Zawgyi

ကင္ဆာေရာဂါျဖစ္ပြားသူ အားလုံးနီးပါးမွာေတြ႕ရေလ့ရွိတဲ့ ေရွ႕ေျပးလကၡဏာ(၇)မ်ိဴး…

(၁) အလုံးအက်ိတ္မ်ား သို႔မဟုတ္ အနာမ်ားျဖစ္ေပၚျခင္း”

အေရျပားနဲ႔ ရင္သားကင္ဆာမ်ားမွာ ေတြ႕ရပါတယ္။ ရင္သားနဲ႔ခ်ိဴင္းေအာက္တြင္ မာေက်ာေသာ အဖုမ်ားစမ္းမိျခင္း၊ အေရျပားေပၚတြင္ အကြက္မ်ားျဖစ္ေပၚျခင္း၊ အလုံးအက်ိတ္တစ္ခုရဲ႕ အလည္တည့္တည့္တြင္ အနာစိမ္းတစ္ခု ျဖစ္ေပၚလာျခင္း၊ ေမြးရာပါအမွတ္ရဲ႕ ပုံသ႑ာန္ သို႔ အ႐ြယ္ေျပာင္းလဲျခင္း၊ စတာေတြပဲ ျဖစ္ပါတယ္ …။

(၂) နာတာရွည္ ေခ်ာင္းဆိုးျခင္း”

အဆုတ္ကင္ဆာရဲ႕ လကၡဏာတစ္ခုျဖစ္ၿပီး ေအာက္ပါလကၡဏာမ်ား ရွိမရွိ ဆန္းစစ္သင့္ပါတယ္။ အစားအေသာက္ပ်က္ျခင္း၊ ကိုယ္အေလးခ်ိန္က်ဆင္းျခင္း၊ အဆုတ္ကင္ဆာ ေနာက္ဆုံးအဆင့္တြင္ ေသြးအန္ျခင္းနဲ႔ အသက္ရွဴမဝျခင္းတို႔ပါ ေတြ႕ရတတ္ပါတယ္ …။

(၃) အေရျပား ယားယံျခင္း”

သားအိမ္ကင္ဆာေၾကာင့္ မိန္းမကိုယ္ယားျခင္း ျဖစ္ေပၚတတ္ပါတယ္။ ဦးေႏွာက္ကင္ဆာေၾကာင့္ ႏွာေခါင္းအတြင္းပိုင္း ယားျခင္း ျဖစ္ေပၚတတ္ပါတယ္ …။

(၄) အူလမ္းေၾကာင္း ျပႆနာမ်ား”

အူလမ္းေၾကာင္းကင္ဆာရဲ႕လကၡဏာမ်ားအနက္ ဝမ္းသြားရာမွာ ေသြးပါျခင္းနဲ႔ အခြၽဲဝမ္းသြားျခင္း၊ ဝမ္းမထိမ္းႏိုင္ျခင္းတို႔မွာ အေတြ႕ရမ်ား တတ္ပါတယ္ …။

(၅) ဆီးအနည္ပါျခင္း”

ေက်ာက္ကပ္ကင္ဆာရဲ႕ လကဏာတစ္ရပ္ျဖစ္ၿပီး ေအာက္ပါလကၡဏာမ်ားလည္း ေတြ႕ရတတ္ပါတယ္။ ဆီးတြင္ေသြးပါျခင္း ေသြးတိုးျခင္း ေက်ာနာျခင္း နာတာရွည္အားနည္းျခင္း …။

(၆) ႐ုတ္တရက္ ပိန္လာျခင္း”

သိသိသာသာကိုယ္အေလးခ်ိန္က်ဆင္းျခင္းကို အစာအိမ္ကင္ဆာ သမားမ်ားတြင္ ပိုမို ေတြ႕ရတတ္ပါတယ္ …။

အေစာပိုင္းတြင္ သိပ္မသိသာေသာ္လည္း တျဖည္းျဖည္းနဲ႔ ေအာက္ပါလကၡဏာမ်ားကိုပါ ေတြ႕ရတတ္ပါတယ္။ အစာေတြ႕႐ုံနဲ႔ပ်ိဴ႕အန္ျခင္း အစာနည္းနည္းစား႐ုံနဲ႔ ဗိုက္ျပည့္ျခင္း ေသြးအားနည္းျခင္း အစာေခ်ေႏွးျခင္း တို႔ ျဖစ္ပါတယ္ …။

(၇) နာတာရွည္ လည္ေခ်ာင္းနာျခင္း”

လည္ေခ်ာင္းကင္ဆာရဲ႕ လကၡဏာတစ္ခုျဖစ္ပါတယ္။ ေအာက္ပါလကၡဏာမ်ားကိုလည္း ေတြ႕ရတတ္ပါတယ္။ အစာမ်ိဴရာတြင္ သို႔မဟုတ္ အသက္ရွဴရာတြင္ ခက္ခဲျခင္းလည္ေခ်ာင္းတြင္ အက်ိတ္မ်ားေပၚလာျခင္း၊ အသံေအာလာျခင္းနဲ႔ တျဖည္းျဖည္း အသံပါေပ်ာက္လာျခင္း ေသြးအန္ျခင္း၊ ခံတြင္းအနံ႔ဆိုးျခင္း စတာေတြပါ …။

