်ကြယ်ကြယ်နဲ့ အဓွန့်ရှည်တည်တန့်နိုင်မှာဖြစ်ပါတယ်။
ထိုသို့ ကဲ့ရဲ့ရှုံ့ချမှုကြောင့် တစ်စုံတစ်ခုမျှအပြစ်မရှိချေလို့ ဘုရားဥပဒေတော်ကြီးကျမ်းမှာ ရေးသားတော်မူခဲ့ပါတယ်။ ဒါကြောင့် ရဟန်းသံဃာတွေကို ကောင်းစေလိုတာကြောင့် အပြုသဘောဆောင်တဲ့ ဝေဖန်မှုပြုလုပ်ခြင်းကြောင့် အျပစ္မျဖစ်သလို ငရဲလည်းမကြီးဆိုတာသိမှတ်နားလည်ထားကြရပါမယ်။
ယုတ်မာသောစိတ်နေသဘောထားနဲ့ အပြစ်မရှိအပြစ်ရှာပြီး ရှုတ်ချဝေဖန်တာမျိုးကတော့ အပြစ်ရှိပါတယ်။ ငရဲကြီးပါတယ်။
ပါမောက္ခချုပ်ဆရာတော်
ဘဒ္ဒန္တဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
credit ##
Zawgyi
ဗုဒ္ဓဘာသာဝင်မွန်ရင် ကေလးဘဝထဲက ငရဲကြီးလိမ့်မယ်ဆိုတဲ့ စကားနဲ႔ကြီးပျင်းလာခဲ့ရတာမို႔ ဗုဒ္ဓဘာသာဝင်မွန်ရင် အားလုံးနီးပါးကငရဲကြီးမွာ ေကြာက်ကြတာ ဆန်းေတာ့လဲမဆန်းပါဘူး။
ဝိသာခါဟာ သားသမီးမွေးမွဈပေါမြားပွီး အသက်လည်းရွည်တာေကြာင့် အလွန်မင်္ဂလာရွိေသာ သူလို့ မွို့သူမွို့သားမြားက အသိအမွတ်ပြဳပြီး ဘာသာခြားတို႔ကအစ လက်ထပ်မင်္ဂလာစေသာကိစ္စတို႔၌ ပင့်ဖိတ်ပြီး ဦးစှာကွှေးမှေးဧည့ခြံကာ ဤသတို့သားနဲ့ သတိုးသမီးသည် အရွင်မကဲ့သို႔ အသက်ရွည်စွာ အနားကင်း၍ ချမ်းသာခြင်းႏွင့် ပြည့်စုံပါစေလို႔ ဆုေတာင်းကြပါတယ်။
မြင်ၾလႇင်မြင်ချင်းပဲ အခန်းထဲဝင်သွားကာ `အရွင်ဘုရား မာတုဂါမနဲ႔ ႏွဈေယာက်ထဲ မဖွယ်ရာပြဳႏိုင်တဲ့နေရာမွာ စကားေပြာနေတာဟာ မသင့်ေတာ်ပါဘူး။အရွင်ဘုရားက ရိုးရိုးသားသားပွောဆိုနတောဆိုရငျတောငျ လူအများက အရှငျဘုရားတို့ရိုးရိုးသားသား ပွောဆိုနတေယျဆိုတာယုံကွညျကွမှာ မဟုတျပါဘူးလို့ ပွောဆိုဆုံးမပါတယျ။
လႈဖွၾယဝတၳဳတွေကို လာကြည့်တာလို႔ ေပြာပြီး ဟိုဟိုသည်သည် တဈခဏျမႇကြည့်ကာဒကာ သင့ၾလႇဳဖွၾယဝတၳဳတို႔သျည ျမားပြားပေစွ။သို႔ေသာ်ကား ႏွမ်းကႊပ်မုန႔်ကား မပါျခေဆိုပြီးစိတ္တသူကႊယ်စိတ်ဆင်းရဲေအာင် ေပြာပါတယ်။
ဒုတိယရွွေကျင်သာသနာပိုင် ဘာသာဋီကာကျမ်းပြဳအေၾကာ် အဂ်ဂမဟာပဏ်ဏ္႑ိတ ေၾကးဇူးေတာ်ရွင် အမရပူရ မဟာဂန္ဓာ႐ုံဆရာေတာ်ဘုရားကြီးက ဤဝိသာခါဝတၳဳကို မွတ္ခ်က္ထား၍ ယခုကာလ၌လည်း သာသနာ သန႔်ရွင်းစေလိုေသာ သေဘာဖြင့် မေတာ်မတဲ့ ပြဳကျင့်သူျမားကို ယဉ်ေၾကးစွာ ပွောဆိုတားမွဈနိုငျ ကဲ့ရဲ့ရှုံ့ခနြိုငျ၏။
credit ##