Zawgyi

ဝက္ၿခံေၾကာင့္က်န္ခဲ့တဲ့ အမာ႐ြတ္ေတြ တစ္ပတ္အတြင္း ေပ်ာက္ကင္းေအာင္…

ဝက္ၿခံေၾကာင့္ အမာ႐ြတ္ က်န္ေနလွ်င္….

(၁) မ်က္ႏွာသစ္ပါ။

ဝက္ၿခံျဖစ္တဲ့ အသားအေရဟာ အဆီျပန္တဲ့ အသားအေရ ျဖစ္တတ္ပါတယ္။ အဲ့ဒါေၾကာင့္ မနက္ (အိပ္ရာထ မဟုတ္ပါ) ေက်ာင္းမသြားခင္၊ ႐ုံးမသြားခင္ မ်က္ႏွာ သစ္ေပးပါ …။

ညအိပ္ရာ ဝင္ခါနီး တစ္ႀကိမ္ေတာ့ မ်က္ႏွာသစ္ေပးပါ …။

(၂) အာလူးသုံးပါ။

အာလူးကို အကြင္းေလးေတြ လွီးပါ။ သို႔မဟုတ္ ေခ်လိုက္ပါ။ ၿပီးရင္ အမာ႐ြတ္ ေတြကို အုပ္ထားပါ။ မိနစ္ ၃၀ ေလာက္ၾကာရင္ ခြာၿပီး မ်က္ႏွာ သစ္ပါ …။

တစ္ပတ္ ႏွစ္ႀကိမ္ေလာက္ ျပဳလုပ္ေပးရင္ ဝက္ၿခံအမာ႐ြတ္မွ မဟုတ္ပဲ အျခားအမာ႐ြတ္ေတြပါ သက္သာ ေပ်ာက္ကင္းေစ ႏိုင္ပါတယ္ …။

(၃) ဗီတာမင္ စီ မွီဝဲပါ။

အရွင္းဆုံး နည္းလမ္းကေတာ့ သံပရာသီး တစ္ေန႔ တစ္လုံးကို ဒီတိုင္းပဲ စားစား၊ ေဖ်ာ္ရည္ပဲ လုပ္ေသာက္ေသာက္ တစ္ေန႔တစ္လုံး ေသာက္ေပးရပါမယ္။ အလုပ္မ်ားတယ္ဆိုရင္ေတာ့ ဗိုက္တာမင္စီ ေဆးျပားေလးေတြ

တစ္ေန႔ႏွစ္ႀကိမ္ ေသာက္ေပးႏိုင္ပါတယ္။ ဗိုက္တာမင္ စီဟာ အသားအေရအတြက္ အထူးေကာင္းမြန္ၿပီး အစက္အေျပာက္ေလးေတြကို ေသးငယ္ေစႏိုင္ပါတယ္ …။

(၄) moisturizer အသုံးျပဳပါ။

အမာ႐ြတ္ေတြကို ျပန္လည္အစားထိုးဖို႔ ဆဲလ္ေတြက ေရဓါတ္ကို လိုအပ္ပါတယ္။ ဒါေၾကာင့္ moisturizer ကို အသုံးျပဳေပးပါ။ အမ်ားႀကီး အသုံးမျပဳပါႏွင့္။ အခ်ိဳ႕ moisturizer ေတြက အဆီ ျပန္တတ္ပါတယ္ …။

(၅) သံပရာႏွင့္ ဂလစ္ဆရင္း (Glycerin) ေရာစပ္ပါ။

သံပရာရည္ တစ္ဆ၊ Glycerin ႏွစ္ဆကို ေရာစပ္ပါ။ ပ်စ္ခြၽဲခြၽဲ အရည္မ်ားျဖစ္သြားပါမယ္။ ၎ကို မ်က္ႏွာေပၚတြင္ သုတ္လိမ္းပါ။ ေျခာက္သြားလ်င္ mask ကဲ့သို႔ ျဖစ္သြားပါလိမ့္မယ္ …။

မိနစ္ ၂၀ ခန႔္ ဖုံးအုပ္ထားပါ။ တစ္ပတ္တစ္ႀကိမ္ အသုံးျပဳပါ။ ႏွစ္ပတ္အတြင္း သိသိသာသာ ထူးျခားလာပါလိမ့္မယ္ …။

