Unicode

နှစ်ပတ်အတွင်း သဲမုန်တိုင်း ဒုတိယအကြိမ်မြောက် ဝင်ရောက်တိုက်ခတ်မှုကို တရုတ် ရင်ဆိုင်ရ

တရုတ်နိုင်ငံ ပေကျင်းမြို့ဆီကို နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် သဲမုန်တိုင်း ဝင်ရောက် တိုက်ခတ်နေတဲ့အတွက် မြို့မှာနေထိုင်သူတွေက စိုးရိမ်ပူပန်နေတယ်လို့ သိရှိရပါတယ်။

ပေကျင်းမြို့ဆီကို ဒီကနေ့(မတ်လ ၂၈ ရက်နေ့)မနက်ပိုင်းမှာ သဲမုန်တိုင်း ဒုတိယအကြိမ်မြောက် ဝင်ရောက်လာတာဖြစ်ပြီး အခုမုန်တိုင်းဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ မွန်ဂိုလီးယားဘက်ကနေ တိုက်ခတ်လာတဲ့ လေပြင်းတွေနဲ့အတူ ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။မြို့ အုပ်ချုပ်ရေးအာဏာပိုင်တွေက မြို့မှာ နေထိုင်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်ကို မထွက်ကြဖို့နဲ့ နေအိမ်မှာသာ မိသားစုနဲ့နေထိုင်ဖို့ကို တိုက်တွန်းညွှန်ကြားထားပါတယ်။

အထပ်မြင့်နေရာတွေကို သတိထားဖို့နဲ့ အမြင့်နေရာမှာ ထားရှိတဲ့ပစ္စည်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်က ပစ္စည်းတွေဟာ လေပြင်းတိုက်ခတ်မှုကြောင့် အချိန်မရွေး ပြုတ်ကျလာနိုင်တဲ့အတွက် သတိမပြတ်ဖို့ လိုတယ်လို့လည်း ပေဂျင်းမြို့ အုပ်ချုပ်ရေးအာဏာပိုင်တွေက ပြောကြားထားပါတယ်။

အန္တရာယ်ရှိတဲ့ သဲမှုန်တွေဟာ နေရာအနှံ့ကို ပျံ့နှံ့ရောက်ရှိနေတဲ့အတွက် ကားမောင်းနှင်သူတွေအတွက်လည်း စိုးရိမ်ရတဲ့အခြေအနေဖြစ်နေပြီး သဲမှုန်တွေကို ရှူရှိုက်မိသူတွေအနေနဲ့လည်း ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးချက်တွေ ထွက်ပေါ်နေပါတယ်။

ပထမတစ်ကြိမ် သဲမုန်တိုင်းတိုက်ခတ်ခဲ့စဉ်က လူသေဆုံးမှုနဲ့ လူပျောက်ဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး မွန်ဂိုလီးယားအတွင်းပိုင်း၊ ရှန်ဇီ၊ လောင်နင်းနဲ့ ဟူဘေးစီရင်စုခရိုင်တွေဆီကိုလည်း သဲမုန်တိုင်း ဝင်ရောက်နေတယ်လို့ သိရှိရပါတယ်။

Zawgyi

ႏွစ္ပတ္အတြင္း သဲမုန္တိုင္း ဒုတိယအႀကိမ္ေျမာက္ ဝင္ေရာက္တိုက္ခတ္မႈကို တ႐ုတ္ ရင္ဆိုင္ရ

တ႐ုတ္ႏိုင္ငံ ေပက်င္းၿမိဳ႕ဆီကို ႏွစ္ပတ္အတြင္း ဒုတိယအႀကိမ္ေျမာက္ သဲမုန္တိုင္း ဝင္ေရာက္ တိုက္ခတ္ေနတဲ့အတြက္ ၿမိဳ႕မွာေနထိုင္သူေတြက စိုးရိမ္ပူပန္ေနတယ္လို႔ သိရွိရပါတယ္။

ေပက်င္းၿမိဳ႕ဆီကို ဒီကေန႔(မတ္လ ၂၈ ရက္ေန႔)မနက္ပိုင္းမွာ သဲမုန္တိုင္း ဒုတိယအႀကိမ္ေျမာက္ ဝင္ေရာက္လာတာျဖစ္ၿပီး အခုမုန္တိုင္းဟာ တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းနဲ႔ မြန္ဂိုလီးယားဘက္ကေန တိုက္ခတ္လာတဲ့ ေလျပင္းေတြနဲ႔အတူ ေရာက္ရွိလာတာျဖစ္တယ္လို႔ သိရပါတယ္။ၿမိဳ႕ အုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြက ၿမိဳ႕မွာ ေနထိုင္သူေတြအေနနဲ႔ မလိုအပ္ဘဲ အျပင္ကို မထြက္ၾကဖို႔နဲ႔ ေနအိမ္မွာသာ မိသားစုနဲ႔ေနထိုင္ဖို႔ကို တိုက္တြန္းၫႊန္ၾကားထားပါတယ္။

အထပ္ျမင့္ေနရာေတြကို သတိထားဖို႔နဲ႔ အျမင့္ေနရာမွာ ထားရွိတဲ့ပစၥည္းေတြ၊ ေဆာက္လုပ္ေရးလုပ္ငန္းခြင္က ပစၥည္းေတြဟာ ေလျပင္းတိုက္ခတ္မႈေၾကာင့္ အခ်ိန္မေ႐ြး ျပဳတ္က်လာႏိုင္တဲ့အတြက္ သတိမျပတ္ဖို႔ လိုတယ္လို႔လည္း ေပဂ်င္းၿမိဳ႕ အုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြက ေျပာၾကားထားပါတယ္။

အႏၲရာယ္ရွိတဲ့ သဲမႈန္ေတြဟာ ေနရာအႏွံ႔ကို ပ်ံ႕ႏွံ႔ေရာက္ရွိေနတဲ့အတြက္ ကားေမာင္းႏွင္သူေတြအတြက္လည္း စိုးရိမ္ရတဲ့အေျခအေနျဖစ္ေနၿပီး သဲမႈန္ေတြကို ရႉရႈိက္မိသူေတြအေနနဲ႔လည္း က်န္းမာေရးထိခိုက္မႈေတြ ျဖစ္ေပၚႏိုင္တယ္လို႔ သတိေပးခ်က္ေတြ ထြက္ေပၚေနပါတယ္။

ပထမတစ္ႀကိမ္ သဲမုန္တိုင္းတိုက္ခတ္ခဲ့စဥ္က လူေသဆုံးမႈနဲ႔ လူေပ်ာက္ဆုံးမႈေတြ ျဖစ္ေပၚခဲ့ၿပီး မြန္ဂိုလီးယားအတြင္းပိုင္း၊ ရွန္ဇီ၊ ေလာင္နင္းနဲ႔ ဟူေဘးစီရင္စုခ႐ိုင္ေတြဆီကိုလည္း သဲမုန္တိုင္း ဝင္ေရာက္ေနတယ္လို႔ သိရွိရပါတယ္။