Sun. Nov 28th, 2021

Zawgyi

လူတစ္ေယာက္ ကံေကာင္းခ်င္လာၿပီ ဆိုရင္ ဒီလိုေတြျဖစ္လာမယ္

လူတစ္ေယာက္သည္ ကံေကာင္းခ်င္လာၿပီဆိုလွ်င္ စိတ္တည္ၿငိမ္လာျခင္း၊ စိတ္ရႈပ္ေထြးမႈ ကင္းကာ စိတ္မ်ားၾကည္လင္လန္းဆန္းလာျခင္း စတဲ့ လကၡဏာေတြ ျဖစ္ေပၚလာေလ့ရွိပါတယ္ …။

၎စိတ္ကို ေယဘုယ်အားျဖင့္ ေကာင္းစိတ္လို႔ သတ္မွတ္ႏိုင္ပါတယ္ …။

ထိုစိတ္မ်ိဳး ဝင္လာလွ်င္ ‘ငါေတာ့ ကံေကာင္းေတာ့မယ္၊ ဒီစိတ္ဟာ ေကာင္းကံျပဳလုပ္ျဖစ္ဖို႔ အေၾကာင္းခံ စိတ္ေပပဲ’ ဟု သေဘာထားကာ ထိုစိတ္ ကို ေပ်ာက္ပ်က္မသြားရေအာင္ ထိန္းထားၿပီး ေကာင္းမႈတစ္ခုခုကို ျပဳလုပ္ျဖစ္ေအာင္သာ ႀကိဳးစားလုပ္ေဆာင္ယူရမွာပဲ ျဖစ္ပါတယ္ …။

ထို႔အျပင္ အမ်ားဆုံး ျပဳလုပ္ျဖစ္ေလ့ ရွိသည့္ ေလ့က်င့္ေနစရာ အထူး မလိုေသာ သမား႐ိုးက် မေကာင္းကံဘက္သို႔ ျပန္ေျပာင္းေနာက္ေၾကာင္း ျပန္မလွည့္မိေစရန္လည္း အထူးသတိထားဖို႔ လိုအပ္ပါတယ္ …။

လႉခ်င္တန္းခ်င္စိတ္ ေပါက္လာလွ်င္ ‘ငါ ကံေကာင္းလာၿပီ၊ ဒီကံေလး အထေျမာက္ေအာင္ ငါ လႉေပးဦးမွ’၊ သီလေဆာက္တည္ခ်င္စိတ္ ေပါက္လာလွ်င္ ‘ငါ ကံေကာင္း လာၿပီ၊ သီလေလး ေဆာက္တည္ၿပီး ေနဦးမွ’၊ ဘုရားရွိခိုးခ်င္စိတ္ ေပါက္လာလွ်င္ ‘ငါ ကံေကာင္းလာၿပီ၊ ဘုရားရွိခိုးၿပီးေတာ့ ပူေဇာ္လိုက္ဦးမွ’၊

ဘာဝနာကမၼ႒ာန္း ပြါးမ်ားခ်င္စိတ္၊ တရားအားထုတ္ခ်င္စိတ္ ေပါက္လာလွ်င္ ‘ငါ ကံေကာင္းလာၿပီ၊ ပြါးမ်ားျဖစ္ေအာင္ ပြါးမ်ားလိုက္ဦးမွ၊အားထုတ္ျဖစ္ေအာင္ အားထုတ္လိုက္ဦးမွ’ စသျဖင့္ ေကာင္းကံမ်ား အထေျမာက္ေအာင္ျမင္ေစရန္ ႀကိဳးစားလုပ္ေဆာင္ရမွာပဲ ျဖစ္ပါတယ္ …။

ေကာင္းစိတ္ မ်ားေပၚလာၿပီး ေကာင္းကံမ်ားကိုျပဳလုပ္ အားထုတ္ျဖစ္လွ်င္ အခြင့္အေရးေကာင္း၊ အေျခအေနေကာင္းမ်ား ရလာၿပီဟု မွတ္ယူရ မည္ျဖစ္ၿပီး ၎အခြင့္ေကာင္း၊ အေျခအေနေကာင္းမ်ားကို လက္မလြတ္ေစရန္ လြန္စြာ အေရးႀကီးပါတယ္ …။ ဓမၼမိတ္ေဆြ သူေတာ္စင္အေပါင္း က်န္းမာ႐ႊင္လန္း ၿငိမ္းေအး ႏိုင္ၾကပါေစ …။ ။