(Glycerin အဆီကို ဝင္းသူဇာဆိုင္ေတြမွာ ဝယ္လို႔ရပါတယ္။ အျပင္ေဆးဆိုင္ေတြမွာ ဝယ္ယူရင္ Glycerin တစ္မ်ိဳးတည္း မဟုတ္ပဲ အျခားဓါတု ပစၥည္းေတြ ပါဝင္တတ္ပါတယ္)

(၆) ေရမ်ားမ်ား ေသာက္ပါ။

ေရကို တစ္ေန႔ အနည္းဆုံး ၁၅ ခြက္ ေသာက္သုံးေပးပါ။ ေရေသာက္ျခင္းေၾကာင့္ အသားအေရ စိုေျပမႈကို ရရွိပါလိမ့္မယ္။

(၇) ကိုယ္တိုက္ဆပ္ျပာေတြ ေရွာင္ၾကဥ္ပါ။

ကိုယ္တိုက္ဆပ္ျပာေတြမွာ အျပင္းစား ဓါတုပစၥည္းေတြ ပါဝင္ေနတဲ့အတြက္ ဝက္ၿခံ အမာ႐ြတ္ေတြနဲ႔ ထိလွ်င္ အမာ႐ြတ္ေတြ မဲသြားေစ ႏိုင္ပါတယ္ …။

(၈) မိတ္ကပ္ေတြနဲ႔ မဖုံးပါနဲ႔။

မိတ္ကပ္ေတြနဲ႔ ဖုံးအုပ္ထားရင္ ေခြၽးေပါက္ေတြကို ပိတ္သြားေစၿပီး ပိုမို ဆိုးဝါးလာေစ ႏိုင္ပါတယ္ …။

(၉) ေခါင္းအုံးစြပ္ေတြကို ေလွ်ာ္ဖြတ္ပါ။

ေခါင္းအုံးစြပ္ေတြကို တစ္ပတ္တစ္ခါ ျဖစ္ႏိုင္လ်င္ ေလွ်ာ္ပါ။ အနည္းဆုံး တစ္လတစ္ခါ ေလ်ာ္ပါ။ ေလွ်ာ္သည့္အခါ ဆပ္ျပာမႈန႔္ေတြ သိပ္မသုံးပါႏွင့္။ ေရေႏြးထဲစိမ္ၿပီးမွ ေလွ်ာ္လွ်င္ ပိုၿပီး ေကာင္းပါတယ္ …။

(၁၀) အရမ္း စိတ္မပူပန္ပါႏွင့္။

အမာ႐ြတ္ေတြ မေပ်ာက္မွာ စိုးၿပီးအရမ္း မပူပန္ပါႏွင့္။ စိတ္ဖိစီးမႈေၾကာင့္ ဝက္ၿခံေတြ ထြက္ႏိုင္တယ္ဆိုတာ သတိထားပါေနာ္ …။ ။

Unicode

ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမာရွတ်တွေ တစ်ပတ်အတွင်း ပျောက်ကင်းအောင်…

ဝက်ခြံကြောင့် အမာရွတ် ကျန်နေလျှင်….

(၁) မျက်နှာသစ်ပါ။

ဝက်ခြံဖြစ်တဲ့ အသားအရေဟာ အဆီပြန်တဲ့ အသားအရေ ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် မနက် (အိပ်ရာထ မဟုတ်ပါ) ကျောင်းမသွားခင်၊ ရုံးမသွားခင် မျက်နှာ သစ်ပေးပါ …။

ညအိပ်ရာ ဝင်ခါနီး တစ်ကြိမ်တော့ မျက်နှာသစ်ပေးပါ …။

(၂) အာလူးသုံးပါ။

အာလူးကို အကွင်းလေးတွေ လှီးပါ။ သို့မဟုတ် ချေလိုက်ပါ။ ပြီးရင် အမာရွတ် တွေကို အုပ်ထားပါ။ မိနစ် ၃၀ လောက်ကြာရင် ခွာပြီး မျက်နှာ သစ်ပါ …။

တစ်ပတ် နှစ်ကြိမ်လောက် ပြုလုပ်ပေးရင် ဝက်ခြံအမာရွတ်မှ မဟုတ်ပဲ အခြားအမာရွတ်တွေပါ သက်သာ ပျောက်ကင်းစေ နိုင်ပါတယ် …။

