(၂၂) နှစ်အရွယ် ချီယန်းဟန်လီ အမည်ရတဲ့ အမျိုးသမီးလေး

ဟာ သူမရဲ့ ချစ်သူ ဂေဗင် နဲ့ လွန်ခဲ့တဲ့ (၂) နှစ်က စတွေ့ခဲ့ကြ

တာပါ။ ဘယ်မှာစတွေ့ခဲ့ကြလဲဆိုတော့ စုံတွဲရှာဖွေရေး အွန်

လိုင်း app တစ်ခုဖြစ်တဲ့ Tinder မှာ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့နှစ်ယောက် စတွဲပြီး (၇) လအကြာ တစ်နေ့မှာ

တော့ မမျှော်လင့်ထားတာ ဖြစ်လာခဲ့ပါတယ်။ စုံတွဲဟာ

သူငယ်ချင်းတွေနဲ့အတူ ညစာစားနေခဲ့တုန်း ဟန်လီတစ်ယောက်

မေ့လဲကျသွားခဲ့တာပါ။ တကယ်တော့ ဟန်လီဟာ အရမ်းနေမ

ကောင်းဖြစ်နေခဲ့တာပါ။

သူတို့ နှစ်ယောက် အပြင်မှာ စတွေ့ပြီး စကားပြောခဲ့တုန်းက

ဟန်လီဟာ သူမ ဘယ်လောက်တောင် နေမကောင်းဖြစ်နေခဲ့လဲ

မသိခဲ့ပါဘူး။ “ကျွန်မ Tinder စသုံးတုန်းက ကျွန်မ နေမ

ကောင်းတာကို ကျွန်မအပါအဝင် ဘယ်သူမှ မသိခဲ့ပါဘူး။

ရောဂါလက္ခဏာက သိသိသာသာ မရှိတော့ မသိနိုင်ခဲ့ပါဘူး”

လို့ ဟန်လီက ပြောပါတယ်။

ဆန်ဒီယေဂိုမှာ နှစ်ယောက်သား ပထမနှစ် ကောလိပ်တက်

နေခဲ့ကြတုန်း ဟန်လီ မေ့လဲကျသွားခဲ့ချိန်မှာတော့ ဂေဗင်က

သူမကို ဆေးရုံခေါ်သွားခဲ့ပါတယ်။ သွေးစစ်ပြီးနောက်မှာတော့

ဆရာဝန်တွေက သူမကို ချက်ချင်း အရေးပေါ်ခန်းကို ညွှန်ခဲ့ပါ

တယ်။ သူမရဲ့ ကျောက်ကပ် ပျက်စီးနေခဲ့ပါပြီ။

ကျောက်ကပ် အစားမထိုးရခင်အထိ ဟန်လီဟာ ညတိုင်း (၁၀)

နာရီကြာအောင် ကျောက်ကပ်သန့်စင်တဲ့ ကုသမှုကို ခံယူနေခဲ့ရ

ပါတယ်။ ကျောက်ကပ်သန့်စင်စက်တွေက သူမ ကိုယ်ထဲက

အညစ်အကြေးတွေကို စစ်ထုတ်ပေးပြီး ကျောက်ကပ်ကဲ့သို့

လုပ်ဆောင်ပေးကြတာပါ။“ကျောက်ကပ်ဆေးရတာ ကျွန်မ

အတွက် အရမ်းကို ခက်ခဲပင်ပန်းပါတယ်။

ကျွန်မ တကယ်ကို စိတ်ဓာတ်ကျပြီး ဘာမှမလုပ်နိုင်ခဲ့ပါဘူး။

ဘယ်သူမှလည်း ကျောက်ကပ်အစားထိုးဖို့ မဆွေးနွေးခဲ့ကြတာ

ကြောင့် ကျွန်မကိုယ်ကျွန်မ သေတော့မယ်ပဲ ထင်နေခဲ့တာပါ” လို့

ဟန်လီက ပြောခဲ့ပါတယ်။ ဒါပေမယ့် ဂေဗင်က ဟန်လီကို

ကျောက်ကပ်လှူဖို့ ဆေးသွားစစ်ခဲ့ပါတယ်။ ကျောက်ကပ်လှူဖို့

ကိုက်ညီခဲ့ပါတယ်။ ဒါပေမယ့် ဟန်လီက မလိုချင်ခဲ့ပါဘူး။

နောက်ဆုံးမှာတော့ သူမနဲ့ ကိုက်ညီတဲ့ အခြားအလှူရှင်တွေ

ရှားနေခဲ့တာကြောင့် ဂေဗင်ရဲ့ ကျောက်ကပ်ကိုပဲ ယူဖို့ ဆုံးဖြတ်ခဲ့

ရပါတယ်။ ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ ဟန်လီက ဂေဗင်

ကို ဒိတ်လုပ်တဲ့ app ကနေ တွေ့ခွင့်ရခဲ့မယ်လို့ မမျှော်လင့်

ခဲ့မိဘဲ အခုဆို သူက သူမအတွက် ကျောက်ကပ်တောင် ပေးခဲ့တဲ့

အတွက် အရမ်းကို အံ့သြနေခဲ့ရကြောင်း ဆိုပါတယ်။

ဂေဗင်ကတော့ “ကျွန်တော့်ကို ဘာကြောင့် ဒီလိုလုပ်တာလဲလို့ လူ

တွေ မေးကြတယ်၊ တကယ်တော့ ဘာကြောင့်လို့ မေးရမှာ

မဟုတ်ဘဲ ကျွန်တော် မပေးနိုင်စရာ ဘာအကြောင်းရှိမှာလဲ

လို့တောင် မေးရမှာပါ” လို့ ပြောပါတယ်။ ဟန်လီနဲ့ ဂေဗင်တို့

ဟာ (၂၀၁၈) အောက်တိုဘာ (၂၈) တုန်းက ဆန်ဒီယေဂိုရှိ

Sharp Memorial မှာ ကျောက်ကပ်အစားထိုး ခွဲစိတ်

မှု ခံယူခဲ့ကြပါတယ်။

ခွဲစိတ်မှု အောင်မြင်ခဲ့ပါတယ်။ ဟန်လီကတော့ ဂေဗင်ဟာ

သူမကို အသက်တစ်ချောင်း လက်ဆောင်ပေးခဲ့တဲ့ ကျေးဇူးရှင်

ဖြစ်ပြီး အတိုင်းမသိ ကျေးဇူးတင်မိကြောင်း ပြောခဲ့ပါတယ်။ ဂေဗင်

ကတော့ ဟန်လီ နေမကောင်းမဖြစ်ခင် သူတို့နှစ်ယောက် ပြတ်ခဲ့

ရင်တောင် အခုလို ကျောက်ကပ်ကို လှူဦးမှာဖြစ်ပြီး

နောက်ပိုင်းမှာ နှစ်ယောက် ဖူးစာမဆုံခဲ့ရင်လည်း အခုလို

ကျောက်ကပ်ပေးခဲ့ရတာကို နောင်တရမှာ မဟုတ်ဘူးလို့ ပြောခဲ့

ပါတယ်။

Credit