Zawgyi
(၁) အုန်းဆီ”
(၂) သံပုရာ”
(၃) အယ်လ်မွန်ဆီ”
(၄) ပန်းသီးရှာလကာရည်”
(၅) စတော်ဘယ်ရီ”
Credit
Unicode
နှုတ်ခမ်းသားလေးကို နှုတ်ခမ်းနီဆိုးစရာမလိုပဲနီနေစေမယ့် နည်းလမ်း(၅)မျိုး…
နှုတ်ခမ်းသားလေး သဘာဝအတိုင်းလေး နီရဲနေချင်ရင် နည်းလမ်းကောင်းလေးတွေ ရှိပါတယ် …။
သဘာဝအတိုင်း နည်းလမ်းကောင်းလေးတွေ ရှိတဲ့အတွက် နှုတ်ခမ်းနီဆိုးစရာမလိုပဲ နှုတ်ခမ်းသားလေးကို သဘာဝအတိုင်း နီရဲနေချင်တဲ့ ပျိုမေလေးတို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော် …။
(၁) အုန်းဆီ”
အုန်းဆီကို နှုတ်ခမ်းနီလိုမျိုးပဲ နေ့စဉ်ပုံမှန် နေ့ရောညပါ လိမ်းပေးရပါမယ်။ ဒီနည်းလမ်းလေးဟာ နှုတ်ခမ်းသားလေးကို တစ်ပတ်အတွင်း နီမြန်းလာစေမှာပဲ ဖြစ်ပါတယ် …။
(၂) သံပုရာ”
သံပုရာသီးဟာ သဘာဝအတိုင်း နှုတ်ခမ်းသားလေးကို အရောင်ချွတ်ပေးနိုင်ပါတယ်။ သံပုရာရည်တစ်ဇွန်းထဲကို ပျားရည်တစ်ဇွန်း၊ အလှဆီတစ်ဇွန်းထည့်ပြီး သေသေချာချာ ရောမွှေပေးပါ …။
ရလာတဲ့အရည်ကို နှုတ်ခမ်းသားလေးပေါ်မှာ ညအိပ်ရာဝင်ခါနီးတိုင်း လိမ်းပီး အိပ်လိုက်ရုံပါပဲ …။
(၃) အယ်လ်မွန်ဆီ”
အယ်လ်မွန်ဆီ နှစ်စက်လောက်ကို ယူပြီး နှုတ်ခမ်းပေါ်ကိုလိမ်းပေးကာ မိနစ်အနည်းငယ်ကြာအောင် နှိပ်နယ်ပေးလိုက်ပါ …။
ညအိပ်ရာ ဝင်ခါနီးတိုင်း ဒီနည်းလမ်းလေးကို ပြုလုပ်ပေးခြင်းဖြင့် တစ်ပတ်အကြာမှာ သိသာထင်ရှားတဲ့ ရလဒ်ကို ရရှိစေမှာပါ။ ရေပြန်ဆေးစရာ မလိုပါဘူး …။
(၄) ပန်းသီးရှာလကာရည်”
ပန်းသီးရှာလကာရည်နဲ့ ရေကိုဆတူ ရောစပ်လိုက်ပါ။ ရလာတဲ့အရည်ကို ဂွမ်းစလေးနဲ့တို့ပြီး နှုတ်ခမ်းပေါ်မှာ လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်အကြာမှာ ရေနွေးလေးနဲ့ ဆေးကြောပေးလိုက်ရုံပါပဲ …။
(၅) စတော်ဘယ်ရီ”
စတော်ဘယ်ရီတစ်လုံးကို မုန့်ဖုတ်ဆိုဒါ အနည်းငယ်ရောပြီး ကြိတ်လိုက်ပါ။ ရလာတဲ့အနှစ်ကို ညအိပ်ရာဝင်ခါနီးတိုင်း လိမ်းပေးကာ အိပ်လိုက်ရုံပါပဲ။ မနက်မှ ရေပြန်ဆေးပေးလိုက်ပါ …။ ။
Credit