(၃) ဗီတာမင် စီ မှီဝဲပါ။

အရှင်းဆုံး နည်းလမ်းကတော့ သံပရာသီး တစ်နေ့ တစ်လုံးကို ဒီတိုင်းပဲ စားစား၊ ဖျော်ရည်ပဲ လုပ်သောက်သောက် တစ်နေ့တစ်လုံး သောက်ပေးရပါမယ်။ အလုပ်များတယ်ဆိုရင်တော့ ဗိုက်တာမင်စီ ဆေးပြားလေးတွေ

တစ်နေ့နှစ်ကြိမ် သောက်ပေးနိုင်ပါတယ်။ ဗိုက်တာမင် စီဟာ အသားအရေအတွက် အထူးကောင်းမွန်ပြီး အစက်အပြောက်လေးတွေကို သေးငယ်စေနိုင်ပါတယ် …။

(၄) moisturizer အသုံးပြုပါ။

အမာရွတ်တွေကို ပြန်လည်အစားထိုးဖို့ ဆဲလ်တွေက ရေဓါတ်ကို လိုအပ်ပါတယ်။ ဒါကြောင့် moisturizer ကို အသုံးပြုပေးပါ။ အများကြီး အသုံးမပြုပါနှင့်။ အချို့ moisturizer တွေက အဆီ ပြန်တတ်ပါတယ် …။

(၅) သံပရာနှင့် ဂလစ်ဆရင်း (Glycerin) ရောစပ်ပါ။

သံပရာရည် တစ်ဆ၊ Glycerin နှစ်ဆကို ရောစပ်ပါ။ ပျစ်ချွဲချွဲ အရည်များဖြစ်သွားပါမယ်။ ၎င်းကို မျက်နှာပေါ်တွင် သုတ်လိမ်းပါ။ ခြောက်သွားလျင် mask ကဲ့သို့ ဖြစ်သွားပါလိမ့်မယ် …။

မိနစ် ၂၀ ခန့် ဖုံးအုပ်ထားပါ။ တစ်ပတ်တစ်ကြိမ် အသုံးပြုပါ။ နှစ်ပတ်အတွင်း သိသိသာသာ ထူးခြားလာပါလိမ့်မယ် …။

(Glycerin အဆီကို ဝင်းသူဇာဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ အပြင်ဆေးဆိုင်တွေမှာ ဝယ်ယူရင် Glycerin တစ်မျိုးတည်း မဟုတ်ပဲ အခြားဓါတု ပစ္စည်းတွေ ပါဝင်တတ်ပါတယ်)

(၆) ရေများများ သောက်ပါ။

ရေကို တစ်နေ့ အနည်းဆုံး ၁၅ ခွက် သောက်သုံးပေးပါ။ ရေသောက်ခြင်းကြောင့် အသားအရေ စိုပြေမှုကို ရရှိပါလိမ့်မယ်။

(၇) ကိုယ်တိုက်ဆပ်ပြာတွေ ရှောင်ကြဉ်ပါ။

ကိုယ်တိုက်ဆပ်ပြာတွေမှာ အပြင်းစား ဓါတုပစ္စည်းတွေ ပါဝင်နေတဲ့အတွက် ဝက်ခြံ အမာရွတ်တွေနဲ့ ထိလျှင် အမာရွတ်တွေ မဲသွားစေ နိုင်ပါတယ် …။

(၈) မိတ်ကပ်တွေနဲ့ မဖုံးပါနဲ့။

မိတ်ကပ်တွေနဲ့ ဖုံးအုပ်ထားရင် ချွေးပေါက်တွေကို ပိတ်သွားစေပြီး ပိုမို ဆိုးဝါးလာစေ နိုင်ပါတယ် …။

(၉) ခေါင်းအုံးစွပ်တွေကို လျှော်ဖွတ်ပါ။

ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ခါ ဖြစ်နိုင်လျင် လျှော်ပါ။ အနည်းဆုံး တစ်လတစ်ခါ လျော်ပါ။ လျှော်သည့်အခါ ဆပ်ပြာမှုန့်တွေ သိပ်မသုံးပါနှင့်။ ရေနွေးထဲစိမ်ပြီးမှ လျှော်လျှင် ပိုပြီး ကောင်းပါတယ် …။

(၁၀) အရမ်း စိတ်မပူပန်ပါနှင့်။

အမာရွတ်တွေ မပျောက်မှာ စိုးပြီးအရမ်း မပူပန်ပါနှင့်။ စိတ်ဖိစီးမှုကြောင့် ဝက်ခြံတွေ ထွက်နိုင်တယ်ဆိုတာ သတိထားပါနော် …။ ။