အထက္ပါ လကၡဏာမ်ားကိုေတြ႕ရ႐ုံျဖင့္ သင့္မွာ ကင္ဆာရွိေနၿပီလို႔ ယူဆလို႔မရပါ။ သို႔ေသာ္ သင့္တြင္ အဆိုပါလကၡဏာမ်ားရွိေနၿပီဆိုပါက မေပါ့ဆပဲ ဆရာဝန္ထံျပသဖို႔ လိုအပ္ပါတယ္ေနာ္ …။ ။

Unicode

ကင်ဆာရောဂါဖြစ်ပွားသူ အားလုံးနီးပါးမှာတွေ့ရလေ့ရှိတဲ့ ရှေ့ပြေးလက္ခဏာ(၇)မျိူး…

(၁) အလုံးအကျိတ်များ သို့မဟုတ် အနာများဖြစ်ပေါ်ခြင်း”

အရေပြားနဲ့ ရင်သားကင်ဆာများမှာ တွေ့ရပါတယ်။ ရင်သားနဲ့ချိူင်းအောက်တွင် မာကျောသော အဖုများစမ်းမိခြင်း၊ အရေပြားပေါ်တွင် အကွက်များဖြစ်ပေါ်ခြင်း၊ အလုံးအကျိတ်တစ်ခုရဲ့ အလည်တည့်တည့်တွင် အနာစိမ်းတစ်ခု ဖြစ်ပေါ်လာခြင်း၊ မွေးရာပါအမှတ်ရဲ့ ပုံသဏ္ဍာန် သို့ အရွယ်ပြောင်းလဲခြင်း၊ စတာတွေပဲ ဖြစ်ပါတယ် …။

(၂) နာတာရှည် ချောင်းဆိုးခြင်း”

အဆုတ်ကင်ဆာရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး အောက်ပါလက္ခဏာများ ရှိမရှိ ဆန်းစစ်သင့်ပါတယ်။ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အဆုတ်ကင်ဆာ နောက်ဆုံးအဆင့်တွင် သွေးအန်ခြင်းနဲ့ အသက်ရှူမဝခြင်းတို့ပါ တွေ့ရတတ်ပါတယ် …။

(၃) အရေပြား ယားယံခြင်း”

သားအိမ်ကင်ဆာကြောင့် မိန်းမကိုယ်ယားခြင်း ဖြစ်ပေါ်တတ်ပါတယ်။ ဦးနှောက်ကင်ဆာကြောင့် နှာခေါင်းအတွင်းပိုင်း ယားခြင်း ဖြစ်ပေါ်တတ်ပါတယ် …။

(၄) အူလမ်းကြောင်း ပြဿနာများ”

အူလမ်းကြောင်းကင်ဆာရဲ့လက္ခဏာများအနက် ဝမ်းသွားရာမှာ သွေးပါခြင်းနဲ့ အချွဲဝမ်းသွားခြင်း၊ ဝမ်းမထိမ်းနိုင်ခြင်းတို့မှာ အတွေ့ရများ တတ်ပါတယ် …။

(၅) ဆီးအနည်ပါခြင်း”

ကျောက်ကပ်ကင်ဆာရဲ့ လကဏာတစ်ရပ်ဖြစ်ပြီး အောက်ပါလက္ခဏာများလည်း တွေ့ရတတ်ပါတယ်။ ဆီးတွင်သွေးပါခြင်း သွေးတိုးခြင်း ကျောနာခြင်း နာတာရှည်အားနည်းခြင်း …။

(၆) ရုတ်တရက် ပိန်လာခြင်း”

သိသိသာသာကိုယ်အလေးချိန်ကျဆင်းခြင်းကို အစာအိမ်ကင်ဆာ သမားများတွင် ပိုမို တွေ့ရတတ်ပါတယ် …။

အစောပိုင်းတွင် သိပ်မသိသာသော်လည်း တဖြည်းဖြည်းနဲ့ အောက်ပါလက္ခဏာများကိုပါ တွေ့ရတတ်ပါတယ်။ အစာတွေ့ရုံနဲ့ပျိူ့အန်ခြင်း အစာနည်းနည်းစားရုံနဲ့ ဗိုက်ပြည့်ခြင်း သွေးအားနည်းခြင်း အစာချေနှေးခြင်း တို့ ဖြစ်ပါတယ် …။

(၇) နာတာရှည် လည်ချောင်းနာခြင်း”

လည်ချောင်းကင်ဆာရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အောက်ပါလက္ခဏာများကိုလည်း တွေ့ရတတ်ပါတယ်။ အစာမျိူရာတွင် သို့မဟုတ် အသက်ရှူရာတွင် ခက်ခဲခြင်းလည်ချောင်းတွင် အကျိတ်များပေါ်လာခြင်း၊ အသံအောလာခြင်းနဲ့ တဖြည်းဖြည်း အသံပါပျောက်လာခြင်း သွေးအန်ခြင်း၊ ခံတွင်းအနံ့ဆိုးခြင်း စတာတွေပါ …။

အထက်ပါ လက္ခဏာများကိုတွေ့ရရုံဖြင့် သင့်မှာ ကင်ဆာရှိနေပြီလို့ ယူဆလို့မရပါ။ သို့သော် သင့်တွင် အဆိုပါလက္ခဏာများရှိနေပြီဆိုပါက မပေါ့ဆပဲ ဆရာဝန်ထံပြသဖို့ လိုအပ်ပါတယ်နော် …။ ။