Unicode
ကရမက်ကအေးခါး အရသာနဲ့အပူကိုစုပ်ယူပေးနိုင်တဲ့ဆေးပါ ။ကရမက်ကကြာလေမွှေးလေ ကြာလေအရောင်ရင့်လေပါပဲ။ဒါကြောင့်ဝယ်ရင်တော့ သက်တမ်းကြာတာကတော့ပိုမွှေးပါတယ်။
ယခုခေတ်အဖြစ်များတဲ့ အာပေါသမုဌာန်ရဲ့ လက္ခဏာဖြစ်တဲ့ ရေဓါတ်ခမ်းခြောက် အပူများလို့ဖြစ်လာတဲ့ ခန္ဓာကိုယ်တွင်းအောင်း အပူတွေဟာ အသွင်သဏ်ဏ္ဍာန်အမျိုးမျိုးနဲ့ ပြကြတယ်။
တစ်ချို့ကအပူအစပ်စားပြီး အအေးသောက်လို့မထွက်ရတဲ့အခိုးတွေစုဖွဲ့ တစ်ချို့က ကံ စိတ်ဥတုအာဟာရ တစ်မျိုးမျိုးကြောင့်သော်လည်းကောင်းတစ်မျိုးထက်ပို၍သော်လည်းကောင်း ဝေးစွာသောအကြောင်း
နီးစွာသောအကြောင်းတွေ ကြောင်းဖြစ်လာကြတာတွေ။
အကြိတ် အဖု ရည်ကြည်အိတ် နဲ့ဆီးအိမ်နားကစုဖွဲ့ပူလို့ ခြေဖဝါးကစူးလို့ပူတာမျိုး ရာသီသွေးဆုံးခါနီးဖြစ်တဲ့အရေပြားပေါ်ကအကွက်တွေ စသဖြင့်ပေါ့ရေမချိုးခင် ခြေဖဝါးကစ ဒူးခေါင်းထိ
တတ်နိုင်ရင်အချိန်ရရင်တစ်ကိုယ်လုံးဆားနဲ့မန်ကျည်ရည်ကြဲလေးပွတ် ရေဝအောင်ချိူး ပြီးရင်ကရမက်လေး လိမ်း အပူ ထွက်တယ်အပူအောင်းတာသက်သာတော့အဖုအကြိတ် အရည်ကြည်အိတ် စတာတွေ သက်သာတယ်။
ကရမက်လေးကိုသွေးပြီးလျက်ပေးရင်ရင်လည်းလျှာကနေတစ်ကိုယ်လုံးကအကြောတွေဆီရောက်ပြီး ကျန်းမာသက်ရှည်အပူအခိုးကင်းစေပါတယ်။
ရှေးမြန်မာများအသက်ရှည်အနာကင်းခဲ့ကြတာတွေမြင်ခဲ့ဖူးပါတယ်။အမေဆို ရေချိူးပြီး ကရမက်ခြေဆုံးခေါင်းဆုံး လိမ်းခဲ့တာတစ်သက်လုံးအသက်ရှစ်ဆယ်ကျော်ထိ သွေးတိုး ဆီးချို ကင်ဆာ နှလုံးဘာရောဂါမှမရှိခဲ့ဘူး။
ခုခေတ် ကံစိတ်ဥတု အာဟာရပူတွေက အရင်ခေတ်ကထက်အများစွာပိုပူနေပါပြီ ဒါကြောင်း ရောဂါတွေမဖြစ်အောင် မိမိကိုယ်တွင်းရောဂါဖြစ်နိုင်မယ့်အခြေအနေ မဖြစ်အောင် နေထိုင်တတ်ဖို့ ပြုပြင်နေထိုင်ကြရမှာဖြစ်ပါတယ်။
ခုခေတ်ရေလဲသုံးရမယ့် ဓါတ်စာတွေကတော့ မန်ကျည်း ကရမက် ဆားတို့ပါပဲ။
ကရမက်နဲ့မတည့်တာကတော့ထန်းညက်ပါ ကရမက်လျက်ပြီးတစ်နာရီအတွင်းထန်းညက်မစားသင့်ပါဘူး။
ကျန်းမာရေးအသိ ဗဟုသုတ ပြန်လည်မျှဝေသည်။ သတ္တဝါများအစာဝကြပါစေ။
အနာကင်းကြပါစေ ဘယာကင်းကြပါစေ။ကိုဗစ်ကပ်ဘေးမှ လွတ်ကင်းကြပါစေ။
Credit;
Zawgyi
တတ်နိုင်ရင်အချိန်ရရင်တစ်ကိုယ်လုံးဆားနဲ့မန်ကျည်ရည်ကြဲလေးပွတ် ရေဝအောင်ချိုး ပြီးရင်ကရမက်လေး လိမ်း အပူ ထွက်တယ်အပူအောင်းတာသက်သာတော့အဖုအကြိတ် အရည်ကြည်အိတ် စတာတွေ သက်သာတယ်။
Credit;