ႏွလုံးသား၏ ဓမၼသံစဥ္

Unicode

လူတစ်ယောက် ကံကောင်းချင်လာပြီ ဆိုရင် ဒီလိုတွေဖြစ်လာမယ်

လူတစ်ယောက်သည် ကံကောင်းချင်လာပြီဆိုလျှင် စိတ်တည်ငြိမ်လာခြင်း၊ စိတ်ရှုပ်ထွေးမှု ကင်းကာ စိတ်များကြည်လင်လန်းဆန်းလာခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာလေ့ရှိပါတယ် …။

၎င်းစိတ်ကို ယေဘုယျအားဖြင့် ကောင်းစိတ်လို့ သတ်မှတ်နိုင်ပါတယ် …။

ထိုစိတ်မျိုး ဝင်လာလျှင် ‘ငါတော့ ကံကောင်းတော့မယ်၊ ဒီစိတ်ဟာ ကောင်းကံပြုလုပ်ဖြစ်ဖို့ အကြောင်းခံ စိတ်ပေပဲ’ ဟု သဘောထားကာ ထိုစိတ် ကို ပျောက်ပျက်မသွားရအောင် ထိန်းထားပြီး ကောင်းမှုတစ်ခုခုကို ပြုလုပ်ဖြစ်အောင်သာ ကြိုးစားလုပ်ဆောင်ယူရမှာပဲ ဖြစ်ပါတယ် …။

ထို့အပြင် အများဆုံး ပြုလုပ်ဖြစ်လေ့ ရှိသည့် လေ့ကျင့်နေစရာ အထူး မလိုသော သမားရိုးကျ မကောင်းကံဘက်သို့ ပြန်ပြောင်းနောက်ကြောင်း ပြန်မလှည့်မိစေရန်လည်း အထူးသတိထားဖို့ လိုအပ်ပါတယ် …။

လှူချင်တန်းချင်စိတ် ပေါက်လာလျှင် ‘ငါ ကံကောင်းလာပြီ၊ ဒီကံလေး အထမြောက်အောင် ငါ လှူပေးဦးမှ’၊ သီလဆောက်တည်ချင်စိတ် ပေါက်လာလျှင် ‘ငါ ကံကောင်း လာပြီ၊ သီလလေး ဆောက်တည်ပြီး နေဦးမှ’၊ ဘုရားရှိခိုးချင်စိတ် ပေါက်လာလျှင် ‘ငါ ကံကောင်းလာပြီ၊ ဘုရားရှိခိုးပြီးတော့ ပူဇော်လိုက်ဦးမှ’၊

ဘာဝနာကမ္မဋ္ဌာန်း ပွါးများချင်စိတ်၊ တရားအားထုတ်ချင်စိတ် ပေါက်လာလျှင် ‘ငါ ကံကောင်းလာပြီ၊ ပွါးများဖြစ်အောင် ပွါးများလိုက်ဦးမှ၊အားထုတ်ဖြစ်အောင် အားထုတ်လိုက်ဦးမှ’ စသဖြင့် ကောင်းကံများ အထမြောက်အောင်မြင်စေရန် ကြိုးစားလုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ် …။

ကောင်းစိတ် များပေါ်လာပြီး ကောင်းကံများကိုပြုလုပ် အားထုတ်ဖြစ်လျှင် အခွင့်အရေးကောင်း၊ အခြေအနေကောင်းများ ရလာပြီဟု မှတ်ယူရ မည်ဖြစ်ပြီး ၎င်းအခွင့်ကောင်း၊ အခြေအနေကောင်းများကို လက်မလွတ်စေရန် လွန်စွာ အရေးကြီးပါတယ် …။ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေး နိုင်ကြပါစေ …။ ။

နှလုံးသား၏ ဓမ္မသံစဉ်